Categories
စကားလက်ဆောင်

။ အဖြေဆေးပေးပါ ။

။ မိသားစုများ
ငြိမ်းအေးချင်ရင်
မေတ္တာစိတ်နဲ့နေ။

။ အများတကာ
အေးချမ်းချင်ရင်
ခန္တီတရားနဲ့နေ။

။ တစ်ယောက်တည်းသာ
ငြိမ်းချမ်းချင်ရင်
သတိတရားနဲ့နေ။

။ သီတင်းကျွတ်လပြည့်နေ့က
ဆရာတော်ကြီးတစ်ပါးရဲ့
ဩဝါဒစကားကို
ကြားနာခဲ့ရပါတယ်။

။ အဲဒီဩဝါဒကို
သဘောကျမိတယ်
နှစ်သက်မိတယ်
မှတ်သားခဲ့တယ်။

။ မှန်ပါတယ်
မိသားစုများရှိလာကြပြီးဆိုရင်
မေတ္တာတုံးလို့မဖြစ်ဘူး
ဒေါသကြီးလို့မရဘူး
စိတ်ထားနုနု
မေတ္တာစုပြီးနေမှ
အေးချမ်းမှုတွေရကြမယ်
သည်အတွေးလက်ခံတယ်။

။ နောက်ပြီးတော့
အများတကာနဲ့နေရင်
အများသဘောကို
သိမြင်နားလည်မှုထားရမယ်
လေးစားသင့်တာ
လေးစားရမယ်
တန်ဖိုးရှိတာ
တန်ဖိုးထားရမယ်
အများတကာရဲ့အကျိုးကို
အပျက်အစီးမဖြစ်အောင်
အရာခပ်သိမ်းကို
သည်းခံပေးတတ်ရမယ်။

။ တစ်ခါ
တစ်ယောက်တည်းပဲနေရင်
အမှားတွေမပြုမိဖို့
အမှားတွေနှလုံးမသွင်းမိဖို့
သတိပဋ္ဌာန်တရားနဲ့
ပွားများပြီးနေမယ်ဆိုရင်
အေးချမ်းနေမှာပါပဲ။

။ ဒါကြောင့်
မိသားစုတရားက
မေတ္တာတရား၊
အများနဲ့ဆိုင်တဲ့တရားက
ခန္တီတရား၊
တစ်ယောက်နဲ့ဆိုင်တဲ့တရားက
သတိတရားပါပဲဆိုတာကို
သိစေချင်ပါတယ်။

။ ကဲ တပည့်တို့ရေ
မေတ္တာဘယ်လို ထားမည်လဲ
ခန္တီဘယ်လို ပွားမည်လဲ
သတိဘယ်မှာ ထားမည်လဲ
ဆိုတာကို
မေးပါရစေ။

တောင်ကလေးဆရာတော်
(၁၈.၁၀.၂၀၂၄) ရက်နေ့။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်