Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ခွင့်လွှတ်တတ်ခြင်း ။

။ ခွင့်လွှတ်တတ်ခြင်း ။
~~~~~~~~~~~~~~~~
။ ခွင့်လွှတ်တတ်ခြင်း
ခွင့်လွှတ်နိုင်ခြင်း
ခွင့်လွှတ်ပေးခြင်း
ဆိုတဲ့သည်စကားဟာ
အရှင့်ဘဝနဲ့
နေ့စဉ်ကျင့်သုံးခဲ့ရတဲ့
စံ စကား
တစ်နည်း စံတရားပါ။

။ လူအကြောင်းကို
လေ့လာကြည့်ရင်
(ပေါင်းကြည့်ရင်)
လူတွေရဲ့သဘောထား
လူတွေရဲ့အပြုအမူ
လူတွေရဲ့စေတနာစိတ်တွေ
အနည်းနဲ့အများ
သိမြင်နိုင်ကြပါတယ်။

။ လူဆိုတာ
သူတစ်ပါးကို
မနာလိုရရင်
မနေနိုင်တဲ့
သတ်တဝါပါ။

။ လူအချို့
မိမိနဲ့မဆီမဆိုင်ဘဲနဲ့
သူတစ်ပါးမကောင်းကြောင်းကို
အားမနာတမ်း
ဝေဖန်ရှတ်ချ
ကဲ့ရဲ့ပြစ်တင်ခဲ့ရရင်
အလွန်ပျော်
တတ်ကြလေရဲ့။

။ တစ်ဖက်သတ်
တစ်ဖက်သားကို
ကြီးကျယ်စွာ
ပုတ်ခတ်ပြောဆိုတတ်ပြီး
သူသာတော်သူ
သူသာတတ်သူ
သူသာကဝိရှင်
သူသာပညာတတ်
သူသာ လူစွမ်းလူစ
လူစွာ
လူစစ်ဆိုပြီး
ကြီးမားတဲ့အပြစ်ဆိုခြင်း
အကုသိုလ်ကံတွေ
ရဲရဲကြီး
ယူနေကြတာကို
တွေ့ရတယ်။

။ မိဘ
ဆရာသမား
ကျေးဇူးရှင်
ရဟန်းရှင်လူ
ဘယ်သူဘယ်ဝါမဆို
ထင်သလို
အမြင်ပေါက်ပြီး
အောက်တန်းကျတဲ့
အောက်ရတဲ့အပြုအမူတွေ
ရက်ရက်စက်စက်
ပြုမူကြတာရှိတယ်။

။ အဲဒီလို
ပုဂ္ဂိုလ်တွေနဲ့
မြင်ဖူး,ဆုံဖူး
ကြုံဖူးလာကြရဲ့လား!
ဒါမှမဟုတ်
မိမိကို
အပုပ်အကြပ်တွေ
အခတ်တွေအမျိုးမျိုးပေးပြီး
ခံရဖူးပါသလား! ပါ။

။ ဤအရှင်ကတော့
ဤရွေ့ဤမျှမက
ရက်ရက်စက်စက်
ဆဲခံဆူခံ
နှိပ်စက်ဒဏ်တွေ
ကြီးကျယ်စွာ
ခံစားခဲ့ရဖူးပါတယ်။

။ ပစ္စုပ္ပန်ဘဝမှာ
မှတ်မိသလောက်
အတော်လေးကို
ခက်ခက်ခဲခဲပဲ
အသက်ဆုံးရှုံးရတဲ့အထိ
အထိနာ
အကျနာ
မျိုးစုံစွာ
ခံစားတွေ့မြင်ခဲ့ရပါတယ်။

။ ကုန်ကုန်ပြောရရင်
အသားလွတ်ကြီး
နစ်နစ်နာနာ
ဆူဆဲကြိမ်းမောင်း
ဒေါသထောင်းထောင်းနဲ့
မကောင်းကြောင်းပါ
လုပ်ကြံနှောင့်ယှက်မှုတွေ
အမျိုးမျိုး
ခံခဲ့ရပါတယ်။

။ ဒီလိုဒီပုံ
ဖြစ်ရဆုံရ
ကြုံတွေ့ရတာဟာ
အမှားကံတွေရဲ့
အကျိုးဆက်ပဲလို့
ခံယူခဲ့ပါတယ်။

။ ဘယ်သူ့ကိုမှ
အပြစ်မဆိုပါဘူး
ကိုယ်ပိုင်ပြုခဲ့လို့
ကိုယ်ခံရတာပဲ
ကိုယ်ခံဆေးအားကောင်းဖို့ပဲ
လိုတယ်မဟုတ်လား။

။ နောက်ဆုံးတော့
အရှင်ဟာ
ငယ်ငယ်ရွယ်ရွယ်က
ကောင်းမှုကုသိုလ်နဲ့
လိမ်လိမ်မာမာပြုလာခဲ့လို့
ပစ္စုပ္ပန်စေတနာစိတ်ကို
သည်းခံခြင်းတရားထားပြီး
မိမိအပေါ်ပြုမူလာတဲ့
အပြစ်များစွာကို
အပြစ်မယူ
မငြူစူဘဲ
ကြည်ကြည်ဖြူဖြူနဲ့
သည်းခံကျေအေး
ခွင့်လွှတ်ပေးခဲ့တဲ့
အဲဒီအကျင့်တရားတွေကြောင့်ပဲ
ယနေ့
မိမိအပေါ်ကို
ပြုမူခဲ့ကြတဲ့အပြစ်တွေကို
ခွင့်လွှတ်တတ်ခြင်
ခွင့်လွှတ်နိုင်ခြင်း
ခွင့်လွှတ်ပေးခြင်းတွေနဲ့ပဲ
မိမိဘဝကိုရှင်သန်နေတာပါ။

။ ကိုင်း တပည့်တို့ရေ
အမြင်မတို
စိတ်ကိုဆုံးမ
ကျင့်မြတ်နေထိုင်
တိမ်းမယိုင်ဘဲ
တတ်နိုင်သည်းခံ ပိုင်ပါစေ။

တောင်ကလေးဆရာတော်
(၆.၉.၂၀၂၄) ရက်နေ့။)

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်