Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ သည်လမ်းပဲ ။

။ သည်လမ်းပဲ ။
~~~~~~~~~~~

။ ဆုံလာခဲ့ကြ
သည်ဘဝထဲ
ခွဲကြတာလည်း သည်လမ်းပဲ။

။ တွဲလာခဲ့ကြ
သည်ကာလလည်း
ခွဲရပြန်လည်း သည်လမ်းပဲ။

။ ချစ်လာခဲ့ကြ
ချစ်မဝသည်း
ကွဲရပြန်လည်း သည်လမ်းပဲ။

။ ထားလာခဲ့ရ
သည်မာနသဲ
ခံရပြန်လည်း သည်လမ်းပဲ။

။ ပေါင်းသင်းလာကြ
ထာဝရ မြဲ
ရိုက်လှဲတာလည်း သည်လမ်းပဲ။

။ ချစ်ခင်ကြင်နာ
မခွဲပါလည်း
ချိန်ကြာဝေးကြ သည်လမ်းပဲ။

။ ပျိုမျစ်နုနယ်
မုန်းပစ်ပယ်လည်း
စွန့်ပစ်ထားလည်း သည်လမ်းပဲ။

။ မိမိသည်သာ
နားလည်ပါစေ
ပွားပါမြဲမြဲ တရားပဲ။

တောင်ကလေးဆရာတော်
(၃၁.၈.၂၀၂၄) ရက်နေ့နံနက်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်