Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ လက်ဆောင်စကား ။

။ လက်ဆောင်စကား ။
~~~

။ စိုးရိမ်စိတ်လေး
ပြေးမတွေးနှင့်
အေးအေးစိတ်လေး ထားပါစေ။

။ စိတ်ဆိုးစိတ်တို
ဝန်မတိုနှင့်
စိတ်ကိုဖြူစင် လှပစေ။

။ ခက်ခက်ခဲခဲ
ရင်ဆိုင်ရဲစေ
အမြဲစိတ်ရှည် တတ်ပါစေ။

။ ပြစ်ချက်အမုန်း
ဘယ်လိုမုန်းလည်း
အဆုံးချစ်စိတ် မြဲပါစေ။

။ နာနာကျင်ကျင်
နိုင်ယူရင်လည်း
ကြင်ကြင်နာနာ အနိုင်ပေးစေ။

။ အသက်ခန္ဓာ
စွန့်ပေးပါလည်း
မေတ္တာမပျက် ပေးခဲ့စေ။

။ အနိုင်ရမှ
သူကျေနပ်လည်း
ပေးဆပ်ရဲရဲ ကဲပါစေ။

။ ဘဝပါရမီ
ကျင့်ထုံးသီလျက်
ပြည့်မီသန့်သန့် ကျင့်နိုင်စေ။

တောင်ကလေးဆရာတော်
(၃၀.၈.၂၀၂၄) ရက်နေ့ည။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်