ဖားအံမြို့မှာ
အင်ကုန်း ဆိုတာ
ရှေးကတည်းကရှိတယ်ပေါ့။
အင်ပင်များပေါက်ရာကုန်းမြင့်နေရာဖြစ်လို့ အင်ပင်များကိုအစွဲပြုပြီး
အင်ကုန်းလို့ခေါ်တာ။
ဖားအံ ဆိုတာကိုလိုနီခေတ်လောက်ကမှအများသိ
ပိုထင်ရှားလာဟန်တူတယ်။
သို့သော်ကရင်အခေါ်မှာက
ဍုံထ်ုအင် လို့ခေါ်တာ။
အင်ပင်များပေါက်ရာသည်ကုန်းကိုပဲအစွဲပြုပြီးရှေးမူလပိုးကရင်ဘာသာနဲ့
ဍုံဌာန့်သ်ုလာအင်
/ဍုံထောင့်သလာအောင်/လို့ခေါ်ခဲ့ကြတယ်။
ထို့နောက်မှာစကားရွေ့လျောပြီးကရင်အခေါ် #ဍုံထ်ုအင် လို့ဖြစ်ခဲ့ပြန်တာယနေ့အထိ။
ကိုလိုနီခေတ်လောက်ကမှ
ဖားအံလို့အများသိပိုမိုထင်ရှားလာဟန်ရှိပေမယ့်
မြို့ဖားအံကိုကရင်တိုင်းရင်းသားတို့က
ဒုံရင်းကရင်မင်းလက်ထက်ကတည်းက
ဒုံရင်းကရင်မင်းနေပြည်
အဝန်းထဲရှိ
မြို့ရပ်ဝန်းလို့သတ်မှတ်
သိခဲ့ကြတယ်။
ဒါ့ေကြာင့်
ဒုံရင်း
ကရင်မင်းနေပြည်
ရပ်ဝန်းထဲက
အင်ပင်များပေါက်ရာ
ဤကုန်းနေရာကို
ကရင်အခေါ်
ဍုံဌာန့်သ်ုလာအင်
ဍုံထောင့်သလာအောင် လို့
ခေါ်ခဲ့ကြတာပေါ့။
သည်နေ့တော့
စိတ်ကူးပေါက်ပေါက်နဲ့
ဆေးပင်တစ်မျိုးရှာဖို့
သည်ကုန်းမှာ
နည်းနည်းပတ်ကြည့်ဖြစ်တယ်။
ရှေးတုန်းကလို
အင်ပင်လေးများ
တစ်ပင်တစ်လေလောက်
ရှိပါဦးမလားပေါ့။
မတွေ့မိပါဘူး။အဝန်းအဝိုင်းအချို့အထဲမှာတော့
အင်ပင်ရှိနိုင်ပါလိမ့်ဥိီးမယ်
ထင်တယ်။
သည်ပြည်နယ်ကွင်းထဲမှာ
အပင်များစီတန်းစိုက်တဲ့လစ်လပ်ရာမှာအင်ပင်လေးများပေါက်နေစေချင်မိပါတယ်။
ရှာချင်တဲ့ဆေးပင်လည်း
တစ်ပင်မှတောင်မတွေ့ပါဘူး။
ဟိုတုန်းကဆိုဆေးဘက်ဝင်အပင်တွေရှာလို့ရတယ်။
အခုတွေ့လာမိတဲ့သဘာဝပေါက်ပင်
အချို့ကတော့
မျက်ရိုင်း၊ကိုင်းပင်၊
ပိန်းရိုင်း(အမှန်တော့ချက်စားလို့ရပါတယ်။အယားရည်ပြုတ်ထုတ်ပစ်၊ချဥ်ချဥ်စပ်စပ်ချက်လက်ကုန်စားကောင်း)
မြက်ကြွပ်(ချဥ်ဖက်စိမ်စားကောင်းတယ်)
ဒန့်ကျွဲပင်/မိုးကျလက်ဖက်
လို့လည်းခေါ်တာ။(အရွက်နုပြုတ်၊သုတ်စားရင်သိပ်ကောင်းတယ်၊အိပ်ပျော်စေတယ်၊ဆေးဖက်ဝင်၊သူ့အသီးအစေ့ခြောက်ကိုရေနွေးကြမ်းစိမ်သောက်ရင်ဆီးရွှင်မယ်၊ကျောက်ကပ်ကောင်းကျိုးပြုတယ်။
ဖေါင်ဖေါင်သီးပင်(ဆေးဖက်ဝင်တယ်)
တံမြက်စည်းပင်(ေတာရွာမှာတံမြက်သည်းလုပ်သုံးတယ်)
သကြားရေစင်ပင်(ဆေးဖက်ဝင်တယ်၊ချောင်းဆိုးရင်အရွက်နုအရည်ညှစ်၊ဆားအနညးငယ်ရောထည့်သောက်ပျောက်တယ်)
ဗန့်ဗွေးပင်(တောရွာမှာသူ့အရွက်ကိုဆေးလိပ်လိပ်သောက်တယ်။)
တောလေးညှင်းပင်(ဆေးဘက်ဝင်)
လမ်းေလျှာက်ရင်းနဲ့
အသုံးဝင်တဲ့
သဘာဝပေါက်ပင်လေးတွေ
တွေ့ရလို့ကြည်နူးမိသလို
ဤအင်ကုန်းမှာ
အင်ပင်တန်းလေးတော့မြင်ချင်မိပါရဲ့လို့တွေးတွေးရင်းပြန်လာအမောဖြေနေတော့တယ်။
စောဝဏ္ဏထွန်း