ကရင်ရိုးရာဒုံးတေးသီချင်းများ၌
ယှိုဲ့ပျာင်ႋဖဝ့်
/ရွှေ့ပျိုင်ဖော့/ဟူသော
ဝေါဟာရပါမြဲရေးဖွဲ့ကြသည်။
ယှိုဲ့ပျာင်ႋဖဝ့်
/ရွှေ့ပျိုင်ဖော့/ဟုဆိုရာ၌
ဝေါဟာရပုဒ်ခွဲသော်
***ယှိုဲ့ =ရွှေ(မြန်မာမွေးစားစကားလုံး)။
ပျာင်ႋ=ပျိုရွယ်သော
(အပျိုဖော်ဝင်စအရွယ်အမျိုးသမီးငယ်)။
ဖဝ့်=ပန်း(ပွင့်သစ်စလန်းဆန်းသည့်ပန်း)။
” ယှိုဲ့ + ပျာင်ႋ + ဖဝ့် “၏
စကားပေါင်းအနက်မှာ
ရွှေနှင့်ထပ်တူ
တန်ဖိုးထားရမြတ်နိုးရပြီး
ပွင့်သစ်စလန်းဆန်းသည့်
ပန်းကဲ့သို့သောမိန်းမပျိုလေး ဟုအဓိပ္ပါယ်ရှိပေသည်။
ထို့ေကြာင့်ပင်ထိုပျိုရွယ်သောကရင်မိန်းမပျိုလေးတို့ဝတ်ဆင်သည့်သင်တိုင်းကိုလည်း
ဆါင့်ပျာင်ႋ ဟုခေါ်ပေသည်။
“ဆါင့်ပျာင်ႋအွာ” ဟုဆိုလျှင်
ရွှေနှင့်ထပ်တူတန်ဖိုးထားမြတ်နိုးရပြီး
ပွင့်သစ်စလန်းဆန်းသည့်
ပန်းကဲ့သို့သောကရင်မိန်းမပျိုလေးတို့ဝတ်ဆင်သည့်
အမျိုးသမီးသင်တိုင်ရှည်အဖြူ ဟု အဓိပ္ပါယ်ရပေသည်။
ဤအမျိုးသမီးဝတ်အထည်မျိုးကို
ကရင်အမျိုးသမီးသင်တိုင်းရှည်ဟု ဆိုလျှင်သင့်တော်ဆီလျော်ပါသည်။
သို့သော်
ကရင်အထည်ရောင်းစားနေကြသူများအချို့မှာ
ရိုးရာအထည်ကိုရောင်းစားသည့်လုပ်ငန်းလုပ်လျက်
ရိုးရာအခေါ်အဝေါ်ကိုမသိကြမလေ့လာကြမလိုက်နာကြဘဲ
သင်တိုင်းရှည်ကို
ဂါဝန် ဟုဆိုကာ ရောင်းချနေကြသည်။
တိုင်းရင်းရိုးရာအခေါ်အဝေါ်မှာကရင်အခေါ် #ဆါင့်ပျာင်ႋ
ဆါင့်ဆူ
ဆိုသည်တို့ကို
သင်တိုင်း ဟု
မြန်မာအခေါ်အဝေါ်ရှိခဲ့သည်မှာ
ပုဂံခေတ်မြန်မာကျောက်စာများထဲ၌ပင်တွေ့ရသည်။
တိုင်းရင်းအခေါ်အဝေါ် သင်တိုင်း ဟုရှိပါလျက်
ဂါဝန် ဟု ခေါ်ဝေါ်သုံးနှုန်းရောင်းချနေကြခြင်းသည်
ရိုးရာကိုစော်ကားရာကျသလို
ရိုးရာဂုဏ်နိမ့်အောင်လည်းပြုရာကျလှပေသည်။
ကရင်အခေါ်
ဆါင့်ဆူ
ဆါင့်ပျာင်ႋတို့ကို
မြန်မာတိုင်းရင်းကျောက်စာအထောက်အထားအရ
သင်တိုင်း ဟုသာသုံးနှုန်းရန်သင့်ပါသည်။#ဂါဝန် ဟုမခေါ်ဆိုအပ်ပေ။
ယခုပုံပါအတိုင်း
ဆင်ယင်ထုံးဖွဲ့ကြသော
ကရင်တိုင်းရင်းသူလေးတို့သည်
သင်တိုင်းရှည်အဖြူ
ဆင်ယင်ကြလျက်
ရွှေနှင့်ထပ်တူမြတ်နိုးတန်ဖိုးထားရပြီး
ပွင့်သစ်စလန်းဆန်းသည့်ပန်းကဲ့သို့
ချစ်ခင်စဖွယ်
ယှိုဲ့ပျာင်ႋဖဝ့် လေးများပင်ဖြစ်ပါပေတော့သည်။
စောဝဏ္ဏထွန်း