Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် တောမှီရဟန်း

။ ဝေးတော့မယ် ။

။ ဝေးတော့မယ် ။
~~~~~~~~~~~~~

။ မိမိကိုယ်ကို
သရုပ်ခွဲကြည့်တော့
သည်ရုပ်သည်နာမ်
နှစ်ပါးပဲ။

။ ရုပ်နဲ့နာမ်သာ
ရှိနေတာကို
အိုနာသေရ မကင်းတယ်။

။ မအိုချင်လည်း
အိုလာရ မြဲ
မနာချင်လည်း
နာနေရမြဲ
မသေချင်လည်း
သေ နေ ရ မြဲ
မြဲတဲ့ဓမ္မာတာ လမ်းမဖယ်။

။ ပူမှုကမ္ဘာ
အဖြာဖြာနဲ့
မာယာ
သာဌေယျ
အကွက်ချပြီး
အားမနာတမ်း
လှည့်ဖြားတယ်။

။ သူလည်းလည်
ကိုယ်လည်းလည်နဲ့
လည်လည်ပတ်ပတ်
အပ်ကြောင်းထပ်ကြ
အက်ကြောင်းများနဲ့
ရန်ဖြစ်တွယ်။

။ အတွယ်အတာ
လိမ်ညာပြပြီး
သူသူငါငါ
ဝင်္ကဒသက(ဆယ်နှစ် ရှစ်လီ)
အရွယ်ဖြစ်လည်း
မရော့သေးဘူး
တဏှာဆွယ်။

။ အတွယ်အဆွယ်
အနွယ်တွေနဲ့
လည်ရေးခြယ်သ
လွယ်ထမ်းရသူ
ပင်ပန်းတယ်
ပိုနွမ်းနယ်။

။ သည်နေ့တော့
ဘယ်သူလည်လည်
ကိုမလည်ဘူး
ဘယ်သူတွယ်တွယ်
ကိုယ်မတွယ်ဘူး
ဘယ်သူဆွယ်ဆွယ်
ကိုယ်မဆွယ်ဘူး
လည်တွယ်ဆွယ်နဲ့ ဝေးတော့မယ်။

တောမှီရဟန်း
(၃၀.၈.၂၀၂၄) ရက်နေ့။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်