Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ကောင်းမြင်သုတ ရှိပါစေ ။

။ ကောင်းမြင်သုတ ရှိပါစေ ။
~~~~~~~~~~~~~~~~~~~~~

။ စိတ်ဓာတ် မမာတာ
ပျော့ညံ့ညံ့ဖြစ်တာ
အမြဲတမ်းအားနာတတ်တာ
အမြဲပဲသည်းခံပေးရတာတွေဟာ
သာမန်အမြင်နဲ့ကြည့်လိုက်ရင်
အသုံးမကျတဲ့သူ
အသုံးမဝင်တဲ့သူပါလို့
ထင်ကောင်းထင်မိတတ်မယ်။

။ တကယ်တော့
စိတ်ဓာတ်ပျော့ပျောင်းတဲ့သူဟာ
ပျော့ညံ့တဲ့သူတွေမဟုတ်ပါဘူး
အောင်မြင်ကြတဲ့သူတွေရဲ့
အထွတ်အထိပ်လက္ခဏာတွေပါပဲ။

။ လူတိုင်းအတွက်
အမြဲတမ်းအားနာတတ်တဲ့သူဟာလည်း
သာမန်လူသားတွေ
မဟုတ်သလို
ကိုယ်ချင်းစာတရားနဲ့
မြဲစွာနှလုံးသွင်းတဲ့
သူမြတ်တွေပါပဲ။

။ နောက်ပြီးတော့
အရာရာကို
အမြဲတမ်းသည်းခံနိုင်တဲ့သူဟာလည်း
လူသာမန်တွေထက်
ပိုပြီးတော့
အောင်မြင်ကြတာကို
တွေ့ရမှာပါပဲ။

။ လောကမှာ
အထင်သေး
အမြင်တို
တစ်ဖက်သတ်
တစ်ဖက်သားကို
ပြစ်မှားစော်ကားကြတဲ့သူတွေဟာ
တစ်နေ့နေ့
တစ်ချိန်ချိန်မှာ
အမှားဒဏ်တွေ
ဆိုးကျိုးကံတွေ
ကာပိတ်ဆည်းမရ
မနိုင်လောက်အောင်
ရောက်လာလေမှာပါပဲ။

။ ဒါကြောင့်
တစ်ဖက်သတ်
တစ်ဖက်သားကို
မမှားရအောင်
နှလုံးသားကို
သတိပဋ္ဌာန်တရားနဲ့
နေ့နေ့ညည
အလှဆင်ထားကြရင်
ပူဆွေးရသောအဖြစ်
လွန်မြောက်
လွတ်မြောက်နေမှာ
အမှန်ပါပဲလို့
ဥပုသ်စောင့်ထိန်းကြသူ
ဥပါသကာ
ဥပါသိကာတွေကို
လက်ဆောင်ပေးပါတယ်။

( သည်နေ့ ဥပုသ်လက်ဆောင်တရား။)

တောင်ကလေးဆရာတော်
(၂၇.၈.၂၀၂၄) ရက်နေ့။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်