Categories
စကားလက်ဆောင် တောင်ကလေးဆရာတော်

။ ရှင်းထုတ်ထားကြပါ ။~~~~~~~~~~~~~~

။ ရှင်းထုတ်ထားကြပါ ။

။ သည်နေ့
သတိရစရာ
အကြောင်းအရာ
တစ်ခုကို
ပြန်ပြောပြချင်ပါတယ်။
အခြားသော
ထွေထွေထူးထူးတော့
မဟုတ်ပါဘူး။
စကားရှိတော့လည်း
ဆိုရတာပါ
ပြောရတာပါ။

။ လွန်ခဲ့တဲ့နှစ်တွေထဲက
Facebook စာမျက်နှာပေါ်မှာ
ထေရီမကိစ္စနဲ့ပတ်သက်လို့
ရေးမိဆိုမိ
ဝေဖန်ထောက်ပြမိတာကို
မနှစ်သက်ကြတဲ့သူတွေက
အသံတွေဆူပွက်နေကြလို့
အရှင့်ကို
ထေရီဆိုတဲ့ပါဠိပုဒ်ကို
ရုပ်တွက်ခိုင်းတာရော
စာကျက်ခိုင်းတာရော
တကျက်ကျက်ဖြစ်နေကြလို့
ရေးထားတဲ့စာပါ
ဖျက်သိမ်းလိုက်ရတယ်။

။ မှန်ပါတယ်
သူတစ်ပါး
လူအများ
နစ်နာမယ်လို့ထင်ရင်
ဤအရှင်က
ဘယ်တော့မှ
မပြုမူပါဘူး။

။ လူ့ဘဝဟာ
သူပြုသူခံ
သူ့ကံသူ့အကျိုးတရား
ရှိနေပြီးသားဖြစ်လို့ပါပဲ။

။ မိမိက
ဘယ်လိုဘယ်ညာ
ဘယ်လိုကြီးလည်း
ဖြစ်စေကောင်းစေ
လှစေတော်စေလို့လည်း
ရှိနေဖြစ်နေပေမယ့်
စေတနာအတိုင်းတိုင်း
မဖြစ်နိုင်ပါဘူးဆိုတာ
သိထားပြီးသားပါပဲ။

။ ဒါပေမဲ့
လူဆိုတာ
အမှားနဲ့အမှန်
အဆိုးနဲ့အကောင်း
အကောင်းသား
အဟောင်းသားပဲဆိုတာကိုတော့
သိထားကြဖို့ပါပဲ။

။ တစ်ခါတလေ
တစ်ခုတလေ
အလွဲလွဲလေးမှားနေမိရင်
အမှားလေးကို
အမှားကြီးဖြစ်အောင်
ကဲလားအမျိုးမျိုးနဲ့
ဟိုးလေးတကျော်ဖြစ်အောင်
လုပ်မိတတ်ကြတဲ့သူတွေလည်း
အရှိရှိပါပဲ။

။ တကယ်တော့
လူတွေဟာ
သူ့အကြိုက်ညီအောင်
လိုက်နိုင်ရင်
ရင်ဝရင်မ
အမြဲအေးရပေါ့။
အကယ်၍သာ
အလွဲအခွဲ
ခွဲတမ်းခွဲဝေ
ခွဲဖောက်မိရင်
ဖောက်ပြန်ရေးသမား
အကုသိုလ်ကောင်
လူရှုပ်လူပွေ
ကွေ့ပွေ့တဲ့အပြုအမူတွေ
အမျိုးမျိုး
ရှုတ်ချကြလေပေါ့။

။ ဒါကြောင့်
အကြိုက်မတူရင်( ရန်သူ)
အကြိုက်ညီရင်(ကြည်သူ)
လူဘောင်လူ့လောကမှာ
သတ်မှတ်ချက်တန်းရှိနေကြရင်
အတွဲညီသင့်ဖို့
မိုးလားကဲလား
မလုပ်တတ်တာက
ဤအရှင်ပါပဲ။

။ ဒါကြောင့်
တပည့်ဖြစ်ကြတဲ့
ဒါယိကာမ
ဒါယကာတွေ
မိမိအကျိုးကို
အဖျက်အဆီးမခံဘဲ
ကိုယ်ပိုင်စံ
ကိုယ်ပိုင်ဉာဏ်
ကိုယ်ပိုင်ကံ
ကိုယ်ပိုင်တရားနဲ့
” သူ့အလုပ် သူလုပ်”
“ကိုယ့်အလုပ် ကိုယ်လုပ်”
အရှုပ်ထဲကနေ
ရှင်းထုတ်ထားကြပါ
မိမိအတွက်
ကောင်းနုတ်ထုတ်ထားကြပါစေ။

တောင်ကလေးဆရာတော်
(၂၆.၈.၂၀၂၄) ရက်နေ့ညချမ်းချိန်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်