( တပည့်ဒါယကာတွေအားလုံး
ဒီစာညွန့်လေးတစ်ပုဒ်ကို
ဖတ်ကြည့်စမ်းပါစေ။)
။ ပေါင်စိန်ကျောင်း
ကိုရင်ခေမိက (ခ)စောအဲဆိုဒ်ဖါန်
ဒီညနေကပဲ လူထွက်လိုက်ပါပြီ ။
။ နှမြောစရာကောင်းပါတယ် ။
ကျောင်းသားဘ၀ (၁ )နှစ်
ကိုရင်ဘ၀(၂ )နှစ် နေပြီး
စာကလည်းအသင့်အတင့်ရနေပါပြီ။
။ သင်ပုန်းကြီး၊ ပရိတ်ကြီး၊ရှင်ကျင့်၀တ်၊ ကစ္စည်းသဒ္ဒါသုတ်စဥ် အာချာတ် အထိတောင်ရောက်နေပါပြီ ။
။ သူကိုယ်တိုင်က
ကိုရင်ဘ၀နဲ့ ပျော်ရွှင်ပေမယ့်
ထိုင်းနိုင်ငံမှာနေတဲ့ မိဘတွေရဲ့ဆန္ဒကိုလွန်ဆန်လို့မရတဲ့အတွက်ကြောင့်
သာသနဘောင်မှာ ပျော်နေပေမယ့်
ဒီညနေလူထွက်ရပါပြီ ။
။ “မိဘတွေက
ကိုရင်ဘ၀နဲ့နေရရင်
အတန်းမရှိဘူးတဲ့ “
စာသင်ကျောင်းပဲပြန်ထားမယ်တဲ့လေ။
။ အေးပါ သူတို့တော့မသိဘူး
ဆရာဖြစ်တဲ့ မိမိတောင်
၃ နှစ် ၃ မိုးကြိုးစားပမ်းစား
စာသင်ပေးခဲ့ရပေမယ့်
“အတန်းမရှိဘူး”
အဲလိုစကားကြားလိုက်ရတော့ တော်တော်လေးစိတ်မကောင်းဖြစ်မိပါတယ်။
။အေးပါလေ
ငါတို့က
မိဘ မဟုတ်သည့်အတွက်ကြောင့်
ဆိုင်သာဆိုင်ခဲ့ပေမယ့်
သူတို့လိုတော့ ပိုင်ခွင့်မရှိဘူးပေါ့ ။
။ ၃ နှစ် ၃မိုး ပြုစုပျိုးထောင် ကြိုးစားပမ်းစားသင်ပေးခဲ့ပေမယ့်
တစ်ခနလေးအတွင်းမှာ
အစော်ကားသလို
ခံရတာကိုတော့
စိတ်မကောင်တာအမှန်ပါ။
။ ဆရာဖြစ်ခဲ့ဖူးမှ
ဆရာရဲ့ခံစားချက်နားလည်မှာပါ။
(တပည့်လေး ခေမိကရေ
လူ့ဘ၀မှာအဆင်ပြေပါစေ။)
( ရေးသားထားသည့် သတ်ပုံအတိုင်းဖြစ်သည်။)
တောင်ကလေးဆရာတော်
(၂၆.၆.၂၀၂၄) ရက်နေ့။