Categories
စကားလက်ဆောင်

။ နှလုံးမြတ်သူတို့ အပေါ်ဝယ် ။

။ လူဆိုတာ
အမှားပြုမိလို့
သိလာရင်
ရင်ဝမှာ
ခံစားရမှုဝေဒနာတွေဟာ
သူများနဲ့မတူတော့ပါ။

။ စိတ်က
အလိုလို
အားနည်းလာပြီး
ဝမ်းနည်းတာတွေ
ပူဆွေးတာတွေ
မပျော်တော့တာတွေ
အမှားတွေကို တွေးတွေးပြီး
ဆွေးဆွေးမြည့်မြည့်
မြည့်မြည့်ကြေဖြစ်လို့
အမျိုးမျိုး
ပူလောင်တော့တာပဲ။

။ သူကျေနပ်နိုင်မယ့်
အပြုအမူ
သူခွင့်လွှတ်နိုင်မယ့်
အမူအရာ
သူမြတ်နိုးတနာရှိတဲ့
အရာတွေကိုပဲ
လုပ်ပေးချင်တော့တယ်
ဒါဟာ
ပုထုဇဉ်တွေရဲ့အသိစိတ်ပေါ့။

။ သူ့အပေါ်မှာ
ကိုယ်မှားခဲ့တာ
ရိုးရိုးသားသားလား
ရက်ရက်စက်စက်လား
ဆိုတာ စဉ်းစားသာကြည့်ပေါ့။

။ သူမကြိုက်တာ
သူမလိုတာ
သူခွင့်မပြုတာ
သူတားမြစ်ခဲ့တာ
သူ့အကျိုးအမြတ်မှ
မဟုတ်တဲ့အရာတွေကို
ကိုယ့်ကိုသူပေးခဲ့တာပဲ။

။ အဲဒါတွေကို
ကိုယ်မသိချင်ဟန်ဆောင်
ကိုယ်နားမလည်ချင်သလိုနေ
ပြုချင်တာပြု
လုပ်ချင်တာတွေလုပ်
မတရားစွာအားလုံးကို
ကျေကျေနပ်နပ်နဲ့
မှားခဲ့လေပေါ့။

။ ခုတော့
အဲဒီအမှားကို
ဝန်ခံဖို့ကိုလည်း
ရဲရဲမြဲမြဲရှိပေမည့်
ဖြစ်ပေမည့်
သူ့ဘက်က
မိမိကို
တကယ့်တကယ်နဲ့
ဥပေက္ခာပြုခဲ့ပြီးနေလိုက်ရင်
ရင်မရင်ဝ
ဘယ်လိုများ
ခံစားရမလဲဆိုတာ
နောက်တသားဖြစ်ကြရသူတွေ
မဖြစ်ကြနဲ့တပည့်တို့ရေ။

။ ဆရာဆိုတာ
ကိလေသဝဋ်
ကမ္မဝဋ်
ဘဝဝဋ်
ဝိပါကဝဋ်
မကျေပျောက်သေးပေမယ့်
ပုထုဇဉ်လောကမှာ
နှလုံးနာခြင်းကို
နေနိုင်သူ
သည်းခံခြင်းတရားကို
တရားကိုယ်အဖြစ်
ခံယူကြသူတွေ
ဖြစ်တယ်ဆိုတာ
မိုးလုံးအမျှ
ပညာ့မျှဝေပေးသူပါ။

။ အဲဒီတော့
မမှားအပ်ရာသော
နှလုံးမြတ်သူတို့အပေါ်ဝယ်
မိမိမှာ
အမှားပြုမိကြသူ ဖြစ်လေနှင့်။

တောင်ကလေးဆရာတော်
(၂၀.၅.၂၀၂၄) ရက်နေ့နံနက်။

Loading

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

This site uses Akismet to reduce spam. Learn how your comment data is processed.

Exit mobile version
ကော်ဖီလေးတစ်ခွက်နှင့်
သတင်းစုံဖတ်ရှု့ရန်