Categories
စကားလက်ဆောင်

။ နှစ် ၄၀ ပြည့် အမှတ်တရ ။

။ အေဒီ ၁၉၈၂ ခုနှစ်ကစပြီး တပည့်များစွာအတွက် လောကီပညာနဲ့လောကုတ္တရာပညာများ ကြိုးစားအားထုတ်ပေးခဲ့ပါတယ်။ ယနေ့ သက်တော်(၆၅) နှစ်ရောက်ခဲ့ပေမယ့် တပည့်တွေအတွက် အခြေခံပညာရေး ကြိုးစားဆောင်ရွက်အားထုတ်လမ်းညွှန်ပေးနေဆဲပါပဲ။

။ သက်တော်ကြီးရင့်လာလို့ ပယ်ထားရတဲ့အချက်အလက်တွေလည်း များစွာရှိလာနေလို့ ( ဒေါ်မာမာအေး ပြောခဲ့သလို မောင်အရင်လိုမဟုတ်တော့ဘူး, ဆိုသလိုပါပဲ) အိုခြင်းရှိတဲ့ရုပ်နဲ့ အိုလာရတဲ့ရုပ်တွေအကြောင်း ကိုယ်တိုင်အသိပါပဲ။

။ ငယ်ရွယ်သောကာလနဲ့ခုကာလနဲ့က တစ်ခြားဆီပါပဲ။ ဒါပေမဲ့ လူတိုင်းတော့ မတူညီကြပါ။ ရုပ်တရားရဲ့ဖြစ်တည်နေမှုဟာ အိုသောခါမှပိုနားလည်မိတယ်။ နေ့စဉ်အသုံးပြုရတဲ့ပစ္စည်းတစ်ခုဟာ အသုံးပြုဖန်များရင် ပျက်စီးလာနေသလို ခန္ဓာရုပ်မှာလည်း အိုနာနေမှုနဲ့ ပြောင်းလဲဖောက်ပြန်လာတယ်။

။ တရားရစရာတွေတော့ အများကြီးပါပဲ။ စွန့်လွှတ်ရတာတွေ၊စွန့်ခွာရမှာတွေ၊စွန့်ပစ်ရတာတွေ၊စွန့်ပယ်ရမှာတွေ တဖြေးဖြေးပဲသိမြင်လာတော့ အမှားနဲ့အမှန်တွေရဲ့အဖြေဟာ သိလာတော့တာပါပဲ။

။ လိုရင်းပြောလိုတာက နှစ်(၄၀) ကျော်တိုင်တိုင် တပည့်တွေကို ပညာတွေပေးပြီး ခုချိန်ထိတိုင် အနားမယူသေးဘဲ မြတ်သောပညာရေး ပေးအပ်ဝေငှနေဆဲပါပဲ။ တပည့်တွေသာ ပညာမယူကြဘဲ ရှိနေကြတာပါ။ ပေးသူဆရာက နှလုံးသားမှာ စေတနာအပြည့်အဝရှိနေဆဲပါပဲ။

။ ကိုင်း တပည့်တွေအားလုံး ပညာကိုဘယ်သူမှခိုးယူလို့မရဘူးဆိုတာကို တပည့်တွေကို ဆုံးမခဲ့ဘူးပြီးပါပြီ။ ” ပညာလိုချင်၊ပျင်းစိတ်ပြင်၊တန်းဝင်ဖြစ်အောင်လုပ်’ လို့တိုက်တွန်းပါရစေ။

တောင်ကလေးဆရာတော်
(၂၃.၈.၂၀၂၅) ရက်နေ့။

Loading

Categories
ကရင်လူမျိုး ပညာရေး ဘောလုံး အားကစား

နာယကချုပ်ဖလား ဘောလုံးပြိုင်ပွဲ (၂၀၂၅)(ကရင်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂလာအထိမ်းအမှတ်)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ တောင်ကလေးဘုန်းတော်ကြီးသင်ပညာရေးကျောင်း လောကီလောကုတ္တရာ ပညာသင်ကြားရေးဌာန

ပျော်ပျော်ပါးပါး မိုးရာသီ ကျောင်းတွင်းအားကစား

နာယကချုပ်ဖလား ဘောလုံးပြိုင်ပွဲ (ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အထိမ်းအမှတ်)

ကျား (၃) သင်း
မ (၃) သင်း
ပတ်လည်စနစ်

(၃) ရက်တိုင်တိုင် ညနေပိုင်း
၆/၇/၈ – ၈ – ၂၀၂၅ (ညနေပိုင်း)။

ပထမနေ့

(ကျား)ပွဲစဥ် - ၁ TGL BAKA vs Next Gen

ဒုတိယနေ့

TGL FOOTBALL COMPETITION

PEDU Channel – ဖလုံပညာ့

Loading

Categories
ကရင်လူမျိုး ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ် ရိုးရာဓလေ့

ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ ဖိတ်ကြားလွှာ

၂၇၆၄ ခုနှစ်၊ တောင်ကလေး (ဖၠုံပညာ့တ်ုဝါန့်)၊ (၃၉) ကြိမ်မြောက်
“ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနား” ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဖော်ပြပါအစီအစဉ်အတိုင်း ကြွရောက်ချီးမြှင့်နိုင်ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

နေ့ရက် –၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်နေ့၊ (၈-၈-၂၀၂၅) သောကြာနေ့။
အချိန် –နံနက် (၇:၀၀) နာရီ (အခမ်းအနားဖွင့်လှစ်ခြင်း)
နေရာ –တောင်ကလေးနှစ်သစ်ကူးကွင်း၊ ဘားအံမြို့၊ ကရင်ပြည်နယ်။

PEDU Channel – ဖလုံပညာ့ 

Loading

Categories
ကျန်းမာရေး ဖလုံပညာတိုးတက်ဖွံ့ဖြိုးရေးယူနစ်

သူနာပြုအကူသင်တန်း အမှတ်စဉ် (၅)

သင်တန်းသူ၊ သင်တန်းသားများသို့
********************************

ပီအီးဒီယူ (PEDU) မှ ကြီးမှူးဖွင့်လှစ်သည့်
မိသားစုကျန်းမာရေး
စောင့်ရှောက်ခြင်းနှင့်
အမှတ်စဉ် (၅)
သူနာပြုအကူသင်တန်းကို
တက်ရောက်သင်ကြားမည့်
သင်တန်းသူ၊ သင်တန်းသားများ ကို
အသိပေး အကြောင်းကြားအပ်ပါသည်။

သင်တန်းစတင်ဖွင့်လှစ်မည့်နေ့ရက်
—————————————————-
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်၊ တနင်္ဂနွေနေ့။

သင်တန်းအချိန်
———————–
နေ့စဉ် နေ့လည် (၁) နာရီမှ (၄) နာရီအထိ။
(ဥပုသ်နေ့မှအပ)

သင်တန်းနေရာ
———————-
ကွန်ပျူတာဆောင်
(စာကြည့်တိုက်ဘေးချင်းကပ်)
တောင်ကလေးပရိယတ္တိစာသင်တိုက်
ဘားအံမြို့နယ်၊ ကရင်ပြည်နယ်။

Loading

Categories
ပညာရေး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်အများဆုံးရရှိသူ ဝိပ္ပံဘာသာတွဲမှ မယွန်းယမုံကျော် နှင့် တွေ့ဆုံမေးမြန်းချက်

https://mahar.asia/wp-content/uploads/2025/08/LNs-3825-4pm-V6.mp4

Source: https://t.me/mrtvnews/270702

Loading

Exit mobile version