။ မေတ္တာလှေခါးဆီသို့ ။
~~~~~~~~~~~~~~~~~
။ သည်နေရာမှာ
ဆုံဖူးပါသည်
မေတ္တာရနံ့ကြည်။
။ သည်နေရာက
ပြန်ဆုံကြသည်
ဘဝသန္ဓေတည်။
။ သည်နေရာကို
တမ်းတပိုသည်
ရှေးဟိုအတိတ်ရည်။
။ သည်နေရာ၌
ဦးညွှတ်ခိုက်သည်
ရင်၌ပန်းဝေသီ။
။ သူသူငါငါ
ဤနေရာသည်
မေတ္တာမြှုပ်နှံခဲ့ကြသည်။
( ကိုယ်စိတ်ပင်ပန်းမှုကို ပဓာနမထားသော တပည့်ကြီးဇော်ဖြိုးအောင်အတွက် လက်ဆောင်ပေးသော အမှတ်တရကဗျာတစ်ပုဒ်ဖြစ်ပါသည်။)
ဆရာကြီး
(၁၀.၂.၂၀၂၅) ရက်နေ့။
