Categories
လူမှုရေး

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို တောင်ကလေး ဖၠုံပညာ့တ်ုဝါန့်ကွင်းတွင် ကျင်းပ

ကရင်ပြည်နယ်၊ ဘားအံမြို့
၂၅ ကြိမ်မြောက် ငွေရတု ကရင့်အမျိုးသားနှစ်သစ်ကူးနေ့ ဖွင့်ပွဲအခမ်းအနားကိုတောင်ကလေး ဖၠုံပညာ့တ်ုဝါန့်ကွင်းတွင် အောင်မြင်စွာ ကျင်းပပြီစီးခဲ့ပါသည်။ ၂၉.၁၂.၂၀၁၆

ဖွင့်ပွဲအခမ်းအနားကို နံနက် ၆ နာရီအချိန်တွင် စတင်ပြီး မုဒ်ဦးကို ပထမ စတင်ဖွင့်လှစ်ခဲ့ပါသည်။

ဒုတိယဖွင့်ပွဲအဖြင့် မုဒ်ဦးးဖွင့်ပြီးနောက် ဒုံးစင်ကို ဖွင့်ပွဲပြုလုပ်ပြီး ဟောပြောပွဲမိန့်ခွန်း အခမ်းအနားကိုလည်း ဒုံးစင်တွင် တဆက်တည်း ကျင်းပပြုလုပ်ခဲ့ပါသည်။

တတိယဖွင့်ပွဲအဖြင့် ဒုံးစင်ဖွင့်ပွဲပြီးနောက် ဖီ့ဘီးယဝ် ကောက်သစ်စားပွဲဖွင့်ပွဲကို ပြုလုပ်ခဲ့ပါသည်။

ဖွင့်ပွဲကို သုံးနေရာ ကျင်းပပြုလုပ်ခဲ့ကြောင်းတင်ပြအပ်ပါသည်။

ဖွင့်ပွဲများ ကျင်းပပြုလုပ်ပြီးနောက်တောင်ကလေးကွင်း၏ ယခုနှစ်တွင် အမှတ်တရအဖြင့် ကောက်ရိုးနှင့်ပြုလုပ်ထားသော တောင်ယာလုပ်တောင်သူဦးကြီး၏ ပုံဆီသို့သွားရောက်ကြပါသည်။

စတုဒီသာအဖြင့် ထမင်းဟင်းနှင့်မုန့်တီကို ဧည့်ခံကျွေးမွေးပါသည်။

ပြခန်းများကိုလည်း ပြသထားပါကြောင်း။

Loading

Categories
စကားလက်ဆောင်

။ ငါတို့ကမ္ဘာလေး ငြိမ်းစေချင် ။

။ အစဉ်အလာမေတ္တာတရား
လူသားတိုင်း တန်ဖိုးထားရင်
စစ်ပွဲဆိုတာ မရှိဘူး။

။ လူတိုင်းမေတ္တာ
မြတ်နိုးကြရင်
မတရားခြင်း မရှိဘူး။

။ လူတိုင်း သစ္စာ
မြဲမြံကြရင်
ဒေါသနေရာ မရှိဘူး။

။ အချင်းချင်းသာ
ချစ်ကြပါရင်
စစ်ခင်းစရာ မရှိဘူး။

(ကရင်ပြည်နယ်၊ မဲတဝေါဒေသမှ စစ်ပွဲကို ရည်ညွှန်းပါသည်။)

တောင်ကလေးဆရာတော် (ခေတ္တ/ အမေရိကန်ပြည်ထောင်စု)

Loading

Categories
စကားလက်ဆောင်

။ အေးရိပ်သာ ။

။ တကယ်တော့
အေးရိပ်သာဆိုတာ
ရင်ထဲက
အညစ်အကြေးကင်းနေတာကို
ပြောတာပါ။

။ အေးရိပ်သာဆိုတာ
ကျောင်းမဟုတ်
နားခိုရာမဟုတ်
တည်းခိုရာမဟုတ်
စိတ်ချမ်းသာရတာကို
အေးရိပ်သာပါပဲ။

တောင်ကလေးဆရာတော်
ခေတ္တ/ အမေရိကန်ပြည်ထောင်စု
(၂၀-၉-၁၆) ရက်နေ့။

Loading

Categories
နံနက်ခင်းသြဝါဒကထာ ဘာသာရေး

တောင်ကလေးဆရာတော်(တောမှီရဟန်း)၏ နံနက်ခင်းသြဝါဒကထာ

။ ယနေ့နံနက်ခင်းချိန် သြဝါဒကထာ( စကား) ။
~~~~~~~
။ မိသားစုများ ချမ်းသာအောင် သီလအကျင့်ဖြင့် နေထိုင်ပါ။
။ မိမိနေထိုင်သည့် ပတ်ဝန်းကျင်နှင့် သင့်မြတ်အောင်နေတတ်ပါစေ။
။ ရှုပ်ထွေးတဲ့ လူမှုရေးအသိုင်းအဝိုင်းများ မဖြစ်ပါစေနှင့်။
။ လူသားတွေတန်ဖိုးထားတဲ့ ကောင်းကျိုးကို မြှင့်တင်ပေးပါ။
။ ဆင်းရဲမျှတမှုမရှိတဲ့ ပတ်ဝန်းကျင်ကို ရှောင်ပါ။
။ မတိုးတက်နိုင်တဲ့ ဆုတ်ယုတ်တဲ့ အသိုင်းအဝိုင်းကို ရှောင်ပါ။
။ မိမိကို မြှောက်ပင့်တတ်တဲ့သူတွေနဲ့ အနေဝေးပါစေ။
။ အကျိုးကောင်းမမြင်တတ်သူကို မချဉ်းကပ်ပါနှင့်။
။ မသိဘဲ အယောင်ဆောင်သူကို သတိပြုပါ။
။ မိမိသီလကို ကြည်ဖြူစွာ ယုံကြည်ပါစေ။

Loading

Categories
ပရဟိတ

မြိုင်ကြီးငူဒေသရောက် ကရင်ပြည်နယ်၏ စစ်ဘေးရှောင်ပြည်သူများဆီသို့ တောင်ကလေးဆရာတော်နှင့်တပည့်များ သွားရောက်လှူဒါန်းခြင်း

။ ဒုက္ခရောက်သူဝိုင်းဝန်ကူ ထိုသူချမ်းသာရောက် ။
~~~~~~~~~~
ဘားအံ စက်တင်ဘာ ၁၂

တောင်ကလေးဆရာတော် (တောမှီရဟန်း) နှင့် တပည့်ဒါယကာ/မ များမှ စစ်ဘေးရှောင်ပြည်သူများအတွက်
ဆန်- ၃၀၂ အိတ်
ဆီ – ၁၂ ဖါ
ဆား- ၁၂ အိတ်
ကြက်သွန်နီ- ၁၁ အိတ်
အသားတု- ၁၀ -အိတ်
အာလူး-၁၀ အိတ်
အဝတ်အထည် -၁၄ အိတ်
ရေသန့်- ၅၀ ကဒ်
ပဲငပိ- ၂၀ ပိဿာ
နှင့် ဟင်းချက်အတွက် အသီးအနှံများ သွားရောက် လှူဒါန်းပါသည်။

ဦးဆောင်ဆရာတော် ဘကကျောင်းအုပ် ဥူးဥတ္တမနှင့်အတူ အေးရိပ်သာမိသားစုများအား တွေ့ရစဉ်။

တောင်ကလေးအေးရိပ်သာအဖွဲ့သားများ မြိုင်ကြီးငူသို့ သွားရောက်လှူဒါန်းစဉ်

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။


။ တည်တည်ငြိမ်ငြိမ် စိတ်သန့်ရှင်းပါစေ။
။ စိတ်ကြောင့် စူးငြောင့်မဖြစ်ပါစေနှင့်။
။ အညစ်အကြေးမဖြစ်ပါစေနှင့်။
။ မိမိကိုယ်ကို တန်ဖိုးထားပါ။
။ မိမိအကျင့်မြတ်သီလကို မပျက်တန်း ထိန်းသိမ်းစောင့်ရှောက်ပါ။
။ မလိုမုန်းသူတို့အပေါ် မေတ္တာမပျက် ဆက်ဆံပါ။
။ မိမိရဲ့ အခက်အခဲကို စိတ်အေးအေးထားပြီး ဖြေရှင်းပါ။
။ စိတ်ဆင်းရဲမှုကြောင့် အပြုအမူမမှားပါစေနှင့်။
။ မက်မောမှုတစ်ခုကြောင့် ဆုံးဖြတ်ချက်မမှားပါစေနှင့်။
။ ရိုသေခြင်းတရားမြဲမြံပါစေ။
။ မိမိကိုယ်ကို မာန်မာနတရား မတက်ကြွပါစေနှင့်။
။ သတိပေါ့လျှော့မှုလည်း မဖြစ်ပါစေနှင့်.။

တောင်ကလေးဆရာတော်
(၁၀.၉.၂၀၁၆) ရက်နေ့နံနက်။

Loading

Categories
ငြိမ်းချမ်းရေး နိုင်ငံရေး

ညီလာခံ အမြင်ချင်းဖလှယ်

၂၁ ရာစု ပင်လုံညီလာခံမှ ပြန်လာသော

  • KNU မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖဒိုစောသမိန်ထွန်း။
  • ဗဟိုကော်မတီဝင် – စောလှထွန်း။
  • တပ်မဟာ(၆) ဒူးပလာယျာခရိုင် ဥက္ကဋ္ဌ ဖဒိုရွှေမောင်။
  • (RISE) နန်းမြသီတာ –

တို့အဖွဲ့ သည် ညီလာခံမှရရှိလာသော အကျိုးရလဒ်များကို ကရင်ပြည်နယ်ငြိမ်းချမ်းရေး နာယကချုပ်ဆရာတော် အရှင်ပညာသာမိ (တောင်ကလေးဆရာတော်) ထံမှ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့သည်။

5/9/2016 (7:30 Am)
သတင်း- ချမ်းရိပ်မွန်

ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး

Loading

Categories
ဖွံ့ဖြိုးရေး ရိုးရာဓလေ့ လူမှုရေး အမျိုးသားရေး

။ ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း ။

          ။ အစ္စရေး လူမျိုးလို့လည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနှိပ်ခံရပြီး တိုင်းပြည်ပျောက်ဆုံးသွားတဲ့အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဉာဏ်ပညာအကောင်းဆုံးလူမျိုးလို့ သတ်မှတ်ကြပါတယ်။  

       ။၂၀၁၅ခုနှစ် ကမ္ဘာတစ်ခွင်မှာ ဂျူးလူမျိုး လူဦးရေ ၁၄.၂ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ဝ.၂ % ရှိတဲ့ ဂျူးလူမျိုးဟာ…. ဂျူးလူမျိုးများဟာ ၂၀ ရာစုအတွင်း နိူဘယ်စုရှင်များရဲ့ ငါးပုံတစ်ပုံ၊ အမေရိကန်နိုင်ငံ သြဇာအရှိဆုံးသူများစာရင်းထဲက ၅၀ % ၊ အမေရိကန် နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀ % ၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇာတ်လောက မှာ  ၆၀ % ၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀ % ၊ Forbes စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် ၄၀ ထဲမှာ ဂျူးလူမျိုးက ၁၈ ဦး တို့ဟာ ဂျူးလူမျိုးဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင် စသည်တို့ဟာ ဂျူးလူမျိုးဖြစ်ကြပါတယ်။ သုတေသနအရ ဒီလိုအောင်မြင်ရတဲ့ အကြောင်းရင်းအားလုံးထဲမှာ ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစုပျိုးထောင်တဲ့နည်းလမ်းများဟာ အဓိကကျတယ်လို့ဆိုပါတယ်။ သူတို့ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို ဘယ်လိုသင်ကြားပျိုးထောင်ကြပါသလဲ။

၁။ ကိုယ့်ကိုယ်ကို ရပ်တည် အားကိုးစေခြင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~

            ။ ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မူ အားလုံး ၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က    ယုံကြည်ပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့တွေးခေါ်မူနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မူ၊ မိမိကိုယ်ကို အားကိုးတတ်မူကို အလေးထား ပျိုးထောင်ပါတယ်။ ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံးဝဆန့်ကျင်တယ်။ သူတို့စကားပုံတစ်ခုက ဒီလိုဆိုပါတယ်။ “ ၅ နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ ၁၀ နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ ၁၅ နှစ်ကလေးဟာ အဖေနဲ့တန်းတူဖြစ်သွားပြီ” တဲ့။ ဆိုလိုတာက ၅ နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံး ချစ်မယ်။ ပျိုးထောင်မယ်။ ၁၀ ကျရင် သူနိုင်တဲ့ဝန်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ ၁၅ နှစ်ကျရင် ကိုယ်ပိုင်ဆုံးဖြတ်တတ်စေရမယ်။ 

၂ ။  စာအုပ်ချစ်တဲ့ဓလေ့ 

~~~~~~~~~~~~~~~~

 ။ ကလေးများသိတတ်ခါစအရွယ်မှာပဲ ဂျူးမိသားစုများဟာ ပျားရည်တစ်စက် တို့ထားတဲ့ ကျမ်းစာအုပ်ကို ကလေးအားနှမ်းရူပ်စေပါတယ်။ ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။ ဂျူးမိသားစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံတင်နဲ့ မပြီးပဲ လေးစားရတဲ့သဘောပါရှိပါတယ်။ သူတို့ကိုသူတို့လည်း စာအုပ်ချစ်တဲ့လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက် ၁၄ နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ်ဖတ်ပြီးတယ်လို့ဆိုပါတယ်။

၃။  ဉာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးခြင်း 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  ။ ဂျူးမိသားစုထဲမှာ ကလေးများနည်းနည်းအသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလိုမေးမြန်းလေ့ရှိတယ်။ “တကယ်လို့ သားရဲ့အိမ်က မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သားဘာကိုယူပြီးထွက်ပြေးမလဲ” တဲ့ ၊ ကလေးက ရွှေတို့ ၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားအုံး၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ သားက “ ဉာဏ်ပညာ” လို့ ဖြေဆိုနိုင်တဲ့ အထိ မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခတ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကလေးတွေ သူဖာသာသူသိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ဆရာများက တိုက်ရိုက်ပြောပြတာများနေပါတယ်။ 

၄။ စာအုပ်အများကြီးကို ဝန်တင်ထားတဲ့ “လား” မဖြစ်ပါစေနဲ့ 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  ။ စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတဲက စာဖတ်အောင် သွန်သင်ပေးကြတယ်။  ပြီးရင် စဉ်းစား တတ်အောင် ပျိုးထောင်ပေးကြပါတယ်။ သူတို့အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်းတစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ် ။  ဗဟုသုတ ကြွယ်ဝပြီး ဘာမှမလုပ်တတ်တဲ့သူကို စာအုပ်ကိုဝန်တင်ထားတဲ့ “ လား” လို့ စကားပုံနဲ့ ခိုင်းနိူင်းထားပါတယ်။ 

၅။  တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။ 

~~~~~~~~~~~~~~~~~~~~~~~~~~~

            ။ ဒါလည်းသူတို့ရဲ့ နာမည်ကြီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအဝင် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်ဝင်ခိုင်းပါတယ်။ သံသယဝင်မှပဲ အဖြေမှန်ထွက်တဲ့သဘောပါ။ ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွှဲပါတယ်။  

မိဘများ အထောက်အကူ ဖြစ်ဖို့ တင်ပြပေးလိုက်ပါတယ်။ နှစ်သက်နိုင်ကြပါစေ။

Ref: WeChat
Credit;Sayar Aung Ko Latt

ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး

Loading

Categories
စကားလက်ဆောင်

။ ယဉ်ကျေးမှုတစ်ရပ် ။

။ ပုဂ္ဂို လ်ကို ခင်မင်လေးမြတ်ချစ်မြတ်နိုးခြင်းကြောင့် ရိုသေခြင်း အလေးဂရုပြု ခြင်း တရားရှိ လာတယ်လို့ ယူဆပါက မမှားနိုင်ပါ ။

။ လူဟာ မေတ္တာတရားရှိကြရင် အချင်းချင်း ဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာ ကရုဏာ တရား ဖြစ်ကြတယ်။

။ မေတ္တာတရား အချင်းချင်း ရှိကြတဲ့သူမှာ တစ်ဦးက တိုးတက်တာကိုမြင်ရင် တစ်ဦးက မုဒိတာ တရားဖြစ်ရတယ်။ ဝမ်းသာတယ်။ အမှားအယွင်းရှိပေမယ့် လျစ်လျူ ရှုနိုင်တယ်။

။ ဒီလို ဂါရဝတရားရှိကြတာဟာ မနာလို ဝန်တို မာန်မာန ဒေါသတရားတွေ ကင်းဝေးပြီး ကောင်းမွန်သော ယဉ်ကျေးမှုတစ်ရပ် ဖြစ်ပါတယ်။

။ လောကသာယာရေးအတွက် လူတိုင်း ယဉ်ကျေးမှုတရားထွန်းကား နားလည်ဖို့ အလိုအပ်ဆုံး ဖြစ်ပါတယ်။

တောင်ကလေးဆရာတော်( တောမှီရဟန်း = အဲးခိုး)

ရင်းမြစ် ။ ။ https://www.facebook.com/photo/?fbid=2090803584477097&set=a.1711372712420188

Loading

Categories
ဘောလုံး အားကစား

။ ၆၂ ကြိမ်မြောက် ပွဲတော် ။


။ မြန်မာ့အားကစားသမိုင်းမှာ အမျိုးသားဘောလ်လုံးအားကစားဟာ တိုင်းနဲ့ပြည်နယ် ဘောလ်လုံးပြိုင်ပွဲရဲ့သမိုင်းမှာ ကရင်ပြည်နယ် အမျိုးသားလက်ရွေးစင်အသင်းရဲ့ အားကစားသမိုင်းမှာ ပြည်ထောင်စုဖလားကြီးကို (၂) ကြိမ်ဆွတ်ခူးရယူခဲ့ဖူးပါတယ်။

(၁) ၁၉၉၆- ခုနှစ်က တစ်ကြိမ်နဲ့
(၂) ၂၀၁၆ -ခုနှစ် တစ်ကြိမ် (စုစုပေါင်း နှစ်ကြိမ် ) ရခဲ့ဖူးပါတယ်။

။ နှစ်ပေါင်း ခြောက်ဆယ်ကျော် မြန်မာ့အားကစားကို ယနေ့ကရင်ပြည်နယ်က ပြည်ထောင်စုဖလားဆွတ်ခူးရရှိခဲ့ပေမယ့် နိုင်ငံတော်က ဆုကြေးငွေအဖြစ်(ဝ) ပါပဲ။ လူတွေအထင်တော့ ဆုကြေးငွေ အကြီးအကျယ်ပိုက်သွားပြီလို့ ။ တကယ်ဆုကြေးငွေက (ဝ) ပါပဲ။

မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုတာ အိပ်မက်ထဲကပါမောင်တို့ရေ….။

တောင်ကလေးဆရာတော်
(၂၃-၈-၁၆) ရက်နေ့။

ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး

Loading

Exit mobile version