Categories
ကရင်လူမျိုး တောမှီရဟန်း

။ မန်းနဲစံ (ဖားအံ) ။

။ မြန်မာ့စာပေလောကမှာ
၁) ပါရဂူ
၂) မောင်မဲ
၃) လူထု ဦးလှ
၄) ဒဂု ဦးစန်းငွေ
၅)ငွေတာရီ
၆) ဦးရွှေအောင်
၇) ရွှေဘို မိမိကြီး
၇) ရွှေဘို ဦးသန်းထွန်း
၈) ဆန်းထွန်း(မန်းတက္ကသိုလ်)
၉) ငွေဥဒေါင်းတို့နဲ့အတူ ဗုဒ္ဓစာပန်းချီစာရေးဆရာကြီးထဲက စန္ဒန (ဖားအံ) ဟာ အရှေ့ပိုးကရင်တိုင်းရင်းသား ဆရာတော်တစ်ပါးဖြစ်သည်အလျှောက် သက္ကတ၊ ဟိန္ဒီဘာသာပြန်ကျမ်းစာများလည်း ကျွမ်းကျင်တော်မူသော ဆရာတော်တစ်ပါးဖြစ်ပါတယ်။

(၂၅.၉.၁၉၉၂) ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပေလည်း ယနေ့ချိန်တိုင် သတိရနေဆဲ ဖြစ်တော်မူပါသည်ဘုရား။

တောမှီရဟန်း
(၃၁.၅.၂၀၂၅) ရက်နေ့။

ဝီကီပီဒီးယားတွင် ဆက်လက်ဖတ်ရှုရန် – စန္ဒန – ဝီကီပီးဒီးယား (wikipedia.org)

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း ဘာသာရေး

ဒေါသကိုထိန်း ဘေးရန်ငြိမ်း

“ဒေါသကိုထိန်း – ဘေးရန်ငြိမ်း” ဆိုသဖြင့်၊ ဒေါသ အကြောင်းကို ရေးလျှင်၊ ဒေါသ၏ အပေါင်းအသင်း ရောင်းရင်းများ ဖြစ်ကြသော အဝိဇ္ဇာ တဏှာ၊ လောဘ၊ မောဟတို အကြောင်း မလွဲမရှောင်သာဘဲ၊ တွဲ၍ ပါရပေတော့မည်။

ကမ္ဘာဦးကျမ်း၌

ကမ္ဘာဦးအခါ လူတို့သည် ရသတဏှာမပေါ်မီက၊ “ကဗဋီကာဟာရ” ကိုမသုံးဆောင်မီ ကောင်းကင်၌ ပျံသန်းသွားလာ နိုင်ကြကုန်၏။ မိမိ၏ ကိုယ်ရောင်ဖြင့် ထွန်းလင်းတောက်ပလျက်၊ ဤလူ့ပြည်လောကမှာ သွားလာနေထိုင်ကြကုန်၏။

မြေဆီကိုအလုပ်အကျွေးပြု၍ သုံးဆောင်သောအခါမှစ၍၊ ထိုရသတဏှာကြောင့် လူတို့သည် ကိုယ်ရောင်ကိုယ်ဝါနှင့်တကွ၊ အခြားတန်ခိုး ဣဒ္ဓိပါတ်တို့သည် ပျောက်ကွယ်၍ သွားလေတော့၏။ 

ရသတဏှာ ၂မျိုး

ရသတဏှာသည် ဤမျှလောက်တန်ခိုးအာနိသင်တို့ ညံ့ဖျင်းစေ၏။ ထို ရသတဏှာသည် အဝိညာဏက ဖြစ်သောတဏှာ၊ သဝိညာဏကဖြစ်သောတဏှာဟူ၍ ၂ပါးအပြားရှိ၏။ ထိုတွင် အသက်မပါသော (သက်သတ်လွတ်) ဆွမ်းခဲဖွယ်ဘောဇဉ်ကို တတ်မက်သောတဏှာသည်၊ အဝိညာဏကရသတဏှာမည်။  ဆိတ်၊ ဝက်၊ ကြက်၊ ဘဲ၊ ကျွဲ၊ နွား၊ သားငါးစသော သတ္တဝါတို့၏အသား၌ တက်မက်သော တဏှာသည်၊ သဝိညာဏကရသတဏှာမည်၏။

အသက်များ

ထိုသဝိညာဏက ရသတဏှာကြောင့်ဆိတ်သား၊ ဝက်သား၊ ကြက်သား၊ ဘဲသား၊ နွားသားစသောအားဖြင့် မရေမတွက်နိုင်အောင် များစွာသောအသားကို စားသောက်မှုအမျိုးမျိုးသည် ပေါ်ပေါက်၍ လာလေ၏။ အသားစားမှု အမျိုးမျိုးအတွက်ကြောင့် တစ်နေ့လျှင် မြို့ကြီးပြကြီးများမှစ၍ တောကျေးရွာအဖြာဖြာတို့တွင် ရေ၌ ကျက်စားကြသောသတ္တဝါ၊ ကုန်း၌ကျက်စားကြသောသတ္တဝါ၊ ကောင်းကင်၌ ကျက်စားကြသောသတ္တဝါအပေါင်းတို့သည် မရေမတွက်နိုင်အောင် အကျိုးမဲ့ပျက်စီးခြင်းသည် ဖြစ်ပေါ်၍ လာလေ၏။

အကာလမရဏ

ထိုသတ္တဝါတို့သည် မိမိတို့သက်တမ်းစေ့အောင် မနေ ကြရဘဲ၊ လူတို့၏ပယောဂဖြင့် သေကြရခြင်းမှန်သမျှမှာ အသားစား မှုကို မက်မောသောရသတဏှာကြောင့်သာ ဖြစ်ရပေ၏။

သဝိညာဏကရသတဏှာကြောင့်အသားစားမှု ဖြစ်ပေါ်လာသည်။ အသားစားမှုကြောင့် သတ်ဖြတ်ညဉ်းဆဲမှုများ ပေါ်ပေါက် လာသည်။ သတ်ဖြတ်ညှဉ်းဆဲမှုများကြောင့် သတ္တဝါတို့သည် “အကာလမရဏ” သေခြင်းဖြင့် သနားစဖွယ် သေဆုံးကြရ ရှာသည်။

ရှေးကရောဂါ…သုံးမျိုးသာ

တယောရောဂါ ပုရေအာသုံ၊ ဣစ္ဆာ အနသနံဇရာ။
ပသု နဉ္စ သမာရမ္ဘာ၊ အဋ္ဌနဝုတီ အာဂမုံ။
(ဗြဟ္မဏ ဓမ္မိကသုတ်၊ သုတ္တနိပါတ်ပါဠိတော်)

မြန်မာပြန်လျှင် – ပုရေ- သားသတ်ယောက်ျား၊ အသားစား တို့မပေါ်မီ ရှေးအခါ။ လောကေ- လောက၌။ တယောရောဂါ – အနာ ရောဂါသုံးမျိုး တို့သည်သာလျှင်၊ အာသုံ- ရှိကြကုန်၏။

(၁) ဣစ္ဆာ- မိမိ၌မရှိသေးသော ဥစ္စာဓနကို လိုချင် တောင့်တသော အနာ။
(၂) အနသနီ- စားချိန်ကျ၍၊ မစားရလျှင် ဆာမွတ်သည့်အနာ။ 
(၃) ဇရာ- အိုချိန်ကျက ၊ အိုရခြင်းအနာ၊

ပသုနဉ္စ၊တိရစ္ဆာန်သတ္တဝါတို့ကို။ သမာရမ္ဘ -သတ်ဖြတ်စားသောက်မှုပေါ်ပေါက်လာသောအခါမှ။ အဋ္ဌနဝုတီ- ၉၈-ပါးသော ရောဂါဆိုး၊ ကပ်ဥပါဒ်အမျိုးမျိုးတို့သည်။ အာဂမုံ- လူ့လောကမှာ ပေါ်ပေါက်၍လာကုန်၏။

ဤသည်တို့မှာ သဝိညာဏကရသတဏှာ သောင်းကျန်း ကြသဖြင့် လောက၌သတ္တဝါတို့ ဒုက္ခအဖုံဖုံဖြစ်ရခြင်းအကြောင်း ကမ္ဘာဦးကျမ်း ထွက်ဖြစ်ပါသည်။

ပရိတ်ရွတ်ကြရာ၌
အသားမစားဘဲ . ရှောင်ကြဉ်မှုသည် တရားတော်နှင့် သင့်လျော်သည် မသင့်လျော်သည်ကို စဉ်းစားကြရန်မှာ “အဘိသမာ စာရိတ္တသီလ” ဖြစ်သော “ဇတင်အကျင့်ကိုကျင့်ရမည်၊ မကျင့်လျှင် တစ်စုံတစ်ခုသော အပြစ်ဒေါသရောက်စေ”ဟု မြတ်စွာဘုရား ပညတ်တော်မမူ။ ကျင့်လိုသူ၊ ကျင့်နိုင်ရန်ကိုသာ သဘောထား ခွင့်ပြုတော်မူပါသည်။ ၎င်းဇတင်အကျင့်ကို ကျင့်သောသူသည် မကျင့်သောသူထက်သာသကဲ့သို့ပင် အသက်သတ်ကိုရှောင်ကြဉ်သော သူသည်လည်း၊ မရှောင်ကြဉ်သော သူထက်သာသည်၏ အဖြစ်မှာထင်ရှား လေသည်။

ပရိတ်ရွတ်ကြရာ၌ သူ့အသားမစားဘဲ ရှောင်ကြဉ်သူသည် သာ၍ အာနိသင်ထက်မြက်၏။ ဒီဃနိကာယ်သုတ္တံ ပါဠိတော် မဟာသမယသုတ်ကို ရွတ်ဖတ်သောရဟန်းသည် မရွတ်မီ(၇)ရက်က သက်သတ်လွတ်စားပြီးမှ၊မဟာသမယသုတ်ကိုရွတ်ဖတ်ရမည်ဟု မဟာသမယသုတ်အဋ္ဌကထာတွင်လာသည်။

သူ့အသားကိုစား၍ ရွတ်သောရဟန်း၏ ပရိတ်တန်ခိုးအာဏာတို့သည် အလွန်ကြမ်းတမ်းသော မကောင်းဆိုးဝါးတို့ထွက် ပြေးနိုင်လောက်အောင် မတတ်စွမ်းနိုင်သည်သာမက၊ ထိုသို့ ရွတ်ဖတ်သော ရဟန်းကိုယ်ပင် အန္တရာယ်ဖြစ်စေတတ်သည်။ ဤသည်မှာ မကောင်းဆိုးဝါးတို့ တကယ်ကြမ်းတမ်းစွာ ပူးဝင် ခိုအောင်းလာသောအခါ၊ အသားစားသူနှင့် မစားသူတို့၏ ပရိတ် တန်ခိုးအာဏာကွာခြားပုံတည်း။

ကာလမရဏဒါနအလှူ

ကုန်းသတ္တဝါ – ရေသတ္တဝါတို့သည် မိမိတို့ရရှိသောဘဝတို့၌ ချမ်းသာအေးမြစွာ မိမိတို့တိရစ္ဆာန်မျိုးဆွေအပေါင်းတို့နှင့် ကောင်းစွာ နေထိုင်လိုကြပေသည်။

(၁) ဘေးရန် လွတ်ကင်းချမ်းသာစေချင်သောစိတ် တိရစ္ဆာန်တိုင်း ရှိကြသည်။(၂)  အသက်မသေလိုသောစိတ် တိရစ္ဆာန်တိုင်း ရှိကြသည်။
(၃)အချိန်မစေ့ရောက်ဘဲ၊ အကာလမရဏ၊ လူတို့သတ်ပုတ် ညှဉ်းဆဲ၍သေရခြင်းကို အလျင်းပင်အလိုဆန္ဒ မရှိကြကုန်။ 

အမြို့မြို့အရွာရွာ၊ လူ့ပြည်၌ရှိကြကုန်သော မနုဿလူသားကမ္ဘာသူ၊ ကမ္ဘာသားအားလုံးတို့သည်လည်း ထိုတိရစ္ဆာန်ကဲ့သို့ပင် မိမိတို့ခန္ဓာကိုယ်ကို

(၁)  ဘေးကင်းချမ်းသာလိုသောစိတ် ရှိကြသည်။

(၂)  အသက်မသေလိုသောစိတ် ရှိကြသည်။

(၃) အချိန်မစေ့ဘဲ၊ အကာလမရဏ သူတစ်ပါးသတ်သဖြင့် မသေချင်ကြသောစိတ် လူတိုင်းပင် ရှိကြသည်။

လူ့ပြည် လူ့တိုင်း၌၊ ကုန်းတိရစ္ဆာန် – ရေတိရစ္ဆာန်တို့ကို အကာလ အချိန်မစေ့မီ၊ မသနား ရက်စက်သတ်ဖြတ်၍ သေချင်းဆိုး နှင့် သေကြေပျက်စီးကြရခြင်းသည် –
(၁)  သတ္တဝါတိုင်း ဘေးကင်းချမ်းသာစေချင်လှသောစိတ်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
( ၂)  သတ္တဝါတိုင်း အသက်မသေချင်ကြသောစိတ်နှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
(၃)သတ္တဝါတိုင်း အချိန်မစေ့ရောက်ဘဲ၊ မသေချင်လိုသောစိတ်နှင့်လည်း ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ဖြစ်သည်။

မိမိတို့၏ ကိုယ်ခန္ဓာကို လူတိုင်းပင်အချိန်မစေ့ဘဲ အသက် မသေရ၍ ဘေးကင်းချမ်းသာစွာ နေလိုကြ၏။ ထို့အတူ၊ သား၊ လင်၊ ခင်ပွန်း ချစ်ကျွမ်းဝင်ကုန်ကြသော မိတ်ဆွေဉာတကာအပေါင်း တို့နှင့်လည်း မကွေမကွာ၊ အခါခပ်သိမ်းအေးငြိမ်းချမ်းသာ အမြို့မြို့ အရွာရွာလူများစွာတို့ နေချင်ရှာချင်သလိုပင်၊ ကုန်းတိရစ္ဆာန်-ရေ တိရစ္ဆာန်အပေါင်းတို့မှာလည်း မိမိတို့ဘာသာဘာဝ ရရှိသောမျိုးဆွေတို့နှင့် ကြည်လင်ရွှင်ပျ လူတို့လိုပင် နေထိုင်လိုကြကုန်သည်၊ အမှန်ဖြစ်တော့သည်မှာ မလွဲမုချဧကန်ဖြစ်၏။ သို့ငြားလည်း လူ့ပြည်လူသားတို့အသက်ခန္ဓာမွေးမြူမှုအတွက် စားကြသောက်ကြဖို့အရေး ကိစ္စကြောင့်သူတို့ခမျာမှာ ဘေးဒုက္ခကြီးစွာတွေ့ရသည်၊ အသက် သေရသည့် အချိန်မစေ့မီ – အကာလမရဏသေခြင်းဆိုးဖြင့်၊ ပြင်းပြစွာ နာကျင်၍ မရှုမလှသေဆုံးကုန်ကြရရှာပေသည်။ 

(၁) ငါ – ငါ့သားမယား ဆွေမျိုးဉာတိတို့ဘေးကင်းကြပါစေ။ 
(၂) ငါ – ငါ့သားမယား ဆွေမျိုးဉာတိတို့ အသက်မသေကြပါ စေနှင့်။
(၃) ငါ – ငါ့သားမယား ဆွေမျိုးဉာတိတို့ အချိန်မစေ့ဘဲ၊ အကာလမရဏဖြင့် မသေကြပါစေနှင့်။
(၄)ငါတို့လိုပင် သူတို့ဆွေမျိုးသားချင်းတို့နှင့်တကွ ကွေကွင်းခြင်း ဝိပ္ပယောဂဒုက္ခမဖြစ်ကြပါစေနှင့်ဟူသော စိတ်ထားမျိုး သူတော်ကောင်းမှန်လျှင် ဧကန်မုချရှိရပေမည်။

(၁)  မိမိတို့အတွက်၊ သားမယားအတွက်၊ သတ္တဝါ အပေါင်းအား ဘေးဒုက္ခကင်းရှင်းစေရန် “အဘယဒါန” အလှူကြီးကို ပေးလှူရာသည်။
(၂) မိမိအတွက်၊ သားမယားအတွက် သတ္တဝါတို့အား မသေစေရန် “ဇီဝိတဒါန” အလှူကြီးကို ပေးလှူ ကုန်ရာသည်။
(၃) မိမိအတွက်၊ သားမယားအတွက် အချိန်မစေ့ဘဲ သတ်၍ သေခြင်းအကာလ၊ မရဏတရားကို သေနေ့မစေ့၊ မသေကြပါစေနှင့်ဟူသော “အကာလမရဏဒါန” အလှူကိုပေးလှူကုန် ရာသည်။

မြတ်သောဒါန

ပါဏာတိပါတာ ပဋိဝိရတော ဘိက္ခဝေ အပရိမာဏာနံ၊ 
သတ္တာနံ အဘယံဒေတိ၊ အဝေရံဒေတိ၊ အပရိမာဏာနံ သတ္တာနံ၊ 
အဘယံဒတွာ၊ အဝေရံဒတွာ၊ အပရိမာဏဿ-အဘယဿ၊ 
အဝေရဿ၊ ဘာဂီဟောတိ၊ ဣဒံ ဘိက္ခဝေ၊ ဒါနံမဟာဒါနံ။

( အင်္ဂုတ္တရပါဠိတော် )

ဘိက္ခဝေ – ရဟန်းတို့။ ပါဏာတိပါတာ – သူတစ်ပါးအသက် ကို သတ်ဖြတ်ခြင်းမှ။ ပဋိဝိရတော – ရှောင်ကြဉ်သောသူအား။ အပရိမာဏာနံ – အတိုင်းအရှည်မရှိကုန်သော။ သတ္တာနံ – သတ္တဝါ တို့အား။  အဘယံ-ဘေးမရှိသည်ကို။ ဒေတိ – ပေးလှူသည်မည်၏။ အဝေရံ – ရန်မရှိသည်ကို။ ဒေတိ – ပေးလှူသည်မည်၏။ အပရိမာဏာနံ – သတ္တဝါတို့အား။ အဘယံ – ဘေးမရှိခြင်းကို။ ဒတွာ –  ပေးလှူရသောကြောင့်။ အပရိမာဏဿ – အတိုင်းအရှည်မရှိသော။ အဘယဿ – ဘေးမရှိခြင်း၏။ အဝေရဿ – ရန်မရှိခြင်း၏။ ဘာဂီ – အဖို့ရှိသည်။ ဟောတိ – ဖြစ်၏။ ဘိက္ခဝေ – ရဟန်းတို့။ ဣဒံဒါနံ –  ဤသူတစ်ပါး၏အသက်ကိုသတ်ခြင်းမှ ရှောင်ကြဉ်ခြင်းတည်းဟူသောဒါနသည်။ မဟာဒါနံ  – ကြီးကျယ်မွန်မြတ်သော ဒါနကြီးသည်။ ဟောတိ – ဖြစ်၏။

ဘေးမဲ့အလှူ

ဘုရားလောင်းဖြစ်သော မျောက်မင်းသည် ချောက်တွင်း၌ ကျရောက်နေသော ပုဏ္ဏားကြီးအား၊ အကာလမရဏမဖြစ်စေရန် အသက်ကိုကယ်ဆယ်ရခြင်း “ဇီဝိတဒါန” အလှူကြီးကို လှူတော် မူလို၍၊ ကြံဖန်ပြီး ချောက်တွင်းသို့ဆင်းကာ ကယ်ဆယ်တော်မူသည်။ တစ်ဖန် ထိုပုဏ္ဏားကြီးက၊ ပြန်၍ နှိပ်စက်သည်ကိုပင် သည်းခံတော်မူပြီး ဦးခေါင်း၌ သွေးယိုစီးလျက်မသက်မသာရှိရာကပင်၊ ကျားဘေး၊ ဆင်ဘေးဖြင့်၊ ထိုပုဏ္ဏားကြီးသည် တောနက်ကြီးထဲဝယ် မသေပါစေနှင့်ဟူသော “အဘယဒါန” အလှူကြီးကို နောက်တစ်ဖန်အားထုတ်တော်မူပြန်သည်မှာ၊ အသက်ချမ်းသာရာရအောင်လိုက်၍ ပို့ဆောင်ခါဖြင့်၊ လမ်းပြပေးရခြင်းသည် ဘေးမဲ့အလှူကြီးဖြစ်သည်။ ဤသို့လျှင် မျောက်မင်းသည် ပါရမီဆယ်ပါး ပြည့်စုံအောင် ဖြည့်ဆည်းတော်မူခဲ့သည်။

ထိုသို့လျှင် သတ္တဝါတို့အား အသက်ကယ်ဆယ်ရခြင်းသည် ပါရမီဆယ်ပါး အားလုံး သိမ်းကြုံး ငုံမိ – ခြုံမိသည်ဖြစ်၍၊ ထိုအကျိုးသွားသည် လျှမ်းလျှမ်းတောက်အကျိုးသွား ဖြစ်စေ၍ နောက်နောင် ကာလတမလွန်ဘဝတို့ကို မဆိုထားနှင့်ဦး။ ယခုပစ္စက္ခဘဝ၌ပင် မျက်နှာမြင်က ချစ်ခင်ရခြင်း၊ အသံကြားက ကြည်ညိုခြင်း၊ ရောဂါအနာကင်းခြင်း၊ စိတ်ချမ်းသာ – ကိုယ်ချမ်းသာခြင်း၊ ဆွေမျိုး တစ်စုတို့နှင့် အသက်ထက်ဆုံး ကြည်လင်ချမ်းမြ နေထိုင်ရခြင်း၊ သေနေ့မစေ့မီမသေခြင်း၊ သူတစ်ပါးပရောဂဖြင့် သေခြင်းဆိုးနှင့် မသေရခြင်း၊ သွားလေရာရာ မျက်နှာပွင့်လန်းခြင်း စသောယခုဘဝ ဒိဋ္ဌဓမ္မပစ္စက္ခ အကျိုးပေးသန်စွမ်းလှ၏။ ဒိဋ္ဌဓမ္မဝေဒနိယ အကျိုးတည်း။ 

နောင်တမလွန်ဘဝတို့၌လည်း၊ ယခုဘဝအကျိုးပေး သကဲ့သို့ဖြစ်လေရာရာ အသက်ရှည်ခြင်း၊ ချမ်းသာကြီးခြင်း၊ ခွန်အားကြီးခြင်း၊ ဩဇာအာဏာထက်မြက်ခြင်း၊ တန်ခိုးကြီးခြင်း၊ သူတစ်ထူး တို့ထက် သွက်လက်လျင်မြန်သောဉာဏ်ရှိခြင်း၊ လူထက်လူ၊ နတ်ထက်နတ်၊ ဗြဟ္မာထက်ဗြဟ္မာ၊အကျော်အမော်ဖြစ်ရခြင်း၊ အဆုံးဘဝ နောက်ကာလ၌လည်း နိဗ္ဗာန်ချမ်းသာမြတ်ကြီးသို့ မပင်မပန်း ချမ်းသာလွယ်ကူရယူနိုင်ခြင်းဟူသော အကျိုးထူးအကျိုးမြတ်ဖြစ်ပေ၍    ရှေးရှေးသူတော်ကောင်းဘုရားလောင်းတို့သည် သတ္တဝါအပေါင်း ချမ်းသာကြောင်းကိုသာ ရှာကြံအားထုတ်ပြုလုပ်သွားကြဖူးကုန်ပြီ။

(လယ်တီဝိနိစ္ဆယသူစိကျမ်း – ၁၄၂ မှ ၁၄၅) 
အသားစားကျူးသော အလေ့ဆိုးကြောင့် ဗြဟ္မစိုရ်တရား ပျက်ကွက်ရပုံမှာ၊ ဓမ္မပဒအဋ္ဌကထာလာ နန္ဒနွားသတ်ယောက်ျား ဝတ္ထုနှင့် နိပါတ်တော်လာဗာရာဏသီပြည့်ရှင်၊ ဗောဓိသာဒဝတ္ထု တို့ဖြင့် ထင်ရှားပါသည်။ သဝိညာဏက – ရသတဏှာ၏ ခြယ်လှယ်ခံရမှုပေတည်း။

နွားသတ်ယောက်ျား

ဤနေရာ၌ “ဇာဂရာဘိဓဇသီရိပဝရာလင်္ကာရ မဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ၊ ဘုရားကြီးဆရာတော် ရေးသားသော သံဝေဂဝတ္ထုဒီပနီမှ၊ သဝိညာဏက ရသတဏှာကို ခုံမင်လှသည့် နွားသတ်ယောက်ျားဝတ္ထုကိုတင်ပြအပ်ပါသည်။ 

ဘုရားမြတ်စွာသည် သာဝတ္ထိပြည်ဇေတဝန်ကျောင်း၌ ကိန်းအောင်းမွေ့လျော်နေတော်မူသောအခါ၊ သာဝတ္ထိပြည်သား နွားသတ်ယောက်ျားတစ်ယောက်သည် နွားကိုသတ်ပြီးလျှင် စားချင်ရာအသားတို့ကို လှီးဖြတ်၍ ကြော်ချက်ဖုတ်မြှိုက်ပြီးမှ သမီးသား အိမ်သူတို့နှင့်အတူတကွနေထိုင်လျက် စားသောက်၏။ 

စားသောက်၍မကုန် အလုံးစုံကြွင်းကျန်သော အမဲသား တို့ကိုလည်း သူတစ်ပါးအား ရောင်းစား၏။ ဤသို့သောနည်းဖြင့်နှစ်ငါးဆယ်လုံး နွားသတ်အမှုကို ပြုသည်ဖြစ်၍ အသက်မွေးလျက်နေ၏။

ထိုသူနေရာနှင့်မနီးမဝေးတွင် သံဃာတော်တပည့် အပေါင်းနှင့် ရွှေကျောင်း
ဗိမ္မာန်အတွင်းဝယ် သီတင်းသုံးနေတော် မူသော သဗ္ဗညုဘုရားအားလည်းကောင်း၊ တပည့်သားသံဃာတော် အားလည်းကောင်း၊ ယာဂုတစ်ဇွန်း၊ ဆွမ်းတစ်ယောက်မျှ လှူဒါန်းဖူးသည်မရှိ။ သစ်သီးတစ်လုံး ပန်းတစ်ပွင့်ဖြင့်သော်လည်း ပူဇော်ဖူးသည်မရှိ၊ သည့်ပြင်မှတစ်ပါး အခြားကုသိုလ်ကိုလည်း အနည်းငယ် စိုးစဉ်းမျှ မပြုဖူးလေ။

ထိုနွားသတ်ယောက်ျားသည် နွားသားအမဲဟင်းနှင့် ကင်း၍ ထမင်းကို တစ်ရံတစ်ဆစ်မျှ မစားစဖူး၊ တစ်နေ့သ၌၊ နေ့အဖို့ဝယ် လည်၍ အမဲရောင်းပြီးမှ၊ မိမိအဖို့ချက်ခြင်းငှာ တစ်တုံးသောအမဲ သားကို၊ မယားအားပေးအပ်၍ ရပ်သားရွာသူတို့နှင့်အတူတကွ ရေချိုးခြင်းငှာ သွားလေ၏။

ထိုအခါနွားသတ်ယောက်ျား၏ အဆွေခင်ပွန်းတစ်ယောက် သည် အိမ်သို့လာပြီးသော်၊ နွားသတ်ကတော်ဖြစ်သော မယားကို “ရှင်မ၊ ငါ့အားအမဲရောင်းပါ၊ ငါ၏အိမ်မှာဧည့်သည်လာရောက်၍ ရှိချေသည်”ဟု ဆို၏။

“ရောင်းစရာအမဲမရှိချေ၊ သင်၏အဆွေသည်အမဲရှိသမျှ အလုံးစုံကို အကုန်ရောင်းချခဲ့၍ ယခုပင်ရေချိုးခြင်းငှာသွားပါသည်” ဟုဆို၏။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၇)

အလိုကျ အကြိုက်ဆောင်တဲ့ နိုင်ငံရေး မရှိရ။

အခွင့်အရေးကို တရားနည်းလမ်းအတိုင်း ကာကွယ်

နိုင်ငံရေးဆိုတာ အပေါ်ယံသွားတဲ့အလုပ် မဟုတ်ပါ။ အနှစ်အသားပါတဲ့အလုပ်ပါ။ ဝါသနာပါတာတောင် အနစ်နာမခံနိုင်ရင် နိုင်ငံရေးစက်ကွင်းထဲကနေ ထွက်ခွာသွားရတာပါပဲ။ တိုင်းပြည်တစ်ခု တည်ထောင်ရင် ပြဋ္ဌာန်းထားတဲ့ အခြေခံ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရပါတယ်။ အခွင့်အရေးဆိုတာ သုံးစွဲတတ်ဖို့၊ ကာကွယ် တတ်ဖို့ လိုပါတယ်။ အခွင့်အရေးရတိုင်း(ရှိတိုင်း) တာဝန်မယူဘဲ ရှောင်ဖယ်နေရင် အခွင့်အရေးဆိုင်ရာ ထိပါးလေမှာပဲ။အခွင့်အရေးကို တရားနည်းလမ်းအတိုင်း ကာကွယ်ထိန်းသိမ်းရ မယ်။ တရားလက်လွတ်နည်းနဲ့ ရတဲ့ အခွင့်အရေးကို ကလဲ့စားချေတာ၊ အကြမ်းဖက်တာတွေ လုပ်လို့ကတော့ အခွင့်အရေးများ မပျောက်ဆုံးဘဲ မရှိပါ။

အခြေခံဥပဒေပါ လူ့ရဲ့အခွင့်အရေးကို ထိပါးကျူးကျော်ကြည့်ပါ။ ကျူးလွန်တဲ့သူ ရတဲ့အပြစ်ဟာ ရာဇဝတ်ဥပဒေအပြစ် မဟုတ်ရင် အခြားသီးခြားအပြစ်ပေးနိုင်စရာ အကြောင်း မရှိပါ။ လွတ်လပ်စွာ ရေးသားနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ လုပ်ကိုင်ခွင့်အခွင့်အရေး တွေကို အလွဲသုံးစားခြင်း၊ ထိပါးစော်ကားခြင်းလုပ်ရင် လုပ်သူ တရားရုံးမရောက်ဘဲ မရှိပါ။ လွတ်လပ်ခွင့်ရတိုင်း (လွတ်လပ်သည်၊ ကောင်းသည်) ကောင်းတယ်လို့ချည်းပဲ မထင်နဲ့။ နိုင်ငံတော်အစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ဝန်ထမ်း၊ ပြည်သူပြည်သား များကို အကြည်ညိုပျက်ပြားစေအောင်လုပ်တဲ့ လှုံ့ဆော်မှု၊ ရေးသားမှု၊ ပြောဆိုမှုဟာ လွတ်လပ် မှု အခွင့်အရေးကို အလွဲသုံးစားမှု ထင်ရှားရင် ရာဇဝတ်ပြစ်မှု ကျူးလွန်ရာ ရောက်တယ်။ရာဇဝတ်မြောက်သော ပြစ်ချက်ပြစ်ဒဏ်တွေ အားလုံးဟာ အခွင့်အရေးအမျိုးမျိုး ဆုံးရှုံးကြ ရတာပါပဲ။

အခြေခံဥပဒေကို စောင့်ထိန်းကာကွယ်ရာမှာ လွတ်လပ်မှု (လွတ်လပ်ခြင်း) ဆိုတာ အစိုးရမို့ မမှားနိုင်ဘူး မထင်နဲ့။ ဘယ်တိုင်းပြည်မှာမှ လွတ်လပ်စွာ မှားနိုင်တယ်လို့ မရှိပါ။ မြန်မာပြည်မှာ လွတ်လပ်မှုအတွက် ဥပဒေအမျိုးမျိုး မရှိပါ။ လွတ်လပ်မှုနဲ့ ပတ်သက်ရင် လူမျိုးအဆင့်အတန်းခွဲခြားမှု၊ နှိမ့်ချမှု၊ မုန်းတီးမှုများ မရှိပါ။ အခြေခံလူ့အခွင့်အရေး ထိပါးခြင်းခံရသော ပြည်သူများက ကျူးလွန်သူတို့ကို မည်သို့ အရေးယူရမည်ကို ဥပဒေချိုးဖောက်သူကို နိုင်ငံတော်တရားလွှတ်တော်ချုပ်၊ သို့မဟုတ် ပြည်နယ်၊ တိုင်းတရားလွှတ်တော်ချုပ်ရုံး  ရှိပါတယ်။ အဲဒီရုံးကို သွားပြီး မိမိရဲ့အခွင့်အရေး ဆုံးရှုံးရခြင်းအကြောင်းကို လျှောက်ထားပါ။အခြေခံဥပဒေကို စောင့်ထိန်းကာကွယ်ရာမှာ တရားလွှတ်တော်ချုပ်ဟာ အဓိကပါပဲ။ အခြေခံ ဥပဒေမှ ပြဋ္ဌာန်းချက်များ တစ်ခုခု(တစ်ပါးပါး)မှားရင်၊ သို့မဟုတ် ကျူးလွန်သူရှိရင် တရားလွှတ်တော်ချုပ်က အမှားကို ပြင်ပေးရမယ်။အမှန်ကို ညွှန်ပြပေးရမယ်။ (အရေးယူပေး ရမယ်)။

တရားလွှတ်တော်ချုပ်ဟာ တရားရေးမှာ ဦးသျှောင် ဖြစ်တယ်။ ပြည်သူတိုင်းသွားရောက် လျှောက်ထားခွင့် ရှိတယ်။ ပြည်သူအတွက် ဖွင့်လှစ်ထားတဲ့ တရားရုံးပါ။ဆင်းရဲသူ၊ ချမ်းသာသူ၊ အလွှာစုံအောင် လျှောက်ထားသူမှန်သမျှ တရားလွှတ်တော်ချုပ်ကကြားနာရမယ်။ အစိုးရကိုယ်တိုင်က ချမှတ်တဲ့အမိန့်များ တစ်ခုခုမှားယွင်းနေရင်၊ ဒါမှမဟုတ် အာဏာတစ်ခုခု ကျူးလွန်နေရင် တရားလွှတ်တော်ချုပ်က ပယ်သင့်ရင်ပယ်၊ အရေးယူသင့်ရင် ယူရမယ်။ တရားလွှတ်တော်ချုပ်ဟာ အခြေခံအခွင့်အရေးတစ်မျိုးမျိုး (တစ်ရပ်ရပ်)ကို ထိပါး ကျူးကျော်ထားတာကို တွေ့ရရင် “စာချွန်တော်အမိန့်” ထုတ်ဆင့်နိုင်ပါတယ်။ ပြည်သူလူထု တစ်ယောက်အနေနဲ့လည်း မိမိ နစ်နာချက်ကို ဖော်ပြပြီး ကိုယ်တိုင် လျှောက်လွှာတင်သွင်းနိုင်တယ်။ လျှောက်လဲနိုင်တယ်။ ရုံးတော်က မကြားနာပေးစရာ အကြောင်းမရှိပါ။ ပြည်သူတွေဟာ များသောအားဖြင့် တရားရုံးတွေကို ကြောက်ကြတယ်။ တရားဥပဒေကို လေးစားတဲ့သူဟာ အခွင့်အရေးတစ်ပါးပါးကို ထိပါးရင်၊ ကာကွယ်ဖို့လိုရင် တရားရုံးနဲ့သာ အဖြေရယူ ရမယ်။ အားကိုးရမယ်။

အခြေခံဥပဒေအရ တစ်နည်းတစ်ဖုံ ထိပါးလာရင် မထီမဲ့မြင်ပြုသူကို “ရှေ့တော် သွင်း စာချွန်တော်” ထုတ်ဆင့်နိုင်ပါတယ်။ ဘယ်ဥပဒေနဲ့ ဖမ်းဆီးချုပ်နှောင်ထားပါသလဲ ဆိုတာ ထုချေလွှာရှင်းလင်းရမယ်။ မရှင်းလင်းနိုင်ရင် “လွှတ်စေ”အမိန့်ထုတ်ရမယ်။ ဒါကြောင့် “အာဏာပေး စာချွန်တော်၊ တားမြစ်စာချွန်တော်၊ အာဏာပိုင်စာချွန်တော်၊ အမှုခေါ်စာချွန် တော်”များ ရှိပါလျက် လူထုနည်း၊ လူမိုက်နည်းများ သုံးခြင်း၊ လူစုဖွဲ့တောင်းဆိုခြင်း၊

စည်းကမ်းမဲ့ ဆူပူခြင်း၊ ရိုက်နှက်ခြင်း၊ မင်းမဲ့စရိုက်မျိုးဖြစ်အာင် လူမှုဘဝနိုင်ငံရေး (ဒီမိုကရေစီ နိုင်ငံရေး) တည်ထောင်တဲ့ တိုင်းပြည်တိုင်းမှာ သိမှတ်တန်ဖိုးထားရမယ်။

လေးစားတန်ဖိုးထားတဲ့သူကိုပဲ ခေါင်းဆောင်တင်

 တိုင်းပြည်တစ်ပြည် တည်ရင် –

(၁) ပြည်ထောင်စုလွှတ်တော်များဟာ ဥပဒေပြုရေး မဏ္ဍိုင်ကို တာဝန်ယူရမယ်။
(၂) ပြည်ထောင်စုအစိုးရအဖွဲ့ဟာ အုပ်ချုပ်ရေးမဏ္ဍိုင်ကို တာဝန်ယူရမယ်။
(၃) တရားလွှတ်တော်ချုပ်နဲ့ တရားလွှတ်တော်များဟာ တရားရေးမဏ္ဍိုင်ကို တာဝန် ယူရမယ်။
(၄) ပြည်သူဟာ ပြည်သူ့မဏ္ဍိုင်ဖြစ်သော သတင်းစာ၊ စာအုပ်၊ စာတမ်း၊ မဂ္ဂဇင်း စသော စာအစောင်စောင်မှ အမှန်၊ အမှား ဝေခွဲနိုင်တဲ့ တာဝန်ယူမှု ရှိရမယ်။

ပြည်သူတွေဟာ မိမိရဲ့ တိုင်းပြည် ကောင်းအောင် မိမိတို့ဘဝကို ဦးဆောင်ပေး နိုင်မယ့် ပုဂ္ဂိုလ်ကို ရွေးကောက် တင်မြှောက်ရမယ်။ ရွေးကောက်တင်မြှောက်မယ့်ပုဂ္ဂိုလ်ရဲ့ အကြောင်းအရာ၊ အရည်အချင်း၊ အကျင့်သိက္ခာတရားများကို မသိမမြင်ရတဲ့ သစ္စာမဲ့သူ နိုင်ငံရေးသမား၊ ကိုယ်ကျိုးရှာနိုင်ငံရေးသမား၊ နိုင်ငံရေးမူဝါဒများကို ချင့်ချိန်နိုင်အောင် ပြည်သူကို အလင်းဓာတ် အာရုံပေးနိုင်တဲ့ သတင်းစာ၊ စာအုပ်၊ စာတမ်း၊ မဂ္ဂဇင်း စတဲ့ စာစောင်တွေဟာ သိ၊ ကြား၊ မြင် ပြုပြင်ပေးရတယ်။ ပြည်သူက လေးစားတန်ဖိုးထားတဲ့ အရေးကိစ္စကို ဟန်ဆောင်လှည့်ပတ်တဲ့ နိုင်ငံရေး ဝံပုလွေသားတွေ ပြည်သူ့ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် ရွေးကောက် တင်မြှောက်မိရင် အခွင့်အရေး အကုန်လုံး ဆုံးရှုံး နိုင်တယ်။

အရှင်တို့ဟာ တိုင်းပြည်ကို လေးစားတန်ဖိုးထားတဲ့သူကိုပဲ ခေါင်းဆောင်တင်ရမယ်။ ရွေးချယ်ရမယ်။ ဘုရင်၊ ဘုရင်မ၊ အာဏာရှိ၊ အာဏာရှင် ပုဂ္ဂိုလ်တွေကို မရွေးပါ။ အရှင်တို့ ဖြတ်သန်းလာခဲ့ရတဲ့ လူမှုရေးဘဝဟာ ဘုရင့်သား၊ သူဌေးသား၊ အာဏာရှိသား၊ အဆောင် အယောင် ကြိုက်သူတွေရဲ့ ခြားနားမှုလုပ်တဲ့ကြားက (နိုငံရေးသမားတွေရဲ့ ကြားက) လာခဲ့ ရတာ ဖြစ်တယ်။ ဒီကြားက ခံစားရတဲ့အဖြစ်တွေကို ပြန်မပြောပြချင်တော့ပါ။ အရှင်တို့မှာ ပြည်သူပြည်သား အစစ်အမှန် အုပ်ချုပ်သော၊ ပြည်သူများက ရွေးကောက်တင်မြှောက်ထားသော ပုဂ္ဂိုလ်ကိုသာ အကြီးအကဲ ထားရမယ်။ ဘုရင်စနစ်၊ ကိုလိုနီစနစ်၊ ဖက်ဆစ်စနစ်တွေ အားလုံးဟာ ပြည်သူ့တော်လှန်ရေးနဲ့ ကျဆုံး (ကျဆင်း)နေကြကုန်ပြီ။နေမျိုးနတ်နွယ်ခေတ်မဟုတ်တော့ပါ။ကိုးကွယ်ရသော၊မော်ဖူးရသောစနစ်ကိုလည်း ပြန်မကြည့်ချင်ပါ။ အရှင်တို့ ရွေးချယ်ထားတဲ့ အကြီးအကဲဟာ သစ္စာ၊ သမာဓိရှိသူ ဖြစ်ရမယ်။ ပြည်သူ့အာဏာကိုလေးစားတန်ဖိုးထားသူ ဖြစ်ရမယ်။ ရုပ်ပြ၊ ရုပ်သေး အကြီးအကဲမျိုး မဖြစ်ရ။ ပါတီစွဲကင်းသူ၊ ပဋိပက္ခ ကင်းလွတ်သူ ဖြစ်ရမယ်။

အရွေးအကောက် မမှားဖို့လို

အရှင်တို့ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူတွေဟာ နိုင်ငံရေးအကြောင်းကို ကောင်းကောင်း နားမလည်ကြသေးပါ။ ဘယ်လိုပုဂ္ဂိုလ်မျိုးကို မိမိရဲ့ ကိုယ်စားပြုတဲ့ အမတ်လောင်း (လွှတ်တော် ကိုယ်စားလှယ်လောင်း) ဖြစ်သင့်တယ်၊ ဖြစ်ထိုက်တယ် ဆိုတာ မလေ့လာပါ။

ယခင်က တစ်ပါတီစနစ်မျိုးလို ဟိုထင် ဒီမြင်နဲ့ စုပေါင်းပြီး မဲပေးကြတာမျိုး လုပ်ကြတာကို တွေ့ရသေးတယ်။ အရည်အချင်းမရှိ၊ လူတော်လူကောင်းလည်း မဟုတ်တဲ့ နိုင်ငံရေး လုပ်စားနေကြသော နိုင်ငံရေးသမားများကို ပြည်သူတွေ အရွေးအကောက် မမှားဖို့ လိုတယ်။

“နိုင်ငံရေးလုပ်၍ စားသောက်သောသူများသည် အမတ်ဖြစ်လာလျှင် ရာထူးရဖို့၊ ဝန်ကြီးဖြစ်ဖို့၊ အခွင့်အရေးရဖို့တို့ကို ကြိုးစားကြ၊ ခြေရှုပ်ကြသည်။ ရာထူးပြုတ်ပြန်လျှင်လည်း မနေတတ်၊ မထိုင်တတ် ဝမ်းစာရှာ၍ မစားတတ်ဖြစ်၍ တိုင်းပြည်၏တာဝန်ကို ထမ်းဆောင် ခြင်းမပြုနိုင်ဘဲ တိုင်းပြည်အပေါ်၌သာ ဝန်ပိုတွေ ဖြစ်နေတတ်သည်။ နိုင်ငံရေးသည် ညစ်ပတ်သည်။ ကြမ်းပိုးများအတွက်သာ ဖြစ်သည် ဟူ၍ ပညာတတ် စိတ်ဓာတ်ကောင်းသူတို့က ရှောင်ဖယ်၍ မနေအပ်။ ဒီမိုကရေစီနိုင်ငံတွင် နိုင်ငံရေးမရှိလျှင် မဖြစ်ပေ။ နိုင်ငံရေးပါတီများ လည်း ရှိရသည်။ ပါတီတွေ မရှိလျှင် ပါတီတစ်ခု၏၊ သို့မဟုတ် လူတစ်စု၏ အာဏာရှင်စနစ် ပေါ်လာမည်။ ထို့ကြောင့် ပါတီတွေ ရှိပါစေ။နိုင်ငံရေးသည် ကျန်းမာသန့်စင်စွာ လှုပ်ရှားသွက်လက်ပါစေ။ လူတော်လူကောင်းတွေလည်း ပါလီမန်သို့ (လွှတ်တော်သို့) အမတ်အဖြစ် တက်ရောက်ကြပါစေ”

(တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ ဒေါက်တာမောင်မောင်၊ စာမျက်နှာ ၁၀၅၊ ၁၀၆) ဆိုတဲ့ သတိပေးစကားကို မှတ်သားသင့်ပါတယ်။

ပညာရှင်တွေ နိုင်ငံရေးလောကထဲကို ဝင်ရောက်ပါ

အရှင်တို့ရဲ့ တိုင်းပြည်ဟာ အာဏာရှင်တိုင်းပြည် မဟုတ်ပါ။ ပြည်သူကို ပိုင်စိုးသော အစိုးရမဟုတ်။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာဟာ ပြည်သူကပဲ ပိုင်ရှင် ဖြစ်တယ်။ လူတစ်စုအတွက် နိုင်ငံရေးမဟုတ်။ လူတစ်ဦးအကျိုးအတွက် နိုင်ငံရေးမဟုတ်။ လက်ဝါး ကြီးအုပ်ပြီး ချုပ်ကိုင်တဲ့ နိုင်ငံရေးမဟုတ်။ ပြည်သူ့အကျိုးကို ပျက်စီးအောင်လုပ်တဲ့ နိုင်ငံရေး မဟုတ်။ တစ်စုကောင်းကျိုးကို ကာကွယ်သော နိုင်ငံရေးမဟုတ်။ ပြည်သူများကို ကာကွယ်သော နိုင်ငံရေး ဖြစ်တယ်။ ကိုယ့်ပစ္စည်းကိုယ်ပိုင်၊ ကိုယ်နိုင်တာ ကိုယ်လုပ်၊ ကိုယ့်အခွင့် အရေးကိုယ်သိတဲ့ နိုင်ငံရေး ဖြစ်ပါတယ်။

နိုင်ငံရေးလောကမှာ အာပေါင်အာရင်းကောင်းတဲ့သူတွေကို အလိုကျ အကြိုက်ဆောင်တတ်တဲ့သူတွေ သတိထားရမယ်။ ချောင်းကွက်ရှာတဲ့ နိုင်ငံရေးအချောင်သမားတွေ၊သာရင်သာသလို ဟိုဝင်ဒီထွက် အကွက်ရိုက်တဲ့ အမတ်လောင်းတွေ၊ ပါတီထောင်ပြီး နိုင်ငံ ရေးမလုပ်ဘဲ စီးပွားရေးလုပ်တဲ့သူတွေ၊ လုပ်ကွက်ရှုပ်တဲ့ နိုင်ငံရေးသမားတွေ၊ ရေဝင်တဲ့ အက်ကြောင်းထင်တဲ့ နိုင်ငံရေးသမားတွေ၊ အပြောနဲ့အလုပ် ကိုက်ညီခြင်းမရှိတဲ့ လူမိုက်ဇာတ် ခင်းတဲ့ နိုင်ငံရေးသမားတွေ၊ ရေသာခိုအချောင်လိုက်တဲ့ နိုင်ငံရေးလူမိုက်တွေ နှစ်ရပ်သော လွှတ်တော်ပေါ်ကို မရောက်ဖို့ ပြည်သူပြည်သားတွေမှာ လေ့လာစောင့်ကြည့်ဖို့ လိုပါတယ်။ မြန်မာပြည်ရှိ လူထုတွေဟာ အားနာတတ်တဲ့ အကျင့်တစ်ခု ရှိတယ်။ အဲဒီ အားနာတတ်တဲ့ အကျင့်ကြောင့် နိုင်ငံရေးလောကမှာ နာတယ်။ မတတ်သူ၊ မသိသူ၊ မကျွမ်းကျင်သူ၊ မကောင်း သူ၊ မမြတ်သူများ လူပေါ်လူဇော်လုပ်တာကြောင့် မြန်မာ့နိုင်ငံရေးလောကမှာ မတိုးတက်ဘဲ ဆုတ်ယုတ်ခဲ့ရတယ်။

ရှေးခေတ် မြန်မာ့နိုင်ငံရေးကို လေ့လာကြည့်ရင် အများကြိုက်တဲ့ ဘာသာရေး၊ အသာပါတဲ့ နိုင်ငံရေးတွေ လုပ်ပြတယ်။ ဘာသာရေးနဲ့ချဉ်းကပ်၊ နိုင်ငံရေးအာဏာလုကြတယ်။ မကောင်းသတင်း လွှင့်ကြတယ်။ အတင်းအဖျင်း ဆိုဆဲကြတယ်။ သည်းမခံနိုင်တဲ့အဖွဲ့နဲ့ တုံ့လှည့်ကြတယ်။ အချို့ အသက်ပါ သေကျေတယ်။ ပျက်စီးတယ်။ အတုယူစရာ နိုင်ငံရေး ပညာ၊ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးအစဉ်အလာ မတွေ့ရဘဲ အကွဲကွဲအပြဲပြဲနဲ့ အဆုံးသတ်ကြတဲ့၊ အခြေခံဥပဒေ မမြဲတဲ့ နိုင်ငံရေးတွေနဲ့ပဲ တွေ့ရတယ်။ တိုင်းပြည်အတွက်နာ၊ လူထုတွေလည်း ကွဲ၊ အာဏာစက်က မတည်၊ ယိုင်လဲတဲ့ နိုင်ငံရေးမျိုး မြန်မာပြည်မှာ နိဂုံးချုပ်ပေးရတယ်။ ဒါကြောင့် ပညာရှင်တွေ နိုင်ငံရေးလောကထဲကို ဝင်ရောက်ပါ။ ပြည်သူကို အလုပ် အကျွေး ပြုပါ။

အခြေခံလူ့အခွင့်အရေး ထိပါးခြင်း ခံရသော ပြည်သူများက ကျူးလွန်သူတို့ကို မည်သို့ အရေးယူရမည်ကို ဥပဒေချိုးဖောက်သူကို နိုင်ငံတော်တရားလွှတ်တော်ချုပ်၊ သို့မဟုတ် နိုင်ငံရေးလုပ်၍စားသောက်သောသူများသည် အမတ်ဖြစ်လာလျှင် ရာထူးရဖို့၊ ဝန်ကြီးဖြစ်ဖို့၊ အခွင့်အရေးရဖို့တို့ကို ကြိုးစားကြ၊ ခြေရှုပ်ကြသည်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၆၆-၁၇၀၊ အဝိဟိံသာနိုင်ငံရေး (၁၇)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၆)

ဥပဒေပြဋ္ဌာန်းခြင်းနှင့် ပတ်သက်လျှင် အမိန့်၊ အာဏာ ခိုင်းစေသော ဥပဒေပြုခြင်းမရှိစေရပါ။

ဥပဒေပြဋ္ဌာန်းခွင့်
အာဏာအေဒီ ၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၂)၊ ပုဒ်မ ၂၃ တွင် “မည်သည့် ပြစ်မှုဆိုင်ရာ ဥပဒေမှ နောက်ကြောင်းပြန် အာဏာသက်ရောက်မှု မရှိစေရ” ဟူသော နိုင်ငံတော် အခြေခံမူများ ရေးဆွဲတဲ့ ဥပဒေများ တွေ့ရသလို ၂၀၀၈ ခုနှစ် ရေးဆွဲသော ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အခန်း ၁၊ နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၄၃ အရ “မည်သည့်ပြစ်မှုဆိုင်ရာဥပဒေမျှ နောက်ကြောင်းပြန် အာဏာသက်ရောက်စေရန် ပြဋ္ဌာန်းခွင့် မရှိစေရ” ဟူသော ရေးဆွဲတဲ့ဥပဒေ ပါရှိတာကို တွေ့ရပါတယ်။

ဥပဒေပြဋ္ဌာန်းခွင့် ဆိုတာ အပြစ်တစ်စုံတစ်ရာ ကျူးလွန်ခဲ့သူကို ပြစ်မှုဆိုင်ရာဥပဒေ ဖြင့်သာ အရေးယူဆောင်ရွက်ရမှာဖြစ်တဲ့အတွက် နောက်ကြောင်းပြန်အာဏာသက်ရောက်စေတဲ့ ဥပဒေပြဋ္ဌာန်းမှုဟာ ပြဋ္ဌာန်းခွင့်မပေးသော်လည်း အကျိုးသက်ရောက်မှု မရှိသည်ကြောင့် (ပြဋ္ဌာန်းခွင့် မရှိသော်လည်း) အခြေခံဥပဒေမှာ ဆုတ်ယုတ်အားလျော့သွားခြင်း မရှိပါ။ လူမှုဘဝနိုင်ငံရေး၊ သို့မဟုတ် ဒီမိုကရေစီနိုင်ငံရေးမူဝါဒဟာ အခြေခံဥပဒေပါမှ ပြဋ္ဌာန်းမှ အာဏာသက်ရောက်မှု ရှိတယ်လို့ အဆိုမရှိပါ။ အပြစ်ရှိသူ၊ အပြစ်ကျူးလွန်တဲ့သူကို ဥပဒေဖြင့် သာ အာဏာသက်ရောက်မှု ရှိခဲ့တာကြောင့် အရေးယူ ဆောင်ရွက်ခြင်း မရှိတဲ့ ဒီမိုကရေစီ နိုင်ငံရေးမျိုး မရှိတာကို တွေ့ရတယ်။ ပြစ်မှုဆိုင်ရာဥပဒေဆိုတာ နိုင်ငံတော်အခြေခံဥပဒေမှာ မပြဋ္ဌာန်းပေမယ့်၊ အမိန့်နဲ့ မပြဋ္ဌာန်းစေသော်လည်း ပြစ်မှုဆိုင်ရာဥပဒေ ဖြစ်သည်ကြောင့် နောက်ကြောင်းပြန် အာဏာမသက်ရောက်ဘဲ မရှိပါ။
စဉ်းစားဆွေးနွေးချိန် အလုံအလောက် မပေး

အခြေခံဥပဒေ ဆိုတာ နိုင်ငံသစ် တည်ထောင်ရင် ရေးဆွဲကြတာပါပဲ။ အခြေခံမူများ ကို ဘယ်လို ချမှတ်မယ်။ ရည်မှန်းချက် ဘယ်လိုထားမယ်။ ဘယ်လို ဖွဲ့စည်းတည်ဆောက် မယ်။ ဘယ်လို စီမံခန့်ခွဲကြမယ် စတာတွေကို ပြည်သူ့ကိုယ်စားလှယ်များက တိုင်းပြုပြည်ပြု လွှတ်တော်ကနေ ဆွေးနွေး၊ ညှိနှိုင်း၊ သတ်မှတ်ပြဋ္ဌာန်းကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတော် တည်ဆောက်တဲ့ ဥပဒေကို “မည်သည့်ဥပဒေတွင် မည်သို့ပင် ဆိုစေကာမူ” ဟူသော ရာဇသံဖြင့် ကြုံးဝါးသိမ်းကျုံးလွှမ်းမိုးသော စကားရပ်မျိုးဖြင့် အထူးဥပဒေများကို လွှတ်တော် သို့ အချိန်တိုတိုနှင့် စဉ်းစားဆွေးနွေးချိန် အလုံအလောက်မပေးဘဲ တင်သွင်းပြဋ္ဌာန်းခြင်းမျိုးကို လည်း ပြုတတ်ကြသည်။ ဤသို့ လုပ်လိုက်ရလျှင် မိမိကိုယ်မိမိ အတော်အထင်ကြီးတတ် ကြသော အစိုးရအဖွဲ့ဝင်အချို့ကို အကြိုက်ပေး ပေါင်းသင်းတတ်ကြသော ဝန်ထမ်း၊ အကြံပေး တို့က ဖျက်သည်။ မပျက်ခင်က ပျက်ချင်ချင် ပုဂ္ဂိုလ်များနှင့် မိတ်ဖက်တွေ့သွားတတ်သည်။ (တို့ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ၊ ဒေါက်တာမောင်မောင် စာ-၂၈) ဆိုတဲ့ သတိပေးစကား ရှိခဲ့တယ်။

မဆုံးနိုင်တဲ့ အနန္တပြဿနာ

ဥပဒေပြဋ္ဌာန်းခြင်း ဆိုတာ ခေတ်နဲ့အညီ ပြဋ္ဌာန်းသင့်ပါတယ်။ ပြဿနာက မရှိ တော့ဘဲ ဥပဒေက ပြဋ္ဌာန်းနေဆဲဖြစ်တဲ့ ဥပဒေမျိုးဟာ အခြေခံဥပဒေကို ထိခိုက်စေပါတယ်။ ဥပဒေဆိုတာ လူ့သဘာဝက ဖြစ်ပေါ်လာတဲ့ ပြဿနာအကြောင်းရင်းပေါ်မှာ ပြဋ္ဌာန်းရမယ်။ လူတွေ မလိုက်နာနိုင်တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို ဥပဒေတစ်ရပ်အနေနှင့် ပြဋ္ဌာန်းမယ် ဆိုရင် အလဟဿ ဖြစ်သွားတာပါပဲ။ လူ့သဘာဝက အစဉ်အမြဲ ပြောင်းလဲနေတယ်။ ပတ်ဝန်းကျင် ဆိုတာလည်း အမြဲလိုလို ပြောင်းလဲတယ်။ လူတို့ရဲ့ အဖွဲ့အစည်းဆိုတာလည်း အမြဲမပြတ် ပြောင်းလဲနေတယ်။ ပြဿနာအမျိုးမျိုး ပြောင်းလဲနေတာကို ဥပဒေအမျိုးမျိုး လိုက်လံပြီး မပြောင်းလဲဘဲထားရင် အဲဒီပြဿနာဟာ မဆုံးနိုင်တဲ့ အနန္တပြဿနာ ဖြစ်သွား မှာပဲ။

အခွင့်အရေးနဲ့ တာဝန် သိရန်လို

“လူမှုဘဝနိုင်ငံရေးစနစ်”ဟာ နှစ်သက်သူ များပါတယ်။ ဘာကြောင့်လဲ ဆိုရင် (ဘာဖြစ်လဲ ဆိုရင်) ပြည်သူက တာဝန်ယူ ဆောင်ရွက်သော ပြည်သူ့အစိုးရ ဖြစ်လို့ပါပဲ။ ပြည်သူ့အစိုးရလို့ တာဝန်ယူကြတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဟာ ကျင့်ဝတ်သီလ မြဲရမယ်။ တရားမျှတမှု ရှိရမယ်။ ကိုယ်ချင်းစာနာမှု ရှိရမယ်။ တာဝန်ကျေသူ ဖြစ်ရမယ်။ အစစအရာရာကျွမ်းကျင်လိမ္မာကြရမယ်လို့ နိုင်ငံရေးပညာရှင် ပုဂ္ဂိုလ်တွေက ဝေဖန်ထောက်ပြတာ တွေ့ရ တယ်။ ပြည်သူများ ရေးဆွဲ၍ ပြည်သူများက အပ်နှင်းသော နိုင်ငံတော် တည်ထောင်သော အခြေခံဥပဒေကို မြန်မာပြည်တည်ထောင်တဲ့ အခြေခံဥပဒေများကို လေ့လာရင် ဘယ်ဥပဒေမှ အပြည့်အဝ မဖြစ်ခဲ့တာကို တွေ့ရတယ်။
(၄င်း၊ စာ – ၂၉ တွင် ရှု)

နိုင်ငံတော် တည်ထောင်ရေးမှာ အခြေခံကျတဲ့ အခြေခံဥပဒေကို ရေးဆွဲကြတဲ့အခါ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ဦးဆောင်ပြီးရေးဆွဲတဲ့ ဥပဒေဟာ တည်ခြင်း၊ မြဲခြင်း (ကြာကြာ) မရှိပါ။

အချုပ်အခြာအာဏာပိုင် လွတ်လပ်တဲ့ နိုင်ငံတိုင်းမှာ –

(၁) တရားမျှတခြင်း
(၂) လွတ်လပ်ခြင်း
(၃) ညီမျှခြင်းတရားအပေါ် တည်ဆောက်ထားတဲ့ တိုင်းပြည်ကြီးတွေပါပဲ။
လူမှု ရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေမှာ တရားမျှတခြင်း ရှိရမယ်။ လွတ်လပ်မှုနဲ့ ပတ်သက်ရင် ကြိုက်သလို တွေး၊ ကြိုက်သလို ပြော၊ ကြိုက်သလို ရေး၊ ကြိုက်သလို ယုံကြည်၊ ကြိုက်သလို ကိုးကွယ်၊ ကြိုက်သလို လုပ်ကိုင်စားသောက်၊ ကြိုက်သလို စည်းရုံးနိုင်ပြီး ကြိုက်သလို လုပ်ကိုင်ပြုမူနိုင်ပါတယ်” ဆိုတဲ့ လွတ်လပ်မှု အခွင့်အရေးတွေ လူတိုင်း အပြည့်အဝ ခံစားမှု ပေးတယ်။ ခံစားခွင့် ရှိတယ်။ အဆင့်အတန်း မခွဲခြားဘဲ ကြိုးစားရင် ကြိုးစားသလောက် အကျိုးကျေးဇူး ခံစားနိုင်တယ်။ ဥပဒေသဘောနဲ့ ကြည့်ရင် တော့ ဆင်းရဲချမ်းသာ၊ ရာထူးဂုဏ်ထူးမငဲ့၊ မှန်သူကို ဥပဒေကကာကွယ်မယ်။ မတရားသူ၊ အပြစ်ကျူးလွန်တဲ့သူတို့ကိုတော့ ဥပဒေအရ အပြစ်ပေးမှာပဲ။ အခြေခံဥပဒေတည်ရင် အခွင့် အရေး တည်မယ်။ အခြေခံဥပဒေ မတည်ရင် အခွင့်အရေး ဆုံးရှုံးမှာပဲ။ အခွင့်အရေးရှိရင် တာဝန်ရှိရမယ်။ အခွင့်အရေးနဲ့ တာဝန် သိရန် လိုတယ်။

အခြေခံအခွင့်အရေး ဆိုတာ
အခြေခံအခွင့်အရေး ဆိုတာ နိုင်ငံသားတိုင်း (နိုင်ငံခြားသားတွေပါ) ရကြတယ်။ လူမျိုးဘာသာ၊ ကျား မ နိမ့်မြင့်မထားဘဲ တစ်ပြေးညီ အခွင့်အရေး ရှိကြတယ်။ တော်ရင် တော်သလို အခွင့်အရေး၊ အခွင့်အလမ်း ရှိတယ်။ ဆင်းရဲသား၊ ချမ်းသာသား မခွဲခြားဘဲ အရည်အချင်းအလိုက် အခွင့်အရေးရှိတယ်။ မိမိ ပိုင်ဆိုင်တဲ့ အိုးအိမ်စည်းစိမ်တွေကို (ပိုင်နက် ထဲကို) ဥပဒေအရမှတစ်ပါး အခြားကျူးကျော်ဝင်ရောက်တာ၊ သိမ်းဆည်းတာ၊ ချုပ်ချယ်တာ မလုပ်ရ။ (လုပ်ပိုင်ခွင့်မရှိ) အခွင့်အာဏာ အမိန့်မပါဘဲ ဝင်ရောက်ခွင့်၊ ရှာဖွေခွင့်၊ စစ်ဆေး ခွင့်၊ မေးမြန်းခွင့် မရှိစေရ။ နေထိုင်တာ၊ သွားလာတာတွေကိုလည်း ချုပ်ချယ်ဖမ်းဆီးမှုမလုပ်ရ။ အရွယ်ရောက်သူတိုင်း (ကျား၊ မ မဆို) စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်တဲ့ ဥပဒေ တောင်မှ နိုင်ငံအကျိုးမပါရင် ချုပ်ချယ်ပိုင်ခွင့် မရှိရ။

ဘယ်သူမဆို လွတ်လွတ်လပ်လပ် တွေးခေါ် ယုံကြည်နိုင်တယ်။ လွတ်လပ်စွာ ပြောနိုင်တယ်။ တစ်စိတ်တည်း၊ တစ်ဉာဏ်တည်း၊ တစ်သံတည်း မဖြစ်ကြပေမယ့် ကိုယ်စီ အသိဉာဏ်နဲ့ စုပေါင်းပူးပေါင်း ဆောင်ရွက်လုပ်ကိုင်တယ်။ ပြောစရာရှိရင် မထိခိုက်အောင်၊ မနာကျင်အောင် ရှောင်ရှားပြောဆိုပြီး အကျိုးရှိတဲ့စကားကို ပြောတယ်။ ရေးသားခြင်း၊ လှုံ့ဆော်ခြင်းလည်း တာဝန်သိသိနဲ့ ရေးသားလှုံ့ဆော်ရမယ်။ မျက်စိမှိတ်ပြီး ရိုသေထောက်ခံ တာမျိုးလည်း မရှိစေရ။ အားလုံး အကောင်း၊ အားလုံး အမှန်ချည်းပဲ အစိုးရကို မပင့် မမြှောက်ရ။ မှားတယ်ထင်ရင်၊ တရားလက်လွတ် ဖြစ်နေပြီထင်ရင် ရဲရဲဝံ့ဝံ့ ရာထူးဂုဏ်သိက္ခာ မငဲ့ဘဲ ဝေဖန်ရဲရမယ်။ အကျိုးမဲ့သက်သက် ပုတ်ခတ်ခြင်း၊ ဂုဏ်သိက္ခာထိပါးခြင်း၊ ပြည်သူ အကြည်ညိုပျက်အောင် ပြောဆိုရေးသားခြင်းမျိုးကို ရှောင်ရှားရမယ်။

ခိုင်မြဲတဲ့ စုစည်းမှု

ပြည်သူတွေဟာ ချမ်းသာစွာ၊ ငြိမ်းချမ်းစွာ လူစုလူဝေး စုဝေးပိုင်ခွင့် ရှိရမယ်။ စုပေးခြင်း၊ ဆွေးနွေးခြင်း၊ ဟောပြောခြင်း၊ စုရုံးခြင်းဟာ ပြည်သူများရဲ့ အလုပ်တစ်ခု ဖြစ်တယ်။ ဘာသာရေး၊ ရပ်ရွာရေး၊ ပေါင်းသင်းဆက်ဆံရေး၊ နိုင်ငံရေးကိစ္စတွေမှာ မစု မဝေးဘဲ၊ မဆွေးမနွေးဘဲ မရပါ။ စုပေါင်းစုဝေးခြင်းဟာလည်း မင်္ဂလာတစ်ပါး ဖြစ်တာ ကြောင့် စုစုဝေးဝေး စည်းရုံးရေးလုပ်မှ ညီညွတ်ရေးရမယ်။ ညီညွတ်ရေးရမှ ပေါင်းစုတဲ့ အင်အား ပြည့်ဝမယ်။ ပေါင်းစု (စုပေါင်း)တဲ့အားကသာ တိုင်းပြည်အတွက် ကာကွယ် နိုင်မယ်။

လူဆိုတာ တစ်ယောက်တည်းနဲ့ မနေနိုင်ပါ။ (နေလို့ မဖြစ်ပါ) အိမ်ထောင်စု၊ အသင်းအဖွဲ့၊ အစုအရုံးနဲ့ နေထိုင်ရမယ်။ အစည်းအရုံး အဖွဲ့အစည်းနဲ့ နေထိုင်ရတာကြောင့် စုရုံးစုဖွဲ့မှုပြုရင် လွတ်လွတ်လပ်လပ် အစည်းအရုံး ဖွဲ့စည်းခွင့်ပေးရမယ်။ ရှိရမယ်။ တရား အသင်းအဖြစ် အသိအမှတ်ပြုရမယ်။ တရားဝင်ဇယားဝင်တဲ့ အစုအဖွဲ့ဖြစ်မှသာ စုစုစည်းစည်း ခိုင်မြဲမယ်။ ခိုင်မြဲတဲ့ စုစည်းမှုဟာ တိုင်းပြည်အတွက် ပြည့်ဝကြံ့ခိုင်နိုင်စေတယ်။

လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်

လူဆိုတာ မိမိ ကြိုက်နှစ်သက်ရာ ဒေသမှာ (မြန်မာပြည်) နေထိုင်နိုင်ကြတယ်။ ကြိုက်နှစ်သက်တဲ့အလုပ်ကိုလည်း လုပ်ကိုင်နိုင်ကြတယ်။ ကြိုက်သလို ကူးလူးသွားလာ ရောင်းဝယ်ဖောက်ကား ကုန်ကူးနိုင်ကြတယ်။ လူကို ဟိုပြောင်းဒီရွှေ့၊ ဟိုမောင်းဒီနှင်လို့မရပါ။ အိမ်ထောင်စုဖြိုခွင်းမှု၊ မိသားစု တကွဲတပြားဖြစ်မှု မရှိစေရ။ မိမိ ပိုင်နက်မဟုတ်ဘဲ နှောင့်ယှက်ခြင်း၊ နှင်ထုတ်ခြင်း မရှိစေရ။ တရားဥပဒေအတိုင်း စီစဉ်ဆောင်ရွက်လုပ်ကိုင် ကြရမှာ ဖြစ်ပါတယ်။ ဥပဒေထက် မည်သူမျှ မစော်ကားရ။ မနေရ။ မပြုမမူရ။ မရှိရ။

လူဆိုတာ မိမိ မွေးဖွားရာ တိုင်းပြည်မှာ အခွင့်အရေးမရှိရင်(မရရင်) မိမိ ကြိုက်နှစ်သက်ရာ ဒေသကို ပြောင်းပြီး နေထိုင်ခွင့် ရှိပါတယ်) မိမိ ယုံကြည်ကိုးကွယ်လိုတဲ့ဘာသာ ကိုလည်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိပါတယ်။
မြန်မာပြည်မှာ အခြားတိုင်းပြည်နဲ့ မတူညီမှုတစ်ခုမှာ မိမိ ကိုးကွယ်ယုံကြည်တဲ့ ဘာသာကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကိုးကွယ်ယုံကြည်ရာ ဘာသာများအဖြစ် –
  (၁) ဗုဒ္ဓဘာသာ
(၂) ခရစ်ယာန်ဘာသာ
  (၃) အစ္စလာမ်ဘာသာ
  (၄) ဟိန္ဒူဘာသာ
  (၅) နတ်ကိုးကွယ်သော ဘာသာတို့ကို အသိအမှတ်ပြုထားပါတယ်။ 
ပြဋ္ဌာန်းခွင့်ပေးထားပါတယ်။

အခြေခံဥပဒေမှာ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ပေးထားတာကြောင့် စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ လောကီရေးရာ ဆောင်ရွက်မှုကိစ္စတစ်မျိုးမျိုး (တစ်ခုခု) ဆက်စပ်နေပါက ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်များ မပါဝင်စေရပါ။ ဒါ့အပြင် အများ ပြည်သူအကျိုးကိစ္စ၊ ပြုပြင်ရေးကိစ္စတို့အတွက် တိုင်းပြည်ရဲ့ ဥပဒေပြုခြင်းကို မတားမြစ်ရ။ ဒါ့အပြင် အခြေခံဥပဒေပုဒ်မ ၃၄ အရ ငြိမ်ဝပ်ပိပြားရေးနှင့် သော်လည်းကောင်း၊ ပြည်သူ့ ` ကိုယ်ကျင့်တရားနှင့် သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့် သော်လည်းကောင်း မြန်မာပြည် (၂၀၀၈ ခုနှစ်) ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့် သော်လည်းကောင်း ဆန့်ကျင်လျက် နိုင်ငံသားတိုင်း ဘာသာသာသနာရေးမှာ လွတ်လပ်စွာ ကိုးကွယ် ယူဆနိုင်သောအခွင့်အရေး၊ အညီအမျှ မရှိ ဟူ၍ အဓိပ္ပာယ်သက်ရောက်ပါတယ်။ လွတ်လပ်စွာ ဘာသာ ယုံကြည်မှုကိုးကွယ်ခွင့် အားနည်းသော တိုင်းပြည်တွေမှာ မတရားသဖြင့် ဘာသာရေး ကူးပြောင်းမှုတွေ လုပ်ကြတယ်။ စော်ကားအနိုင်ကျင့်ခံရသဖြင့် တခြားဘာသာကို ကူးပြောင်း သွားကြတာတွေလည်း ရှိတယ်။

ဒါကြောင့် ယနေ့ မြန်မာပြည်မှာ ဗုဒ္ဓဘာသာကို နိုင်ငံသူ၊ နိုင်ငံသား အများဆုံး ကိုးကွယ်ရာ ဖြစ်တယ်။ ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာ၊ သာသနာအဖြစ် နိုင်ငံတော်က (အခြေခံဥပဒေ ပုဒ်မ ၃၆၁ မှာ) အသိအမှတ်ပြုထားပါတယ်။ သို့သော် တင်းကျပ်သော ဘာသာရေးဦးဆောင်ပုဂ္ဂိုလ်တို့ရဲ့ ဟောပြောလုပ်ဆောင်မှုကြောင့် (ကိုးကွယ်၏သူများ ခွဲခြားဆက်ဆံကြတာကြောင့်) ဗုဒ္ဓဘာသာဝင် ကိုးကွယ်သူများ နည်းပါးလာကြတာကို တွေ့ရတယ်။

  နိုင်ငံတော် တည်ထောင်ရေးမှာ
အခြေခံကျတဲ့ အခြေခံဥပဒေကို ရေးဆွဲကြတဲ့အခါ 
ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ဦးဆောင်ပြီး ရေးဆွဲတဲ့ ဥပဒေဟာ
တည်ခြင်း၊ မြဲခြင်း (ကြာကြာ) မရှိပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၆၀-၁၆၅၊ အဝိဟိံသာနိုင်ငံရေး (၁၆)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၅)

နောင်တရတဲ့သူ၊
နောင်တမဖြစ်တဲ့သူ၊
နောင်တရစရာအကြောင်း မလုပ်တဲ့သူဟာ နောင်တရစရာ မရှိပါ။
စိုးရိမ်ပေးရမှုသက်သက်နဲ့ နေထိုင်သွားကြမယ် ဆိုရင် အရှင်တို့ဟာ

(၁) ဥစ္စာကို မရလို့ (မရှိလို့) စိုးရိမ်ရသူတစ်ယောက် ဖြစ်အောင် မနေပါ။ 
(၂) အတတ်ပညာမစုံလို့ (မရှိလို့) စိုးရိမ်ရသူတစ်ယောက် ဖြစ်အောင် မနေပါ။ 
(၃) ကောက်ကျစ်စဉ်းလဲသော အလုပ်ကို လုပ်မိလို့ စိုးရိမ်သူတစ်ယောက် ဖြစ်အောင် မနေပါ။
(၄) အသက်ကို သတ်မိလို့ စိုးရိမ်ရသူတစ်ယောက် ဖြစ်အောင် မနေပါ။ 
(၅) ကာမဂုဏ်အကျင့် မှားယွင်းမိလို့ စိုးရိမ်ရသူတစ်ယောက် ဖြစ်အောင် မနေ ပါ။ 
(၆) မလှူဒါန်းခဲ့ရလို့ စိုးရိမ်ရသူ ဖြစ်အောင် မနေပါ။
(၇)မိဘနှစ်ပါး မလုပ်ကျွေးခဲ့ရလို့ စိုးရိမ်ရသူ ဖြစ်အောင် မနေပါ။ 
(၈) ကျွေးမွေးပြုစုသော ဖခင်ကို မလေးစားမိလို့ စိုးရိမ်ရသူ ဖြစ်အောင် မနေပါ။
(၉) ပညာရှိသူများနဲ့ အတူတူ မနေခဲ့ရလို့ စိုးရိမ်ရသူ ဖြစ်အောင် မနေပါ။ 
(၁ဝ) ရောင့်ရဲသော အကျင့်တရားကို မကျင့်မိခဲ့လို့ စိုးရိမ်ရသူတစ်ယောက် ဖြစ်အောင် မနေပါ။

ဆိုတဲ့ ငယ်ရွယ်ကာလနဲ့ အိုမင်းကာလ နှစ်ပါးထားတဲ့ ချိန်ခွင်လျှာဟာ အရှင်တို့  နေထိုင်ရေးလောကကို ပြုပြင်ပြောင်းလဲပေးနေမှာပါ။ ငယ်က လုပ်ခဲ့၊ မလုပ်ခဲ့လို့ ကြီးမှ စိုးရိမ်ရတဲ့စိတ်မျိုး အရှင်တို့မှာ လုံလောက်မှု အပြည့်အဝ ရှိပါတယ်။ ကမ္ဘာ့လူဦးရေသန်း ၆ဝဝဝ ကျော်ဖို့ လူတွေ ကြိုးစားအားထုတ်နေကြတာ မဟုတ်ပါ။ လူဦးရေနောက်က နောင်တက လိုက်နေတာ မဟုတ်ပါ။ နောင်တနဲ့ အတူတူ လူဦးရေ ရှိနေပါတယ်။ ဒီလူ သန်းပေါင်း ၆ဝဝဝ ကျော်ကို စိုးရိမ်ပေးရမှုသက်သက်နဲ့ နေထိုင်သွားကြမယ်ဆိုရင် ဖွံ့ဖြိုးပြီး၊ ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမယ့်နိုင်ငံများ စိုးရိမ်ရခြင်းသက်သက်နဲ့ ဖြစ်နေကြရမယ်။ ကမ္ဘာ့လူဦးရေ တိုးနှုန်းဟာ တစ်နှစ်ကို ၇၈ သန်းနှုန်း တိုးပွားနေပါတယ်။ အေဒီနှစ် ၂ဝ၅ဝ ပြည့်နှစ် ရောက်ရင် ကမ္ဘာပေါ်မှာ လူဦးရေသန်းပေါင်း ၈၉ဝဝ အထိ ရောက်လာဖို့ သေချာတယ်။

တရားဝင် ဇယားဝင်တဲ့ပညာ

ယနေ့ လူဦးရေတွေ တိုးလို့ စိုးရိမ်ကြတဲ့လူတွေ ဘယ်နှဦး ရှိပါသလဲ။ စိုးရိမ်ကြပါ သလား။ အစားအစာ အလုံအလောက်ရဖို့ (ရှိဖို့) လုံလောက်တဲ့ ပြဿနာတွေ ဖြေရှင်းဖို့ ခဲယဉ်းတဲ့ ချို့ယွင်းတဲ့ကိစ္စတွေ ကူညီဖြေရှင်းပေးဖို့ ရှေ့ဆောင်လုပ်ရမယ့် လူမှုဘဝနိုင်ငံရေးတွေ ဘယ်လို သဘောထားမျိုး ရှိကြပါသလဲ ဆိုတဲ့ မေးခွန်းတွေကို မေးလိုက်ရင် မြန်မာပြည် နိုင်ငံရေးလောကရောက်တဲ့သူတွေ ဝိုင်းဝန်းပြီး စုပေါင်းစဉ်းစားသင့်တယ်။ ကမ္ဘာ့လူဦးရေ ၆ဝဝဝ ထဲက မြန်မာလူဦးရေ သန်း ၆၀ ပါပါတယ်။ သန်း ၆၀ ထဲက လူတွေဟာ ပြဿနာ အမျိုးမျိုး ရှိတဲ့သူတွေ မဟုတ်လား။ လူဦးရေတိုးနှုန်း များပြီး စားနပ်ရိက္ခာတိုးနှုန်းမရှိတဲ့ အခက်ကိန်းနဲ့ မဆုံတွေ့ရအောင် (အဆမတန်၊ မတန်တဆ) (ဆင်းရဲမွဲတေမှု မဖြစ်အောင်) မြန်မာတွေ ဘယ်လိုလုပ်ပြီး ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြမလဲ။ သန်းပေါင်း ၆၀ သော မြန်မာပြည်သူပြည်သားတွေကို နာဂစ်မုန်တိုင်းနဲ့ ပေးလိုက်လို့ မရပါ။ အရှင်တို့ဟာ အပါယ် ဘုံသား မဟုတ်ပါ။ အရွယ်အမျိုးမျိုး ဘုံသားတွေပါ။ မြန်မာပြည်သူ သန်းပေါင်း ၆ဝ ရဲ့ ပြဿနာကို အလွယ်ကူဆုံး ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းကို အသေချာဆုံး တိုင်းပြည်ကြီးပွား ရေး၊ နိုင်ငံရေးပညာက ဘယ်နေရာမှာ ငါတို့တွေ သင်ယူရမှာလဲ။ သို့မဟုတ် အဲဒီလိုပညာမျိုး ငါတို့တိုင်းပြည်မှာ မိဘဘိုးဘွားအစဉ်အဆက်က သင်ပေးခဲ့တာ ရှိရဲ့လား။ ပညာ (နိုင်ငံရေး ပညာ) သင်ယူရတဲ့အချိန်မှာ သင်မပေးဘဲ သန်းပေါင်း ၆ဝ သော လူထုတွေ နောင်တ အထွေထွေ (စိုးရိမ်ခြင်းအမျိုးမျိုး) ပေးလိုလို့၊ ဒါမှမဟုတ် ထားလိုလို့ (ငါတို့ရဲ့ မိဘဘိုးဘွား တွေက) နောင်တရအောင် ထားလိုက်လို့လား။ အရှင်တို့ကို အရှင်တို့ နောင်တတွေ ဖြစ်ရ မလား။ အရှင်တို့ဟာ အမြဲ ထီပေါက်တဲ့သူတွေ မဟုတ်ပါ။

အရှင်တို့ဟာ ဆင်းရဲမွဲတေသူအဖြစ် အရှင်တို့ မခံယူပါ။ မကြေညာပါ။ အရှင်တို့ ဘဝဟာ တံတိုင်းမဟုတ်ပေမယ့် ခြံစည်းရိုးတိုင်အဆင့်လောက်တော့ ခိုင်မာပါတယ်။ မပြည့်စုံ၊

မလုံမလောက်၊ မဝလင်တဲ့ မြန်မာလူမှုဘဝကို စုံလုံးကန်း၊ မမြင်ချင် မကယ်ချင်တဲ့သူတွေ ရှိနေလို့လား။ အဆင်မပြေလို့ ဆူပူမိရင် ဖော့လုံးနဲ့ မဆုံးမဘဲ ဓာတ်လုံး(သံလုံး၊ သံချောင်း) နဲ့ ဆုံးမတတ်တဲ့ ဦးဆောင်သူတွေရဲ့ထားတဲ့ စိတ်ဓာတ်တွေဟာ သင်္ခါရသဘောတရားအရ အလွန်ကြမ်းတမ်းတဲ့ ပြုပြင်ပြောင်းလဲမှု ဖြစ်နေတယ်။ အရှင်တို့ဟာ နိုင်ငံရေးနဲ့ မကင်းတတ်သူ ဖြစ်သည်ကြောင့် နိုင်ငံရေးအကြောင်းကို မတွေးဘဲ (မစဉ်းစားဘဲ) မနေနိုင်ပါ။ အဘိဓမ္မာ သဘောအရ လူ့ခန္ဓာအစိတ်အပိုင်းရဲ့ တစ်စိတ်တစ်ဒေသဟာ ကိုယ်၊ ကိုယ်ရဲ့အထိအတွေ့၊ ကိုယ့်အသိစိတ်ဖြစ်လာတဲ့ သဘောမျိုး သက်ဝင်လှုပ်ရှားတဲ့စိတ်ကြောင့် မိမိတိုင်းပြည်အရေး ကိစ္စကို မတွေးဘဲ (မပြော၊ မဆို) မနေနိုင်တာကတော့ အမှန်ပါပဲ။

ဒေသတစ်ခု ကြီးပွားတိုးတက်နေတာကို မမြင်ချင်လို့ မြန်မာတွေ လူမှုဘဝနိုင်ငံရေး ကို အခုမှ တော်လှန်ရေး စတင်နေတယ်လို့ မထင်(မမြင်)မိပါနဲ့။ ယနေ့ တော်လှန်ရေးဟာ အီလက်ထရွန်နစ်ခေတ်တော်လှန်ရေးကို ရောက်နေပါပြီ။ ပစ္စည်းမဲ့၊ လက်နက်မဲ့စတဲ့ ဘယ်သူ ဘယ်ပုဂ္ဂိုလ်ဝါဒ၊ ဝါဒီအကြောင်းတွေ တွေးဖို့ ရေးဖို့ စိတ်မကူးကြဘဲ မြန်မာတွေ တစ်သက် တာအတွက် နိုင်ငံရေးပညာကို အားထုတ်ကြိုးပမ်း သင်ယူကြရမယ်။ တရားဝင် ဇယားဝင်တဲ့ ပညာရေးကို မသင်ပေးခဲ့ရင် မိဘက သားသမီးများရန်သူဖြစ်ခဲ့တဲ့ အကြောင်းအရာ အထောက် အထားတွေ ရှိခဲ့ပါတယ်။ သတိပြုစေချင်ပါတယ်။

အချိန်နှင့်အမျှ ပြုပြင်

အရှင်တို့ဟာ အသက်ရှင်သန်တဲ့သူတွေပါ။ အသက်ရှင်သန်မှုအားလုံးဟာ အမှား မပြုမိဖို့ အရေးကြီးတယ်။ အမှားကျူးလွန်ခြင်း(မှ) ဖြစ်လာခဲ့ရတာဟာ နားလည်မှု၊ ရိုင်းပင်း ကူညီမှု၊ ထောက်ပံ့မှု၊ ပေးကမ်းမှု မရှိလို့ပါပဲ။ လူသားတွေရဲ့ အန္တရာယ်ကို ပြိုင်ဆိုင်မှ ကင်းရှင်းအောင် ကြီးမားတဲ့ စေတနာနဲ့ ဝိုင်းဝန်းကူညီ စောင့်ရှောက်ဖို့ မမေ့အောင် နေရမယ်။ လက်နက်ပြိုင်ဆိုင်သူ၊ အကြမ်းဖက်လုပ်သူ၊ နယ်ပယ်လုတဲ့သူ၊ ဆင်းရဲ ချမ်းသာ ကွာဟမှုကို ဖန်တီးတဲ့သူ၊ ကြီးနိုင်ငယ်ညှဉ်းတဲ့သူများ လူသားများ တုန်လှုပ်ချောက်ချားဖွယ်အဖြစ်ဆိုးများ မရောက်အောင် (မရှိအောင်) အချိန်နှင့်အမျှ ပြုပြင်ထိန်းသိမ်းနိုင်ရန် အရေးကြီးဆုံး ထားပြီး ဆောင်ရွက်ရမယ်။ အရှင်တို့ တောင့်တမှု၊ လိုအပ်မှုများဟာ အရှက်အကြောက်မရှိဘဲ တောင့်တ လိုအပ်မှု မဟုတ်ပါ။ ပြောင်းလဲနေသော လူမှုရေး၊ ကြီးကျယ်ခမ်းနားသော လူမှုရေးမဏ္ဍိုင်များ ပိုမို၍ ခိုင်ခံ့ခြင်းကိုသာ လိုလားနှစ်သက်မှု ရှိကြပါတယ်။

ယဉ်ကျေးမှုပေါင်းခြင်း ဆိုတဲ့ ပြဿနာယနေ့ နိုင်ငံရေးနောက်ကွယ်က ကျရောက်စေနိုင်တဲ့ ပြဿနာတစ်ရပ်မှာ တစ်ပေါင်းတစ်စုတည်းသော ယဉ်ကျေးမှုပေါင်းခြင်းဆိုတဲ့ ပြဿနာကြီးတစ်ခု ရှိနေပါတယ်။ ဒီပြဿနာ မြန်မာ့လူ့ဘောင်လောကထဲကို တဖြည်းဖြည်း ဝင်ရောက်ပူးကပ် (ပူးသတ်)လာနေပါပြီ။ မြန်မာများ ကာကွယ်ဖို့လား၊ လေးစားလိုက်နာဖို့လား၊ စဉ်းစားထားကြပါ။ နိုင်ငံရေးရဲ့အဆုံး အစွန်ဟာ ယဉ်ကျေးမှုနဲ့ အကျင့်စာရိတ္တနဲ့ပဲ ဆုံးဖြတ်မှု လုပ်ကြမယ်။ အဲဒီအဆုံးအဖြတ်ဟာ မြန်မာနိုင်ငံရေးလောကမှာ ဘာတွေများ ပြင်ဆင်ထားကြပြီလဲ။ မြန်မာပြည်နိုင်ငံရေး ရွေး ချယ်မှု မမှားဖို့ (အရွေးမမှားဖို့) လိုအပ်တယ်။ ရွေးကောက်ခြင်း၊ ရွေးချယ်ခြင်း ဆိုတာ ရွေးသူက အရေးကြီးပါတယ်။ မရွေးတတ်ရင် အကုန်အစင် ရွှေ့ကြမယ် ဆိုတာကိုလည်း သတိထားရမယ်။ ရွေးချယ်မှု ဆိုတာ ကြိုက်မှ ရွေးချယ်သင့်ပါတယ်။ မကြိုက်ဘဲ ရွေးရင် (ယူရင်) မရွေးဘဲနဲ့ ယူတဲ့အယူမျိုးဟာ ကံပဲလို့ အဆုံးအဖြတ် မဖြစ်စေနဲ့။ လူတွေ ထားတဲ့ အသိတရားဟာ ကံမဟုတ်ပါ။ ဉာဏ်တွေ ဖြစ်ပါတယ်။ နိုင်ငံရေးမှာ ဉာဏ်တုံးရင် ကံပါ ရှုံးပါတယ်။ မှောက်ပါတယ်။

နေ့ခင်းချိန် မီးထွန်းတဲ့သူ မဖြစ်ဖို့

နိုင်ငံရေးလောကမှာ စိတ်ကောင်းနှလုံးကောင်း ရှိဖို့၊ ကူညီရိုင်းပင်းတတ်တဲ့ အကျင့် ရှိသူတွေ ဖြစ်ဖို့ လိုပါတယ်။ စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူဟာ အပြစ်မမြင်တာ၊ အထင် အမြင် သေးတာ၊ ကြီးတာ မရှိပါ။ (မဖြစ်တတ်ပါ) အသိအလိမ္မာ ဆင်ခြင်ဉာဏ် တိုးတက် မြင့်မားတဲ့သူဟာ ပစ္စည်းဥစ္စာ တိုးတက်ရေး၊ ဂုဏ်သိက္ခာမြင့်မားရေး၊ ထင်ပေါ်ကျော်စောရေး အတွက် မရုန်းကန်ပါ။ အလိုမပြည့်မီ သေရသူချည်း ဆိုပေမယ့် မကျေမနပ်ဘဲ နိုင်ငံရေးဘဝ တစ်ခု ကုန်ဆုံးရတာမျိုး မဖြစ်သင့်ပါ။ အရာရာတိုင်းကို မကျေမနပ်ဘဲ မဖြစ်ပါနဲ့။ ဖြစ်ချင် လွန်းလို့ အားမလို အားမရဖြစ်ရတဲ့အဖြစ်ဟာ လောကကြီး အေးချမ်းသွားမယ်လို့ မထင်နဲ့။ ဒီလောကကြီးဟာ လောဘကြီးကြီး၊ အာသာငမ်းငမ်း၊ အတ္တများများ လူဖြစ်ရကျိုးနပ်အောင် ကြိုးစားအားထုတ်တဲ့သူကို သူ့အတွက်နဲ့ အားမလို၊ အားမရ မဖြစ်လိုက်ပါနဲ့။ သူ့ပြဿနာနဲ့သူပဲ ရှိမယ် ဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။ နေ့ခင်းချိန် မီးထွန်းတဲ့သူ မဖြစ်ဖို့ လိုတယ်။

အဆုံးသတ်နည်း တတ်ရမယ်

အရှင်တို့ဟာ ရန်သူမရှိတဲ့ သမင်များပမာ သတိရှိရမယ်။ ရန်ငြိုးမရှိတဲ့ မုဆိုးတို့ရဲ့ အကျင့်ကို သတိပြုရမယ်။ အနိုင်ယူချင်သူ၊ ပိုင်ဆိုင်ချင်သူ၊ ဖြိုခွဲသူတွေကို သတိပြုရမယ်။ နိုင်ငံရေးအာဏာ၊ သို့မဟုတ် လူမျိုးတစ်မျိုးလုံးရဲ့ အစိုးရမှုကို ဖြိုခွင်းတဲ့နည်းကို နားလည် ထားရမယ်။

(၁) တည်ဆောက်ထားသော ချစ်ခြင်းအင်အား၊
(၂) စုစည်းထားသော အင်အား။
(၃) တည်ငြိမ်မှုအင်အားသုံးပါးကို တောင့်တင်းခိုင်မာအောင် နေတတ်ရမယ်။ နိုင်ငံရေးလုပ်တဲ့ သူဟာ ထိတ်လန့်ကြောက်ရွံ့စိတ် မထားရပါ။ ပဋိပက္ခ (နှစ်စု၊နှစ်ဖွဲ့)ကို ပြင်ဆင်ပေးနိုင်ရမယ်။ တစ်ဖက်သတ်ကို အညီအမျှ လုပ်ပေးရမယ်။ မေ့နေသူကို သတိပေးရမယ်။ ကင်းကွာမှုကို စေ့စပ်ပေးရမယ်။ အလှမ်းကွာမှုကို နီးစပ်ပေးရမယ်။ အဆီးအခြားကို စေ့စပ်ပေးရမယ်။ နားမလည်မှုကို ရိုးရိုးဖြောင့်ဖြောင့် ဆက်ဆံရမယ်။ ဆိုးဝါး မှုကို နားလည်မှုနဲ့ လုပ်ပေးရမယ်။ ဆင်းရဲကင်းရေး ဖြစ်ရမယ်။ မျှော်ကိုးရေး မဟုတ်ရ။ မငဲ့မစောင်း ဖြစ်ရမယ်။ အင်အားသုံးမှု၊ တိုက်ခိုက်မှု၊ နှိမ်နင်းမှု၊ ပြိုင်ဆိုင်မှု မဖြစ်အောင် အဆုံးသတ်နည်း တတ်ရမယ်။

နိဂုံးအားဖြင့် . . . . .

“လူတို့၏နေထိုင်ရာ ဤကမ္ဘာမြေတွင် လူတို့အား အကြွင်းမဲ့ ခြိမ်းခြောက်နေမှ သဘောတရားများ မရှိရန် လိုအပ်၏။ ကိုယ်ကျိုးမဖက် (မမက်)ကြသူ၊ တစ်ကိုယ်ကောင်း မဆန်သူ၊ ကိုယ်ကျိုးသက်သက် မကြည့်သူ၊ အကျိုးမဲ့နည်းများ မပြုလုပ်သူများ ဖြစ်ထွန်းရန်လို၏။”

(ငြိမ်းချမ်းမှုနှင့် သင့်မြတ်မှုစာအုပ်၊ စာမျက်နှာ- ၂၈)
ဆိုတဲ့စကားအတိုင်း မြန်မာအတည် ကမ္ဘာအတည် ဖြစ်ရန် လိုပါတယ်။

ယနေ့ နိုင်ငံရေးနောက်ကွယ်က ကျရောက်စေနိုင်တဲ့ ပြဿနာတစ်ရပ်မှာ 
တစ်ပေါင်းတစ်စုတည်းသော ယဉ်ကျေးမှုပေါင်းခြင်း ဆိုတဲ့ 
ပြဿနာကြီးတစ်ခု ရှိနေပါတယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၅၅-၁၅၉၊ အဝိဟိံသာနိုင်ငံရေး (၁၅)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၄)

လူသည် လောဘကို ငြှိမ်းသတ်ရမည်။
ငြိမ်းအောင် အားထုတ်ရမည်။
တပ်မက်မှု ကင်းရမည်။ ရောင့်ရဲရမည်။ တင်းတိမ်ရမည်။

ခေါင်းဆောင်ကောင်းတစ်ယောက်

အရှင်တို့ဟာ နိုင်ငံရေးအကြောင်းနဲ့ ပတ်သက်ရင် အကုန်အစင် သိမြင်ထားကြသူ မဟုတ်ပါ။ (မဟုတ်ပေမယ့်) သို့သော် နိုင်ငံရေးနဲ့ ပတ်သက်လာရင်တော့ လိမ်လို့ ရမယ် မဟုတ်ပါ။ များသောအားဖြင့် အကြမ်းမဖက်သော နိုင်ငံရေးမူဝါဒဟာ လိမ်သူ၊ ကောက်သူ၊ ဖြောင့်သူအားလုံးကို သိနိုင်ပါတယ်။ လိမ်တယ်ဆိုတာ အချိန်ကြာကြာ တည်နိုင်တဲ့သဘော မရှိပါ။ ဘယ်အမှန်တရားကိုမှ ဖုံးကွယ်ထားလို့ မရပါ။ နိုင်ငံရေး သဘောမရိုးတဲ့သူတွေ၊ မရိုးမဖြောင့်မှ အမျိုးမျိုး လုပ်ပါစေ သည်းခံပေးပါ။ ဒီနေရာမှာ ရှေးခေတ် နိုင်ငံဦးသျှောင် ပုဂ္ဂိုလ်တစ်ဦးရဲ့ စကားကို ပြောချင်တယ်။

ကိုလိုနီနိုင်ငံရေးကြောင့် သူတို့ရဲ့တိုင်းပြည် ကျွန်ပြုခံရတဲ့အချိန်မှာ ဒီစကားကို သူ ပြောပြတယ်။ “ကိုလိုနီပုဂ္ဂိုလ်တွေ၊ ငါတို့လူမျိုးကို မသတ်ဖြတ်ပါနဲ့၊ ငါတို့တိုင်းပြည်ကို မဖျက်ဆီးပါနဲ့” လို့ ပြောပြပြီး မိမိရဲ့လူမျိုး ပြည်သူလူထုတွေကိုတော့ “တို့ပြည်သူတွေ ဒီသူတွေကို ဘာမျှ ရန်မပြုပါနှင့်၊ သည်းခံပေးပါ”ဆိုပြီး ပြောခဲ့တယ်။ သူ့စကားကို ပြည်သူ့ တွေက လေးစားလိုက်နာပြီးနေကြတယ်။ နောက်ဆုံး ကျွန်ပြုတဲ့ကိုလိုနီသမားတွေက ထုံးစံ အတိုင်း နေဝင်၊ မိုးချုပ်သွားတယ်။ စုပေါင်း၊ ပူးပေါင်းထားတဲ့အားနဲ့ လက်တွဲညီညာကြတဲ့ သူတို့ရဲ့ ညီညွတ်မှုအားကြောင့် လောကသားရန်သူအားလုံး လက်တွင်းထဲက လွတ်မြောက် သွားကြတယ်။ ဒီအကြောင်းကို အကဲခတ် လေ့လာကြည့်ရင် ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ ရှိရမယ့် အရည်အချင်းနဲ့ ရှိရမယ့် ကြိုးစားအားထုတ်မှုဟာ ဘယ်ရွေ့ ဘယ်မျှ ရှိရမလဲ ဆိုတာ သိလောက်ပါတယ်။

ပြည်သူတွေက တော်ရင်

နိုင်ငံရေးဟာ ပုံပြင်၊ ဇာတ်တော်၊ ရာဇဝင်၊ သမိုင်း မဟုတ်။ အကြောင်းအားလုံး သိရမယ့်အရေး ဖြစ်ပါတယ်။ ယနေ့ ခေတ်သစ်နိုင်ငံရေးဟာ ဝါဒယှဉ်ပြိုင်တဲ့ နိုင်ငံရေး မဟုတ်။ စွမ်းနိုင်ခြင်းနဲ့ သိနိုင်ခြင်း နိုင်ငံရေး ဖြစ်ပါတယ်။ တိုးတက်နေတဲ့ လူမှုကမ္ဘာအလယ် မှာ အသိဉာဏ်၊ အကျင့်ဉာဏ်မမြင့်တဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဟာ ရှက်စရာ အလွန်ကောင်းပါတယ်။ အသရေမဲ့ စိတ်ဓာတ်ခွန်အားနဲ့ ဉာဏ်ဓာတ်မပြည့်ဝတဲ့ နိုင်ငံရေး သမားဟာ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ဖယ်ရှားခံရတဲ့ မြင်ကွင်းတွေ့ မြင်တွေ့ကြတယ် မဟုတ်လား။ အမှားတရားကို အားပေးတဲ့နိုင်ငံရေးဟာ တိုင်းပြည် ဆင်းရဲ မွဲတေမှုကို မဖြစ်တာ နည်းပါတယ်။ အသိစိတ်ဓာတ် လေးမြတ်ခြင်းတရား ခေါင်းပါးတဲ့ ခေါင်းဆောင်တွေကို နိုင်ငံရေးလောကမှာ ပြည်သူတွေက ဖယ်ရှားပေးနိုင်ရမယ်။

ယနေ့နိုင်ငံရေးလုပ်တဲ့သူတွေဟာ သည်းခံခြင်းတရား၊ ချစ်ခြင်းတရား၊ ခွင့်လွှတ်ခြင်း တရားများ ရှိကြရဲ့လား။ မတူကွဲပြားတဲ့ လူမှုဘဝနိုင်ငံရေးဟာ ဦးဆောင်သူ အရည်အချင်း မပြည့်ဝဘဲ ရှိနေလျှင် လူသားအားလုံး အကျိုးကောင်းစီးပွားရေး ပျက်စီးကြကုန်မယ်။ နိုင်ငံရေးသဘောထားမမြင့်တဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရေးသဘောတရား နားမလည်နိုင် ကြတဲ့ပြည်သူတွေ မိမိနဲ့ ထိုက်တန်တဲ့နိုင်ငံရေးအစိုးရ ရအောင် (ဖြစ်အောင်) ပြည်သူတွေမှာ လည်း တွေးခေါ်မှုအရည်အချင်း၊ မြော်မြင်မှုဉာဏ်ရည်များ ပြည့်ဝစွာ ရှိရမယ်။ အဲဒီတရားသာ မဖောက်ရ မရှိရင်တော့ မိမိနဲ့ ထိုက်တန်တဲ့ အစိုးရသာ ရကြမယ်။ ယောင်ဝါးဝါးအစိုးရနဲ့သာ ရရင်တော့ နေခါးခါးအချိန်မှာ မတော်မတရားတဲ့ နိုင်ငံရေးလမ်းစဉ်အောက်က ကုန်းမနိုင်၊ ရုန်းမထနိုင်ဘဲ ဖြစ်ကြမယ်။ နိုင်ငံရေးဆိုတာ ပြည်သူအပေါ်မှာ မူတည်ပါတယ်။ ပြည်သူတွေ တော်ရင် နိုင်ငံရေး တော်ပါတယ်။ ကောင်းပါတယ်။

မားမားမတ်မတ် စွန့်စွန့်စားစား

အရှင်တို့ရဲ့ မိဘဘိုးဘွားတွေ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝတစ်လျှောက်ကို ပြန်လေ့လာ ပါ။ ပဒေသရာဇ်အုပ်ချုပ်ရေး၊ နယ်ချဲ့စနစ်အုပ်ချုပ်ရေး၊ ဖက်ဆစ်ဝါဒီအုပ်ချုပ်ရေး၊ ဆိုရှယ်လစ် ဝါဒီ အုပ်ချုပ်ရေး၊အရင်းရှင်နဲ့အာဏာရှင်ဆန်ဆန်အုပ်ချုပ်ရေးစတဲ့အုပ်ချုပ်ရေးလက်သစ်၊လက်ဟောင်းမျိုးမျိုးကြားက ဒုက္ခပေါင်း မရေတွက်နိုင်လောက်အောင် နိုင်ငံရေးပြဿနာအမျိုးမျိုး ခံစားတွေ့ကြုံလာခဲ့ကြရတယ်။ အဲဒီလို ခံစားတွေ့ကြုံလာခဲ့ရလို့ပဲ အရှင်တို့ရဲ့ဘဝ

ခံစားမှု အစိတ်အပိုင်းတွေဟာ နိုင်ငံရေးကို မကြောက်မရဲစရာ မရှိဘဲ မားမားမတ်မတ်၊ စွန့်စွန့်စားစား လုပ်ရဲကိုင်ရဲကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးလုပ်လို့ ကွယ်လွန်သေဆုံးကြတဲ့ `သူတွေ နည်းပါးပါတယ်။ ဘာမှမလုပ်ဘဲ ကွယ်လွန်သွားကြတဲ့သူတွေ ရေတွက်မကုန်နိုင် / အောင်ပါပဲ။

လက်တွဲမှ အောင်မြင်မယ်

အရှင်တို့ဟာ ယုံကြည်ချက်အမျိုးမျိုး ရှိကြလို့ လူမှုကမ္ဘာကြီးကို တိုးတက်အောင် လုပ်နိုင်ကြတာပါ။ အရှင်တို့ဟာ ကွဲပြားမှုကို စုစည်းမယ်။ မတူညီမှုကို စုဖွဲ့ကြမယ်ဆိုရင် တစ်ခုတည်းသော အကျိုးစီးပွားအတွက် မလုပ်ကိုင်နိုင်စရာအကြောင်း မရှိပါ။ အရှင်တို့ဟာ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်လုပ်ကိုင်ချက်များ ပူးပေါင်း၍ သတိထားကြပါ။ အခက်အခဲ မရှိနိုင်ပါ။ အသက်ပေါင်းများစွာ သေကျေနိုင်တဲ့ အဏုမြူပစ္စည်း အစိတ်အပိုင်းတောင်မှ ခက်ခက်ခဲခဲ ထုတ်လုပ်နိုင်ကြသေးတယ်ဆိုရင် ပင်ပင်ပန်းပန်းမရှိတဲ့ တူညီလက်တွဲခြင်းဟာ မတွေ့နိုင်၊ မဆုံနိုင်၊ မတွဲနိုင်စရာအကြောင်း မရှိပါ။ လူသားများအကျိုးသယ်ပိုး ဆောင်ရွက်မှ အားချင်းများ တူညီကြရင် အတူတကွ လက်တွဲမှ အောင်မြင်မယ်။

ဝိုင်းအုံပြီး စုပုံ မဖြေရှင်းကြရင်

အရှင်တို့တိုင်းပြည်မှာ တကယ်စေတနာ အမှန်ထားရင် –
(၁) တည်ငြိမ်မှုရှိအောင် တည်ငြိမ်မှုကို တည်ဆောက်ပေးရမယ်။ 
(၂) ငြိမ်းအေးအောင် တည်ဆောက်ပေးရမယ်။
(၃) ဒုက္ခဆင်းရဲမရောက်အောင် တည်ဆောက်ပေးရမယ်။
(၄) မိဘဘိုးဘွားများ ချမှတ်ကျင့်သုံးလာခဲ့တဲ့ ထုံးတမ်းစဉ်လာဓလေ့ကို မမေ့ အောင် တည်ဆောက်ပေးရမယ်။
(၅) ပြည်သူအားလုံး အလိုဆန္ဒကို နေရာတိုင်း ပြည့်စုံအောင် တည်ဆောက်ပေး ရမယ်။
(၆)အဆုံးမသတ်နိုင်သော ရန်လိုမာန်ထောင်မှုများ၊ အချင်းချင်းမရှိအောင် တည်   ဆောက်ပေးရမယ် ဆိုတဲ့ စေတနာအမှန်နဲ့ မိမိရဲ့ တိုင်းပြည်ကို တည်ဆောက် နိုင်ကြရမယ်။

အချင်းချင်း အပြစ်မြင်၊ အပြစ်ဆိုခြင်းဖြင့် မလုပ်ကြဘဲ အပြစ်မမြင်၊ အပြစ် မဆိုကြဘဲ တိုင်းပြည်ကို တည်ဆောက်ထိန်းသိမ်းကြရမယ်။ယနေ့ တိုင်းပြည်တိုင်းမှာ အကျပ်အတည်းပေါင်းများစွာ ရင်မဆိုင်ရတဲ့ တိုင်းပြည်မရှိပါ။ အလုပ်ထွက်မဲ့ပြဿနာလား၊ စားဝတ်နေရေးပြဿနာလား၊ စစ်မက်အရေးပြဿနာ လား၊ နိုင်ငံရေးပဋိပက္ခလား၊ အကျပ်အတည်းတွေ အများအပြား တွေ့နေကြရတယ်။ လူသား များ ရင်ဆိုင်တွေ့ကြုံနေရတဲ့ အကျပ်အတည်း၊ အခက်အခဲတွေကို ဝိုင်းအုံပြီး စုပုံမဖြေရှင်း ကြရင် ပြဿနာအခင်းတွေ၊ လူအရိုးစုတွင်းတွေ မြေပြင်တစ်လွှားမှာ မြင်မကောင်းလောက်အောင် မတွေ့ဆုံရဘူးလို့ မထင်ပါနဲ့။ လူတွေရဲ့ ဒေါသဟာ အလွန်အမင်း ပြင်းထန်တယ်။ အလွန်အမင်း ကြမ်းတမ်းတယ်။

အားကိုးမှုအမှားကြောင့်

အရှင်တို့(လူသားတွေဟာ) လှုပ်ရှားနေတဲ့ အကြောင်းအရာတွေကို ကြည့်ရင် လိုအပ် ချက်ရှိတဲ့ အကြောင်းအရာကို ဖြည့်စွက်အားဖြည့်ဖို့ပါပဲ။ ရန်ပွဲမဟုတ်ပါဘူး။ မမြဲတဲ့သဘော့မှာ ခိုင်မြဲတဲ့ ခေါင်းဆောင် မရှိပါဘူး။ ဖြစ်ပျက်တဲ့အခြင်းအရာအပေါ်မှာ လတ်တလော ဖြေရှင်း ပေးနိုင်တဲ့ အားကိုးခံ၊ ဂုဏ်ပြုခံ မဟုတ်တဲ့ ခေါင်းဆောင်ကို အားကိုးခဲ့လို့ မြန်မာတွေ ယနေ့တိုင် မြန်မာ့နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်ကြသေးတာကို ထောက်ပြရင် သင်ခန်းစာ ရသင့်လောက်ပြီပေါ့။ မီးဝိုင်းရှို့သောသူတွေကို သတိထားရမယ်။

အရှင်တို့ရဲ့လိုအပ်ချက်မှာ သီးခြားကမ္ဘာ၊ သီးခြားတိုင်းပြည်၊ သီးခြားနေရာ တည် ဆောက်ဖို့ မဟုတ်၊ ကျေးဇူးပြုတတ်သော၊ ကျေးဇူးအထူးသိတတ်သော၊ ပြည်သူပြည်သားတို့ရဲ့ လိုအပ်ချက်ကို နားလည်ပေးနိုင်သော၊ ထိန်းကျောင်းမှုအသိတရား အားကောင်းသော ခေါင်းဆောင်ကို တင်မြှောက် အားကိုးဖို့ပါပဲ။ နိုင်ငံရေးပြဿနာမီးကို ငြိမ်းအောင် မငြိမ်းသတ် တတ်သော ခေါင်းဆောင်ကို အရှင်တို့ရဲ့ ခေါင်းဆောင်အဖြစ် မတင်မြှောက်နိုင်ပါဘူး။ အရှင်တို့ရဲ့ တိုင်းပြည်မှာ ရသေ့၊ ရဟန်း၊ လူသူတော်စင်တွေများစွာ ကိန်းအောင်းနေထိုင်တဲ့ တိုင်းပြည်ပါ။ သူတော်ကောင်းတရား စောင့်ထိန်းတဲ့ခေါင်းဆောင်ကိုသာ တင်မြှောက်အားကိုးမှာပါ။ အအုပ်စိုးခံရတဲ့ ပြည်သူတွေဟာ ခေါင်းဆောင်တို့ရဲ့ မာန်ဖီမှုကို ခံစားလာခဲ့ရတဲ့ အပြုအမူကြောင့် ခုချိန်မှာ လူတိုင်းလူတိုင်း စည်းကမ်းမဲ့စွာ အကြောက်တရားက လွှမ်းမိုးမှမှု ခံရတယ်၊ အကြောက်တရား လွှမ်းမိုးမှုခံရတဲ့ ပြည်သူတွေဟာ အလုပ်၊ အစား၊ အသွားအလာ၊ အနေအထားတွေအားလုံး မှန်စွာလုပ်နိုင်ကိုင်နိုင်ခြင်းမရှိဘဲ အကြောက်တရားကြောင့် (လုပ်ကိုင် နေထိုင်ရတာကြောင့်) လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးစည်း စနစ်မကျနဘဲ ဖြစ်ခဲ့ရတယ်။ လူမှုဘဝ နိုင်ငံရေးရည်ရွယ်ချက်ဆိုရင်လည်း (ပက်ပက်စက်စက်) ပျက်စီး၊ ဆုံးရှုံး၊ ပျက်သုဉ်း ခဲ့တယ်။ ဒီလိုဒီပုံဖြစ်ခဲ့ရတာဟာအားကိုးမှုအမှားကြောင့်(သို့မဟုတ်)အရည်အချင်းဖျင်းတဲ့ ခေါင်းဆောင်ကို တင်မြှောက်ထားမှုကြောင့် ဖြစ်ပါတယ်။

ကြိုးပမ်းအားထုတ်ရမယ့်အလုပ်

နိုင်ငံရေးလောကမှာ လူမှုဘဝနိုင်ငံရေးလောကကို တည်ဆောက်ကြမယ် ဆိုရင် တိုးတက်ကြီးပွားသော အဆုံးအမ (လိုက်နာရန်စကား) ရှိပါတယ်။

(၁) ညှိနှိုင်းသည့် ညီလာခံများ မကြာခဏ ကျင်းပရန်။
(၂) ညီညွတ်စွာ လုပ်ကိုင်ဆောင်ရွက်ရန်။
(၃) မှန်သည်ကိုသာ ကျင့်ဆောင်သွားရန်တွေပဲ ဖြစ်ပါတယ်။
လူတွေဟာ ယုံကြည်မှုကင်းမဲ့နေအောင် မနေသင့်ပါ။ အရှိန်အဝါရရှိရေးအတွက် လည်း နိုင်ငံရေးကို လုပ်တာ မဖြစ်ရပါ။ (အောင်ပွဲအလီလီရဖို့ နိုင်ငံရေးလုပ်တာ မဟုတ်ရပါ) စွန့်လွှတ်သည့်အတွက် နိုင်ငံရေးလုပ်တာပဲ ဖြစ်ရမယ်။ တူညီမှုမရှိသော သဘောတရား၊ ကွဲလွဲချက်များ ရှိသော နိုင်ငံရေးသဘောတရား၊ ယူဆချက်အမှား အမျိုးမျိုးကို အမှန်သို့ ရောက်အောင် ဖော်ပြကြိုးပမ်း အားထုတ်ရမယ့်အလုပ်ဟာ နိုင်ငံရေးအလုပ်ပါပဲ။

ငြိမ်းချမ်းသော လူ့ဘောင်စနစ်သို့ ရောက်အောင်

အရှင်တို့ဟာ သာယာဝပြောသည့် လူ့ဘောင်ဖြစ်အောင် (ရောက်အောင်) ကြိုးပမ်း အားထုတ်ကြရမယ့် တာဝန်ရှိပါတယ်။ လူတို့တာဝန်ကို မသိဘဲမနေပါ။ ငြိမ်းချမ်းသည့် လူ့ဘောင်စနစ်၊ သို့မဟုတ် မြန်မာ့လူမှုဘဝနိုင်ငံရေးစနစ်ရောက်အောင် မြန်မာပြည် ချမ်းသာရေး ဟူသမျှ မြန်မာနိုင်ငံရေးဇာစ်မြစ်ကို (ရိုသေလေးစားမှုမရှိသူတို့ကို) ဝိုင်းဝန်း၍ အများသူငါ လက်ခံခြင်းရောက်အောင် သုံးသပ်ပြီး တည်ဆောက်ရမယ်။ အရှင်တို့အချင်းချင်း စွပ်စွဲပြစ်တင် ကွဲပြားနေမည့်အစား ကွဲပြားဆန့်ကျင်နေကြတဲ့ သဘောတရား အချက်အလက်များကို ညှိနှိုင်း ဆောင်ရွက်လုပ်ကိုင်ဖို့ စဉ်းစားရမယ်။ ဆုံးဖြတ်ရမယ်။ ဘယ်စနစ်မဆိုပါ အဆိုးနဲ့ အကောင်း တွဲနေကြစမြဲမို့ ကောင်းလည်း မကောင်း၊ ဆိုးလည်းမဆိုး ဆိုတဲ့ စနစ်မျိုး မဖြစ်အောင် လုပ်ရမယ်။

(ဘယ်နိုင်ငံရေးစနစ်မဆို တစ်ဦးတစ်ယောက် (တစ်မိသားစု)အတွက်ကိုသာ ကာကွယ် စောင့်ရှောက်တဲ့ နိုင်ငံရေးစနစ်မျိုး မရှိဖို့ လိုတယ်။)အများလက်ခံတဲ့ နိုင်ငံရေးစနစ် ဆိုတာ လူစု၊ လူနည်းမခွဲခြားဘဲ လက်ခံတဲ့စနစ်ကို ဆိုလိုပါတယ်။ လက်ခံခြင်းဆိုတာ သူတစ်ပါးတို့ရဲ့ သမိုင်းကြောင်းအရ တည်တံ့ခိုင်မြဲရေးအတွက် စိုးရိမ်စရာမလိုဘဲ ပြန်လည် သုံးသပ်နိုင်ရန် အခွင့်အရေးပေးခြင်းပဲ ဖြစ်ပါတယ်။

“ကမ္ဘာကြီးသည် အကြမ်းဖက်မှုများ၊ ကြောက်မက်ဖွယ် ကြမ်းတမ်းရက်စက်မှုများ များပြားလာပါသည်။ ငြိမ်းချမ်းသာယာဝပြောမှု မရှိခြင်းကြောင့် ငြီးငွေ့ဖွယ် ခြောက်သွေ့သော လောက များပြားလာမည် ဖြစ်သဖြင့်”

သင် ဘယ်လိုပုံစံမျိုးနှင့် ဝိုင်းဝန်းကူညီလေမလဲ။

နိုင်ငံရေးမူဝါဒဟာ
လိမ်သူ၊ ကောက်သူ၊ ဖြောင့်သူ အားလုံးကို သိနိုင်ပါတယ်။
လိမ်တယ် ဆိုတာ
အချိန်ကြာကြာ တည်နိုင်တဲ့သဘော မရှိပါ။
ဘယ်အမှန်တရားကိုမှဖုံးကွယ်ထားလို့မရပါ။ နိုင်ငံရေးသဘောမရိုးတဲ့သူတွေ မရိုးမဖြောင့်မှုအမျိုးမျိုး လုပ်ပါစေ၊သည်းခံပေးပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၄၉-၁၅၄၊ အဝိဟိံသာနိုင်ငံရေး (၁၄)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၃)

အားကိုးလောက်တဲ့စိတ်ကို ရှေ့တန်းတင်ပါ။

မျှတညီညွတ်တဲ့စိတ်

များသောအားဖြင့် လူတွေဟာ နိုင်ငံရေးသိက္ခာကို အကောင်းမြင်ဝါဒ သဘောတရား များ ထားပြီး နေကြတယ်။ အကောင်းမြင်ဝါဒ ဆိုတာ မုန်းတီးခြင်း၊ ကြမ်းတမ်းခြင်း၊ အကြမ်းဖက်ခြင်းကင်းနေတာကို ခေါ်တယ်။ လူတွေကတော့ ဘယ်အရာမဆို ဘာလုပ်လုပ် အကောင်းမြင်သက်သက်သာ ထားပြီး ဆိုးချင်သလို ဆိုး၊ မိုးချင်သလို မိုးနဲ့ နေလိုက်ကြ တယ်။ ဒီအမြင်မျိုးဟာ အကောင်းမြင်ကျင့်စဉ် မဟုတ်တာကြောင့် နိုင်ငံရေးလမ်းစဉ်မှာ မကျင့်သုံးအပ်ပါဘူး။ ဒီကျင့်စဉ်မျိုးကျင့်လို့ အောင်မြင်တဲ့နိုင်ငံရေး မရှိပါဘူး။ အောင်မြင်တဲ့ နိုင်ငံရေးလမ်းစဉ်ဆိုတာ ဘက်မလိုက်ခြင်းပါပဲ။ ဘက်လိုက်မှုရှိရင် ဘက်မလိုက်ဘဲ နေပါ။ အစွန်းထွက်သူရှိရင် အစွန်းမထွက်အောင် နေပါ။ မျှတညီညွတ်တဲ့စိတ်နဲ့ နေပါ။ ဒီစိတ်ဓာတ် မျိုးဟာ နိုင်ငံရေးအထွတ်အထိပ်ကို ရောက်တဲ့ စိတ်ဓာတ်မျိုးလို့ ခေါ်နိုင်ပါတယ်။

ဟန်ချက်ပျက် မာန်ချက်ထွက်တဲ့ နိုင်ငံရေးမူဝါဒ

အရှင်တို့ရဲ့ ပြုစုပျိုးထောင်ပေးမယ့် နိုင်ငံရေးဟာ ဆင်းရဲခြင်း တစ်စက်ကလေးမျှ မရှိ (မပါ)တဲ့ နိုင်ငံရေးပဲ ဖြစ်ပါတယ်။

အရှင်တို့ဟာ ဖြူစင်သောနှလုံးသားမှ ကောင်းမြတ်သော လူမှုဘဝနိုင်ငံရေးကို မဖြစ်မနေ ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ ကောင်းမြတ်သောဆန္ဒ၊ အေးချမ်းသော မေတ္တာဓာတ်ဟာ ဆင်းရဲဒုက္ခအားလုံးကို ကင်းဝေးစေရုံမျှမက ဘေးအပေါင်းကိုလည်း လွတ် ကင်းပါတယ်။ယနေ့ လူတကာတွေမှာ –

(၁) ညီညွတ်ခြင်း
(၂) မျှတခြင်း
(၃) ညီမျှခြင်း
(၄) ငြိမ်းချမ်းခြင်းကို ရအောင် ဆုတောင်းနေကြတယ်။ တောင်းဆိုနေကြတယ်။ ဒီဆုတောင်း၊ တောင်းဆိုနေတဲ့အရေးဟာ ဆူပူခြင်းမှ ငြိမ်းချမ်းခြင်းကို ဖြစ်လာမယ်လို့ မျှော်လင့်နေကြတယ်။ တကယ်တော့ ပြောင်းလဲလာတဲ့ နိုင်ငံရေးခေတ်ရေစီးဟာ လောကရဲ့ ပြဿနာပေါင်းစုံကို မဖြေရှင်းနိုင်ဘဲ ရှိနေတယ်ဆိုတာကို တွေ့ရတယ်။ ကြီးမားတဲ့နိုင်ငံရေး နည်းစနစ်များ လောကမှာ မရှိသေးတော့ ခွဲထွက်မှု ပြဿနာတွေ စုပြီး ဖြစ်လာကြတယ်။ အပြီးမသတ်တတ်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကြောင့် ဟန်ချက်ပျက်၊ မာန်ချက် ထွက်တဲ့ နိုင်ငံရေးမူဝါဒများ ပေါ်ထွက်လာခဲ့ရတယ်။

ပြောင်းလဲမှု မလုပ်မချင်း

အရှင်တို့ရဲ့ စိတ်ဟာ ဆင်းရဲ၊ ချမ်းသာမှုကို ခံစားတတ်တယ်။ သိတယ်။ နားလည် တယ်။ အကောင်းနဲ့ အဆိုးကို နားလည်တတ်တာကြောင့် ဘဝအဆိုးတရားများ ဖြစ်ပေါ်အောင် မည်သူမျှ မဖန်တီးရဲကြပါ။ အရုပ်ဆိုးသောဘဝကို ဘယ်သူမှ မမြတ်နိုးကြပါ။ ယနေ့ ကမ္ဘာပေါ်မှာ ပြစ်မှုတွေ၊ လုယက်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ကွပ်မျက်မှုတွေ၊ စစ်ပွဲကြီးတွေ ဖြစ်ပေါ်လာနေတာဟာ နိုင်ငံရေးပြဿနာသက်သက်ကြောင့် မဟုတ်ပါ။ ဆင်းရဲခြင်းအမျိုးမျိုး ပြည့်နှက်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ပြည့်နှက်နေတဲ့ ဆင်းရဲမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးတွေ အပြိုင်အဆိုင်ပြုလုပ်လာကြပြီး လက်နက်ပြိုင်ဆိုင်မှုတွေပါ လုပ်လာကြတယ်။ ဒီပြိုင်ဆိုင်မှုတွေ ဖြစ်ပေါ်လာအောင် လုပ်နေတာဟာ အခြားမဟုတ်ပါ။ ယုတ်မာကြမ်းတမ်း တဲ့ စိတ်ဓာတ်က ဖြစ်လာလို့ပါပဲ။ အဲဒီစိတ်ဟာ ဖြူစင်သန့်ရှင်းသော စိတ်ဓာတ်ဘက်ကို ပြောင်းလဲမှု မလုပ်မချင်း (မလုပ်လေသမျှ ကာလပတ်လုံး) လူ့လောကမှာ ငြိမ်းချမ်းရေး ဖြစ်ထွန်းမှာ မဟုတ်ပါ။

လူသားအားလုံးတို့ရဲ့ ရန်သူ

လူ့ဘုံလောကမှာ လူသားအားလုံးတို့ရဲ့ ရန်သူဟာ အကြမ်းဖက်ခြင်းတရား၊ သို့မဟုတ် ဒေါသဖြစ်ပါတယ်။)ဒေါသဟာ အမျက်ကို မဖျက်ဆီးနိုင်တာကြောင့် ကြောက်မယ် ဖွယ် ရက်စက်ကြမ်းကြုတ်မှုတွေ များစွာပေါ်ပေါက်လာတယ်။ လွန်ကျူးမှုလည်း ရေတွက်လို့ မကုန်နိုင်အောင် ဖြစ်ပျက်တယ်။

လူတွေဟာ –

(၁)  လက်နက်ပြိုင်ဆိုင်မှု၊
(၂)  အာဏာပြိုင်ဆိုင်မှုများ မက်မက်မောမော ဖြစ်နေကြတယ်။
နယ်မဲ့၊ အတားအဆီးမဲ့၊ တရားမဲ့အောင် ပြုမူလုပ်နေကြတယ်။ လက်နက်၊ စည်းစိမ်အင်အားတွေ သုံးပြီး အကျင့်ကောင်း၊ အကျင့်မြတ် လမ်းစဉ်၊ သို့မဟုတ် မိဘ ဘိုးဘွားအဆုံးအမ အသွန်အသင် ပေးထားခဲ့တဲ့ ဓလေ့ထုံးစံတရားများကို ကျောခိုင်းပြီး ထင်ရာစိုင်း မိုက်ကြတယ်။ စရိုက်ချင်းတူ၊ ဝါသနာချင်းတူကြသူတွေက အကြမ်းဖက်တဲ့ လုပ်ကွက်တွေ အုပ်စုဖွဲ့ပြီး သတ္တဝါအမျိုးမျိုး သေကျေတဲ့ ကွန်ရက်တွေ ဆက်စပ်ပူးပေါင်း ကြတယ်။ ရက်စက်တဲ့လုပ်ကွက်ကို လက်ရဲ၊ ဇက်ရဲအောင် လှုံ့ဆော်ပြီး အပြစ်ရှိတဲ့ အတတ် ကိုပါ သင်ကြားပေးခဲ့တယ်။ ဒီအကုသိုလ်ကွန်ရက်ထဲကို ရောက်သွားတဲ့ နိုင်ငံရေးအစုအဖွဲ့တွေ အားလုံး စုဖွဲ့ပြီး သင်တန်းတွေပေးကြတယ်။ သင်တန်းတွေ ယူကြတယ်။ ဒီအချက်ကို မြန်မာ့နိုင်ငံရေးလောကသားများ လေးနက်စွာ သိထားဖို့ လိုပါတယ်။

ရဲရဲရင့်ရင့် စွန့်ရမယ်

လူတွေဟာ ပင်ကိုနှလုံးသားက နူးညံ့ကြတဲ့သူတွေ ဖြစ်ကြတယ်။ ချစ်ခြင်းတရား တွေ အပြည့်အဝ ရှိကြပါတယ်။ လက်နက်၊ စည်းစိမ်၊ အာဏာ (လုပ်ပိုင်ခွင့်) (အစိုးရသူ) သုံးစွဲပိုင်ခွင့် ရရှိကြတဲ့အခါ ကူညီမှုကင်းမဲ့နေတဲ့ လူမှုလောကကို ဖျက်ဆီးပစ်တဲ့အကျင့်တွေ လုပ်ကြတယ်။

ခွဲခြားမှု၊ မညီမျှမှု၊ မရိုးသားမှု၊ မဖြူစင်မှု၊အကျိုးကောင်း မလိုလားမှုတွေ ဖြစ်အောင် လှုံ့ဆွပြီး သင့်မြတ်ကြသူကိုလည်း ခွဲခြားမှု ပြုတယ်။ ကွဲပြားအောင် လုပ်တယ်။ အဲဒီလို လူမှုဘဝ နိုင်ငံရေးအသိုက်အမြုံ ပျက်စီးမှုကြုံလာရင် နိုင်ငံရေးလုပ်တဲ့သူတွေဟာ အကျိုးစီးပွား အားလုံးအတွက် စွန့်လွှတ်နိုင်သူ ဖြစ်ရမယ်။ စွန့်နိုင်ခဲတဲ့ မိမိအသက်၊ မိမိတိုင်းပြည်၊ မိမိ ချစ်သူ၊ မိမိ မိသားစုကိုတောင်မှ ရဲရဲရင့်ရင့် စွန့်ရမယ်။ အများအတွက်နဲ့ လောကအတွက် အကျိုးများတဲ့အလုပ်ကို လုပ်တဲ့သူဟာ အကြွင်းမဲ့ အကန့်အသတ်မရှိ စွန့်ရဲရမယ်။

နိုးကြားမှုတရားနဲ့ ကျားကန်

အရှင်တို့ဟာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လွတ်လပ်ရေးနဲ့ ဖွံ့ဖြိုးရေးတို့ကို တည် ဆောက်နိုင်ရန် ကင်းမဲ့နေကြတဲ့ ညီညွတ်မှုကို နိုးကြားမှုတရားနဲ့ ကျားကန်ပေးရမယ်။ မှားယွင်းတဲ့ နိုင်ငံရေးအယူရှိတဲ့သူကို အစွန်းရောက်တဲ့သူလို့ မမြင်ဘဲ ပညာပေးပြီး ကူညီ နိုင်ရမယ်။ ရက်စက်သူ၊ သောင်းကျန်းသူ၊ စစ်ခင်းသူတွေကိုလည်း အတည်ငြိမ်ဆုံး ရောက်အောင် ညီညွတ်မှုတရားကို အခြေခံပြီး ဝိုင်းဝန်းစောင့်ရှောက်ပေးရမယ်။ အဆုံးမသတ်တဲ့ နိုင်ငံရေးကို တာဝန်အရ စုပေါင်းတုံ့ပြန်ကြရမယ်။ နိုင်ငံရေးမူဝါဒ ဆိုတာ တစ်ဖက်သတ် မှားတတ်တာကြောင့် မှားတတ်တဲ့နိုင်ငံရေးဝါဒကို အမှားမှားအယွင်းယွင်း မထားဘဲ စုပေါင်း ပြုပြင်ပေးကြရမယ်။

အနှစ်အသားပါသော နိုင်ငံရေးအုတ်မြစ်

လောကမှာ မေတ္တာတရားနဲ့ စုပေါင်းဖွဲ့စည်းထားတဲ့ အသင်းအဖွဲ့ မရှိပါ။ တင်းမာမှု၊ စွပ်စွဲမှု၊ ငြင်းခုံမှုတွေနဲ့ ရင်ဆိုင်ယှဉ်ပြိုင်မှုတွေ ပြုကြတယ်။ နည်းစနစ်ကောင်းမပါတဲ့အပြု အမူကြောင့် လေးနက်မှုတွေ မရှိဘဲ ပြဿနာတွေ အမျိုးမျိုးဖြစ်ပေါ်စေတယ်။ မိမိ ကောင်းကျိုးတရားကို လိုလားအားထုတ်မှု များပြားနေတာကြောင့် ပြီးစီးရမယ့် နိုင်ငံရေးအလုပ်တွေ မပြီးစီးဘဲ ရှိနေကြတယ်။ လူထုမကြိုက်တဲ့ အကြောင်းပြချက်တွေနဲ့ လှည့်ကွက်တွေ လုပ်ကြ တယ်။ အလုပ်မဟုတ် (အလုပ်မဖြစ်)တဲ့အလုပ်နဲ့ ရှုပ်ထွေးအောင် လုပ်နေကြတယ်။ အင်အား စုတာလား၊ အင်အားပြတာလားနဲ့ မဖယ်နိုင်တဲ့ အတ္တတွေ အထင်းသား ပေါ်လွင်နေတယ်။ လူတွေလုပ်တဲ့ နိုင်ငံရေးကြောင့် အပြစ်၊ အညစ်တွေ အမျိုးမျိုး ဖြစ်ပေါ်လာတယ်။ အန္တရာယ် တွင်းကို တူးကြတဲ့ နိုင်ငံရေးပရိယာယ်တွေဟာ စိုးရိမ်ခြင်း၊ ပူဆွေးခြင်း၊ ထိတ်လန့်ခြင်း များပြားလာစေတယ်။ အသက်အားလုံးကို တန်ဖိုးမထားတဲ့ နိုင်ငံရေးဟာ ပြိုင်ဆိုင်မှုကင်းတဲ့ နိုင်ငံရေးမဟုတ်ပါ။ ပြိုင်ဆိုင်တဲ့နိုင်ငံရေးဟာ လူမှုဘဝနိုင်ငံရေး မဟုတ်ကြောင်း မြင်စေချင် ပါတယ်။ သိစေချင်ပါတယ်။

အရှင်တို့ဟာ မြန်မာပြည်ရဲ့ ရိုးရာ၊ ဓလေ့၊ ထုံးတမ်းတွေကို ပျောက်ကွယ်အောင် မလုပ်ပါ။ မိမိ တည်ထောင်၊ တည်ဆောက်သော နိုင်ငံရေးကြောင့် တိုင်းပြည်ယဉ်ကျေးမှ မပျောက်ကွယ်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရမယ့် တာဝန်ကို တာဝန်သိသူ တစ်ဦးအဖြစ် ခံယူရမှာ ဖြစ်ပါတယ်။

မိမိနဲ့ သူတစ်ပါး လက်ခံကျင့်သုံးသော နိုင်ငံရေးမူဝါဒကို –
– ရှုတ်ချပြစ်တင်ဝေဖန်ခြင်း
– ပုတ်ခတ်ပြောဆိုခြင်း
– ပြောင်းလဲပစ်ခြင်း
– ဆန့်ကျင်ခြင်း ပြုလုပ်ကြောင်း အာမခံရဲသူ ဖြစ်ရမယ်။

အရှင်တို့ရဲ့ အခက်အခဲ၊ အကျပ်အတည်းကို အများမထိခိုက်အောင် ဆင်ခြင်ဉာဏ်နဲ့ နိုင်ငံရေးကို လုပ်ဖို့ စဉ်းစားထားရမယ်။ ခက်ခဲမှု၊ ကျပ်တည်းမှု ဖြစ်ရုံလေးနဲ့ ပြောဆိုငြင်းခုံ ဖို့ အကြောင်းမရှိအောင် နေရမယ်။ ငြိမ်သက်ရမယ်။တရားသဘောအရ

(၁) တွေဝေမှုကို ပညာဖြင့် ပြောင်းလဲစေရမယ်။
(၂) ကိုယ်ကျိုးကို အများအကျိုးနဲ့ ပြောင်းလဲစေရမယ်။
(၃) ထောင်လွှားမှုကို နိမ့်ချမှုနဲ့ ပြောင်းလဲစေရမယ်။
(၄) မောက်မာမှုကို သည်းခံမှုနဲ့ ပြောင်းလဲစေရမယ်။
(၅) ရက်စက်မှုကို ကြင်နာမှုနဲ့ ပြောင်းလဲစေရမယ်။
(၆) စွဲလမ်းမှုကို အမှန်တရားနဲ့ ပြောင်းလဲစေရမယ်

ဆိုတဲ့ မိမိရဲ့စိတ်နေသဘောထားကို အမြင့်မြတ်ဆုံးကို ရောက်အောင် နိုင်ငံရေး လုပ်သူတိုင်း နည်းလမ်းပေးထားခဲ့တယ်။

နိုင်ငံရေးဟာ ဥစ္စာစည်းစိမ် စုဆောင်းခြင်းမဟုတ်၊ ချမ်းသာခြင်း မဟုတ်၊ လောဘ မဟုတ်၊ တန်ခိုးအာဏာမဟုတ်၊ ဂုဏ်ပကာသနမဟုတ်၊ မကျေနပ်ခြင်းမဟုတ်၊ မနာလိုခြင်း မဟုတ်၊ မဖြစ်နိုင်ခြင်း မဟုတ်၊ မရနိုင်ခြင်း မဟုတ်၊ နက်နဲသိမ်မွေ့သော အနှစ်အသားပါ သော နိုင်ငံရေးအုတ်မြစ်ကို အရှင်တို့တိုင်းပြည်မှာ အသက်ပေး၍ တည်ဆောက်ကြပါစို့။

နိုင်ငံရေးမူဝါဒ ဆိုတာ

တစ်ဖက်သတ် မှားတတ်တာကြောင့် မှားတတ်တဲ့ နိုင်ငံရေးဝါဒကို
အမှားမှား အယွင်းယွင်း မထားဘဲ စုပေါင်း ပြုပြင်ပေးကြရမယ်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၄၄-၁၄၈၊ အဝိဟိံသာနိုင်ငံရေး (၁၃)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၂)

အရပ်လေးမျက်နှာဆိုတာ သတင်းလို့ပဲ မှတ်ပါ။

နောက်လိုက်ကောင်းဖို့လို

အရှင်တို့ငယ်ငယ်က အင်္ဂလိပ်စာသင်ခဲ့တဲ့အခါ
(၁) မြောက်အရပ်ကို N= North
(၂) အရှေ့အရပ်ကို E = East
(၃) အနောက်အရပ်ကို W = West
(၄) တောင်အရပ်ကို S = South

ဆိုပြီးတော့ သင်ခဲ့ရတယ်။ အင်္ဂလိပ်စာလုံးပေါင်း NEWS လေးလုံးပေါင်းရင် “သတင်း” ဆိုပြီးတော့ မြန်မာစကားအဓိပ္ပာယ်ထွက်လာတယ်။ ကလေးသဘာဝအရ ‘ဟား… ဟုတ်လှချည်လား’ ဆိုပြီးတော့ အံ့သြမိခဲ့တယ်။

‘လူသတင်း လူချင်းဆောင်၊ ပန်းသတင်း လေညင်းဆောင်’ ဆိုတဲ့ စကားအတိုင်း နိုင်ငံရေးသတင်းအကြောင်းတွေကို ထိုင်နားထောင်နေရင်းနဲ့ တစ်ဖက်စောင်းနင်းတဲ့ နိုင်ငံရေး အကြောင်းကို သတင်းတွေအချို့အဝက်ကြားရတော့ အလွန်စိတ်ပျက်ခြင်း ဖြစ်ခဲ့တယ်။ လိမ်ညာမှုကင်းတဲ့ နိုင်ငံရေးသတင်းကို မကြားရတာကြာပြီမို့ အဝိဟိံသာနိုင်ငံရေးလည်း လိမ်ညာကင်းတဲ့ သတင်းစကားလေးပါး ဆိုရအောင် စတင်ကြဦးစို့။

လူမှုဘဝဟာ အဆင့်အတန်းနိမ့်ကျခြင်းသက်သက် မရှိပါဘူး။ မြင့်မြင့်မားမား အထွတ်အထိပ်ဆုံးကို ရောက်စရာအကြောင်းလည်း မရှိပါဘူး။ သင်္ခါရစက်ဝန်းအရ ပြုပြင် ပြောင်းလဲနေရတာကြောင့် ပြောင်းလဲပြုပြင်ပုံထဲက လူမှုဘဝတွေပါ ပါဝင်နေတယ်။ လူတွေရဲ့ အကြံအစည်တွေက လောကဓာတ်တစ်ခုလုံးကို လူ့စွမ်းအင်နဲ့ တည်ဆောက်ပြမယ် ဆိုတာချည်းပါပဲ။ သူ့နဂိုက လှပနေတဲ့ဒီကမ္ဘာကြီးဟာ ဒီထက်လှပအောင် လုပ်ပေးနိုင်သူ မရှိပါဘူး။ ဒီထက်ရှုပ်ထွေးအောင်ပဲ လုပ်ကြတာတွေ တွေ့ရတယ်။ လူတွေဟာ အပိုအလုပ်ကို ပိုလုပ်ချင် ကြတယ်။ ဒါ လူရဲ့ သဘောသဘာဝပါပဲ။ လူရဲ့နိုင်ငံရေးအကြောင်းကို ကြည့်ပါ။ ဘယ်တုန်း က စတင်ခဲ့တဲ့ နိုင်ငံရေးလဲ။ စခဲ့တဲ့နိုင်ငံရေးတွေအားလုံး အကောင်းဆုံး နိုင်ငံရေးတွေကို တစ်မျိုးပြီးတစ်မျိုး ရွေးထုတ်ကြတာပါပဲ။ အများအကြိုက်ဆုံးဖြစ်တဲ့အချိန်မှာ အဲဒီနိုင်ငံရေး စနစ်ဟာ အလွန်သိက္ခာရှိတာပေါ့။ လိုက်နာကျင့်ကြံသူမရှိတဲ့အချိန်မှာ နိုင်ငံရေးသိက္ခာဟာ ကျဆင်းတော့တာပဲ။ နိုင်ငံရေးစနစ်၊ နိုင်ငံရေးသိက္ခာ၊ နိုင်ငံရေးမူဝါဒ မရှိတဲ့ တိုင်းပြည် တစ်ပြည်ဟာ ပြည်သူ့နိုင်ငံရေးစနစ် တည်ထောင် အားထုတ်ရာမှာ နောက်လိုက်ကောင်းဖို့ လိုပါတယ်။

ဇာတ်အိမ်ပျက်အောင် လုပ်တဲ့အလုပ်
နိုင်ငံရေးဆိုတာ အရည်အချင်းကောင်းသူတွေရဲ့ အသိဉာဏ်များကို စုပေါင်းစုစည်းနိုင်မှ ထိပ်ဆုံးသို့ ရောက်နိုင်မယ်။ နိုင်ငံရေးလောကမှာ ပစ္စည်း၊ ရာထူး၊ အာဏာ၊ ကျော်ကြားခြင်း  ဂုဏ်သတင်း ထားလေသမျှ ကာလပတ်လုံး မျှတသော (တရားသဘောအရ မျှတခြင်း(၅)ပါး ရှိသော) နိုင်ငံရေး ဘယ်တော့မှ မရနိုင်ပါ (မရှိပါ)။ လောကမှာ ပေးဝေခြင်း၊ စွန့်ပြုလှူဒါန်းခြင်း၊ ဝေငှမျှတမှုပြုခြင်းဟာ အာဏာပိုင်စိုးသူများ ပြုလုပ်အားထုတ်ကြတဲ့ အလုပ်မဟုတ်ပါ။ ရိုးရိုးသာမန်လူများ လုပ်နေကြတဲ့ အလုပ်ပါ။ ခေတ်ကာလသဘောအရ နိုင်ငံရေးလုပ်မှ ထပြီး ဟိုစွန့် သည်ပေး၊ ဟိုဖေးကယ်မ လုပ်တာဟာ နိုင်ငံရေးဇာတ်အိမ်ပျက်အောင် လုပ်တဲ့ အလုပ်ပါပဲ။ စွန့်ရဲမှ အောင်ပွဲရတယ်ဆိုတာ နိုင်ငံရေး မဟုတ်ပါ။

စည်းကမ်းပြည့်ဝသော လွတ်လပ်ခြင်း

ယနေ့လူသားတွေရဲ့ အတွင်းစိတ်ဓာတ်တွေဟာ ဒေါသ၊ အာဃာတတရား အလွန် (လွန်စွာ) တင်းမာနေကြတယ်။ ချိုသာသော နှုတ်ခွန်းဆက်ကြတာ မရှိသလောက်ပါပဲ။ အတွင်းကောက်တော့ အယူမဖြောင့်တာ များတယ်။ နိုင်ငံရေးအာဏာသိမ်းပိုက်မှုတွေ လုပ် ချင်ကြတယ်။ ယစ်မူးတဲ့ယဇ်တိုင်ပေါ်မှာ ထိုင်နေတဲ့ ယဇ်ပူဇော်သူများပမာ အာဏာတန်ခိုးကို ယဇ်များပူဇော်သလို ယစ်မူးနေကြတယ်။ အဲဒီလို အစုစု အဖွဲ့ဖွဲ့ အလုအယက် ယစ်မူးကြပြီး မကျေနပ်မှုအကြောင်း၊ လုယက်မှုအကြောင်း၊ တိုက်ခိုက်မှုအကြောင်း၊ သိမ်းပိုက်မှုအကြောင်း တထောင်းထောင်းထတဲ့ ဒေါသအာဃာတကြွတဲ့ နိုင်ငံရေးယဇ်ပလ္လင်ကို လုကြတဲ့၊ ငြိမ်းချမ်းရေး လွတ်မြောက်ရေးကျင့်စဉ်မပါတဲ့ ယနေ့နိုင်ငံရေးကျင့်စဉ်တချို့ရဲ့ ပြုမူမှုဟာ လူသားထု တစ်ရပ်လုံးရဲ့ ဘေးကြီးဆိုက်အောင် လုပ်နေကြပြီ ဆိုတာကို မြင်နေကြပြီ။

နိုင်ငံရေးဆိုတာ ပြည်သူတွေရဲ့ ဖြစ်စဉ်ဘဝကို (နေ့စဉ် ဖြစ်ပေါ်ပြောင်းလဲမှုကို) ဖြေရှင်းပေးနိုင်တဲ့ လူမှုဆိုင်ရာ ကျင့်စဉ် အပြည့်အဝ ထားရှိနိုင်တဲ့ (အာမခံပေးနိုင်မယ့်) နိုင်ငံရေးကိုပဲ ရွေးရမယ်။ လူထုက ဒါတွေ ဖြစ်လာပြီဆိုရင် ဘယ်ဥပဒေနဲ့ ကာကွယ်ပေးရ မယ်။ ဒါမှမဟုတ် လူထုအတွက် ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်မယ့် ဥပဒေဟာ ပြည်သူလိုလားတဲ့ဥပဒေက ဘာလဲ။ ပြည်သူနဲ့ တစ်သားတည်းကျတဲ့ (လှတဲ့) ဥပဒေကို ပြဋ္ဌာန်းခွင့်ရအောင် အားထုတ်ပေးရတယ်။ ပြည်သူ့ရဲ့ဆန္ဒက အများကို နစ်နာရန် ရှိရင် ပြည်သူတွေ ဝေဖန်ပိုင်းခြားတတ်လာအောင် ပြည်သူတွေကို အသိပေးတဲ့စာတမန် (သတင်းစာ၊ သတင်းလွတ်လပ်ခွင့်) လွတ်လွတ်လပ်လပ် ရေးသားပြောဆိုခွင့် ပေးရတယ်။ (စည်းကမ်း ပြည့်ဝသော လွတ်လပ်ခြင်းကို ဆိုပါတယ်။) ရေးလိုတိုင်း ရေးနိုင်တယ် ဆိုပေမယ့် လူ့သိက္ခာ ထိပါးစေတတ်တဲ့အရာကိုတော့ ရှောင်ကြဉ်သင့်ပါက ရှောင်ရမယ်။

သတင်းစကားပါးတဲ့သူ၊ ရေးတဲ့သူ၊ လွှင့်တဲ့သူ၊ ဖြန့်တဲ့သူတွေဟာ တာဝန်အရှိဆုံးက ဘာတွေလဲ။ ကျင့်ဝတ်စည်းကမ်း ရိုသေဖို့ပါပဲ။ များသောအားဖြင့် ကောင်းကင်ဖန်သားပြင် ကျောက်သင်ပုန်းပေါ်မှာ အများ စုပေါင်းရေးသားကြတဲ့နေရာမှာ သူတစ်ပါးအကြောင်းကို အတင်းအဖျင်း ရေးသားကြတော့မယ်ဆိုရင် ဇာစ်မြစ်ခိုင်လုံမှ မရှိတဲ့ အကြောင်းအရာကို စိတ်စောပြီး မရေးသားမိပါစေနဲ့။ အကြောင်းအရာမှန်ပြီ ဆိုပေမယ့် အများသိသင့်တဲ့ အချက် တစ်ပါး ဖြစ်တယ်ဆိုရင် လောကဓာတ်တစ်ခုလုံး သိနိုင်သူအားလုံးကို ပေးသိပါ။ စောင့်ထိန်း စရာ မလိုဘဲ လွတ်လပ်မှု ပြည့်ပြည့်ဝဝ ပေးသိနိုင်ပါတယ်။

နှလုံးသားအမှန်တရား

လူဆိုတာ အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားမှု မပြုတတ်ခင် ကိုယ်ကျင့်သိက္ခာပိုင်း ဆိုင်ရာ ဘဝအမျိုးမျိုးနဲ့ တည်ဆောက်လာခဲ့ကြရတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ၊ ကျန်းမာ ရေးနဲ့ ပညာရေးဆင်းရဲမှုများရင် အမှားနဲ့အမှန်ကို ဝေဖန်ပိုင်းခြားမှု သိမြင်ရန် ခဲယဉ်းတယ်။ ဒါကြောင့် လူ့ခန္ဓာကိုယ်ဟာ သိက္ခာပိုင်းဆိုင်ရာ လိမ္မာယဉ်ကျေးရန်အတွက် လူ့စိတ်ခန္ဓာ (နာမ်ခန္ဓာ) မဖွံ့ဖြိုး၊ မသိမြင်လေသမျှ ကာလပတ်လုံး ကောင်းကင်ဖန်သားပြင် ကျောက်သင် ပုန်းပေါ်မှာ၊ သို့မဟုတ် မြေပြင်တစ်လွှား စာအစောင်စောင်မှာ ပွင့်ပွင့်လင်းလင်း ရှုတ်ချဝေဖန် ကြတာဟာ လူတွေရဲ့ ဆန္ဒသဘောအတိုင်းသာ ဖြစ်တယ်။ မထိမ်မဝှက် မချန်တဲ့ စာတမန် ပွင့်လင်းမှုဟာ သတင်းအဖြစ်ပေးလို့ နိုင်ငံရေးမူဝါဒမှာ ထားတဲ့ လူမှုရေးဆိုင်ရာ နိုင်ငံရေး ကျင့်စဉ်ဟာ နှလုံးသားက အမှန်တရားကို ပြညွှန်းလိုက်ခြင်းပဲ ဖြစ်ပါတယ်။

နိုင်ငံရေးလုပ်ရင် သည်းခံတတ်ရမယ်

နိုင်ငံရေးဆိုတာဟာ လူသားအချင်းချင်းကို ဒုက္ခပေးခြင်းအလုပ် မဟုတ်ပါ။ ယှဉ် ပြိုင်ခြင်း၊ ပူးကပ်ခြင်း၊ အားပြိုင်ခြင်းမဟုတ်ပါ။ အမှန်တရားကို ပွင့်လင်းစွာ အသိတရား အထွတ်အထိပ်ရောက်အောင် ကြိုးစားအားထုတ်ခြင်းပညာလို့ ဆိုချင်ပါတယ်။ နိုင်ငံရေးပညာ အပြည့်အဝမရှိသေးတဲ့လူဟာ နိုင်ငံရေးသိက္ခာကို ထိန်းဖို့လိုတယ်။ ဒုက္ခပေးနိုင်တဲ့ နိုင်ငံရေး အတွေးကို အလေးအနက်ထားပြီး ရှောင်ကြဉ်ရမယ်။ ယခုခေတ်ကာလမှာ မြန်မာပြည်နိုင်ငံ ရေးဟာ တစ်ခေတ်ဆန်း နိုင်ငံရေး စန်းထတဲ့ခေတ်ပါလို့ ပြောရင် အချို့အဝက် မှန်ပါတယ်။ နိုင်ငံရေးကို လုပ်လိုတဲ့သူတွေက အပြေးကလေးနဲ့ ဟိုသူကပ်၊ ဟိုအဖွဲ့အစည်းကပ်နဲ့ ဒုက္ခတွေ များကြတယ်။ အသက်အရွယ်က ကြီးရင့် အို ကုန်းကွပြီဖြစ်တော့ ဝါသနာက မစွန့်နိုင်သေးဘဲ နိုင်ငံရေးလောဘသားတွေရဲ့ မြင်ကွင်းလေးကိုတွေ့တော့ အားရမှုက တစ်ဖက်၊ ကျေနပ်မှုက တစ်ဝက်လေးနဲ့ အဘက်ဘက်မှ မပြည့်စုံတဲ့ နိုင်ငံရေးခွက် (ချိုင့်ခွက်)ထဲမှာ ဟက်ဟက် ပက်ပက်နဲ့ ကြိုးစားတဲ့ နိုင်ငံရေးသမားတွေ တကယ်မော်ကွန်းထိုးလောက်ပေရဲ့။ တို့ဘိုးဘွား တွေ မြန်မာပြည်နိုင်ငံရေးအတွက် မြန်မာပြည်လွတ်လပ်ရေးအတွက် သူတို့တွေ ဘယ်လောက် များ ခက်ခက်ခဲခဲ အားထုတ်ကြိုးစားခဲ့ကြရသလဲ ဆိုတာ အရှင်တို့တွေ သိထားရမယ်။ဘယ်အရေး၊ ဘယ်အရာမှာ မဆိုပါ။ ဆက်ဆံကြတဲ့ နေရာမှာ အများအားဖြင့် (များသောအားဖြင့်) ကိုယ်ကျင့်ကင်းမဲ့စွာနဲ့ အတ္တထားခြင်းတို့အပေါ်မှာ ရှိကြတာချည်းပါပဲ။ အများအတွက်နဲ့ အများအသက်အတွက်၊ နိုင်ငံရေးကို လုပ်ရင် သည်းခံတတ်ရမယ်။

အလုပ်ဆိုတာ အားထုတ်မှု၊ သည်းခံမှုမပါဘဲ မပြီးစီး၊ မအောင်မြင်ပါဘူး။ အကျိုးရှိ၊ အများ လက်ခံရမယ့်အလုပ်ဟာ အနှောင့်အယှက် များပါတယ်။ အောင်မြင်မှု နည်းတယ်။ အောင်မြင်မှု နည်းရခြင်းဟာ မြတ်သော အောင်မြင်မှု ဖြစ်လို့ပါပဲ။ ဒါကြောင့် အခက်အခဲကို နည်းနည်းတွေ့ရင် အားထုတ်မှု များများလုပ်ရမယ်။ တွန့်ဆုတ်မှ ဆိုတာ အခက်အခဲကို ကျော်ဖြတ်နိုင်တဲ့အလုပ် မဟုတ်ပါ။ အကျိုးရှိမယ့်အလုပ်သာ ဖြစ်ရင် တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ပါ။ အသက်ပါ စွန့်ပါ။ အကျိုးအားလုံးအတွက် အသက်ခန္ဓာ စွန့်ပြုတဲ့သူဟာ လူသား တွေပဲ ရှိပါတယ်။ အရာရာတိုင်းရဲ့ အားလုံး ဆုံးရှုံးမှုဟာ သည်းမခံနိုင်ခြင်းပါပဲ။

အရှင်တို့ဟာ ဘယ်အရာမဆို သည်းမခံရတာ မရှိပါ။ သည်းခံလို့သာ ထူးမြတ်တဲ့ အသက်ခန္ဓာ ရနေတာ ဖြစ်တယ်။ အကျင့်တရားတစ်ပါးနဲ့ သည်းခံနေတာ မဟုတ်။ အရာ ခပ်သိမ်းကို သည်းခံနေတာပါ။

“ခန္တီမူလ
မာန်ကို ချ
ဒေါသကို ပယ်
မေတ္တာလွယ်”
ကြရင် မြန်မာပြည်နိုင်ငံရေးဟာ မအောင်မြင်နိုင်စရာ အကြောင်းမရှိ။

တစ်ဖက်စောင်းနင်းတဲ့ နိုင်ငံရေးအကြောင်းကို
သတင်းတွေ အချို့အဝက် ကြားရတော့
အလွန်စိတ်ပျက်ခြင်း ဖြစ်ခဲ့တယ်။
လိမ်ညာမှုကင်းတဲ့ နိုင်ငံရေးသတင်းကို
မကြားရတာ ကြာပြီမို့ အဝိဟိံသာနိုင်ငံရေးလည်း

လိမ်ညာကင်းတဲ့ သတင်းစကားလေး ပါးဆိုရအောင်။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၃၉-၁၄၃၊ အဝိဟိံသာနိုင်ငံရေး (၁၂)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၁)

အကြောက်တရားနဲ့ ရင်ဆိုင်ရတဲ့ ဘဝဟူသမျှ အရှုံးချည်းပါပဲ။

မြန်မာ့နိုင်ငံရေးဇာတ်ခုံ

ဘူမိပညာရှင်တွေက ဒီကမ္ဘာကြီးစတင်ခဲ့တာ နှစ်သန်းပေါင်း လေးထောင်အထက်က ဆိုပေမယ့် လူမှုဘဝနိုင်ငံရေး ဘယ်အချိန်က စတင်ခဲ့သလဲ ဆိုတာ ယနေ့ထိ သဲသဲကွဲကွဲ မပြောဆိုနိုင်ကြပါဘူး။ သတ္တဝါတွေ၊ အိုးအိမ်တွေ စတင်ထူထောင်ပြီးနေတာ ကြာလှပါပြီ။ အစုအဖွဲ့ နေထိုင်တာလည်း ကြာနေကြပါပြီ။ အတွေးအခေါ်အယူအဆ ယဉ်ကျေးမှုပြောင်းလဲ လာတဲ့ လူမှုဘဝအကြောင်းကို ရှည်ရှည်ဝေးဝေး မကြည့်ဘဲ မြန်မာပြည်လူမှုဘဝ နိုင်ငံရေး ဖြစ်စဉ်ကိုပဲ ကြည့်ပါ။ လူမျိုးစုံတော့ ဖြစ်ရပ်စုံနေတာပါပဲ။

အရှင်တို့ရဲ့ တိုင်းပြည်အကြောင်းကို ကြည့်ရင် ၁၉၄၇ ခုနှစ်က လျင်လျင်မြန်မြန် ရွေ့လျားသွားတဲ့ မြန်မာ့နိုင်ငံရေးဟာ ဝန်ကြီးချုပ်ဟောင်းတစ်ဦးရဲ့ “သူသာလျှင် မြန်မာပြည် ကို အုပ်ချုပ်ရမယ့်လူ အမှန်တကယ် ဖြစ်တယ်”လို့ ခံယူခဲ့တဲ့ လူတစ်ဦးရဲ့ ဆန္ဒကြောင့် မှောက်မှောက်မှားမှား မှားခဲ့တဲ့နိုင်ငံရေးကိစ္စက စခဲ့တာ ယနေ့တိုင်အောင် မဆုံးနိုင်အောင်ပါပဲ။ ဒီဘက်နောက်ပိုင်း နိုင်ငံရေးဖြစ်စဉ်တွေကို ကြည့်လိုက်ပြန်ရင်လည်း “သူသာလျှင် မြန်မာ ပြည်ကို ကယ်တင်နိုင်မယ့်လူ အမှန်တကယ်ဖြစ်တယ်”ဆိုတဲ့ (သူလည်း) ခံယူခဲ့တဲ့ လူကြီး လည်း ပေါ်ပေါက်လာတော့ လူထုတွေက နိုင်ငံရေးဇာတ်ရည်မလည်သေးတာကြောင့် အုတ် ရောရော၊ ကျောက်ရောရောနဲ့ ကိုးကွယ်အားထားရာ ရှာကြတာပေါ့။ ရှင်ကြီးအားကိုးပါတယ် ဆိုမှ ရှင်ကြီးက ကျားကြီးထက်ဆိုးတဲ့ မြန်မာ့နိုင်ငံရေးဇာတ်ခုံဟာ “နောင်လာမယ့် မောင်ပုလဲ ဒိုင်းဝန်မင်းထက်ကဲ” ဆိုတဲ့ စကားများလို မဖြစ်ဖို့ မြန်မာ့နိုင်ငံရေးဇာတ်ခုံကို အကဲခတ်ပြီး တော့ ပြန်ကြည့်ရအောင်ပါ။

 ပြည့်စုံသောအစိုးရ

လူမှုရေးလောကအကြောင်းကို လေ့လာရင် .-
(၁) လူမှုရေးကိစ္စ
(၂) အခွင့်အာဏာကိစ္စ
(၃) အုပ်စိုးသူကိစ္စ မပေါ်ပေါက်မီက လူတွေဟာ အသိဉာဏ်ရည် သန့်ပြန့်ပြီး ရိုးသားဖြူစင်နေမယ်လို့ ထင်တယ်။ ဖော်ပြထားတဲ့ ကိစ္စသုံးပါး စတင်ပေါ်ပေါက်လာ ကတည်းက လူမှုအဖွဲ့အစည်းဟာ ပဋိပက္ခပြဿနာ၊ ဝိရောဓိတွေ ပေါ်လာတော့တာပဲ။ ပညာရှင်ကြီးတွေက “အကြီးအကဲလုပ်တဲ့သူဟာ စံပြပဲ ဖြစ်ရမယ်”လို့ ပြောဆိုထားပါတယ်။ တိုင်းပြည်၊ သို့မဟုတ် နိုင်ငံတစ်ခုဟာ “စားနပ်ရိက္ခာ ဖူလုံရန်” အရေးကြီးတယ်။ ဒီနေရာမှာ အကြီးအကဲလုပ်သူတွေရဲ့ အရည်အချင်းဟာ ပြည့်ဝခိုင်မာဖို့ အလွန်အရေးကြီးတယ်။ များသော အားဖြင့် လူ့အဖွဲ့အစည်းတစ်ခု (အစိုးရတစ်ဖွဲ့)ဟာ တန်ခိုးအာဏာရရုံနဲ့ ပြည့်စုံသော နိုင်ငံရေး ပြည့်စုံသောအစိုးရ (ကောင်းသောအစိုးရ) မဖြစ်နိုင်ပါ။ ပြည့်စုံသော နိုင်ငံရေး၊ ပြည့်စုံသော အစိုးရ ဆိုတာ –

(၁) ပြည်သူ့ဆန္ဒအမှန်ကို အမြဲလေ့လာ၍ ပြည်သူ့ထံမှ ရှိသော၊ ရသော မူကို ကျင့်သုံးခြင်း။

(၂) မိမိကိုယ်မိမိ သုံးသပ်ဆင်ခြင်ပြီး ပြုပြင်ပြောင်းလဲပေးခြင်းကသာ ပြည့်စုံသော နိုင်ငံရေး၊ ပြည့်စုံသောအစိုးရလို့ ခေါ်ဆိုနိုင်လောက်တယ်။

လျှို့ဝှက်ထိမ်ချန်လို့မရ

ခေတ်ကာလအချိန်အခါက နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့် ယှဉ်လာရသော နိုင်ငံရေး (ယှဉ်ပြိုင်မှု)ခေတ်ကြီးမှာ အုပ်စုကြီးများ စုဖွဲ့၍ ထုထည်ကြီးမားတဲ့ နိုင်ငံရေးလှိုင်း ကြီးများ ထလာသောခေတ်ကြီး ဖြစ်တာကြောင့် နိုင်ငံရေးဟာကွက်တွေကို ချက်ချင်း တုံ့ပြန် မှုပေးတဲ့လောကမှာ နည်းပညာမတတ်မြောက်တဲ့နိုင်ငံရေးသမားတစ်ယောက်နောက်ပေါက်ကနေနောက်ကောက်လိုက်ခြင်းသက်သက်နဲ့ပဲ နိုင်ငံရေးဇာတ်ခုံပေါ်မှာ ကျလဲသွားမယ်။

နိုင်ငံရေးမှာ –

(၁) လွတ်လပ်သော ဈေးကွက်စနစ်
(၂) လူ့အခွင့်အရေးစနစ်
(၃) အမျိုးသားနိုင်ငံရေးအခြေပြုသော နိုင်ငံတကာဆက်ဆံရေးစနစ်များ (ပြည့်ပြည့်စုံစုံ ရှိပေမယ့် မိမိလူမျိုးစုဝင်နဲ့ ကိုက်ညီမှုမရှိသော နိုင်ငံရေးစနစ်ဟာ ပြုပြင်လို့ မဆုံးနိုင်တဲ့နိုင်ငံရေး ဖြစ်သွားမယ် ဆိုတာကို သိထားရမယ်။ ) 

ယနေ့နိုင်ငံရေးစနစ်ဟာ “ကွန်ရက်ချိတ်ဆက်စနစ်” (Network)နဲ့ ကျင့်သုံးကြတဲ့ နိုင်ငံရေးဖြစ်ပါတယ်။ သံတမန်ချိတ်ဆက် စနစ်ရိုးရိုးလေးမဟုတ်ဘဲ တစ်နိုင်ငံလုံးရဲ့ လှုပ်ရှား မှ ပုံစံအမျိုးမျိုးကို လျှို့ဝှက်ထိမ်ချန်လို့မရတဲ့ နိုင်ငံရေးခေတ် ဖြစ်ပါတယ်။ (နိုင်ငံရေးစနစ် ဖြစ်ပါတယ်)။ ဒီလို နိုင်ငံရေးစနစ်ပုံစံမျိုး ရောက်လာအောင် ဖန်တီးလာတာကလည်း လူသား တွေပါပဲ။ လိမ်ညာကင်းတဲ့နိုင်ငံရေးလောက ရောက်အောင် လူတစ်ဦးချင်းရဲ့ နိုင်ငံရေးအသိ ပညာအကြောင်းကို လေ့လာနိုင်ရန်အတွက် ချိတ်ဆက်နည်းစနစ်ပါတဲ့ နိုင်ငံရေးကွန်ရက်များ စတင်လာပြီဆိုတာ နိုင်ငံရေးကို လေ့လာသူတိုင်း သိရမယ်။ အရှင်တို့ငယ်ငယ်က နိုင်ငံရေးကို လူတန်းစားများ စီးပွားတိုးတက်ရေးနဲ့ အစိုးရအာဏာရရေးအတွက် သဘောတရား ဆောင် ရွက်ချက်ဟာ “နိုင်ငံရေး”လို့ ဖွင့်ဆိုပြတယ်။

နိုင်ငံရေးလုံခြုံမှ

အရှင်တို့ နေထိုင်တဲ့ကမ္ဘာဟာ လူ့အဖွဲ့အစည်းများစွာ ရှိကြပါတယ်။ သူ့အဖွဲ့အစည်း နဲ့ သူ၊ သူ့အတန်းအစားနဲ့သူ နေထိုင်ကြတာမို့ လူတန်းစား အမျိုးမျိုး အစားစားအတိုင်း ကိုယ်ပိုင်စီးပွားရေးနဲ့ ကိုယ်ပိုင်အကျိုးတရားတိုးတက်အောင် အားထုတ်ပြီး နေထိုင်ကြတယ်။ သူတို့ရဲ့လူနေမှုဘဝကို ငွေကြေးချမ်းသာသူများက လုပ်ချင်သလို လုပ်လို့မရအောင် အုပ်စိုးသူ အစိုးရရဲ့အာဏာကို ပြည်သူတွေကပဲ ချုပ်ကိုင်ထားတယ်။ အဲဒီခေတ်ရဲ့အချိန်အခါဟာ ယခင် ရှေးကာလက အမျိုးမျိုး ဖြစ်ပျက်ခဲ့ပြီးပြီ။ ခုခေတ်ကာလမှာတော့ ပေါင်းစည်းထားတဲ့နိုင်ငံရေး ကွန်ရက်စနစ်ကြောင့် ချိတ်ဆက်မှုနိုင်ငံရေးစနစ်ဟာ လူမှုကမ္ဘာမှာ ရွာတစ်ရွာသာသာလောက် သာ ရှိတော့တယ်။ နိုင်ငံရေးလုံခြုံမှုမှာလည်း ခက်ခဲတဲ့ကိစ္စ မရှိတော့ပါဘူး။ မိမိ ယုံကြည်ရသူ ဖြစ်ရင် နိုင်ငံရေးလုံခြုံမှု ရှိတာပါပဲ။ ခက်ခက်ခဲခဲ လုပ်စရာမလိုတော့ပါဘူး။ ပေါ့ပေါ့ပါးပါး လေးနဲ့ လုံခြုံနိုင်ပါတယ်။

လုံခြုံရေးနဲ့ ပတ်သက်ရင်  –

 (၁) ဘုံလုံခြုံရေး
(၂) ဘက်စုံလုံခြုံရေး
(၃) ပူးပေါင်းလုံခြုံရေး
(၄) စုပေါင်းလုံခြုံရေး
(၅) စုပေါင်းကာကွယ်လုံခြုံရေး

စတဲ့ လုံခြုံမှုကိစ္စတွေ တစ်ကမ္ဘာလုံးက ဆောင်ရွက်နေပြီဖြစ်တဲ့အတွက် လူမှုဘဝ နိုင်ငံရေးအတွက် အနှောင့်အယှက်ဖြစ်စရာ အကြောင်း မရှိပါဘူး။ သဘောတရားအရ နိုင်ငံရေးဆိုတာ ခြိမ်းခြောက်ခြင်း၊ ယှဉ်ပြိုင်ခြင်း၊ ဝေဖန်ခြင်း၊ ချီးမွမ်းခြင်း၊ အားပေးခြင်း၊

ဆန့်ကျင်ခြင်း၊ ပုတ်ခတ်ခြင်း၊ သမာမှု၊ မသမာမှု၊ လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း၊ မျှတခြင်း၊ မမျှတခြင်း စသည့်ပြဿနာများသာ ရှိကြစမြဲပါပဲ။ နိုင်ငံရေးဝါဒရေးရာ သဘောတရား အကြောင်းတွေကို နားမလည်ကြသူတွေက နိုင်ငံရေးအကြောင်းအရာ အသံဗလံများ အမျိုးမျိုး ကြားရရင် စိုးရိမ်ပူပန်မှုတွေထားပြီး အမှားမှားအယွင်းယွင်း ဖြစ်လာမှာကို ကြောက်တယ်။ အကြောက်တရားသက်သက်နဲ့သာ စခဲ့တဲ့ နိုင်ငံရေးနိဒါန်းဟာ အင်အား ဘယ်လိုပဲ များများ ခါးသီးတဲ့နိုင်ငံရေးအရသာ ခံစားရမှာ သေချာတယ်။

ပြည်သူ့အာဏာ

နိုင်ငံရေးလောကမှာ ပြည်သူ့ကိုယ်စားလှယ်များနဲ့ အုပ်ချုပ်ရေးစနစ် မပေါ်ပေါက်မီ ပြည်သူတိုင်း နိုင်ငံတော်ရဲ့အရေးကိစ္စကို ပါဝင်စည်းဝေးဆုံးဖြတ်ခွင့် အာဏာရှိရမယ်။ အဲဒီ နိုင်ငံရေးဟာ ကနဦးအစ လူမှုဘဝနိုင်ငံရေး (ဒီမိုကရေစီ) လို့ခေါ်တယ်။ ခုခေတ် ကျင့်သုံးတဲ့ နိုင်ငံရေးကတော့ ပြည်သူ့ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်တဲ့စနစ်ပါပဲ။ (လူထုရဲ့ အလုပ်အကျွေးပြုတဲ့ နိုင်ငံရေးစနစ်ပါပဲ)။

ဒီနိုင်ငံရေးစနစ်ဟာ –

 (၁) ဥပဒေပြုရေး 
(၂) တရားစီရင်ရေး
(၃) အုပ်ချုပ်ရေးနဲ့
(၄) စာနယ်ဇင်းရေး

ဆိုပြီး ကဏ္ဍကြီးအဖြစ် ၄ မျိုး ထားရှိတယ်။ ဒီ ၄ မျိုးထဲက နံပါတ် ၁၊ ၂၊ ၃ ခုဟာ ပြည်သူလူထုစရိတ်နဲ့ ရပ်တည်နေတဲ့ ကဏ္ဍဖြစ်ပြီး နံပါတ် ၄ ကဏ္ဍမှာတော့ မိမိ စရိတ်နဲ့ ရပ်တည်နေတဲ့ကဏ္ဍ ဖြစ်ပါတယ်။ အဲဒီ နံပါတ် ၄ ကဏ္ဍမှာ ပါဝင်ဆောင်ရွက်တဲ့ သူတိုင်းမှာ အမှန်ဘက်က ရပ်တည်ဆောင်ရွက်ရတဲ့ကဏ္ဍ ဖြစ်တဲ့အတွက် ပြည်သူ့အတွက်ကို နိုင်ငံတော်အာဏာစက်နဲ့ ဆောင်ရွက်ပေးရမယ်။ နိုင်ငံတော်အာဏာဆိုတာ ပြည်သူ့အာဏာပါပဲ။

ကမ္ဘာပေါ်မှာ အရင်းရှင်စနစ်ကြောင့် ကမ္ဘာစစ်ကြီး ဖြစ်ခဲ့ရတာကို သတိထားမိကြ မယ်။ အရင်းရှင်တွေရဲ့ စရိုက်ဉာဉ်ဟာ ခုချိန်ထိ ကုန်ဆုံးသွားပြီလို့ မထင်ပါနဲ့။ သူတို့တွေရဲ့ စက်ရပ်ဝန်းဟာ နံပါတ် ၄ ကဏ္ဍ နိုင်ငံရေးစနစ်နဲ့ လည်ပတ်နေပါတယ်။ အဆိုးကို သံသယ ပွားအောင် ပွားတတ်တဲ့သူတို့ရဲ့ ဆောင်ရွက်ချက်တွေဟာ ကိုယ်ပိုင်ကျောက်သင်ပုန်း(ipad) ထဲမှာ ရေးထားဖို့လည်း မမေ့ပါနဲ့ဦး။ အရှင်တို့ငယ်ငယ်က ကိုယ်ပိုင်စာအဖြစ် သင်ခဲ့တဲ့ ကျောက်သင်ပုန်းထဲမှာ ရေးထားတဲ့ စာပိုဒ်ကလေး ရှိတယ်။

“ညအခါ လသာသာ
ကစားမလား၊ နားမလား”
တဲ့။

သူသာလျှင် မြန်မာပြည်ကို အုပ်ချုပ်ရမယ့်လူ အမှန်တကယ်ဖြစ်တယ်လို့ ခံယူခဲ့တဲ့ လူတစ်ဦးရဲ့ဆန္ဒကြောင့် မှောက်မှောက်မှားမှား မှားခဲ့တဲ့နိုင်ငံရေးကိစ္စက စခဲ့တာ ယနေ့တိုင်အောင် မဆုံးနိုင်အောင်ပါ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၃၄-၁၃၈၊ အဝိဟိံသာနိုင်ငံရေး (၁၁)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ တောမှီရဟန်း နိုင်ငံရေး အဝိဟိံသာနိုင်ငံရေး

အဝိဟိံသာနိုင်ငံရေး (၁၀)

လူသတ်သမားကို အကာအကွယ် အစောင့်အရှောက်ပေးခြင်းဖြင့် တိုင်းပြည်မှာ တိုးတက်ရမယ်ဆိုရင် အဲဒီအလုပ်မျိုး အများကြီး စဉ်းစားရဦးမယ်။

ခေါင်းဆောင်ဆိုတာ
လုပ်စရာဆိုရင် (၁) မိမိကိစ္စ (ကိုယ်ပိုင်ကိစ္စ)၊ (၂) သူတစ်ပါးကိစ္စ (အများကိစ္စ) နှစ်မျိုးရှိတဲ့အထဲက ထောက်ကူစရာဖြစ်တဲ့ တခြားသူတွေရဲ့ကိစ္စကို စေတနာနဲ့ ဆုံးဖြတ်ချက် ချပြီး လုပ်ပေးရမယ်။

ဒီလိုစေတနာရှင်ဖြစ်လာအောင် အချိန်ပေးပြီး မွေးမြူရမယ်။ များသောအားဖြင့် လူတွေမှာ မိမိအကျိုးနဲ့ မိမိကိစ္စသာ အရေးထားပြီး လုပ်ကိုင်ကြတယ်။ အများအလုပ်ကို ချန်ထားချင်ကြတယ်။

ယနေ့လက်ရှိ လူတကာတွေရဲ့ ခေါင်းဆောင်တွေဟာ အလွဲအမှားဘက်ကို အားပြု ချင်ကြတယ်။ ခေါင်းဆောင်ဆိုတာ လိမ္မာရမယ်။ နားလည်မှု ရှိရမယ်။ ကိုယ်ကျင့် ကောင်း ရမယ်။ သတ္တိအား ပြည့်ဝရမယ်။ အချို့သောခေါင်းဆောင်တွေဟာ အခြယ်အလှယ် အားကြီး လွန်းတယ်။ အမှန်တရားကို အခြေမခံတဲ့ နိုင်ငံရေးမူဝါဒတွေ ပြင်းထန်ကြတယ်။ လူတွေ မညီညွတ်မှုဟာ ခေါင်းဆောင်များ မညီညွတ်ကြလို့ပါပဲ။ ခေါင်းဆောင်ဆိုတာ တရားဂုဏ်တွေ နဲ့ နေရတယ်။ တရားဂုဏ် မစောင့်ရှောက်တဲ့ ခေါင်းဆောင် (အကြီးအကဲ၊ ဦးစီးသူ)ဟာ လုပ်ကိုင်တဲ့အလုပ်နဲ့ အလျင်အမြန် စွန့်ခွာသွားကြရတယ်။ ဒီမြင်ကွင်းဟာ ပြည်သူတစ်ယောက် အနေနဲ့ ခံစားရတဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုတာပဲ ဖြစ်ပါတယ်။

ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရား
အရှင်တို့ရဲ့ မြန်မာပြည်ဟာ တရားဂုဏ် လွှမ်းအောင် လုပ်ရမယ်။ တရားစောင့်ထိန်း မှု အခြေအနေပေးရမယ်။ အလုပ်အကျွေး ပြုရမယ်။ တန်ဖိုးထားရမယ်။ စိတ်ဓာတ်စွမ်းရည်၊ တရားစွမ်းရည် ကောင်းရမယ်။ ပတ်ဝန်းကျင်ကောင်းအောင်နေမယ်။ အရှင်တို့ဟာ နောက် လိုက်သူများ မဟုတ်၊ အမှန်မပြောသူ မဟုတ်။ အမှန်မလုပ်သူ မဟုတ်။ အမှန်တရားကို စောင့်ထိန်းသူများ ဖြစ်ကြတယ်။ မိမိတိုင်းပြည် အပေါ်မှာ သွေးသားချင်းမမြင်တဲ့သူ၊ မှန်ကန်မှ လမ်းကြောင်းပေါ် မလျှောက်တဲ့သူ၊ မချေမငံ ဆက်ဆံတတ်တဲ့သူကို ခေါင်းဆောင်မထားပါ။

ကိုယ်ကျင့်ကောင်းတရား ပါတဲ့ဥပဒေ
အရှင်တို့ဟာ အမုန်းမစွက်တဲ့ နိုင်ငံရေးကို မွေးထုတ်ရမယ်။ သတ္တိရှိရှိ မွေးထုတ်ရ မယ်။ အမုန်းမစွက်တဲ့ နိုင်ငံရေးဟာ ငြိမ်းချမ်းတဲ့ နိုင်ငံရေးပဲ။ ဒီနိုင်ငံရေးမူဝါဒဟာ မြန်မာ ပြည်သားတို့ရဲ့ နိုင်ငံရေးလမ်းစဉ်၊ သို့မဟုတ် မူဝါဒ ဖြစ်ရမယ်။ အရှင်တို့ဟာ အမှန်တရားကို လေးစား တန်ဖိုးထားရမယ်။ အမှန်တရားကို လေးစားကြည်ညိုခြင်းဟာ လူသားတွေရဲ့ မွေးရာပါဂုဏ်ရည် ဖြစ်ပါတယ်။ လူသတ္တိ၊ လူသဘာဝဟာ ယုံကြည်ရတဲ့ စွမ်းအားတွေ အပြည့်အဝရှိတာကြောင့် မြန်မာ့လူမှုဘဝ နိုင်ငံရေးကို မွေးရာပါဂုဏ်ရည်ရှိတဲ့သူတွေ မွေး ထုတ်ရမယ်။ အရှင်တို့ဟာ ကောင်းမြတ်တဲ့ ကိုယ်ကျင့်တရားရဲ့ တန်ဖိုးကို နားလည်တယ်။ ကိုယ်ကျင့်ကောင်းတရားထက် ပိုမမျှော်မှန်းပါဘူး။ မိမိဘဝကို ပျော်ရွှင်မှု အာရုံတစ်ခုတည်းနဲ့ အမှားဆက်တဲ့ စည်းမျဉ်းစည်းကမ်းမျိုး မချိုးဖောက်အောင် ကြိုးစားပြီးနေမယ်။ ယုတ်စွအဆုံး တစ်ခါသုံးတဲ့ စည်းမျဉ်းစည်းကမ်းမျိုးတွေကို သတ်မှတ်ပြဋ္ဌာန်းခြင်း မရှိအောင် တိုင်းပြည် အကျိုးကို ကြည့်ပြီး ကိုယ်ကျင့်ကောင်းတရားပါတဲ့ ဥပဒေမျိုး ပြဋ္ဌာန်းရမယ်။

တည်ကြည်မှုစိတ်ဓာတ်
(အရှင်တို့ဟာ အနှစ်ရာထောင်မက သည်းခံခြင်း၊ တည်ကြည်ခြင်း၊ ခွင့်လွှတ်ခြင်း စတဲ့ တရားကောင်းတွေကို မိဘဘိုးဘွားတွေက လက်ခံကျင့်သုံးလာခဲ့ကြတဲ့သူတွေ ဖြစ်ပါ တယ်။ မိဘဘိုးဘွားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တရားတွေဟာ အရှင်တို့မှာ ရလာခဲ့တယ်။ အရှင်တို့ ရတဲ့အရာဟာ သာမန်မျက်လုံးနဲ့ ဆုံးဖြတ်လို့မရပါ။ ကိုင်တွယ်ထိတွေ့လို့ရတဲ့အရာ မဟုတ်ပါ။ အဲဒီ အသိစိတ်ဟာ အရှင်တို့ နှလုံးအိမ်မှာ ခိုင်ခိုင်မြဲမြဲ ရှိနေတယ်။ အရှင်တို့ရဲ့ တည်ကြည်မှုစိတ်ဓာတ်ဟာ တစ်ခုတည်းသော လူမှုဘဝလမ်းစဉ်ဖြစ်တာကြောင့် မည်သူမျှ ဖျက်ဆီးလို့ မရနိုင်ကြပါ။ အရှင်တို့ဘဝကို ခေတ်ကာလတစ်ခုဆီက ခွဲခြားဆက်ဆံ ပြုမူခဲ့တဲ့ သူတွေ ရှိခဲ့ဖူးတယ်။ သည်းခံကျေနပ်မှုတရားနဲ့ ခင်မင်မှုမပျက် ဆက်ဆံခဲ့တယ်။ သူတို့ရဲ့ အနိုင်ပိုင်းတဲ့ နိုင်ငံရေးကို သိက္ခာမဲ့အောင် မပြုမူဘဲ ချွတ်ယွင်းချက်မရှိ ပြည်သူတစ်ယောက် အနေနဲ့ တာဝန်ကျေခဲ့တယ်။

အရှင်တို့ရဲ့ လူမှုအဖွဲ့အစည်းဟာ စည်းကမ်း၊ စည်းမျဉ်း ဥပဒေကို လိုက်နာကြရမယ့် သူတွေပါ။ စနစ်မကြိုက်၊ စည်းကမ်းဥပဒေ မကြိုက်လို့ အင်အားသုံးပြီး မဆန့်ကျင်ပါ။ ယုတ်စွအဆုံး မိဘဘိုးဘွားတွေရဲ့ ကျင့်သုံးလာခဲ့တဲ့စနစ်ဟာ ချွတ်ယွင်းနေပါစေ။ စနစ်အောက် မှာရှိတဲ့ ငါတို့ဟာ ရိုးသားဖြောင့်မတ်သူ ဖြစ်အောင် လုပ်ရမယ်။ အာဏာကို မကြောက် အောင် လုပ်ရမယ်။ မတရားတဲ့ အမိန့်အာဏာကို တာဝန်အရ ဖီဆန်ရမယ်။ (Civil Diso- bedience)။ အရှင်တို့ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ဟာ ရာထူးမဟုတ်၊ အာဏာရတဲ့လမ်းကြောင်း မဟုတ်၊ မှန်ကန်မှု၊ မျှတမှု (Justice) ဖြစ်တယ်။ အရှင်တို့ကို အခြေမဲ့၊ အနေမဲ့အောင်သာ လုပ်လို့ရမယ်။ အရှင်တို့ရဲ့ စိတ်ဓာတ်ကို ဘယ်တော့မှ ဖျက်ဆီးပစ်လို့ မရပါ။

စက်မှုအန္တရာယ်

မြန်မာပြည်သူတွေဟာ တစ်သွေး တစ်သားတည်းသူတွေပါ။ ခွဲထုတ်ပစ်လို့ မရတဲ့ သူတွေပါ။ နောက်ဆုတ်တဲ့သူ မဟုတ်သလို နောက်လိုက်သူတွေလည်း မဟုတ်ပါ။ မိမိတို့ရဲ့ အကျိုးမဲ့မှုကို မည်သို့ပဲပြုပြု (လုပ်လုပ်) အမြဲတမ်း လျစ်လျူရှုမထားဘဲ နေမယ်။ သတိတရား နဲ့ ကာကွယ်နိုင်တဲ့ အရာအားလုံးကို အမြဲတမ်း ကာကွယ်မယ်၊ စောင့်သိမယ်၊ လေ့လာမယ်၊ ဆည်းပူးမယ်။ အရှင်တို့ဟာ ကျော်တက်သူကို တွေ့တိုင်းလည်း မနာလိုစိတ် မရှိပါ။ နောက် ကျန်နေသူနဲ့လည်း လက်တွဲဖို့ ဝန်မလေးပါ။ အရှင်တို့ရဲ့ စိတ်ဓာတ်ဟာ အမြဲတမ်း ဖျတ်လတ် ပါတယ်။ အများအကျိုး ကူညီဖို့ အချိန်မဖြုန်းပစ်တတ်ပါဘူး။ အစစ်နဲ့ အတု နှစ်မျိုးကို နားလည်စွာ ခွဲခြားတတ်ပါတယ်။

ယခုအရှင်တို့ရဲ့ တိုင်းပြည်ဟာ စက်မှုတွေကို အားကိုးပြီး ကုန်ထုတ်လုပ်ငန်းတွေ ထုတ်လုပ်ကြတယ်။ စက်မှုထုတ်လုပ်တဲ့ ပစ္စည်းတွေဟာ အရှင်တို့လက်နဲ့ ထုတ်လုပ်လို့ ရပါတယ်။ စက်မှုပစ္စည်းသာ ပျောက်သွားစေရမယ်။ လက်မှုပစ္စည်းတွေ မြန်မာပြည်မှာ မပျောက်စေရပါ။ မိဘဘိုးဘွားတွေ တည်ဆောက်လာခဲ့ကြတဲ့ မြန်မာ့ယဉ်ကျေးမှု အမွေပစ္စည်း အားလုံးဟာ လက်မှုပစ္စည်းသက်သက်ပါ။ စက်မှုပစ္စည်း အထောက်အပံ့ကြောင့် ကမ္ဘာ့လူသား များ ယနေ့ ဒုက္ခပေါင်းများစွာ တွေ့လာခဲ့ကြပြီဆိုတာ သတင်းပေးစရာ မလိုပါ။ ကြည်ပြာ လင်းလဲ့တဲ့ အေးမြသန့်စင်တဲ့ ကောင်းကင်ပြင်ကြီးပေါ်မှာ အမှိုက်သရိုက် ဖြစ်အောင် လုပ်တဲ့ စက်မှုအတတ်ပညာဟာ လူကို အန္တရာယ် မများစေဘူးလား ဆိုတာ စဉ်းစားသင့်ပါတယ်။ အထူးအဆန်းနောက်ကို လိုက်ပြီး လူသားတွေ အန္တရာယ်ပေးလာနိုင်တဲ့ စက်မှုအန္တရာယ်ကြီး ကို အရှင်တို့ တိုင်းပြည်မှာ ခုချိန်မှာ မကြုံရသေးပါ။ နောင်တစ်ချိန်မှာ ကြုံရမှာ သေချာတယ်။

စက်မှုအန္တရာယ်ကို ကြုံရတဲ့သူတွေရဲ့နောက်ကို အမီလိုက်ဖို့မလိုဘဲ စက်မှုမပါတဲ့ လှပအောင် ရေးခြယ်နိုင်တဲ့ လက်မှု(ပန်းချီ စသည်) ဘဝကို (လက်မှုအတတ်ပညာကို) ကြိုးစားအားထုတ် ရမယ်။

ပုဂံပြည် လယ်ကွက်ထဲက အိုးခြမ်းကွဲ

အရှင်တို့ရဲ့မိဘ ဘိုးဘွားတွေဟာ မနေ့တစ်နေ့က လူသားတွေ မဟုတ်ကြပါ။ ကမ္ဘာ့လူသားအများစုကပါ။ မိဘဘိုးဘွားတွေရဲ့ အတတ်ပညာနဲ့ အရှင်တို့မှာ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်ကြမယ်ဆိုရင် အရှင်တို့ရဲ့ဘေးမှာ ငွေဟာ မရောက်လာနိုင်စရာ အကြောင်း မရှိပါ။ အတတ်ပညာဆိုတာ ရိုးရာက ပါလာပြီးသားပါ။ လွတ်လွတ်လပ်လပ်သာ လုပ်ဖို့ပါ။ လွတ်လပ်တဲ့အတတ်ပညာကို တတ်လာကြပြီ ဆိုရင် အသိပညာလည်း မြင့်လာကြရစမြဲပါပဲ။ အသိပညာ မြင့်လာပြီးမှ ကိုယ့်ပိုင်နက် ကိုယ့်တိုင်းပြည်ကို မကာကွယ်၊ မစောင့်ရှောက်နိုင်ဘဲ ဖြစ်နေရင် ပုဂံပြည်လယ်ကွက်ထဲက အိုးခြမ်းကွဲလောက် တန်းဖိုးမရှိတဲ့သူ ဖြစ်လေမှာပဲ။
မြန်မာပြည်မှာ နေထိုင်ကြတဲ့ မြန်မာတွေအားလုံးကို ဒီမေးခွန်းကို မေးချင်ပါတယ်။
မြန်မာပြည်ကို မချစ်တဲ့သူ ရှိပါသလား။
မြန်မာပြည်ကို မချစ်ရလောက်အောင် ငါတို့တွေ ဘာတွေများ ဖြစ်နေကြသလဲ။

အရှင်တို့ဟာ အမုန်းမစွတ်တဲ့နိုင်ငံရေးကို မွေးထုတ်ရမယ်။

သတ္တိရှိရှိ မွေးထုတ်ရမယ်။

အမုန်းမစွက်တဲ့နိုင်ငံရေးဟာ ငြိမ်းချမ်းတဲ့နိုင်ငံရေးပဲ။

ကိုးကား။ တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၃၀-၁၃၃၊ အဝိဟိံသာနိုင်ငံရေး (၁၀)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Exit mobile version