Categories
တောင်ကလေးဆရာတော် နံနက်ခင်းသြဝါဒကထာ ဘာသာရေး

။ နံနက်ခင်းဩဝါဒကထာ( စကား) ။

။ နံနက်ခင်းဩဝါဒကထာ( စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~
။ အိပ်ရာထ နှလုံးလှပါစေ။
။ အိပ်ရာဝင် နှလုံးစင်ပါစေ။
။ အလုပ်ခွင် နှလုံးရွှင်ပါစေ။
။ ပညာသင် စိတ်ဓာတ်ကြည်ပါစေ။
။ ဆက်ဆံရေး စိတ်ထားအေးပါစေ။
။ ဒါနရေး ကြည်ဖြူဖွေးမြတ်စေ။
။ ပေါင်းသင်းရေး စိတ်ထားနွေးစေလေ။
။ မိဘကို မြဲစွာရိုသေလေ။
။ ဆရာကို အမြဲချည်းကပ်နေ။
။ ကိုယ်ကျင့်ရေး ဖောက်ပြန်မရှိနေ။
။ အိမ်တွင်းမှု သိမ်းထုပ်သေချာစေ။
။ ဘာဝနာ အမြဲပွားနေစေ။
။ ကြည်မြမြ လှပနေထိုင်စေ။

တောင်ကလေးဆရာတော်
(၈.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)


ယနေ့ (၉.၈.၂၀၂၆) ရက်၊ သာယာလှပသော နံနက်ခင်းအချိန်တွင် နန်းခူးခူးလေးနှင့် ဆရာကြီး ဦးအောင်ဖေတို့သည် အိမ်၏ ကျက်သရေဆောင် စာဖတ်ခန်းအတွင်း၌ ထိုင်ကာ ကျေးဇူးရှင် တောင်ကလေးဆရာတော်​၏ (၈.၈.၂၀၂၂) ရက်စွဲပါ “ နံနက်ခင်းဩဝါဒကထာ” ကို စိစစ်ဝေဖန်ဆန်းစစ်၍ တစ်ပုဒ်ချင်း သေချာစွာ မေးမြန်းဆွေးနွေးကြသည့် အမေးအဖြေများ ဖြစ်ပါတယ်။

ဓမ္မပီတိဝေဖြာ နံနက်ခင်း စာဖတ်ခန်း ဆွေးနွေးပွဲ

မြင်ကွင်း
နံနက်ခင်း နေရောင်ခြည်နွေးနွေးလေး ကျရောက်နေသော အိမ်၏ ကျက်သရေဆောင် စာဖတ်ခန်းအတွင်း၌ ဆရာကြီး ဦးအောင်ဖေနှင့် နန်းခူးခူးလေးတို့သည် စာပွဲပေါ်တွင် တင်ထားသော တောင်ကလေးဆရာတော်၏ နံနက်ခင်းဩဝါဒကထာ စကားများကို စိတ်ရှည်လက်ရှည် တစ်ပုဒ်ချင်း မေးမြန်းဆွေးနွေးနေကြသည်။

ဩဝါဒကထာ တစ်ပုဒ်ချင်း အမေးအဖြေ
ခူးခူးလေး ။ ။ ” မင်္ဂလာပါ ဆရာကြီးရှင်။ ဒီနေ့ နံနက်ခင်းမှာ သမီးတို့ စာဖတ်ခန်းလေးထဲ ထိုင်ရင်း ကျေးဇူးရှင် တောင်ကလေးဆရာတော်ဘုရားကြီး၏ (၈.၈.၂၀၂၂) ရက်စွဲပါ “ နံနက်ခင်းဩဝါဒကထာ” လင်္ကာလေးကို တစ်ပုဒ်ချင်း မေးမြန်းဆွေးနွေးပါရစေရှင်။”

ဆရာကြီး ။ ။ ” မင်္ဂလာပါ သမီးခူးခူးလေး။ သိပ်ကောင်းတာပေါ့။ ဆရာတော်ရဲ့ ဒီဩဝါဒကထာဟာ နေ့စဉ်ဘဝမှာ လက်တွေ့ကျင့်သုံးဖို့ အလွန်တန်ဖိုးရှိတဲ့ လမ်းညွှန်ချက်တွေပဲ ဖြစ်ပါတယ်။ သမီး မေးချင်တာလေးတွေကို တစ်ခုချင်း မေးပါ။”

ခူးခူးလေး ။ ။ ” ပထမဆုံးအချက် “အိပ်ရာထ နှလုံးလှပါစေ။” ဆိုတာကို ရှင်းပြပေးပါဦး ဆရာကြီး။

ဆရာကြီး ။ ။ ” နံနက်မိုးလင်း အိပ်ရာကနိုးလာတာနဲ့ စိတ်ထဲမှာ ဒေါသ၊ မကျေနပ်မှုတွေ မပါဘဲ ကြည်လင်သန့်ရှင်းတဲ့ မေတ္တာစိတ်၊ သီလစိတ်လေးနဲ့ နှလုံးသားကို လှပစွာ စတင်နိုးထရမယ်လို့ ဆိုလိုတာပါ သမီး။”

ခူးခူးလေး ။ ။ ” ဒုတိယအချက် “အိပ်ရာဝင် နှလုံးစင်ပါစေ။” ဆိုတာကော ဆရာကြီး။”

ဆရာကြီး ။ ။ ” တစ်နေ့တာပတ်လုံး ကြုံတွေ့ခဲ့ရတဲ့ အငြိုးအတေးတွေ၊ အလိုမကျတာတွေကို အိပ်ရာမဝင်မီ ခွင့်လွှတ် အမျှဝေပြီး စိတ်အာဃာတတွေကို ဆေးကြောလို့ စိတ်နှလုံး ဖြူစင်စွာ အိပ်စက်ရမယ်လို့ မိန့်ကြားတာ ဖြစ်တယ်။”

ခူးခူးလေး ။ ။ ” တတိယအချက် “အလုပ်ခွင် နှလုံးရွှင်ပါစေ။” ဆိုတာကောရှင့်။”

ဆရာကြီး ။ ။ ” မိမိလုပ်ဆောင်နေရတဲ့ စီးပွားရေး၊ တာဝန်ထမ်းဆောင်ရေး အလုပ်ခွင်မှာ ညည်းတွဲမနေဘဲ စိတ်ပါဝင်စားစွာ၊ ရွှင်လန်းတက်ကြွစွာနဲ့ တာဝန်ကျေပွန်အောင် လုပ်ဆောင်ဖို့ ဆိုလိုတာပေါ့။”

ခူးခူးလေး ။ ။ ” စတုတ္ထအချက် “ပညာသင် စိတ်ဓာတ်ကြည်ပါစေ။” တဲ့။”

ဆရာကြီး ။ ။ ” စာပေ ပညာရပ်တွေကို သင်ယူလေ့လာတဲ့အခါမှာ စိတ်မပါတာမျိုး၊ ပျင်းရိတာမျိုး မဖြစ်ဘဲ စိတ်ဓာတ် ကြည်လင်တက်ကြွစွာနဲ့ အာရုံစူးစိုက် သင်ယူရမယ်လို့ ပြသတာပါ။”

ခူးခူးလေး ။ ။ ” ပဉ္စမအချက် “ဆက်ဆံရေး စိတ်ထားအေးပါစေ။” ဆိုတာကော ဆရာကြီး။”

ဆရာကြီး ။ ။ ” သူတစ်ပါးနဲ့ ပေါင်းသင်းဆက်ဆံပြောဆိုတဲ့အခါ ဒေါသနဲ့ မာနတွေ မပါဘဲ အေးချမ်းတဲ့ စိတ်ဓာတ်၊ နူးညံ့တဲ့ စကားလုံးတွေနဲ့ ဆက်ဆံရမယ်လို့ ဆိုလိုတာ ဖြစ်ပါတယ် သမီး။”

ခူးခူးလေး ။ ။ ” ဆဋ္ဌမအချက် “ဒါနရေး ကြည်ဖြူဖွေးမြတ်စေ။” ဆိုတာကောရှင့်။”

ဆရာကြီး ။ ။ ” ပေးကမ်းလှူဒါန်းတဲ့အခါမှာ မြှောက်ပင့်လိုစိတ် သို့မဟုတ် နှမြောတွန့်တိုစိတ် မရှိဘဲ စေတနာသုံးတန် စိစစ်လို့ ကြည်ဖြူသန့်ရှင်းစွာ၊ သန့်သန့်ရှင်းရှင်း လှူဒါန်းရမယ်လို့ ဆိုလိုတာပါသမီး။”

ခူးခူးလေး ။ ။ ” သတ္တမအချက် “ပေါင်းသင်းရေး စိတ်ထားနွေးစေလေ။” ဆိုတာကော ဆရာကြီး။”

ဆရာကြီး ။ ။ ” မိတ်ဆွေအပေါင်းအသင်း၊ ပတ်ဝန်းကျင်နဲ့ ပေါင်းသင်းတဲ့အခါ စိမ်းကားမတ်တတ် မဟုတ်ဘဲ နွေးထွေးတဲ့ မေတ္တာ၊ ကရုဏာစိတ်ထားနဲ့ ဖေးမပေါင်းသင်းရမယ်လို့ မိန့်တော်မူတာ။”

ခူးခူးလေး ။ ။ ” အဋ္ဌမနဲ့ နဝမအချက် “မိဘကို မြဲစွာရိုသေလေ။ ဆရာကို အမြဲချည်းကပ်နေ။” ဆိုတာကိုလည်း ရှင်းပြပေးပါဦး။”

ဆရာကြီး ။ ။ ” မိမိအပေါ် ကျေးဇူးကြီးမားလှတဲ့ မိဘနှစ်ပါးကို ရိုသေကျိုးနွံစွာ ပြုစုလုပ်ကျွေးရမယ်၊ အမှားအမှန်ကို ညွှန်ပြတတ်တဲ့ ဆရာသမားတွေထံမှာ အမြဲ ဆည်းကပ်မေးမြန်း၍ ပညာယူရမယ်လို့ သွန်သင်တာပါ သမီး။”

ခူးခူးလေး ။ ။ ” ဒသမအချက် “ကိုယ်ကျင့်ရေး ဖောက်ပြန်မရှိနေ။” ဆိုတာကော ဆရာကြီးရှင်။”

ဆရာကြီး ။ ။ ” ငါးပါးသီလစတဲ့ ကိုယ်ကျင့်တရားတွေကို မပျက်စီးအောင်၊ မဖောက်ပြန်အောင် သတိနဲ့ စောင့်ထိန်းနေထိုင်ရမယ်လို့ ဆိုလိုတာ ဖြစ်တယ်။”

ခူးခူးလေး ။ ။ ” ဧကာဒသမအချက် “အိမ်တွင်းမှု သိမ်းထုပ်သေချာစေ။” တဲ့။”

ဆရာကြီး ။ ။ ” မိသားစု၊ အိမ်ထောင်စု အလုပ်အကိုင်နဲ့ စီးပွားရေး ပစ္စည်းဥစ္စာတွေကို စနစ်တကျ သေချာသိမ်းဆည်း ထိန်းသိမ်းရမယ်၊ အိမ်တွင်းကိစ္စတွေကို စနစ်တကျ စီမံခန့်ခွဲရမယ်လို့ သတိပေးတာပါ။”

ခူးခူးလေး ။ ။ ” နောက်ဆုံးအချက်နှစ်ခုဖြစ်တဲ့ “ဘာဝနာ အမြဲပွားနေစေ။ ကြည်မြမြ လှပနေထိုင်စေ။” ဆိုတာကိုလည်း ရှင်းပြပေးပါဦး။”

ဆရာကြီး ။ ။ ” ဒါကတော့ အနှစ်ချုပ်ပါပဲ။ နေ့စဉ်ဘဝမှာ သတိ၊ သမာဓိ၊ ပညာဖြစ်စေမယ့် ဘာဝနာတရား (သမထ၊ ဝိပဿနာ) ကို လက်မလွှတ်ဘဲ ပွားများနေရမယ်။ အဲဒီလို ကျင့်ကြံရင် ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံး ကြည်လင်သန့်ရှင်းပြီး လှပတဲ့ ဘဝနဲ့ နေထိုင်သွားနိုင်မယ်လို့ တောင်ကလေးဆရာတော်က ဩဝါဒပေးထားတာ ဖြစ်ပါတယ်သမီးရေ။”

အနှစ်ချုပ် သံဝေဂနှလုံးသွင်းခြင်း
ခူးခူးလေး ။ ။ ” သမီး သေသေချာချာ သဘောပေါက်ပါပြီ ဆရာကြီးရှင်။ ဒီနေ့ (၈.၈.၂၀၂၂) ရက်နေ့ထုတ် တောင်ကလေးဆရာတော်ကြီးရဲ့ နံနက်ခင်းဩဝါဒကထာဟာ နေ့စဉ်ဘဝမှာ အိပ်ရာထကစလို့ အိပ်ရာဝင်အထိ လိုက်နာကျင့်ကြံရမယ့် လမ်းညွှန်ချက် အပြည့်အဝပါပဲနော်။@

ဆရာကြီး ။ ။ ” မှန်လှတယ် သမီးခူးခူးလေး… ဆရာတော်ဘုရားရဲ့ မိန့်ကြားတော်မူခဲ့တဲ့ ဩဝါဒတရားတော်အတိုင်း နေ့စဉ်ဘဝမှာ စိတ်ထားလှလှနဲ့ လိုက်နာကျင့်ကြံနိုင်ကြပါစေကွယ်။”

အောဆွန်းလားဆိုက်( ကျန်းမာပါစေ။)

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် နံနက်ခင်းသြဝါဒကထာ ဘာသာရေး

။ မေတ္တာပို့သပါသည် ။

။ မေတ္တာပို့သပါသည် ။
~~~~~~~~~~~~~~~~~
။ နံနက်ချိန်ခါ၊မင်္ဂလာ၊လိုရာဖြာဖြာပြည့်ပါစေ။
။ ကိုယ်လည်းကျန်းမာ၊စိတ်ချမ်းသာ၊ဘယာမျိုးမျိုးကင်းပါစေ။
။ မနှစ်သက်အပ်၊အနိဋ္ဌ၊မုချဝေးဝေးကင်းပါစေ။
။ နှစ်သက်မြတ်နိုး၊အမျိုးမျိုး၊ကောင်းကျိုးဆက်ဆက်ရောက်ပါစေ။
။ တရားဘာဝနာ၊အဖြာဖြာ၊ဉာဏ်မှာအမြဲသိပါစေ။
။ တရားသိထူး၊ထူးကဲထူး၊ကူးခပ်နိဗ္ဗာန်ရောက်ပါစေ။

တောင်ကလေးဆရာတော်
(၃.၂.၂၀၂၅) ရက်နေ့။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် တောမှီရဟန်း နံနက်ခင်းသြဝါဒကထာ ဘာသာရေး

ဆရာတော်၏ ဝိဇာတမွေးနေ့အလှူ ဩဝါဒ

ဆရာတော်၏ ဝိဇာတမွေးနေ့အလှူ ဩဝါဒ
ကျေးဇူးတော်ရှင် တောင်ကလေးဆရာတော်
ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း)၏ သက်တော် (၆၄) နှစ်မြောက်
ဝိဇာတမွေးနေ့မင်္ဂလာတော်မြတ် နံနက်ခင်းဩဝါဒ….
14.7.2024 တနင်္ဂနွေနေ့။

https://fb.watch/to5FIpGS97/

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ လောကဓံကြုံ မဖြုံတမ်းပေါ့ ။

ကြောင့်ကြမှု

။ကိုယ့်အတွက်ကိုယ်ကြောင့်ကြနေရတဲ့အထဲ သူ့အတွက်ကြောင့်ရတဲ့စိတ်က ဥပါဒါန်တစ်မျိုးပါပဲ။ အဲဒီဥပါန်ဒါန်က ကာမဥပါဒါန်မဟုတ်ပေမယ့် အတ္တဝါဒဥပါဒါန်တစ်မျိုးတစ်မည်များလား ? ဖြစ်နေမည်လားပါပဲ။

ဝဋ်ခင်းဝဋ်နွယ်

။ ဘဝင်စိတ်ဆိုတာ အနှောင်အဖွဲ့တွေများရင် နောင်ဇာတိစိတ်တစ်ခုခုက ဝိပါကအကျိုးစိတ်အခိုက်အတန့်ဖြစ်ရင် ဝိပါက်ဝိပါက်ချင်းစိတ်အကျိုးတွေ ရကြလေမှာပါပဲ။ လူ့စိတ်က အလိုလိုက်ဖန်များရင် ဝဋ်ခင်းဝဋ်နွယ်တွေဖြစ်သွားတာပါပဲ။

ပျော်မိနေကြ

။ အရှင်တို့တွေဟာ အသက်မသေကြသေးဘဲနဲ့ ဝဋ်ဒုက္ခတွေ အမျိုးမျိုးခံနေရတာပါ။ သဘောကျစရာ,သဘောမကျစရာတွေနဲ့ ပင်ပန်းနေကြတာပါ။ ဒီအကြောင်းတရားတွေကို အသေအချာသတိမထားမိကြဘဲ ပျော်နေကြတာပါ။

စိတ်ဓာတ်တွေကျ

။ တခါတခါတလေ မိမိကိုယ်မိမိအားမရဘဲ အမှားချင်းတွေလည်း ထပ်ပြီးထပ်နေတော့ အဲဒီအမှားတွေကိုတွေးမြော်နေရင်းနဲ့ပဲ စိတ်ဓာတ်တွေကျမိကြပါလေရဲ့။

ငြိမ်

။ လူဟာ စိတ်ဓာတ်ကျစရာနဲ့ကြုံရင် မဲ့ပြုံးလေးတောင်မပြုံးနိုင်ပါ။ ပျော်ပျော်ကြီးနေရမယ်ဆိုတဲ့အသိစိတ်ကလေးရှိနေပေမယ့် မနေနိုင်ဘဲ အားအင်ဆုတ်ယုတ်ပြီး ဘာဆိုဘာမှမလုပ်ကိုင်နိုင်ဘဲ ငြိမ်နေတော့တာပါပဲ။

လက်လွတ်ဖို့

။ အတွေးတွေလည်း မမြင်၊ အသွင်တွေလည်း မထင်လေတော့ ကိုယ်ကျင့်တရားတွေလည်း ထိန်းသိမ်းစောင့်ရှောက်ဖို့ အားနည်းမိကြပါလေရဲ့။ ဒီလိုအဖြစ်မျိုးနဲ့အကြိမ်ကြိမ်ဖြစ်နေခဲ့ရင် လူဟာ တွေဝေမိန်းမောမှုတွေဖြစ်ပြီး အရာခပ်သိမ်းကို လက်လွတ်ဖို့ကိုပဲ စဉ်းစားမိတော့တာပါပဲ။

မဖြုံစတမ်း

။ တကယ်တော့ လူဟာ လူသားစင်စစ်အမှန်လိုပဲတွေးပြီးနေထိုင်ရင် စိတ်ဓာတ်ကျစရာတွေ အမျိုးမျိုးပဲဆုံဆုံ လောကဓံကိုမဖြုံစတမ်းစိတ်နဲ့နေရမှာပါ။

သဘာဝမို့

။ ” ဆင်းရဲချမ်းသာ၊ သဘာဝမို့
တွေ့ကြုံနေကြ၊ လူတိုင်းပေ။
ကောင်း, ဆိုးနှစ်တန်၊အစုံတွဲလို့
တစ်လှည့်စီလဲ၊ အမြဲနေ။
လောကဓံကြုံ၊ မဖြုံတမ်းပေါ့
မတုန်စမ်းနဲ့၊စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း
အေးငြိမ်းချမ်းသာပေ” ဆိုတဲ့ လောကသဘာဝက အသိပေးနေတာပါ။
ဒါကြောင့် ” လောကဓံကြုံ မဖြုံတမ်းပေါ့” လို့ပဲ နှလုံးသွင်းဆင်ခြင်ရမှာဖြစ်ပါတယ်။

တောင်ကလေးဆရာတော်
(၂၆.၄.၂၀၂၃) ရက်နေ့နံနက်။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းသြဝါဒကထာ (စကား) ။

။ နေ့တိုင်း မိမိရဲ့အတွင်းစိတ်ကို ပြုပြင်ဖြစ်ရဲ့လား။
။ လိုချင်မှုစိတ်တွေ လျော့ပါးကြရဲ့လား။
။ ဖြစ်ချင်မှုစိတ်တွေ ပိုတိုးပွားနေကြပါသေးလား။
။ သင့်မှာ ဘာအတွက်နဲ့ စိုးရိမ်စိတ်တွေ ဖြစ်နေပါသေးလဲ။
။ နေ့တိုင်းကို စိတ်ချမ်းသာမှု အပြည့်အဝရပါရဲ့လား။
။ သင့်အတွက် အခက်အခဲက ဘာတွေပါလဲ။
။ နေ့စဉ်ဆင်ခြင်အပ်တဲ့တရားက မိမိရရသိနေပြီလား။
။ အလိုမကျတဲ့စိတ်အတွေးလေးတွေ တွေးမိတတ်ပါသေးလား။
။ ယှဉ်ပြိုင်ရမှကျေနပ်တဲ့စိတ်တွေ ဖြစ်နေသေးသလား။
။ တစ်နေ့တာအတွက် ဆင်ခြင်စရာတရားကို ပွားများသိမြင်ပါစေ။

တောင်ကလေးဆရာတော်
(၁၇.၁၁.၂၀၂၂) ရက်နေ့။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းချိန် သြဝါဒကထာ (စကား) ။

။ မလိုအပ်ဘဲ မတွေးတောနှင့်။
။ အကျိုးမရှိဘဲ မခံယူပါနှင့်။
။ မသိဘဲ မကျင့်ပါနှင့်။
။ မခင်မင်ဘဲ မမြတ်နိုးပါနှင့်။
။ မတတ်နိုင်ဘဲ ကတိမပေးပါနှင့်။
။ လိုအပ်မှ တွေးပါစေ။
။ အကျိုးရှိမှ သင်ယူပါစေ။
။ သိမြင်မှ ကျင့်ပါစေ။
။ ခင်မင်မှ မြတ်နိုးပါစေ။
။ တတ်နိုင်မှ ကတိပေးပါ။
။ သတိတရားကို အထင်နဲ့ မဆုံးဖြတ်ပါနှင့်။

တောင်ကလေးဆရာတော်
( ၅.၁၁.၂၀၂၂) ရက်နေ့နံနက်။ 

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ သီတင်းကျွတ်လပြည့်နေ့ နံနက်ခင်းဩဝါဒအတွက် ။

၁) ဒုက္ခ တွေ့ရှိမှုအကြိမ် (၃၂၄၄)
၂) ဒုက္ခသစ္စာ တွေ့ရှိမှုအကြိမ် (၄၉၄)
၃) သမုဒယ တွေ့ရှိမှုအကြိမ် (၅၉၄)
၄) သမုဒယသစ္စာ တွေ့ရှိမှုအကြိမ် (၃၄၂)
၅) နိရောဓ တွေ့ရှိမှုအကြိမ် (၈၅၉)
၆) နိရောဓသစ္စာ တွေ့ရှိမှုအကြိမ် (၂၈၄)
၇) မဂ္ဂ တွေ့ရှိမှုအကြိမ် (၁၂၅၄)
၈) မဂ္ဂသစ္စာ တွေ့ရှိမှုအကြိမ် (၃၂၃)
၉) အဝိဇ္ဇာ တွေ့ရှိမှုအကြိမ် (၁၆၄၁)
၁၀) တဏှာ တွေ့ရှိမှုအကြိမ် ( ၃၃၄၄)
၁၁) ငရဲ တွေ့ရှိမှုအကြိမ် (၁၅၀၆)
၁၂) နိဗ္ဗာန် တွေ့ရှိမှုအကြိမ် (၆၇၀၇) တို့ကို ” ဥပသမာနုဿတိ” နံနက်ခင်းဩဝါဒကထာ၌ နာယူကြဖို့ဖြစ်ပါတယ်။

။ တရားပြည့်ဝ၊နှလုံးလှ၊ ကျွတ်တမ်းဝင်စေသော်။

တောင်ကလေးဆရာတော်
(၈.၁၀.၂၀၂၂) ရက်နေ့ညနေခင်း။

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ကိုယ့်ကိုယ်ကို အားမရ။
။ အချိန်ကျန် နည်းလာ။
။ လုပ်ဖို့လည်း ခွန်အားနည်း။
။ လုပ်နိုင်အောင်ကြိုးစားလည်း မနိုင်။
။ ခန္ဓာက ဖောက်ပြန်။
။ မနာလိုစိတ်က များပြား။
။ အရာရာတိုင်းကို သဘောမကျ။
။ သဘောမျှ ဒုက္ခပေး။
။ လောဘဇော အမျိုးမျိုးစေ။
။ အဆင်းနွမ်း ရူပကာယ။
။ ရူပကာ ဗလာအဆင်း။
။ ဖြစ်ဟန်က ဖြစ်လိုရာဖြစ်။
။ နေဝင်မိုးချုပ်နေလည်း အလုပ်ရှုပ်နေဆဲ။

တောင်ကလေးဆရာတော်
(၂၃.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ဘာလုပ်လုပ် မတွေဝေပါနှင့်။
။ ဆုံးဖြတ်တိုင်း တိကျပါစေ။
။ အရာရာ သိတတ်ပါစေ။
။ ကိုယ်ဘက်ကယ် မလုပ်နှင့်။
။ သူ့ဘက်တွယ် မယုတ်နှင့်။
။ အယုတ်တရားကို ရှောင်ပါစေ။
။ မဟုတ်မတရားတာကို တာဝန်မဲ့မနေနှင့်။
။ အဖက်ဖက်မှ မပျက်စီးစေနှင့်။
။ အသက်ဘေးကို ကယ်ပါစေ။
။ ကိုယ့်အသက်ကို ချစ်ပါလေ။
။ သူ့အသက်ကို ချစ်ပါလေ။

တောင်ကလေးဆရာတော်
(၁၅.၈.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ စည်းစိမ်မာနကဲလည်း မမြဲနိုင်ပါဘူး။
။ ဘဝမာနသဲလည်း မြဲစွာမရှိဘူး။
။ အတ္တလွန်လွန်ကဲလည်း မမြင့်နိုင်ပါဘူး။
။ ဒေါသကြမ်းတမ်းရဲလည်း မတည်မြဲနိုင်ဘူး။
။ အာဏာပြင်းပြရဲလည်း မခိုင်မြဲပါဘူး။
။ ဘုန်းကံကြီးမားဟဲလည်း မမြဲစေနိုင်ဘူး။
။ ပညာဟိတ်ကြီးဝှဲလည်း အမြဲမရှိဘူး။
။ မေတ္တာနှစ်လို့ချစ်လည်း စွဲမြဲမချစ်ဘူး။
။ ကြင်နာလွန်းလို့ကဲလည်း ဟောင်းနွမ်းမပိုင်ဘူး။
။ ယုယပိုလို့တွဲတွဲ ရှင်ကွဲမပိုင်ဘူး။
။ ရင်နာငိုလို့သဲသဲ ပူလို့မဆုံးဘူး။
။ လွမ်းလို့ဆွေးလို့ခဲခဲ ညှဉ်းဆဲမပျောက်ဘူး။
။ ဤတရား ဆင်ခြင်ပွား ၊ သတိထား ၊ ဆင်းရဲမရှိဘူး။

တောင်ကလေးဆရာတော်
( ၁၂.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Exit mobile version