Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ပြည်နယ်ကျက်သရေကျောင်းဆရာတော် – ဘဒ္ဒန္တ – ဝေဒေဟသာမိဘိဝံသ၏ထေရုပ္ပတ္တိ – အကျဉ်းချုပ်

သာသနဓဇဓမ္မာစရိယ၊ ဒီဃဘာဏက၊ ဝိနယပါရဂူ (ဘီအေ)
ပြည်နယ်ကျက်သရေကျောင်းဆရာတော် – ဘဒ္ဒန္တ – ဝေဒေဟသာမိဘိဝံသ၏ထေရုပ္ပတ္တိ – အကျဉ်းချုပ်

သက်တော် – ၅၄ – နှစ်၊ သိက္ခာတော် – ၃၅ – ဝါ

“ဖွားမြင်တော်မူခြင်း”

ဆရာတော် – ဘဒ္ဒန္တဝေဒေဟသာမိဘိဝံသသည်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး ကျေးရွာအုပ်စု၊ ကော့ဝန်းရွာ၊ ခမည်းတော် – ဦးမောင်ကောက် (ဝါ) ဦးစိန်၊ မယ်တော် – ဒေါ်မြသင်းတို့မှ၊  ၁၃၀၄ – ခု၊ တန် ဆောင်မုန်းလပြည့်ကျော် (၃) ရက် (၂၅.၁၀.၁၉၄၂) ဗုဒ္ဓဟူးနေ့တွင်၊ မီးရှူးသန့်စင်ဖွားမြင်တော်မူပါသည်။ မွေးချင်း (၄) ယောက်အနက် – အတိဇာတ၊ ဇေဌပုတ္တသားကြီး ဩရသရတနာဖြစ်သည်။ ငယ်နာမည်မှာ “စောရင်အေး” ဖြစ်ပါသည်။

“ရှင်ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခြင်း”

ဆရာတော်လောင်းလျာသည် အသက် – (၉) နှစ်အရွယ်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူး ကျေးရွာအုပ်စု၊ ကော့ဝန်းကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရကို ဥပဇ္ဈာယ်ပြု၍၊ မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟဖြင့် – ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ ဘွဲ့တော်မှာ “ရှင်ဝေဒေဟသာမိ” ဖြစ်ပါသည်။

တစ်ဖန် – ဆရာတော်လောင်းလျာရှင်ဝေဒေဟသာမိသည် ၁၃၂၃ – ခုနှစ်၊ ကဆုန်လဆန်း (၄) ရက်၊ နံနက် (၈) နာရီ – ၁၅ မိနစ်အချိန်တွင်၊ ကော့ဝန်းကျောင်းခဏ္ဍသိမ်၌၊ ကော့ဝန်းကျောင်းဆရာတော် ဘဒ္ဒန္တဝိသုဒ္ဓါစာရကို၊ ဥပဇ္ဈာယ်ပြု၍၊ မိဘဆွေမျိုးများ၏ ပစ္စယာနုဂ္ဂဟကို ခံယူပြန်ကာ၊ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ တဖန်၊ ရဟန်း (၄) ဝါအရတွင်၊ ပြည်မြို့၊ ရွှေဟင်္သာမြို့သစ်၊ ဓမ္မိကာရုံစာသင်တိုက်၊ ဆရာကြီး ဒေါ်ပညာနန္ဒီနှင့် မိဘဆွေမျိုးများက၊ သိမ်ထပ်မင်္ဂလာပြုခဲ့ပြီး၊ ၁၃၄၆ – ခုနှစ်တွင်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ အာဇာနည်လမ်း၊ ဦးအောင်ကြည် နှင့် ဒေါ်အေးမြင့်မိသားစုတို့က သိမ်ထပ်မင်္ဂလာပြုခဲ့ပြန်ပါသည်။ ယ္ခုနှစ်ဝိဇာတမင်္ဂလာနေ့တွင် ဆရာငြိမ်းမိသားစု၊ ဦးလပြည့်မိသားစုနှင့် ဒေါ်မြစိန်မိသားစုတို့က၊ သိမ်ထပ်မင်္ဂလာပြုခဲ့ပြန်ပါသည်။

“စာပေပရိယတ္တိ သင်ကြားဆည်းပူးတော်မူခြင်း”

ဆရာတော်လောင်းလျာသည်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကမော့ကချူးကျေးရွာအုပ်စု၊ ကော့ဝန်း ကျောင်းဆရာတော် – ဘဒ္ဒန္တဝိသုဒ္ဓါစာရ၊ မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်အရှေ့ဘက်ကမ်း၊ ဓမ္မာရာမစာသင်တိုက် –  ဆရာတော် – ဘဒ္ဒန္တ – မုနိန္ဒ၊ စာချဆရာတော် – ဘဒ္ဒန္တ သောဘိတ၊ ဘဒ္ဒန္တ ဇနိတ၊ ရန်ကုန်မြို့၊ စတော့ကိတ်လမ်း၊ ဒေဝသာဂရသိမ်ကုန်း ဓမ္မိကာရုံပါဠိတက္ကသိုလ် – နာယကဆရာတော်နှင့် စာချဆရာတော်များ၊ ရန်ကုန်မြို့၊ ဗဟန်း (၃) လမ်း၊ သုဓမ္မဝတီပွဲစားကြီးကျောင်း၊ နာယကဆရာတော်နှင့် စာချဆရာတော်များ၊ မန္တလေးမြို့ တောင်ပြင်ရွှေရေး ဆောင်တိုက် – ဆရာတော် ဦးပဏ္ဍဝ၊ ထီးလင်းတိုက်၊ ဇောတိထါရုံအုဋ္ဌ်ကျောင်း ပဌာန်းအကျော် – ဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိ၊ မန္တလေးမြို့၊ ဓမ္မိကာရုံတိုက်ဆရာတော် ဘဒ္ဒန္တနရိန္ဒ၊ တောင်ပြင်ဘုရားကြီးတိုက် – ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ၊ ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်၊ နာယကဆရာတော်နှင့် စာချဆရာတော်များထံတွင် ပိဋကတ်အခြေခံမှ စ၍ ပါဠိ – အဌကထာ – ဋီကာစသည်များကို သင်ယူခဲ့ပါသည်။

“အောင်မြင်ခဲ့သော စာမေးပွဲများ”

ရန်ကုန်မြို့၊ သာမဏေစာမေးပွဲ၌၊ သာမဏေကျော်ဘွဲ့၊ အစိုးရစာမေးပွဲ၌၊ ဓမ္မာစရိယဘွဲ့၊ ရန်ကုန်မြို့၊ ဝိနယာနုဂ္ဂဟအသင်းစာမေးပွဲ၌၊ ဝိနယပါရဂူဘွဲ့၊ ရန်ကုန်မြို့ နိကာယ်ထွန်းကားရေးအသင်းစာမေးပွဲ၌ ဒီဃဘာဏကဘွဲ့ နှင့် လောကဓါတ်စာပေ၌၊ ဘီအေဝိဇ္ဇာဘွဲ့တို့ကို ရရှိခဲ့ပါသည်။

“စာပေကျမ်းဂန်သင်ကြားပို့ချတော်မူခြင်း”

ဆရာတော်သည်၊ ရဟန်း (၃) ဝါအရွယ်ခန့်မှစ၍၊ မော်လမြိုင်မြို့၊ ဈေးချိုရပ်တော်ကူးကျောင်း၊ ဇာတိချက်မြုပ်ရာ ကော့ဝန်းကျောင်းနှင့်၊ ရန်ကုန်မြို့ ခြောက်ထပ်ကြီးဘုရားကြီးတိုက်တို့တွင်၊ စာမေးပွဲဆိုင်ရာ ကျမ်းစာများကို ယနေ့တိုင်အောင် ပို့ချလျှက်ရှိပါသည်။

“ကြည်ညိုဖွယ်ရာထူးခြားသော ဂုဏ်ရည်များ”

ဆရာတော်သည်၊ ကြီးငယ်မတူ၊ ဆက်ဆံရာ၌၊ အမြဲပြုံးရွှင်လျှက်ရှိခြင်း၊ ပစ္စည်းလေးပါးတို့၌၊ ရောင့်ရဲတင်းတိမ်လွယ်ခြင်း၊ ဂုဏ်မာနမရှိခြင်း၊ လုပ်ငန်းတစ်ခုကို ဆောင်ရွက်ရာ၌ မဖြစ်မနေ ပြီးစီး အောင်မြင်အောင် ဇွဲလုံးလထက်သန်ခြင်း၊ အနာဂတ်တိုးတက်အောင်မြင်ရေးအတွက် “သွေးသမျှတမြမြ – နေသေးသပါ့ – ချုံထဲက” ဟု စိတ်ဓာတ်အမြဲမွေးမြူလျက်ရှိခြင်း၊ စသောထူးခြားသောဂုဏ်ရည်များကြောင့် နီးဝေးဝန်းကျင် လူရှင်ရဟန်းတို့၏ လေးစားကြည်ညိုခြင်းကို ခံယူရရှိတော်မူပါသည်။

“ ဂုဏ်ပြုအပူဇော်ခံယူတော်မူရခြင်း”

ဤသို့လျှင်၊ ဆရာတော်သည်၊ သာသနာတော်၏ အကျိုးစီးပွားစသည်များကို သယ်ပိုးဆောင်ရွက် တော်မူခြင်း၊ စသောဂုဏ်ရည်များကြောင့် ရန်ကုန်မြို့၊ ခြောက်ထပ်ကြီးဘုရားကြီးတိုက်မှာပင် ‘နှစ်ကြိမ်’ တိုင်တိုင် ဂုဏ်ပြုအပူဇော် ခံယူခဲ့ရပြီး ဖြစ်ပါသည်။ ယခုအချိန်အခါတွင်မူကား ကရင်ပြည်နယ် အထူးအားဖြင့် လှိုင်းဘွဲမြို့ ရဟန်းဒါယကာကြီး လူပြန်တော်မင်္ဂလာဦးအောင်ကြည်က ဦးဆောင်ဦးရွက် ပြုပြီး၊ ပြည်နယ်သူသားများနှင့် ရန်ကုန်မြို့ရှိ၊ ဒါကာ – ဒါယိကာမအပေါင်းတို့က – ယခုနှစ် တတိယ အကြိမ်မြောက်အနေဖြင့် ဤဂုဏ်ပြုပူဇော်ပွဲကို ခံယူတော်မူရခြင်းဖြစ်ပါသဖြင့် ဝမ်းမြောက်နူမော်သာဓု ခေါ်ဆိုလိုက်ရပါသတည်း။

ခြောက်ထပ်ကြီး(ရန်ကုန်) ကရင့်ရိုးရာ လက်ချီပွဲ မြင်ကွင်းတချို့

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဘဒ္ဒန္တစန္ဒန၏ ဘဝမှတ်တမ်း

ဆရာတော်ဘဒ္ဒန္တ စန္ဒနငယ်နာမည် စောစံတင်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်း ရွာနေ ခမည်းတော် ဦးဘို့နေ မယ်တော် ဒေါ်မုသိန်တို့မှ ၁၂၈၈ ခု ၊ တော်သလင်းလဆန်း (၁၀) ရက်၊ အင်္ဂါနေ့ နံနက် (၄)နာရီအချိန်တွင် ဖွားမြင်ပြီး ၁၃၀၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၅) ရက်နေ့တွင် မြင့်မြတ်သောရဟန်းအဖြစ်ကို ရရှိခဲ့သည်။

ဆရာတော်သည် လောကုတ္တရာပရိယတ်စာပေ၊ ဟိန္ဒီစာပေ၊ သက္ကဋစာပေတို့ကို ကော့ကရိတ်မြို့၊ မော်လမြိုင် မြို့၊ မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသတို့တွင် လေ့လာသင်ယူခဲ့ပါသည်။

၁၃၂၉ ခုနှစ်တွင် ဘားအံမြို့နယ် ကမော့ကစင်ရွာသစ်ကျောင်း၌ သီတင်းသုံး၍ လိက်ထူ့လီရှေးဟောင်း ကရင်စာပေ ဖော်ထုတ်ရေး (သံဃာကော်မတီ) အတွင်းရေးမှူးအဖြစ်တာဝန်ယူပြီး တိမ်မြုပ်နေသော  လိက်ထူ့လီပိုးကရင်     စာပေပြန်လည်ထွန်းကား ပြန့်ပွားရေးကို ဆောင်ရွက်တော်မူယင်း မန်းနဲစန်၊ စန္ဒန (ဘားအံ) ကလောင်အမည်များဖြင့် ကရင်၊ မြန်မာ နှစ်ဘာသာဖြင့် ကျမ်းပေါင်းဆယ့်တစ်ကျမ်းနှင့် ဝတ္ထု၊ ဆောင်းပါးအမြောက် အမြားကို ရေးသားပြုစုခဲ့သည်။

အိန္ဒိယနိုင်ငံ၊ ဂျဗလ်ပူမြို့တွင် ကျင်းပသော ဗောဓိဓျာခေါ် ဗုဒ္ဓဘာသာအဖြစ်ခံယူပွဲသို့ မြန်မာနိုင်ငံကိုယ်စား လှယ်အဖြစ် တက်ရောက်ခဲ့ပါသည်။ 

အမျိုးဘာသာသာသနာအတွက် အားကြိုးမာန်တက်ဆောင်ရွက်ယင်း ၁၃၅၄ – ခု၊ တော်သလင်းလဆုတ် (၁၄)ရက် သောကြာနေ့တွင် တစ်ဘဝခန္တာကို ရုပ်သိမ်းတော်မူပါသည်။

Loading

Categories
ကရင်လူမျိုး ထေရုပ္ပတ္တိ ဗုဒ္ဓဘာသာ

ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ ကျောက်စာတော်

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု
ဘားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်း
ဆရာတော်ဦးစန္ဒနထေရုပ္ပတ္တိ
ကျောက်စာတော်

         ဗုဒ္ဓဘာသာပေရေး ကရင်စာပေထွန်းကားရေးကို ပျံလွန်တော်မူသည်အထိ တစိုက်မတ်မတ်ဆောင်ရွက် တော်မူသော ဆရာတော်ဦးစန္ဒနသည် ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းရွာ၌ မြန်မာသက္ကရာဇ် – ၁၂၈၈ ခု၊ တော်သလင်း လဆန်း(၈)ရက်၊ (၁၄-၁၀-၁၉၂၆) အင်္ဂါနေ့တွင် ဖွားမြင်တော်မူပါသည်။ ခမည်းတော်နှင့် မယ်တော်မှာ ဦးဖိုးနေနှင့် ဒေါ်မုသိန်ဖြစ်သည်။

         ငယ်စဉ်က တောင်ကြာအင်းရွာ ဆရာတော်ကြီးဦးဝင်းဖေ၏ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိ၊ ကော့ကရိတ်မြို့၊ ရှမ်းကြီးကုန်းရပ် ဆရာကြီးဦးအောင်ရွှေ၏ အလယ်တန်းကျောင်းတွင် သတ္တမတန်းအထိ အောင်မြင်ခဲ့သည်။ သတ္တမတန်းအောင်မြင်ပြီးနောက် မိဘနှစ်ပါး၏ပစ္စယာနုဂ္ဂဟဖြင့် တောင်ကြာအင်းကျောင်း ဆရာတော်ဦးဇဝနကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိသည်။

         မြန်မာသက္ကရာဇ် – ၁၃၀၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း(၁၅)ရက်၊ (၁၉-၁၁-၁၉၄၅)၊ နံနက်(၁၀)နာရီတွင် တောင်ကြာအင်းရွာကျောင်းခဏ္ဍသိမ်၌ ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူသည်။ ဥပဇ္ဈာယ်ဆရာတော်မှာ တောင်ကြာအင်းရွာကျောင်းဆရာတော်ဦးဇဝနဖြစ်ပြီး ပစ္စယာနုဂ္ဂဟရဟန်းဒါယကာ၊ ဒါယိကာမမှာ မိဘနှစ်ပါးပင် ဖြစ်သည်။

         လောကုတ္တရာပညာ၊ ပရိယတ္တိစာပေအခြေခံကို တောင်ကြာအင်းရွာကျောင်း၊ ဆရာတော်ဦးဇဝနထံတွင် သင်ကြားပြီးနောက် မော်လမြိုင်မြို့၊ ရတနာဘုံပျံကျောင်းဆရာတော်၊ ဦးကေတုမာလာလင်္ကာရ (မြန်မာပြည်တွင် ပထမဆုံး၊ ပထမကျော်အဂ္ဂမဟာပဏ္ဍိတ)နှင့် ဆရာတော်ဦးတေဇဝန္တတို့ထံတွင်လည်းကောင်း၊ မန္တလေးမြို့၊ တောင်ပြင်ထီးလင်းတိုက်ဆရာတော် ဦးဝဇီရဗုဒ္ဓိ၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်ဇောတိကာရုံကျောင်းဆရာတော် ဦးနာရဒ(အဂ္ဂမဟာပဏ္ဍိတ)၊ မန္တလေးမြို့၊ ဘုရားကြီးတိုက်၊ ပုသိမ်ကျောင်းဆရာတော်ဦးသီလစာရ ထံတို့တွင် အထက်တန်းပရိယတ္တိစာပေများကို သင်ယူပြီး၊ မန္တလေးတက္ကလိုလ်၊ မြန်မာစာကထိကဆရာကြီး ဆန်းထွန်းထံတွင် ဟိန္ဒိစာပေကို သင်ယူခဲသည်။ ထို့နောက် အိန္ဒိယပြည်သို့ကြွ၍ မိဂဒါဝုန်ရှိ မဟာဗောဓိအသင်းတိုက်၊ ဟိန္ဒီပဏ္ဍိ၏ ဗုဒ္ဓ ဘာသာရဟန်းတော်ဦးကစ္စနယထံ၌ ဟိန္ဒီစာပေ ဆက်လက်သင်ကြားသည်။

         မြန်မာပြည်သို့ပြန်လာပြီးနောက် မော်လမြိုင်မြို့၊ တောင်ပေါက်ကျောင်း ဆရာတော်ဦးဓမ္မာဝုဓ၊ ဦးစန္ဒဝ့သတို့ ထံတွင် သက္ကတဘာသာကို နည်းခံသင်ယူသည်။ မော်လမြိုင်မြို့၊ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲတွင် ပ-ဒု-တ အဆင့်များ နှင့် သထုံမြို့၊ သုဝဏ္ဏဘူမ္မိပရိယတ္တိသာသနဂိတအသင်းစာမေးပွဲတွင် “မဟာဝေယျာကရဏိက” တန်းကို နှစ်ချင်း ပေါက် အောင်မြင်သည်။ အစိုးရပထမမြန်မာစာမေးပွဲတွင် ပထမလတ်တန်းအထိ အောင်မြင်ခဲ့သည်။

         မြန်မာသက္ကရာဇ် ၁၃၂၉-ခုနှစ်တွင် မော်လမြိုင်မြို့၊ တောင်စွန်းကျောင်း၌ စာသင်သားရဟန်းသာမဏေ များအား စာပေပို့ချနေစဉ် ကရင်ပြည်နယ်အစိုးရဥက္ကဋ္ဌ၊ ဒေါက်တာစောလှထွန်း၏ ပင့်လျှောက်ချက်အရ ဘားအံမြို့ အနီး ကမော့ကစင်ရွာသစ်ကျောင်းကြီးကို အလှူခံ၍ ပရိယတ္တိစာပေပို့ချသည်။ ဗုဒ္ဓဘာသာပေရေး ကရင်စာပေထွန်း ကားရေးအတွက် သင်တန်းများပို့ချသည်။ စာတန်းများတင်သွင်းဖတ်ကြားသည်။ ကရင်ဘာသာဖြင့် အိန္ဒိယပြည်ကုသိ နာရုံသမိုင်း၊ ဓမ္မပဒစကားပြေ၊ ဓမ္မစကြာနိဿယနှင့် ခက်ဆစ်အဖြေ၊ ဘိက္ခုပါတိမောက်၊ အနတ္တလက္ခဏာသုတ်၊ ခန္ဓာပူရကျမ်းစသည်တို့ကို ရေးသားပြုစုခဲ့သည်။ မြန်မာဘာသာဖြင့်လည်း မင်္ဂလသုတ်နှင့် မင်္ဂလာဇာတ်တော်၊ ကုသိနာရာ၊ သစ္စာတိုင်ဓူဝေ၊ ကရင့်ဖားစည်၊ ဇွဲကပင်စေတီတော်သမိုင်းကို ပြုစုတော်မူသည်။

         ဒေါက်တာအမ်(မ)ဘောယာ၏ ဖိတ်ကြားချက်အရ အိန္ဒိယပြည်၊ ဂျေပူလ်မြို့တွင် အိန္ဒိယပြည် ဗုဒ္ဓဘာသာ အသင်းကြီးမှ ကြီးမှူးကျင်းပသော “ ဗောဓိဓျာ” ခေါ် ဗုဒ္ဓဘာသာအဖြစ် ပြောင်းလဲခံယူပွဲသို့ မြန်မာပြည်မှ ကိုယ်စာလှယ်အဖြစ်တက်ရောက်ခဲ့သည်။ ဆရာတော်ဦးစန္ဒနသည် ကရင်အမျိုးသားများ ဗုဒ္ဓဓမ္မကို နှစ်နှစ်ကာကာ သိနားလည်ရေးကို ကြိုးပန်းရင်း မြန်မာသက္ကရာဇ် – ၁၃၅၄ ခု၊ တော်သလင်းလပြည့်ကျော်(၁၄)ရက် (၁၂-၉-၉၂) သောကြာနေ့၊ မွန်းလွဲ(၁၂း၂၀)မိနစ်အချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကမော့ကစင်ရွာသစ်ကျောင်းကြီး၌ သက်တော်(၆၆)၊ ဝါတော်(၄၆) ဝါအရ ပျံလွန်တော်မူပါသည်။

         ဆရာတော်သည် အေဒီ ၁၉၅၉၊ ၈၀ ပြည့်နှစ်တွင် သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် ဘားအံ မြို့နယ်သံဃသမ္မုတိန သံဃာ့ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်တော်မူခဲ့သည်။ ၁၉၈၀ ပြည့်နှစ်တွင် ၊ ဘားအံမြို့နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်ဆရာတော်အဖြစ်လည်းကောင်း၊ နိုင်ငံတော်ဗဟို သံဃာ့နာယကအဖြစ် လည်းကောင်း သာသနာ့တာဝန် ထမ်းဆောင်တော်မူခဲ့သည်။

Loading

Categories
ပညာရေး ဗုဒ္ဓဘာသာ

။ အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ။

။ အဘိဓမ္မာနှင့်ဝိသုဒ္ဓိမဂ်စာမေးပွဲ ။
~~~~~~~~~~~~~~~~~~~~~~~~~
။ ကရင်ပြည်နယ်၊ ဘားအံစာဖြေဌာန၊ နိုင်ငံတော်အစိုးမှ ကြီးမှူးကျင်းပသော (၇၁) ကြိမ်မြောက် အဘိဓမ္မာနှင့်ဝိသုဒ္ဓိစာမေးပွဲတွင် တောင်ကလေးပရိယတ္တိစာသင်တိုက်၌ အောင်မြင်တော်မူကြသော သာမဏေ၊ သီလရှင်၊ ကျောင်းဆရာ၊ ဆရာမများ စာရင်းနှင့်အတူ ကရင်ပြည်နယ်တွင် အဘိဓမ္မာစာမေးပွဲ ပထမဆင့် (ဒုတိယဆု) တတိယဆင့် (ပထမဆု) ရရှိသော ကျောင်းတိုက်ဖြစ်ပါသည်။

Loading

Categories
စကားလက်ဆောင် တောင်ကလေးဆရာတော် ဗုဒ္ဓဘာသာ

။ ဘုရားရှိခိုးခြင်းသည် ။

။ ဘုရားရှိခိုးခြင်းသည် ။
~~~~~~~~~~~~~~~~~~
။ဘုရားရှိခိုးခြင်းသည် ဘာသာရေးအရ အရေးပါသော လုပ်ရပ်တစ်ခုဖြစ်ပြီး လူတို့အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ဝိဉာဉ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာကို ရရှိစေနိုင်ပါသည်။ ဘုရားရှိခိုးခြင်းဖြင့် ရနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ စိတ်ချမ်းသာမှုရရှိခြင်း။

။ ဘုရားရှိခိုးခြင်းဖြင့် စိတ်တည်ငြိမ်မှုနှင့် စိတ်ချမ်းသာမှုကို ရရှိစေနိုင်ပါသည်။ ဘုရားအား ဆုတောင်းခြင်းဖြင့် စိတ်ဖိစီးမှုများကို လျော့ပါးစေပြီး စိတ်သက်သာရာရစေနိုင်သည်။

၂။ စိတ်ဓာတ်ခွန်အားတိုးပွားခြင်း။

။ ဘုရားရှိခိုးခြင်းသည် လူတို့အား စိတ်ဓာတ်ခွန်အားပေးပြီး ဘဝတွင် ရင်ဆိုင်ရသော အခက်အခဲများကို ရဲရင့်စွာ ရင်ဆိုင်နိုင်စေသည်။

၃။ မိမိကိုယ်ကိုယ် သိမြင်နားလည်မှုတိုးပွားခြင်း။

။ ဘုရားရှိခိုးခြင်းဖြင့် မိမိကိုယ်ကိုယ် သိမြင်နားလည်မှုတိုးပွားလာပြီး မိမိ၏ အားနည်းချက်များနှင့် အားသာချက်များကို ပိုမိုသိရှိလာနိုင်သည်။

၄။ ကျေးဇူးတရားကို ခံစားမိခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် ဘဝတွင် ရရှိထားသော ကျေးဇူးတရားများကို သတိရပြီး ကျေးဇူးသိတတ်သော စိတ်ထားကို မွေးမြူနိုင်သည်။

၅။ ဘဝတွင် ဦးတည်ချက်ရှိခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် ဘဝတွင် ဦးတည်ချက်ရှိလာပြီး မည်သည့်အရာကို လုပ်ဆောင်ရမည်ဆိုသည်ကို ပိုမိုရှင်းလင်းစွာ သိရှိလာနိုင်သည်။

၆။ လောကီအကျိုးကျေးဇူးများ ။

။ ဘုရားရှိခိုးခြင်းဖြင့် လောကီအကျိုးကျေးဇူးများဖြစ်သော ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။

၇။ စိတ်ဝိဉာဉ်ရေးရာ တိုးတက်မှုရရှိခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် စိတ်ဝိဉာဉ်ရေးရာ တိုးတက်မှုများရရှိပြီး ဘုရားနှင့် နီးစပ်မှုကို ခံစားရနိုင်သည်။

၈။ မိသားစုနှင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်ခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် မိသားစုနှင့် ပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်ပြီး ချစ်ခင်မှုနှင့် နားလည်မှုများ တိုးပွားလာနိုင်သည်။

၉။ ကံကောင်းခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် ကံကောင်းခြင်းနှင့် ကောင်းသော အခွင့်အလမ်းများ ရရှိနိုင်သည်ဟု ယုံကြည်ကြသည်။

၁၀။ ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေတွေ့ရှိခြင်း ။

။ ဘုရားရှိခိုးခြင်းဖြင့် ဘဝ၏ အဓိပ္ပာယ်ကို ပိုမိုနားလည်လာပြီး ဘဝကို ပိုမိုတန်ဖိုးထားတတ်လာနိုင်သည်။

။ ဘုရားရှိခိုးခြင်းသည် လူတို့အတွက် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုနှင့် စိတ်ဝိဉာဉ်ရေးရာ တိုးတက်မှုများကို ရရှိစေနိုင်သော အရေးပါသော လုပ်ရပ်တစ်ခုဖြစ်ပါသည်။

Loading

Categories
တောင်ကလေးဆရာတော် ပညာရေး ဗုဒ္ဓဘာသာ ရုပ်သံ အလှူဒါန

“ စာအောင်ဆုနှင်းသဘင်အခမ်းအနားများ” တောင်ကလေးဆရာတော်ဝိဇာတမွေးနေ့ အထိမ်းအမှတ်

"စာအောင်ဆုနှင်းသဘင်အခမ်းအနားများ"တောင်ကလေးဆရာတော်ဝိဇာတမွေးနေ့ အထိမ်းအမှတ်
သာသနာတော်နှစ် – ၂၅၆၈ ခု၊
ကရင်နှစ် – ၂၇၆၃ ခု
ကောဇာသက္ကရာဇ် – ၁၃၈၆ ခုနှစ်၊ ဝါဆိုလဆန်း(၉)ရက်
(၁၄ – ၇ – ၂၀၂၄) တနင်္ဂနွေနေ့။
တောင်ကလေးဆရာတော်
ဘဒ္ဒန္တပညာသာမိ (တောမှီရဟန်း) ၏
(၆၄)နှစ်မြောက် ဝိဇာတမွေးနေ့ အထိမ်းအမှတ်
သာသနဓဇအသင်းကြီးက ကြီးမှူးကျင်းပသော ဒုတိယအကြိမ်
“ စာအောင်ဆုနှင်းသဘင်”
တောင်ကလေးပရိယတ္တိစာသင်တိုက်၊ ဘားအံမြို့၊ ကရင်ပြည်နယ်။
၁၄.၇.၂၀၂၄ တနင်္ဂနွေနေ့။

Loading

Categories
ဂုဏထောမနာပူဇာသဘင် (ဂုဏ်ပြုပူဇော်ပွဲ) ပညာရေး ဗုဒ္ဓဘာသာ

ဂုဏထောမနာပူဇာသဘင် (ဂုဏ်ပြုပူဇော်ပွဲ) ရသဝေါ်-သာနုန်းရွာ

ဂုဏထောမနာပူဇာသဘင် (ဂုဏ်ပြုပူဇော်ပွဲ) ရသဝေါ်-သာနုန်းရွာ
ဂုဏထောမနာပူဇာသဘင် (ဂုဏ်ပြုပူဇော်ပွဲ) ရသဝေါ်-သာနုန်းရွာ
ကရင်နှစ် – ၂၇၆၃ ခု
ကောဇာ – ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း(၁၅)ရက် (လပြည့်နေ့)
(၂၁၊ ၆၊ ၂၀၂၄) သောကြာနေ့။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊
ရသဝေါ်-သာနုန်းရွာ၊ သာနုန်းကျောင်းတိုက်
“ အရှင်နန္ဒောဘာသ” အား
ဂုဏထောမနာပူဇာသဘင်
သာနုန်း-ရသဝေါ်ရွာသား/သူတို့မှ ဂုဏ်ပြုပူဇော်ပွဲ
ကျင်းပပေးခြင်း ဖြစ်ပါသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ဂုဏထောမနာပူဇာသဘင် (ဂုဏ်ပြုပူဇော်ပွဲ) သာနုန်း-ရသဝေါ်တိုက်ကျောင်း။
နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ဂုဏထောမနာပူဇာသဘင် (ဂုဏ်ပြုပူဇော်ပွဲ) သာနုန်း-ရသဝေါ်တိုက်ကျောင်း။
ကရင်နှစ် – ၂၇၆၃ ခု
ကောဇာ – ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း(၁၅)ရက် (လပြည့်နေ့)
(၂၁၊ ၆၊ ၂၀၂၄) သောကြာနေ့။
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊
ရသဝေါ်-သာနုန်းရွာ၊ သာနုန်းကျောင်းတိုက်
“ အရှင်နန္ဒောဘာသ” အား
ဂုဏထောမနာပူဇာသဘင် (ဂုဏ်ပြုပူဇော်ပွဲ)
နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ဖြစ်ပါသည်။

Loading

Categories
ကရင်လူမျိုး ဗုဒ္ဓဘာသာ

(၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေး

13th of The Annual Meeting Of Karen National Buddhist Monks Association

ကရင်နှစ် – ၂၇၆၃ ခု
ကောဇာ – ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊
(၁၃၊ ၆၊ ၂၀၂၄) ကြာသပတေးနေ့။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်စံပြကျေးရွာ၊ နောင်ကမြိုင်ဓမ္မသိင်္ဂါရကုန်းကျောင်း ၌ ကျင်းပပြုလုပ်တော်မူသော (၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေးအား တိုက်ရိုက် Live ထုတ်လွင့်ခြင်းဖြစ် ဓမ္မဒါနပြုအပ်ပါသည် အရှင်သူမြတ်တို့ဘုရား။
(၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေး

(၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေး
(၁၃)ကြိမ်မြောက် ကရင်အမျိုးသားရဟန်းတော်များအသင်း နှစ်ပတ်လည်အစည်းအဝေး

Loading

Categories
ကရင်လူမျိုး ဗုဒ္ဓဘာသာ ရုပ်သံ

အကျိုးတော်ဆောင် ထူးချွန်ဆု ဂုဏ်ပြုပူဇော်ပွဲ “ ကရင်အမျိုးသားရဟန်းတော်များအသင်း”

ကရင်နှစ် – ၂၇၆၃ ခု
ကောဇာ – ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း(၇)ရက်၊
(၁၃၊ ၆၊ ၂၀၂၄) ကြာသပတေးနေ့။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ နောင်ကမြိုင်စံပြကျေးရွာ
နောင်ကမြိုင်ဓမ္မသိင်္ဂါရကုန်းကျောင်း ၌
ကျင်းပပြုလုပ်တော်မူသော
ကရင်အမျိုးသားရဟန်းတော်များအသင်း မှ
“ အကျိုးတော်ဆောင် ဂုဏ်ပြုပူဇော်ပွဲ”
အကျိုးတော်ဆောင် ထူးချွန်ဆု ဂုဏ်ပြုပူဇော်ပွဲ “ ကရင်အမျိုးသားရဟန်းတော်များအသင်း”
https://www.youtube.com/watch?v=CEkoA1qgqHo

အကျိုးတော်ဆောင် ထူးချွန်ဆု ဂုဏ်ပြုပူဇော်ပွဲ "ကရင်အမျိုးသားရဟန်းတော်များအသင်း"

Loading

Categories
ဗုဒ္ဓဘာသာ ရုပ်သံ

တောင်ကလေး (ဖလုံပညာ့တဝေါင့်) “ (​၃၈)ကြိမ်မြောက် ဓာတ်တော်ပူဇော်ပွဲ”

တောင်ကလေး (ဖလုံပညာ့တဝေါင့်) "(​၃၈)ကြိမ်မြောက် ဓာတ်တော်ပူဇော်ပွဲ"
https://www.youtube.com/watch?v=ak9Jr80jBYc&t=7s
တောင်ကလေး (ဖလုံပညာ့တဝေါင့်) “ (​၃၈)ကြိမ်မြောက် ဓာတ်တော်ပူဇော်ပွဲ”
၁၃၈၆ခုနှစ်၊ ကဆုန်လပြည့်ကျော်(၂)ရက်၊
(၂၄.၅.၂၀၂၄)၊ သောကြာနေ့။
တောင်ကလေး၊ ဖားအံမြို့၊ ကရင်ပြည်နယ်။
(၃၈)ကြိမ်မြောက် ဓာတ်တော်ပူဇော်ပွဲ ။

Loading

Exit mobile version