Categories
ဘောလုံး အားကစား

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 အမျိုးသားဘောလုံးပြိုင်ပွဲ

၂၀၂၅ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် U-18 အမျိုးသားဘောလုံးပြိုင်ပွဲ(ဘားအံဇုံ) (ဂ)အုပ်စုအဖြစ်

၁။ ကရင်ပြည်နယ်
၂။ မွန်ပြည်နယ်
၃။ စစ်ကိုင်းတိုင်းဒေသကြီး
၄။ တနင်္သာရီတိုင်းဒေသကြီး အသင်းတို့ ပထမအဆင့်အုပ်စုပတ်လည်ဖြင့် လှာကမြင် ဇွဲကပင်အားကစားကွင်း၌ ဇူလိုင်လ ၁၁ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပွဲစဉ်ဇယားအတိုင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်းနှင့် ဘောလုံးအားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးကြပါရန် အသိပေး ဖိတ်ခေါ်အပ်ပါသည်။

၎င်းပွဲစဉ်အားလုံးကို (NRC-HPA-AN) Facebook page (သို့) Youtube Channel တွင် တိုက်ရိုက် LIVE ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါကြောင်း အသိပေးအပ်ပါသည်။

ရင်းမြစ် ။ ။ NRC-Hpa-An

Loading

Categories
ဘောလုံး အားကစား

။ ၆၂ ကြိမ်မြောက် ပွဲတော် ။


။ မြန်မာ့အားကစားသမိုင်းမှာ အမျိုးသားဘောလ်လုံးအားကစားဟာ တိုင်းနဲ့ပြည်နယ် ဘောလ်လုံးပြိုင်ပွဲရဲ့သမိုင်းမှာ ကရင်ပြည်နယ် အမျိုးသားလက်ရွေးစင်အသင်းရဲ့ အားကစားသမိုင်းမှာ ပြည်ထောင်စုဖလားကြီးကို (၂) ကြိမ်ဆွတ်ခူးရယူခဲ့ဖူးပါတယ်။

(၁) ၁၉၉၆- ခုနှစ်က တစ်ကြိမ်နဲ့
(၂) ၂၀၁၆ -ခုနှစ် တစ်ကြိမ် (စုစုပေါင်း နှစ်ကြိမ် ) ရခဲ့ဖူးပါတယ်။

။ နှစ်ပေါင်း ခြောက်ဆယ်ကျော် မြန်မာ့အားကစားကို ယနေ့ကရင်ပြည်နယ်က ပြည်ထောင်စုဖလားဆွတ်ခူးရရှိခဲ့ပေမယ့် နိုင်ငံတော်က ဆုကြေးငွေအဖြစ်(ဝ) ပါပဲ။ လူတွေအထင်တော့ ဆုကြေးငွေ အကြီးအကျယ်ပိုက်သွားပြီလို့ ။ တကယ်ဆုကြေးငွေက (ဝ) ပါပဲ။

မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်ဆိုတာ အိပ်မက်ထဲကပါမောင်တို့ရေ….။

တောင်ကလေးဆရာတော်
(၂၃-၈-၁၆) ရက်နေ့။

ရင်းမြစ် ။ ။ တိုင်းရင်းသားများအခွင့်အရေး

Loading

Exit mobile version