Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အပြစ်ကင်းကွာ အသက်ဆက်ပါ။
။ ယုံကြည်ချက်နှင့် ရှင်သန်နေပါ။
။ သည်းခံခြင်းနှင့် နိုးထစေပါ။
။ အောင်မြင်ခြင်းနှင့် ကြိုးစားစေပါ။
။ မေတ္တာဖြင့်သာ နားလည်မှုထားပါ။
။ ခွင့်လွှတ်ခြင်းနှင့် ပေါင်းသင်းစေပါ။
။ သနားခြင်းနှင့် ပေါင်းစည်းစေပါ။
။ ဝမ်းမြောက်ခြင်းနှင့် ကြိုဆိုစေပါ။
။ ချွေတာရေးနှင့် ရောင့်ရဲစေပါ။
။ ပေးကမ်းမှုနှင့် ပျော်ရွှင်စေပါ။

တောင်ကလေးဆရာတော်
(၂၄.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အယူကြောင့် အယူမဖြောင့် အယူကြောင့် ရူး။
။ အမူကြောင့် စိတ်ကြမ်းမဖြောင့် အမူကြောင့် တူး။
။ စာနယ်ကြောင့် ဝါကျမဖြောင့် စာပေကြောင့် လူး။
။ ဘာသာကြောင့် အယုံမဖြောင့် ဘာသာကြောင့် မူး။
။ မာယာကြောင့် သစ္စာမဖြောင့် မာယာကြောင့် နူး။
။ အာဏာကြောင့် တိုင်းပြည်မဖြောင့် အာဏာကြောင့် စူး။
။ တဏှာကြောင့် ဘဝမဖြောင့် တဏှာကြောင့် ပူး။
။ မေတ္တာကြောင့် ချစ်လမ်းမဖြောင့် မေတ္တာကြောင့် ဆူး။
။ ဥစ္စာကြောင့် စိတ်ရင်းမဖြောင့် ဥစ္စာကြောင့် ညူး။
။ ပညာကြောင့် ကြောင်းကျိုးမဖြောင့် ပညာကြောင့် ဘူး။

တောင်ကလေးဆရာတော်
( ၂၃.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ သည်နေ့နံနက်ခင်းဩဝါဒကထာ(စကား) ။

။ ပြိုင်ရမှကျေနပ်ရရင် မပြိုင်နှင့်။
။ နိုင်ရမှသဘောကျရင် မနိုင်နှင့်။
။ သနားရမှချစ်ကြရရင် မချစ်နှင့်။
။ ပူလောင်ရမှသံယောဇဉ်ရရင် မထားနှင့်။
။ စိုးရိမ်ရမှအတူနေရရင် မနေနှင့်။
။ မြတ်နိုးရမှခင်မင်ရရင် မခင်နှင့်။
။ သူ့အကျိုးရမှပေါင်းသင်းရရင် မပေါင်းနှင့်။
။ ကိုယ့်အကျိုးပျက်မှနေထိုင်ရရင် မနေနှင့်။
။ အကျိုးပေးမှကုသိုလ်ပြုရရင် မပြုနှင့်။
။ လုယူရမှစားရရင် မယူပါနှင့်။

တောင်ကလေးဆရာတော်
(၂၂.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အကြိုက်ညီရင် ပျော်။
။ အမိုက်တူရင် မော်။
။ စရိုက်တူရင် ဆော်။
။ အလိုက်တူရင် ပေး။
။ ဝါသနာတူရင် မော။
။ သဘောတူရင် မိုက်။
။ ထိပ်တိုက်တွေ့ရင် ကွဲ။
။ အားနာတူရင် ခံ။
။ အားတက်တူရင် တင်း။
။ ဒေါသတူရင် ဗျင်း။

တောင်ကလေးဆရာတော်
(၂၁.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အမေ့ခံဘဝဖြစ်နေရလည်း စိတ်ဓာတ်မကျနှင့်။
။ မိမိကို မုန်းပစ်နေလည်း သူ့ကိုမမုန်းနှင့်။
။ မိမိကို ပစ်၍ထားလည်း သူ့ကိုပစ်မထားနှင့်။
။ ရန်မူပြုသူ ရန်မမူနှင့်။
။ ရန်သူဖြစ်လည်း ရန်မယူနှင့်။
။ စိတ်ထားလှပ အမြဲမြတ်စေ။
။ ခွင့်လွှတ်နားလည် အမြဲပေးစေ။
။ ဖြောင့်မတ်သစ်သစ် စိတ်ညစ်ကင်းနေ။
။ တစ်ဖက်သတ်စိတ် အမြဲမနေ။
။ နှစ်ဖက်လှ စိတ်ဓာတ်မြဲပါစေ။

တောင်ကလေးဆရာတော်
(၃၀.၇.၂၀၂၂) ရပ်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ စမ်းရေကြည်လည်း မြဲမအေးဘူး။
။ နှင်းဝတ်ရည်လည်း ထာဝစဉ်မဟုတ်။
။ အေးရိပ်သာလည်း အစဉ်မပြတ် မချမ်းမြေ့ဘူး။
။ မိဘအရိပ်လည်း တစ်သက်ပန်မျှ မငြိမ်းချမ်းဘူး။
။ ချစ်သူအရိပ်လည်း အလုံးစုံအတွက် မလန်းဆန်းဘူး။
။ မိတ်ဆွေအရိပ်လည်း အမြဲတမ်းသာ မလှပဘူး။
။ ဆွေမျိုးအရိပ်လည်း တစ်သက်လျာမှာ မြဲမတည်ဘူး။
။ လူ့ရပ်ဝန်းလည်း အမြဲတမ်းသာ မငြိမ်းချမ်းဘူး။
။ လောကီအကျိုးလည်း ဆင်းရဲမှုမှ မြဲမကင်းဘူး။
။ စိတ်တိုင်းမှာလည်း အညစ်အကြေး မလွတ်မြောက်ဘူး။
။ တရားနှင့်သာ၊ နေတတ်ပါစေ၊ ပွေနောက်ရှုပ်ထွေးမဖြစ်နှင့်။

တောင်ကလေးဆရာတော်
(၁၈.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ နိုင်ချင်သူကို အနိုင်ပေးပါ။
။ အကျိုးမပျက်အောင် အလျှော့ပေးပါ။
။ ဘယ်အမှားမဆို ဖြေလျှော့ပေးပါ။
။ မအောင်မြင်သူကို အားပေးလိုက်ပါ။
။ လိုအပ်သူကို ဖေးမကူပါ။
။ မကျေနပ်တတ်သူကို အမြဲတမ်းနားလည်ပေးပါ။
။ ခိုကပ်သူကို အမြဲကြွေးပါ။
။ မမှန်သူကို မြင်တိုင်းရှောင်ပါ။
။ မယုံရသူကို သံသယထားပါ။
။ ပြိုင်ဆိုင်တတ်သူကို တည်ငြိမ်စွာဆက်ဆံပါ။

တောင်ကလေးဆရာတော်
(၁၇.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ မုန်းနေသူကို ကောင်းကျိုးမပျက်စီးစေနှင့်။
။ ချစ်ခင်သူကို ယုံကြည်စိတ်ထား မပျက်နှင့်။
။ မိုက်မဲသူကို ရှောင်ကြဉ်ဝေးဝေး မမေ့နှင့်။
။ လိမ္မာသူကို အကျိုးလိုလားမမေ့နှင့်။
။ ယဉ်ကျေးသူကို တွဲဖက်တွဲလက်မဖြုတ်နှင့်။
။ မြတ်နိုးသူကို အတွက်လျစ်လျူ မမေ့နှင့်။
။ လေးစားသူကို ရိုသေလေးမြတ် မမေ့နှင့်။
။ ကွဲပြားသူကို မေတ္တာပေးအပ် မမေ့နှင့်။
။ မျှော်ကိုးသူကို ရည်ရွယ်ချက်ထား မမေ့နှင့်။
။ ညံ့ဖျင်းသူကို မြဲစွာအားပေး မမေ့နှင့်။
။ မိမိကိုယ်ကို နေ့ညမပြတ် မမေ့နှင့်။

တောင်ကလေးဆရာတော်
(၁၆.၇.၂၀၂၂) ရက်နေ့နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ ဘုန်းကြီးသောသူ၊ဖြစ်စေမူ၊
သီလရှိမှပေါင်းသင်းပါ။

။ ပညာရှိသူ၊ဖြစ်စေမူ၊
သီလပြည့်မှပေါင်းသင်းပါ။

။ ဥစ္စာပေါသူ၊ဖြစ်စေမူ၊
သီလရှိမှပေါင်းသင်းပါ။

။ ရုပ်ဆင်းလှသူ၊ဖြစ််စေမူ၊
အကျင့်ဖြူမှပေါင်းသင်းပါ။

။ မျိုးနွယ်မြတ်သူ၊ဖြစ်စေမူ၊
မာနကင်းမှပေါင်းသင်းပါ။

။ အာဏာရှိသူ၊ဖြစ်စေမူ၊
ဒေါသကင်းမှပေါင်းသင်းပါ။

။ ဂုဏ်ဒြပ်ကြီးသူ၊ဖြစ်စေမူ၊
စာနာရှိမှပေါင်းသင်းပါ။

။ ကျမ်းဂန်တတ်သူ၊ဖြစ်စေမူ၊
မာန်နိမ့်ချမှပေါင်းသင်းပါ။

တောင်ကလေးဆရာတော်
(၁၅.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)

Loading

Categories
နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ (စကား) ။

။ အသက်တစ်ရာ မနေရဘူး၊
တရားထူးတော့ရသင့်တယ်။

။ နှစ်ပေါင်းကြာကြာ မအိုရဘူး၊
ဘာဝနာတော့ ပွားသင့်တယ်။

။ အချိန်ကြာကြာ မနာရဘူး၊
ကမ္မဋ္ဌာန်းတော့ကျင့်သင့်တယ်။

။ အဆက်မပြတ် မသေရဘူး၊
ကိလေသာတရားတော့ ပယ်သင့်တယ်။

။ အရာရာတိုင်းမှာ မမြဲပါဘူး၊
မေတ္တာတရားတော့ ပွားသင့်တယ်။

။ မဆင်းရဲတာ မရှိပါဘူး၊
ကရုဏာတရားတော့ ပွားသင့်တယ်။

။ အရာရာမှာ အစိုးမရပါဘူး၊
မုဒိတာတရားတော့ ထားသင့်တယ်။

။ အရာရာမှာ မသေချာဘူး၊
ပေးကမ်းလှူဒါန်း ပြုသင့်တယ်။

။ အရာရာမှာ စိတ်မချဘူး၊
သီလကိုယ်ကျင့် မြတ်သင့်တယ်။

။ အရာရာမှာ မငြိမ်းချမ်းဘူး၊
ဝိိပဿနာတရား ပွားသင့်တယ်။

။ သည်နေ့ နက်ဖြန် မသေချာဘူး၊
သေချာတာတစ်ခုခု ပြုသင့်တယ်။

။ ( ၆၃) နှစ်မြောက်မွေးနေ့အကြိုဩဝါဒကထာ( စကား) ။

တောင်ကလေးဆရာတော်
(၁၄.၇.၂၀၂၂) ရက်နေ့ နံနက်ခင်း။)
( ဓာတ်ပုံကို ယူသုံးပါသည်။

Loading