Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၈)

အဲးခိုး

အမျိုးသားရေးအတွက် သို့မဟုတ် မိမိတစ်မျိုးသားလုံး ဥပဒေအာဏာလွှမ်းမိုးမှု ရှိဖို့အတွက် မိမိတို့အပေါ်မှာ ဘယ်လောက်များ မှားခွင့်ရှိကြမည်လဲ(မလဲ)။ လူတိုင်းအပေါ် မှားယွင်းနိုင်ခွင့်ရှိကြောင်း ဘယ်နိုင်ငံရေးအာဏာက ညွှန်ပြနေကြပါသလဲဆိုတာကို ပြန်တွေးကြပါ … မြန်မာတွေအချင်းချင်း ခေါင်းပုံဖြတ်တဲ့ နိုင်ငံရေးသုံးစွဲခြင်းကို အဆုံးသတ်ကြဖို့ တောင်းဆိုပါတယ် …

အတွဲ(၁၁)၊ အမှတ်(၃၅)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ နတ်တော်လဆန်း ၃ ၊ ၂၅ – ၁၁- ၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်

မြန်မာအတွက် အာဆီယံအချက်

ဒီနေ့ ကမ္ဘာကြီးဟာ အကျိုးကို ထိခိုက်စေမယ့် မဟာဗျူဟာမြောက်တဲ့ ခြိမ်းခြောက်မှုနိုင်ငံရေးနည်းလမ်းတွေ နိဂုံးမချုပ်နိုင်ကြသေးပါဘူး။ ကမ္ဘာကြီး တစ်ခုလုံးမှာရှိကြတဲ့ နိုင်ငံတိုင်းရဲ့အခြေအနေဟာလည်း တည်တည်ငြိမ်ငြိမ် လွတ်လွတ်လပ်လပ် မရပ်တည်နိုင်ကြသေးပါဘူး။ ပြောတော့သာ အောင်မြင် နေကြတယ်လို့ ပြောနေကြတယ်။ တကယ်တော့ ချွတ်ခြုံကျနေတဲ့ သူတို့ရဲ့ အနိမ့်ရောက်အကြောင်းတွေ ကမ္ဘာမှာရှိကြတဲ့ လူတွေမသိအောင် နည်းပေါင်းစုံနဲ့ ဟန်ဆောင်နေကြတယ်။

အရှည်အဝေးမကြည့်ကြပါနဲ့၊ ယနေ့ ထိပ်တန်းရောက်နေတဲ့ တိုင်းပြည် (နိုင်ငံ) တွေကိုပဲ ကြည့်လိုက်ကြပါ။ သူတို့ပြဿနာဟာ အတောမသတ်နိုင်ကြဘဲ ဖုံးဖိရေးနည်းပေါင်းစုံနဲ့ ရင်ဆိုင်ဖြေရှင်းနေခဲ့ကြရတယ်။ မြန်မာပြည်လည်းပဲ အချင်းချင်းဆန့်ကျင် တိုက်ခိုက်နေကြမှုတွေ ပိုပြီးတော့ ဆက်လာနေတယ်။ ကိုယ်ကျိုးအတွက် နိုင်ငံရေးစစ်ပွဲတွေ အသုံးပြုကြတယ်။

တိုင်းပြည်ဟာ ကြောက်စရာဖြစ်တဲ့ အကျပ်အတည်းတွေ အမျိုးမျိုးအဖုံဖုံ ဖြစ်လာတယ်။ ကြီးမားသော ပြည်တွင်းရေးကိစ္စတွေ မငြိမ်မသက် ခုလိုဖြစ်နေတဲ့အချိန်မှာ အာဆီယံဒေသအတွင်း (ဒေသထဲ) မှာရှိကြတဲ့ အိမ်နီးချင်းတိုင်းပြည်တွေကလည်း မြန်မာပြည်ကို ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်လိုကြတဲ့ ဆန္ဒတွေ တွေ့မြင်ရတယ်။ အိမ်နီးနားချင်း တိုင်းပြည်ကောင်း အင်္ဂါရပ်နဲ့မညီမညွတ် ဖြစ်လာကြတယ်။ ဒီရှုထောင့်ဟာ မြန်မာအတွက် အာဆီယံအချက်ပါပဲ။ 

မုန်းမာန်မကြိုးထားကြ 

ဒီခေတ်ကြီးဟာ စည်းရုံးလှုပ်ရှားမှု အားနည်းတဲ့ တိုင်းပြည်ဟာ ပိုပြီးတော့ အားနည်းကြမယ်။ နိုင်ငံရေးကို အခြေခံတဲ့ မူဝါဒတွေ မတည်ငြိမ်ကြတဲ့ တိုင်းပြည်ဟာလည်း တဖြည်းဖြည်း အဆုံးစွန် ထိခိုက်လာလိမ့်မယ်။ မြန်မာပြည် ဘယ်လိုထိခိုက်လာနေပြီလဲဆိုတာကို လူတိုင်းအသိပါပဲ။

မြန်မာအချင်းချင်း ပဋိပက္ခကြီးထွားလေလေ ဘာသာရေးခေါင်းဆောင်တွေ အုပ်ချုပ်တဲ့ အင်ပါယာအဖွဲ့အစည်းတွေက နိုင်ငံရေးအာဏာကို အမျိုးမျိုးလုပ်ကြံ ဖန်တီးကြမှာပါပဲ။ တိုင်းပြည်ထဲမှာ ကြီးကျယ်တဲ့ ပဋိပက္ခစစ်ပွဲငယ်တွေဟာ လက်ရှိအစိုးရ နပန်းလုံးနေကြရပြီ မဟုတ်လား။ ဒီစစ်ပွဲငယ်တွေကို အခြေခံထားတဲ့ ပဋိပက္ခဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အဆက်မပြတ် ဆင်နွှဲခဲ့ရမယ့် စစ်ပွဲငယ်တွေ ဖြစ်လာနိုင်တယ်။ ဒီပဋိပက္ခတွေ ချုပ်ငြိမ်း သွားစေဖို့ စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရှိတဲ့ နိုင်ငံရေးမူဝါဒ (စနစ်) ကို လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးရမယ်။ အကယ်၍ နိုင်ငံရေးမူဝါဒစနစ်ကို ရွေးချယ်ခွင့်မပေးနိုင်ရင် (မပေးနိုင်ပါက) ပဋိပက္ခကျော်လွှားနိုင်တဲ့ အခြေအနေတွေရှိမှာ မဟုတ်ပါဘူး။

ဒီကိစ္စအတွက် ယခင်အစိုးရအဖွဲ့ အစည်းတွေကို အကြံပေး ဉာဏ်ပေးပြုခဲ့ပေမယ့် အရေးမစိုက်ကြဘဲ အကြံပြု ဉာဏ်ပေးသူ (အရှင်တို့ကို) တွေကို မုန်းမာန်မကြိုး ထားကြတယ်။ 

ပြဿနာရပ်ဝန်းမကူးသွားဖို့ 

တိုင်းပြည်တစ်ပြည်ဟာ အမျိုးသားအင်အားကြီးမားရေးက အဓိကပါပဲ။

အမျိုးသားအင်အား (ပါဝါ) မကြီးမားတဲ့ တိုင်းပြည် (နိုင်ငံ) ဟာ ကြီးကျယ်ခမ်းနားတဲ့ မဟာဗျူဟာမြောက်တဲ့ တိုင်းပြည်ကြီးတစ်ပြည် ဖြစ်မလာနိုင်ပါဘူး။ ပကတိအတိုင်းမဟုတ်တဲ့ အတင်းအကြပ်အားထုတ် ကြိုးစားနေတဲ့အလုပ်ဟာ အဲဒီသဘောတရားတွေနဲ့ သာယာနေကြရင် တစ်နေ့တစ်ချိန်မှာ အမှန်တရား ပျောက်ဆုံးသွားမှာပါပဲ။ ဒါကြောင့် နိုင်ငံရေးဆိုတာ အတင်းအကြပ် မသာယာရပါ။ မလုပ်ကိုင်ရပါ။ ရှုထောင့်အမျိုးမျိုး သုံးသပ်ပြီးမှ လုပ်တတ်ရမယ်လို့ နိုင်ငံရေး ဘိုးအေကြီးတွေက အဆုံးအမပေးခဲ့ကြတယ်။

စစ်ပွဲငယ်တွေနဲ့ လူမှုစီးပွားရေး အတွက် ရုန်းကန်လှုပ်ရှားနေကြရတဲ့ ယနေ့ မြန်မာပြည်အစိုးရဟာ (၂၀၂၁ ခုနှစ်၊ အိမ်စောင့်အစိုးရ။) ပဋိပက္ခဖြစ်လာတဲ့ စစ်ပွဲငယ်တွေကို ဘယ်လိုအားထုတ်ပြီး ဖြေရှင်းကြမည်လဲဆိုတာကို ပထဝီနိုင်ငံရေးနဲ့ ယဉ်ကျေးမှုအခြေအနေတွေကို လေ့လာကြတဲ့သူတွေက ကြည့်နေကြတယ်။ မြင့်တက်လာတဲ့ ပဋိပက္ခတစ်ခုဟာ ဖြေရှင်းချက်မရှိရင် အဲဒီ ပဋိပက္ခဟာ ပြဿနာရပ်ဝန်းဘက်ကို ကူးသွားမှာပါပဲ။ ဒါကြောင့် နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းချက်လုပ်တဲ့အခါ အခြေတည်သွားခဲ့တဲ့ ပြဿနာအရပ်ရပ်ရဲ့အကြောင်းကို စစ်ကိုလိုလားချက် ပြဿနာမရောက်အောင် ဖြေရှင်းပေးနိုင်ရမယ်။ 

နိုင်စားဖို့အကွက်မဆင်မိရန် 

မြန်မာပြည်တွင်းမှာ မွေးဖွားလာခဲ့ကြတဲ့သူတွေဟာ စစ်ပွဲတွေရဲ့ကြားမှာ မွေးဖွားလာခဲ့ကြတဲ့သူတွေ အတော်လေးများနေကြပြီ။ စစ်ပွဲတွင်းမွေးဖွားလာခဲ့ ကြရတဲ့သူတွေဟာ စစ်ကိုမုန်းမိကြမှာပါပဲ။ ဒါမှမဟုတ် မကျေနပ်မှုအပေါ် စစ်တိုက်ခိုက်မှုကို အကြောက်အရွံ့မဲ့ ရှိကြမယ်ဆိုတာ ဓမ္မတာပါပဲ။ သူတို့ရဲ့ ဘဝဟာ ကျေနပ်စရာမရလို့ လုံခြုံမှုမရှိတဲ့ စိုးရိမ်စိတ်တွေ သူတို့တွေ့ဖြစ်ကြမှာပါပဲ။ သူတို့တွေရဲ့ ပြင်းပြတဲ့ သူတို့ရဲ့ ဆန္ဒအခက်အခဲတွေကို သူတို့ပိုင်ဆိုင်လိုကြတဲ့ တစ်ခုတည်းသော ဖက်ဒရယ်ပြည်ထောင်စုကြီးကို အဓိပ္ပာယ်မဲ့အောင်တော့ ခြိမ်းခြောက် ဖျက်ဆီးလို့တော့ မရနိုင်ပါ။ ဒါကြောင့် စစ်အတွင်း မွေးဖွားလာခဲ့ကြတဲ့ သူတွေရဲ့အတွေးဟာ ရှင်းရှင်းနဲ့လင်းလင်းပဲ ပြောရရင် နိုင်စားဖို့အတွက် လိမ်လည်မှုကို မနှစ်သက်ကြတာတော့ အမှန်ပါပဲ။

မြန်မာပြည်အလယ်ပိုင်းဒေသ အခြေအနေ 

မြန်မာပြည် အလယ်ပိုင်းဒေသဟာ ယခင်ကာလက စစ်ရဲ့အနိဋ္ဌာရုံတွေ များများစားစား မခံစားခဲ့ကြရပါဘူး။ ခုတော့ ပဋိပက္ခရပ်ဝန်း ကြီးထွားလာတော့ ပြဿနာတွေအမျိုးမျိုး ဦးတည်နေကြတယ်။ ဒီပြဿနာကို အလျင်အမြန် ဖြေရှင်းသင့်တယ်။ ကြည့်တော့ ဘာမှမဟုတ်ဘူး။ စစ်ပေမယ့် အချိန်ကြာမြင့်လာရင် နယ်မြေပိုင်ဆိုင်မှု တစ်နည်း အုပ်ချုပ်ရေးပိုင်ဆိုင်မှု တစ်ခုခုဖြစ်လာနိုင်လေမည်လား ဆိုတာကို မြင်မိပါတယ်။

လူမှုရေး သဘောသဘာဝအရ အဲဒီဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေဟာ ဖြူစင်ရိုးသားစွာနဲ့ပဲ မဟာဗျူဟာရှိရှိ သတ်သတ်မှတ်မှတ် နေထိုင်ကြပါတယ်။ ဗိုလ်ကျစိုးမိုးရေး ခြိမ်းခြောက်မှုတွေလည်း အအုပ်အစိုးမခံခဲ့ရပါဘူး။ စဉ်ဆက်မပြတ် ငြိမ်သက်အေးချမ်းစွာ နေထိုင်လာခဲ့ကြရတယ်။ ခုတော့ ကြီးထွားလာတဲ့ ပဋိပက္ခကြောင့် စစ်ပွဲငယ်တွေ ခံစားလာခဲ့ကြရတယ်။ နိုင်ငံရေးအရ အင်ပါယာတစ်ခုခုများ ထူထောင်မယ့်အစီအစဉ်တွေ တစ်စိတ်တစ်ပိုင်းများဖြစ်လာအောင် ကြံစည်အားထုတ်နေကြပြီလား ဆိုတာကို နိုင်ငံရေး သုံးသပ်ကြတဲ့သူတွေက သံသယအဖြစ် ထင်လာကြတယ်။ 

နာကြည်းဒေါသစိတ် 

အခုတော့ တဖြည်းဖြည်းနဲ့ ရေးကြီးခွင်ကျယ်လာတဲ့အသံတွေ ထွက်လာတော့ တိုက်ခိုက်မှုနဲ့ ဆက်နွှယ်နေတဲ့ အကြောင်းတွေကို ကြည့်လိုက်ရင်ပဲ ကြိုတင်ထားတဲ့ နိုင်ငံရေးမဟာဗျူဟာ ရည်မှန်းချက်တွေပါနေတာကို တွေ့ရတယ်။

စနစ်တကျ နိုင်ငံရေးအရသာ တောင်းဆိုမှုပြုလာခဲ့ရင် အရှင်တို့ရဲ့ မြန်မာပြည်ဟာ ပြည်နယ်သစ် နယ်မြေတွေ ထွက်ပေါ်လာခဲ့ကြဦးမယ်။ အရေးမယူ ဂရုမစိုက်ကြတဲ့ သူတွေကတော့ အလွန်ကျယ်ပြန့်တဲ့ ဒီအကြောင်းအရာတွေကို စဉ်စားခဲ့ကြမှာမဟုတ်ပါဘူး။

တရားဥပဒေစိုးမိုးရေးလုပ်ခြင်းဟာ ရှုံးနိမ့်မှုကို လက်ခံတဲ့သူတွေအတွက် ပြဿနာမရှိဘူးလို့ ထင်ကြပေမယ့် ရှုံးရသူတွေရဲ့ ရည်မှန်းချက်မှာ ဘေးဖယ်ထားလို့မရပါ။ ပြဿနာတစ်ခုရဲ့ အဆုံးအဖြတ်ဟာ လွယ်ကူမယ်မဟုတ်လို့ ကြားဝင်စွက်ဖက်မှုတွေ အရှိန်လျော့ဖို့ လိုပါတယ်။ တစ်နည်းအားဖြင့် ကျိုးကြောင်းချင့်ချိန် ဆောင်ရွက်လုပ်ကိုင်တတ်ဖို့ လိုပါတယ်။ ပြဿနာရဲ့အဆုံးအဖြတ်ကို မသုံးစွဲတတ်တဲ့သူဟာ ညီမျှမှုမရှိတဲ့ အင်အားနည်းပါးကြတဲ့သူတွေရဲ့ နစ်နာချက် ပဋိပက္ခတွေ ဖြစ်လာမှာပါပဲ။ ဒါကြောင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြမယ်ဆိုလာခဲ့ကြတဲ့ (ပြောလာခဲ့ကြတဲ့) အပြောသမားတွေရဲ့ လုပ်ရပ်ကြီးဟာ ယခု (အခု) မြန်မာပြည်ကြီးဟာ ဘယ်လိုများ ဖြစ်လာခဲ့ကြပြီလဲဆိုတာကို အားလုံး မြင်တွေ့ရတဲ့အတိုင်းပါပဲ။ ပြဿနာပျက်ယွင်းမှု အဆက်တွေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာခဲ့တယ်။ နောက်ဆုံးတော့ တစ်နိုင်ငံလုံး နာကြည်း ဒေါသစိတ်တွေ ရကြတယ်မဟုတ်လား။ 

နက်နက်ရှိုင်းရှိုင်း ကြိုးစားရင် 

ညီမျှမှုမရှိတဲ့ ဒီကမ္ဘာကြီးဟာ အင်အားနည်းပါးကြတဲ့ သူတွေမှာ အင်အားကြီးမားကြတဲ့ သူတွေရဲ့ ဖိနှိပ်မှုကို ခံရစမြဲပါပဲဆိုတဲ့ စကားပြောဆိုနေကြတယ်။ အဲဒီစကားဟာ နိုင်ငံရေးအတွေးနဲ့ ပြောခဲ့တဲ့စကား မဟုတ်ပါ။ ဝိရောဓိ (ဆန့်ကျင်ဘက်) ဖြစ်အောင် မွေးထုတ်တဲ့စကားပါပဲ။ အရှင်တို့တွေဟာ ညီမျှမှုမရှိမှုကို မနှစ်သက်သလို အင်အားကြီးမားတဲ့ သူတွေကိုလည်း မဖိနှိပ်ပါဘူး။ အင်အားကြီးမားပြီး ဖိနှိပ်တတ်သူကိုလည်း အရှင်တို့မှာ အရှုံးပေးလိုက်မှာလည်း မဟုတ်ဘူးဆိုတဲ့ သိန္နိဋ္ဌာန်အတွေးတော့ အမြဲရှိကြတဲ့သူတွေပါ။ မညီမျှတဲ့ခံစားမှုဟာ ဆင်းရဲမှုကို ကျော်လွှားနိုင်တာ မဟုတ်လို့ အဲဒီညွှန်ပြချက်ဟာ (ကို) အရှင်တို့အားလုံး တော်လှန်ကြရမှာပါပဲ။ မတရားသဖြင့် တော်လှန်ခြင်းဟာ လူတိုင်းရဲ့တာဝန်ပါပဲ။ မှားယွင်းမှုကို လက်မခံတဲ့သူဟာ သီးသန့်ဘေးဖယ်ထားလို့ မရပါ။ နားကြည်းချက်တွေ၊ ကြောက်လန့်မှုတွေ ဘယ်လောက်ပေးပေး တော်လှန်ရေးကို နက်နက်ရှိုင်းရှိုင်းနဲ့ ကြိုးစားကြရင် ကြောက်မက်ဖွယ် (စရာ) ဖြစ်တဲ့ အခက်အခဲတွေ ကျော်လွှားသွားမှာပါပဲ။

နမော်နမဲ့ မနေဖို့ 

အမျိုးသားရေးအတွက် သို့မဟုတ် မိမိတစ်မျိုးသားလုံး ဥပဒေအာဏာ လွှမ်းမိုးမှု ရှိဖို့အတွက် မိမိတို့အပေါ်မှာ ဘယ်လောက်များ မှားခွင့်ရှိကြမည်လဲ (မလဲ)။ လူတိုင်းအပေါ် မှားယွင်းနိုင်ခွင့်ရှိကြောင်း ဘယ်နိုင်ငံရေးအာဏာက ညွှန်ပြနေကြပါသလဲဆိုတာကို ပြန်တွေးကြပါ။ မှားယွင်းမှုကို အဓိကထားတဲ့ အနိုင်ပိုင်းမှုဟာ ကမ္ဘာပေါ်မှာ လက်လျှော့ကြရတဲ့ သမိုင်းချည်းပဲရှိကြပါတယ်။ အရှင်တို့ဟာ မိမိကိုယ်ကို ပို၍ (ပိုပြီး) ဂရုစိုက်ဖို့လိုပါတယ်။ နမော်နမဲ့နိုင်ချင်တဲ့သူကို စွမ်းဆောင်ရည် ကျဆင်းမှုဖြစ်အောင် လုပ်ဆောင်တတ်ရမယ်။ (မည်သူမျှ မထိခိုက်အောင် လုပ်တတ်ရမယ်)။ ရေရှည်အကျိုးရှိတဲ့ ကြီးပွားတိုးတက်ချမ်းသာမှုကို အစဉ်အမြဲ နှလုံးသွင်းတတ်ရမယ်။ ဆင်းရဲမှုကို ကျော်လွှားနိုင်ဖို့ စိတ်ပိုင်းဆိုင်ရာခံစားမှုကို လျော့နည်းအောင် မိမိကိုယ်ကို ထိန်းညှိနိုင်သော (နိုင်တဲ့) အရည်အသွေး ရှိရမယ်။ နိုင်ငံရေးပဋိပက္ခ ဖြစ်လာအောင် ဆွဲသွင်း အသုံးပြုခံရတဲ့သူ မဖြစ်အောင် နေတတ်ရမယ်။ မျက်နှာပျက်စရာ နိုင်ငံရေးကို ပြောင်းလဲတတ်အောင် လုပ်တတ်ရမယ်။ အကူအညီမဲ့သွားကြတဲ့ အသိုင်းအဝိုင်းကို ဝိုင်းဖွဲ့ပြီး ကူညီအားထုတ်ပေးနိုင်ရမယ်။ ဒေါသအကျိုးဆက်ပါတဲ့ တုံ့ပြန်မှုကို စက်ဆုပ်ရွံ့ရှာရမယ်။

အဆုံးသတ်ဖို့ တောင်းဆို 

မြန်မာ့နိုင်ငံရေး ဖြစ်ပျက်ပုံတွေဟာ ဘယ်နိုင်ငံရေးစနစ်ကို ပစ်မှတ်ထား ခဲ့ကြသလဲဆိုတာကို ပြည်သူတွေသိကြပြီလား။ (သိကြရဲ့လား)။ နိုင်ငံရေးအစွန်းရောက် ဝါဒီသမားတွေကို နိဂုံးချုပ်ပစ်ဖို့ ပစ်မှတ်ထား ကြတာလား။ ဒါမှမဟုတ် အမျိုးသားရေးအင်အားရှိတဲ့ အကြောင်းကို ပစ်မှတ်ထားပြီး နိုင်ငံရေးပြောင်းလဲအောင် လုပ်နေကြတာလားဆိုတဲ့ စဉ်းစားချက်တွေကို အရှင်တို့ကိုပေးနေတဲ့ နိုင်ငံရေးဖြစ်လာခဲ့ပါပြီ။

ကမ္ဘာပေါ်မှာ မြန်မာတွေဟာ စုစည်းနိုင်တဲ့ အရည်အချင်း မရှိခြင်းကစပြီး ဖြစ်နေကြရင် မြန်မာဟာ လက်တွေ့ (ကိုယ်တွေ့) အရ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ယခင်ကထက် ပိုပြီးတော့ စိတ်ဝမ်းတွေကွဲလာကြမယ်။ အကျိုးမဲ့တဲ့ ပုံပျက်ချက်တွေ၊ သိက္ခာမဲ့တဲ့ဖြစ်ခြင်းတွေ၊ အမုန်းပွားတဲ့ အကြမ်းဖက်မှုတွေ၊ အကျိုးစီးပွား ပျက်စီးတဲ့ စိန်ခေါ်မှုတွေ တစ်နေ့နေ့မှာ ဖော်ကျူးခြင်းခံရတော့မယ် မဟုတ်လား။ ဒီအတွက် မြန်မာတွေအချင်းချင်း ခေါင်းပုံဖြတ်တဲ့ နိုင်ငံရေးသုံးစွဲခြင်းကို အဆုံးသတ်ကြဖို့ တောင်းဆိုပါတယ်။

(ဆက်ရန်)

တို့ဘိုးဘွားအမွေစစ်မို့ (၇) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၆) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၅) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
စာအုပ်ကောက်နုတ်ချက်များ တောင်ကလေးဆရာတော် (တောမှီရဟန်း) ရေးသားသော စာအုပ်များ နိုင်ငံရေး

ဖြူစင်မြင့်မြတ်တဲ့ ရည်ရွယ်ချက်

လူကျင့်ဝတ်တရားအရ ပြောင်းလဲခြင်းသဘောကို လိုလားကြတယ်။ လူသိက္ခာတရားအရ မတွေဝေအောင် နေကြတယ်။ ထိန်းကြတယ်။ ပြောင်းလဲတဲ့သဘောနဲ့ ကြုံလာတဲ့အခါ မကျေနပ်တာ၊ ညဥ်းတွားတာ၊ စိုးရိမ်တာ၊ ဝမ်းနည်းပူဆွေးဖြစ်ကြရတာဟာ ဓမ္မတာပါ။ သို့သော် ပြောင်းလဲခြင်းနဲ့ ချမ်းသာမှုကို ခံစားနေလိုသမျှတော့ ရတဲ့ ချမ်းသာခြင်းဟာ စစ်မှန်တဲ့ ချမ်းသာမှု မဖြစ်နိုင်ပါ။ ချမ်းသာမှုမဖြစ်ရင် (မရရင်) ဆန့်ကျင်ဘက် တရားသဘောကတော့ ဖြစ်ပေါ်လာနေမှာပါပဲ။ 

နိုင်ငံရေးပြုမှုအားထုတ်ခြင်းဟာ – 

(၁) ဖြူစင်မြင့်မြတ်သည့် ရည်ရွယ်ချက် 
(၂) အပြစ်သက်ရောက်မှု ရည်ရွယ်ချက် 
(၃) ကောင်းကျိုးများကို ပေးသော ရည်ရွယ်ချက် ထားရမယ်။ 

ဝမ်းမြောက်ဝမ်းသာ ဉာဏ်နဲ့ယှဉ်တဲ့၊ မတိုက်တွန်းရဘဲ ထက်သန်မှုရှိတဲ့စိတ်နဲ့ နိုင်ငံရေးကို လုပ်ရင် ဖြူစင်မြင့်မြတ်တဲ့ ရည်ရွယ်ချက်ကို ဖော်ပြနေတယ်။ အဲဒီရည်ရွယ်ချက်နဲ့ နိုင်ငံအကျိုး၊ ပြည်အကျိုးတွေကို ရွက်ဆောင်ပါက အစွန်းရောက်တဲ့အလုပ် မဖြစ်နိုင်ပါ။ မကြိုက်တဲ့သူက ဆိုလို့ ပြောလို့သာ ဖြစ်နေကြတာ ဖြစ်ပါတယ်။ 

အဲဒီလို လုပ်နည်းလုပ်လုပ်ဟန် မမှန်တဲ့ နိုင်ငံရေးနည်းလမ်းတွေကြောင့် (အက်ကြောင်းပေါ်အောင်) (ပဋိပက္ခဖြစ်အောင်) လူထုအချင်းချင်း ပြဿနာ၊ သင်းဖွဲ့အချင်းချင်း ပြဿနာ၊ လူတန်းစားအချင်းချင်း ပြဿနာတွေ ထလာတယ်။ တစ်ဖက်သူတို့ရဲ့ အပြစ်အနာအဆာတွေကို ပြတယ်။ ထုတ်ပြတယ်။ ဟုတ် မဟုတ်၊ မှန် မမှန် ဦးသူစနစ်နဲ့ လူထုဆက်သွယ်မှု နည်းပညာ(မီဒီယာ)နဲ့ လိုသလို (ကြိုက်သလို) ထုတ်ပြောတယ်။ အတင်းအဖျင်းတွေ ပြောတယ်။ မကောင်းသတင်း ကျော်အောင် ပြောတယ်။ ရစရာမရှိအောင် ဝေဖန်တယ်။ ဒီလိုနည်းလမ်းတွေ သုံးတဲ့ နိုင်ငံရေးဟာ လူထုကို လိမ်ညာတာပါပဲ။ လူထုကိုလိမ်တဲ့ နိုင်ငံရေးစနစ်ဟာ နောက်ဆုံး လူထုကပဲ အမှိုက်ပြန်ကျုံးရတယ်။ 

တောမှီရဟန်း၏ “အဝိဟိံသာနိုင်ငံရေး (၂၀၁၆)၊ စာမျက်နှာ ၁၁၉၊ အဝိဟိံသာနိုင်ငံရေး (၈)” မှကောက်နုတ်ရေးသားဖော်ပြခြင်းဖြစ်သည်။

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၇)

အဲးခိုး

မြန်မာပြည်ဟာ ခေတ်ကာလအပိုင်း အခြားအနေနဲ့ကြည့်ရင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ မျက်မှောက်ခေတ် ခေတ်သုံးခေတ်နဲ့ ပိုင်းခြားထားနိုင်ခဲ့ပေမယ့် ဘယ်ခေတ်မှ တိုးတက်စည်ပင် အောင်မြင်သောခေတ်လို့ မဆိုနိုင်ပါဘူး။ အလိုအလျောက်သာ တည်ငြိမ်အေးချမ်းနေကြတဲ့ သဘောလောက်သာရှိတယ်။ ကြီးပွားရေး၊ စီးပွားရေး အသီးအခြား အောင်မြင်ဖြစ်ထွန်းတဲ့ခေတ်ရယ်လို့ မရှိသလောက်ပါပဲ။ နိုင်ငံတကာကျူးကျော်တိုက်ခိုက်ရတဲ့ စစ်ပွဲလည်း မရှိသလောက်ပါပဲ … 

အတွဲ(၁၁)၊ အမှတ်(၃၃)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တန်ဆောင်မုန်းလပြည့်ကျော် ၄ ၊ ၁၁ – ၁၁ – ၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်

ကျိုးကြောင်းမဲ့စိတ် 

ကမ်းခြေမဲ့ ရေကြောင်းဒေသကြီး နေရာတွေမှာ တစ်ချိန်က သိမ်းပိုက်နိုင်ခဲ့တဲ့ တိုင်းပြည်ကြီးရှိခဲ့ပေမယ့် ယနေ့ ယခုအချိန်အခါမှာ ခေတ်သစ်နိုင်ငံရေးစနစ်ကို ဦးဆောင်လာကြတဲ့ တိုင်းပြည်တွေဟာ ဒီအရေးကို စိတ်မဝင်စားကြတော့ဘဲ ကိုယ်ပိုင်စီးပွားရေး၊ ကိုယ်ပိုင်နည်းပညာနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှု ထိန်းသိမ်း အားထုတ်နိုင်တဲ့ တိုင်းပြည်တွေကပဲ ဒီကမ္ဘာကြီးကို အံ့ဩလောက်အောင် ကြီးစိုးနေကြမယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်စေချင်တယ်။ ယနေ့ကမ္ဘာပေါ်မှာ ကြွေးကြော်နေကြတဲ့ ဒီမိုကရေစီနိုင်ငံရေး ခေါင်းစဉ်ဟာ သိသိသာသာ ကျဆုံးသွားတော့မယ်။ ယုံကြည်မှုလွန်ကဲပြီး ကိုယ်ပိုင်ယဉ်ကျေးမှု မလုံခြုံတဲ့ တိုင်းပြည်တွေဟာ အနာဂတ်ကာလမှာ ကိုးရိုးကားရားနဲ့ ပေါင်းစပ်ခံစားရမယ့် တိုင်းပြည်တွေ ဖြစ်သွားကြမှာပါပဲ။ ဒီနေ့ချိန်မှာလည်း တချို့တိုင်းပြည်တွေမှာ အလူးအလိမ့် ခံစားနေကြရပြီ မဟုတ်လား။

မြန်မာတွေ ယနေ့တွေ့ကြုံနေကြရတဲ့ အခက်အခဲပြဿနာဟာ အခြားကြောင့်မဟုတ်ပါ။ နိုင်ငံရေးပါဝါ ထိပ်ဆုံးဖြစ်အောင် ရှေ့ဆောင်ချင်တဲ့စိတ်ကြောင့် အရွယ်ရောက်တဲ့ လူရွယ်တွေ အကျပ်အတည်းထဲကို တွန်းပို့ပေးသလို ဖြစ်ခဲ့ရတာပဲ မဟုတ်လား။ ဒါကြောင့် နိုင်ငံရေး ဦးဆောင်သူတွေရဲ့ ကျိုးကြောင်းမဲ့တဲ့ စိတ်ထားကြောင့် သူရဲကောင်းလုပ်ခြင်းနဲ့ စိတ်ပျက်အားလျော့ခြင်းတွေ ဖြစ်လာခဲ့ရတယ်။ ခေတ်သစ်နိုင်ငံတစ်ခု ဖြစ်ပေါ်ဖို့ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ထင်ရှားလိုတဲ့ အဲဒီအတွေးကြောင့် နုပျိုငယ်ရွယ်သေးတဲ့ နိုင်ငံရေးဇာတ်ခုံအလယ်မှာ အထင်သေး အမြင်သေးခံလိုက်ရတယ် မဟုတ်လား။ သတိထားပေါ့ မြန်မာတို့ရယ်။

ယဉ်ကျေးမှုစရိုက်လက္ခဏာ နိုင်ငံရေးပါဝါ ရရှိရေးအတွက် ယုတ္တိဗေဒနည်းနဲ့ကြည့်ရင် အဲဒီတိုင်းပြည်ဟာ ယဉ်ကျေးမှု အပြည့်အဝရှိရမယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေ လုံးဝမရှိကြဘဲ ရိုးရာယဉ်ကျေးမှု အဆင့်အတန်း ပုံသေရှိရမယ်။ စိတ်ဓာတ်အင်အား ကြီးမားရမယ်။ ဒါပေမဲ့ ယဉ်ကျေးမှုဆိုတာ ရက်စက်ကြမ်းကြုတ်ခြင်း၊ ယဉ်ကျေးခြင်းနဲ့ သံသယဖြစ်ခြင်းဆိုတဲ့ လက္ခဏာ အမှတ်အသား ရှိနေတာကြောင့် ဘာသာဝါဒအပေါ် လွှမ်းမိုးခံရတဲ့ ယဉ်ကျေးမှုဖြစ်ခဲ့ရင် နိုင်ငံရေးအရ မအောင်မြင်နိုင်ဘဲ ယဉ်ကျေးမှုလည်းပဲ တဖြည်းဖြည်း ယိုယွင်းလာနိုင်သဖြင့် (လာနိုင်လို့) အနာဂတ်မြန်မာပြည်တွင် (မြန်မာပြည်ဟာ) ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ အမှန်တရားအတွက် စိန်ခေါ်နေကြတာလဲ ဆိုတာကို မြင်တွေ့နေရပြီမဟုတ်လား။ ဒီလို အလားတူပဲ ၁၆ ရာစုနှစ်ထဲက ဥရောပဟာ ဘာသာရေးအပေါ် ကိုယ်တိုင် ယုံကြည်သက်ဝင်မှုနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အသုံးပြုပြီး အောင်မြင်မှုကို ပထမဆုံးရယူနိုင်ခဲ့ကြတယ်။

၁၈ ရာစုနဲ့ ၁၉ ရာစုနှစ်တွေမှာ ဥရောပဟာ ယဉ်ကျေးမှုတွေကို စိုက်ထူနိုင်ခဲ့ကြပေမယ့် တဖြည်းဖြည်း ယိုယွင်းလာကြပြီး ၂ဝ ရာစုနှစ်ကာလမှာ ပြိုကွဲသွားကြတဲ့ သာဓကတွေ ရှိခဲ့တယ်။ မြန်မာ့နိုင်ငံရေးဟာ ဖက်ဒရယ်ပြည်ထောင်စုအတွက် မတည်ထောင်ပေးနိုင်ခဲ့ရင် ဥရောပတိုက်ရဲ့ ပုံစံမျိုးလို မဖြစ်လာနိုင်ဘူးလို့တော့ မထင်မိပါနဲ့။ အလဲလဲအပြိုပြိုများလာရင် အကွဲကွဲအပြဲပြဲ ပုံပျက်ပန်းပျက် တိုက်ရိုက်မကျလာနိုင်ဘူးလို့တော့ မအောက်မေ့သင့်ပါလို့ ဝေဖန်ပါရစေ။

အိမ်နီးနားချင်း နိုင်ငံရေးအကွက်

မြန်မာ့နိုင်ငံရေးဟာ ကြည့်တော့ ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် သဘောထားကွဲလွဲမှုတွေဟာ ဆက်တိုက်ဖြစ်လာတာကို တွေ့ရတယ်။ နိုင်ငံရေးမူဝါဒ အကောင်းဆုံးနည်းနဲ့ ပေါင်းစည်းရင် ပေါင်း၊ မပေါင်းစည်း နိုင်ခဲ့ရင်တော့ ၂၁ ရာစုနှစ်အတွင်း အလဲလဲအပြိုပြို အကျိုးသက်ရောက်မှုတွေ မြင်တွေ့ လာနိုင်စရာရှိတယ်။ ဥပမာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးတဲ့နောက် ကမ္ဘာပေါ်မှာ အမေရိကန်ခေတ် စတင်နိုင်ခဲ့ပြီး ကမ္ဘာ့ပါဝါအရှိဆုံးတိုင်းပြည် ဖြစ်လာခဲ့တယ်။ ၂၁ ရာစုနှစ်အဝင် ၂ဝဝ၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှာ သူတို့ တိုင်းပြည်မှာရှိတဲ့ အခြေစိုက်တဲ့ ကမ္ဘာ့ ကုန်သွယ်ရေးအဆောက်အအုံနဲ့ သူတို့တိုင်းပြည်မှာ အရေးကြီးတဲ့ ပင်တဂွန်ကို လေယာဉ်နဲ့ အသေခံအဖွဲ့တွေက ဗုံးခွဲတိုက်ခိုက်ခံလိုက်ရတယ်ဆိုတဲ့ ဒီအဖြစ်အပျက်ဟာ အမေရိကန် တိုင်းပြည်အတွက် စမ်းသပ်ခံလိုက်ရတဲ့ ပထမဦးဆုံး အခြေအနေပါပဲ။

မြန်မာပြည်အနေနဲ့ကတော့ တိုင်းပြည်ငယ်၊ တိုင်းပြည်သေးဆိုပေမယ့် အရှေ့တောင်အာရှထဲက ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံရေးကို ကျင့်သုံးတော့မယ်ဆိုတဲ့ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးအရွေ့ဟာ ၂၀၂၀ ပြည့်နှစ်အရောက်လေးမှာပဲ ပထမဦးဆုံး အစမ်းသပ်ခံလိုက်ရတယ်။ ဒီပဋိပက္ခဟာ ရှေရှည်ပဋိပက္ခဆိုပေမယ့် (ဖြစ်ပေမယ့်) ဒီကိစ္စအတွက် မဟာဗျူဟာမြောက်တဲ့ စိန်ခေါ်မှုပါဝါက ဒေသပထဝီနိုင်ငံရေးအရ တစ်နည်း ပထဝီနိုင်ငံရေးရှုထောင့်အရ မြန်မာ့နိုင်ငံရေးကို လုံလောက်တဲ့ နိုင်ငံရေးစမ်းသပ်ချက်ပါပဲ။ တစ်နည်းအားဖြင့် မြန်မာ့ဒီမိုကရေစီနိုင်ငံရေး အာဏာတည်မြဲရေးအတွက် အိမ်နီးချင်းနိုင်ငံတွေရဲ့ သတိပေးလိုက်တဲ့ အကွက်ပါပဲ။ 

အာရပ်ကမ္ဘာအောက် ရောက်ကြမည်လား 

ဒီနိုင်ငံရေးအကွက်မျိုးဟာ တစ်ခြားသော တိုင်းပြည်တွေမှာ မထိခိုက် နိုင်ပေမယ့်လို့ မြန်မာပြည်အတွက်ကတော့ ကြီးမားတဲ့ ထိခိုက်မှုလို့ပဲ ဆိုနိုင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ အာဏာပါဝါကြီးထွားလာမယ့် မြန်မာကို ဒေသပထဝီ အိမ်နီးနားချင်း တိုင်းပြည်တွေက ကမ္ဘာ့နိုင်ငံရေး စနစ်ကြီးတစ်ခုထဲကို ဝင်ရောက်တော့မယ့် မြန်မာပြည်ကို မြန်မာတွေနဲ့ ပျော့ညံ့မှုအတွက်ကို ထုတ်ဖော်ပြသလိုက်တာပါပဲ။ အရှေ့တောင်အာရှကမ္ဘာမှာ အာရပ်ကမ္ဘာနိုင်ငံရေးအာဏာ အမြဲတည်တံ့ရေးအတွက် သူတို့တွေ မသိမသာ ယာယီအခြေစိုက်လာခဲ့ကြတဲ့ နိုင်ငံရေးမက်လုံးတွေ အများကြီး တွေ့မြင်နေကြရပါပြီ။ အာရပ်ကမ္ဘာအာရှမှာ (အာရှတိုက်မှာ) လွှမ်းမိုးသွားဖို့ သူတို့တွေ အထူးကြိုးစား အားထုတ်နေကြတာ ဆယ်စုနှစ် နှစ်စု (နှစ် ၂၀) ရှိနေပါပြီ။ ဒီအချက်ဟာ မသိမသာရာကနေ ယနေ့ ယခုအချိန်မှာ လှုပ်ရှားမှုကြီးကျယ် လာနေကြပါပြီ။

ဒါကြောင့် အရှေ့တောင်အာရှက ပေါင်းစည်းအင်အားစု မလုပ် (မပြု) နိုင်ရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ အာရပ်ကမ္ဘာအောက်မှာ အကုန်ရောက်သွားကြမယ်။ ဒီကိစ္စအတွက် အစိုးရိမ်ဆုံးက ပထမက အမေရိကန်၊ ဒုတိယက တရုတ် ဖြစ်ပြီး အခြားက မြန်မာအပါအဝင် တိုင်းပြည်အချို့ပါပဲ။ ဒီသုံးသပ်ချက်ဟာ ယနေ့ (ယခု) ချိန်မှာ မမှန် (မဟုတ်) သေးဘူးဆိုပေမယ့် ၂၁ ရာစု နှစ်နောက်ပိုင်း ၂၂ ရာစုမပြီးဆုံးမီမှာ နိုင်ငံရေးဟန်ချက်တွေ ပျက်ယွင်းသွားကြပြီး အလိုလို အလျောက်လျောက်နဲ့ပဲ အာရပ်ကမ္ဘာအောက်ကို ရောက်ကြကုန်မယ်လို့ ပထဝီဒေသ နိုင်ငံရေးလေ့လာကြတဲ့သူတွေက မြင်ထားကြပါတယ်။ 

စစ်အောင်နိုင်သူ အားပျော့ကွက် ရဲ့နောက်ကွယ် 

အရှေ့တောင်အာရှနိုင်ငံ သမိုင်းတွေကို ပြန်လေ့လာကြည့်ကြတဲ့အခါ ဒုတိယကမ္ဘာစစ် ပြီးစီးတဲ့ အချိန်ကစပြီး စစ်အောင်သူတွေရဲ့ အားပျော့တဲ့ အကွက်တို့ကိုကြည့်ပြီး အာရပ်ကမ္ဘာအုပ်စုအဖွဲ့တွေက လူမျိုးဆိုင်ရာနိုင်ငံ သို့မဟုတ် ကိုးကွယ်ရာ ဘာသာတစ်ခုခုကို အရှေ့တောင်အာရှနိုင်ငံထဲမှာ ချန်ရစ်နိုင်ခဲ့ကြတယ်။ ကုန်သွယ်မှုနဲ့ စစ်ရေးနောက်မှာ ဒေသအတွင်း နေထိုင်ကြတဲ့သူတွေကို အချင်းချင်း အမုန်းပွားဖို့ ဖန်တီးတယ်။ ဒေသဆိုင်ရာ ယဉ်ကျေးမှု အဆောက်အအုံတွေကို (အထိမ်းအမှတ် အဆောက်အအုံတွေကို) ဖျက်ဆီးပစ်ခဲ့တယ်။ ဒီအတွက် ခွင့်လွှတ်ခြင်းနဲ့ မေ့ပျောက်ခြင်း မရှိတော့တဲ့ ဒေသဖြစ်အောင် အမွေတွေ ပေးထားခဲ့ကြတယ်။ ဒီအကြောင်းတွေကို မလေ့လာမသိထားကြရင် နိုင်ငံတွင်း အချိန်မရွေးပြိုကွဲသွားနိုင်တယ် ဆိုတာကို သတိပေးပါရစေ။

နိုင်ငံရေးစနစ်အဖျက်သစ် 

မြန်မာပြည်အနေအထားမှာ နှစ်ပေါင်း ၇ဝ ကျော် ချုပ်ထားနိုင်ခဲ့ကြတဲ့ ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ဆန္ဒတွေဟာ တဖြည်းဖြည်းပေါက်ကွဲလာတယ်။ ပြည်တွင်းထဲမှာ ဖြစ်ပေါ်လာတဲ့ ထူးခြားတဲ့ အခြေအနေတွေဟာ တစ်နေ့ပြီး တစ်နေ့ပါပဲ။ ဒီဖြစ်စဉ်ကြောင့် အရှင်တို့ မြန်မာလူမျိုးတွေရဲ့ ဘဝမှာ စစ်ပြေးရှောင် (တစ်နည်းစစ်ဘေးရှောင်) ဘဝသို့ ရောက်ခဲ့ရတယ်။ ဒီချစ်ခြင်း၊ မုန်းကြခြင်းကြောင့် ပြဿနာအရပ်ရပ်တွေ ဖြစ်ပေါ်လာကြပြီး မြန်မာဟာ တစ်ကမ္ဘာလုံးသို့ ပြောင်းရွှေ့ ရောက်ရှိသွားကြရတယ်။ တကယ်တော့ မြန်မာတွေရဲ့ ဘဝသရုပ်အမှန်က ဒီလိုပုံစံမျိုးနဲ့ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံရေးသစ္စာတည်ငြိမ်မှု အားနည်းခြင်းကြောင့် တစ်နည်း နိုင်ငံရေးအာဏာကို ရူးရူးမူးမူး၊ ငမ်းငမ်းတက်၊ မက်မော ငမ်းတက်ကြတဲ့ နိုင်ငံရေးစားကွင်းကြီး ဖန်တီးကြတဲ့သူတွေရဲ့ နိုင်ငံရေး စနစ်အဖျက်သစ်တွေ ကြောင့်ပါပဲ။

လက်လွှတ်ခဲ့ရမယ့် တိုင်းပြည်နယ်နိမိတ်ရှိလာခဲ့ပြီလား 

မြန်မာပြည်ဟာ ခေတ်ကာလအပိုင်း အခြားအနေနဲ့ကြည့်ရင် ပဒေသရာဇ်ခေတ်၊ ကိုလိုနီခေတ်၊ မျက်မှောက်ခေတ် ခေတ်သုံးခေတ်နဲ့ ပိုင်းခြားထားနိုင်ခဲ့ပေမယ့် ဘယ်ခေတ်မှ တိုးတက်စည်ပင် အောင်မြင်သောခေတ်လို့ မဆိုနိုင်ပါဘူး။ အလိုအလျောက်သာ တည်ငြိမ်အေးချမ်း နေကြတဲ့ သဘောလောက်သာရှိတယ်။ ကြီးပွားရေး၊ စီးပွားရေးအသီးအခြား အောင်မြင်ဖြစ်ထွန်းတဲ့ ခေတ်ရယ်လို့ မရှိသလောက်ပါပဲ။ နိုင်ငံတကာ ကျူးကျော်တိုက်ခိုက်ရတဲ့ စစ်ကြီးလည်း (စစ်ပွဲလည်း) မရှိသလောက်ပါပဲ။ နိုင်ငံရေး ဆန့်ကျင်ရေးဝါဒတွေနဲ့ပဲ ပြည်တွင်းထဲမှာ သဘောထား ကွဲလွဲကြတယ်။ အဲဒီ ကွဲလွဲမှုတွေနဲ့ပဲ အမုန်းပွားမွေးစားကြတယ်။ အတွင်းကြိတ်နိုင်ငံရေးသမားတွေက ပဋိပက္ခတွေ အမျိုးမျိုးပေါက်ကွဲ ထကြွနေကြလို့ အချင်းချင်းမုန်းတီးရေး ဖြစ်လာကြတယ်။

လူမျိုးကို အခြေခံယူပြီး ဘာသာရေးအရ ကြီးစိုးလိုကြတဲ့သူတွေက နယ်ခြားစည်းတွေ သတ်မှတ်ကြတော့မယ် ဆိုတာကို မမြင်ကြဘဲ (အရေးကြီးတဲ့ အကြောင်းအရာတွေကို သတိတွေ မထားနိုင်ကြတော့ဘဲ) အိန္ဒိယနိုင်ငံ သမိုင်းအရ ပါကစ္စတန်ကို လက်လွှတ်ခဲ့ရသလိုမျိုး တိုင်းရင်းသားတွေ အခြေတည်ထားကြတဲ့ ဒေသနယ်နိမိတ်တွေထဲမှာ တောင့်တင်းခိုင်မာတဲ့ အားပေးမှုတွေ နိမ့်ကျလာနေတယ်ဆိုတာကို နိုင်ငံရေး ဦးဆောင်ကြတဲ့သူတွေ သိထားသင့်ပါတယ်။ သို့မဟုတ်ရင် လက်လွှတ်ခဲ့ရမယ့် တိုင်းပြည်နယ်နိမိတ်တွေ ရှိလာတော့မည်လားဆိုတာကို သတိကြီးစွာ ထားရတော့မယ် မဟုတ်ပါလား။

(ဆက်ရန်)

တို့ဘိုးဘွားအမွေစစ်မို့ (၆) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၅) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၆)

အဲးခိုး 

အရှင်တို့တိုင်းပြည်ဟာ ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးတဲ့ တိုင်းပြည်ဖြစ်တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုတဲ့ တိုင်းပြည်ဖြစ် …

အတွဲ(၁၁)၊ အမှတ်(၃၂)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တန်ဆောင်မုန်းလဆန်း ၁၂၊ ၄ – ၁၁- ၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။ 

(ယခင်တစ်ပတ်မှအဆက်)

ကမ္ဘာ့အရေးအခင်းဖန်တီး 

ကမ္ဘာ့ပါဝါ (အင်အား) ရှိတဲ့ တိုင်းပြည်တွေက ကမ္ဘာ့ဇာတ်ခုံကြီးအပေါ်မှာ (အမြင့်တန်းပေါ်မှာ) အမြဲတမ်း ထိုင်ချင်နေကြတယ်။ နိုင်ငံငယ်တွေရဲ့အပေါ်မှာ မသိမသာညှဉ်းဆဲဖို့ အားထုတ်ချင်ကြတယ်။ ကမ္ဘာကြီးကို စစ်ပွဲကြီးဖြစ်ဖို့ သူတို့တွေ သွေးဆူနေကြတယ်။ အကျိုးမရှိ (အကျိုးမဲ့) တဲ့ အလုပ်တွေနဲ့ အလုပ်တွေ များနေကြတယ်။ သူတို့ယုံကြည်တဲ့ နိုင်ငံရေးသဘောထားတွေဟာ စစ်သား အရပ်သား များများသေဆုံးဖို့အတွက်ပဲလားတောင် မပြောတတ်ပါ။ ဒုတိယကမ္ဘာစစ်ကြီးတုန်းက စစ်သား အရပ်သား သန်း ၅၀ မက သေဆုံးခဲ့ရတာကို အားမရကြသေးပဲလား မပြောတတ်ပါ။ ခုကျတော့ သွေးတွေ ဆူပွက်လာကြလို့ နိုင်ငံရေးကို ထိန်းချုပ်နိုင်မယ့် အခွင့်အရေးတွေကို ကြီးစိုးချင်တဲ့စိတ်တွေနဲ့ အတူ ကံကြမ္မာပုံစံတွေ အမျိုးမျိုးပြပြီး ပုံဖော်နေကြတယ်။ စစ်မြေပြင်တိုက်ပွဲ ဖန်တီးတယ်။ နိုင်ငံရေးမူဝါဒအသစ်နဲ့ အသစ်တွေနဲ့ သွေးဆောင်တယ်။ စီးပွားရေးတွေဆင်ပြီး အကြွေးစနစ်နဲ့ သိမ်းပိုက်တယ်။ နယ်မြေချဲ့ထွင်ဖို့အတွက် ရေထဲ ပင်လယ်ထဲမှာ ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြတယ်။ ဒီအချက်အလက်တွေဟာ ကမ္ဘာကြီးကို ကာကွယ်ဖို့ မဟုတ်ဘဲ နယ်မြေချဲ့ထွင် သိမ်းပိုက်ဖို့လုပ်နေတာ မဟုတ်လား။ ကမ္ဘာ့အရေးအခင်းဖြစ်အောင် ဖန်တီးတဲ့အလုပ်ဟာ ယနေ့ဘယ်သူတွေမှ မမြင်ချင်ကြတော့ပါဘူး။ 

စစ်အေးချိန် နိုင်ငံရေးသိမ်းသွင်းမှု 

ကမ္ဘာပေါ်မှာ ယနေ့ (ရုတ်တရက်) ကျရောက်လာတဲ့ ဘေးဒုက္ခကြီးဖြစ်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဟာ ဘယ်တိုင်းပြည်နိုင်ငံတွေကမှ ကယ်တင်သောနိုင်ငံ မလုပ်ကြပါဘူး။ သတိထားမိကြပါလိမ့်မယ်။ ဒီအကျပ်အတည်းကို ဘယ်နိုင်ငံမှ ထိပ်ကနေ ဦးမဆောင်ကြဘဲ စစ်အေးတိုက်ပွဲ အရေးအခင်း ဖြစ်အောင်လိုက်ပြီးတော့ လုပ်ကြံဖန်တီးနေကြတယ်။ အမွေဆက်ခံချင်ကြတဲ့ အခွင့်အလမ်း (အခွင့်အရေး) သမားတွေက မသေချာမရေရာဘဲ ရည်ရွယ်ထားခြင်းမရှိတဲ့ အခြေအနေတွေကို ဖြစ်ပေါ်လာအောင် အရေးကြီး ဖြစ်အောင် လုပ်ဆောင်ကြတယ်။

ဒီအတွက်နဲ့ (ဒီအကွက်နဲ့) တိုင်းပြည် အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်းတွေကို လည်မျိုကို ညှစ်ထားသလို လုပ်ထားကြတယ်။ ဒီအဖြစ် ဒီစနစ်ဟာ ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံတိုင်းလိုလို ဖြစ်လာနေတယ်။ ဒီအလေ့အထဟာ လျှို့ဝှက်ချက်ထားတဲ့ လူတစ်စုံတစ်ဖွဲ့ရဲ့ အကြံအစည်တွေရဲ့ ပုံဖော်နေမှုတွေပဲလားဆိုတာကို ယနေ့ ချိန်ထိ ထုတ်မပြောကြသေးပါဘူး။

သို့သော် ကမ္ဘာတစ်ခုလုံးအပေါ်မှာ သြဇာ ညောင်းလိုတဲ့ စစ်အေးတိုက်ပွဲချိန်အတွင်း နိုင်ငံရေးသိမ်းသွင်းနည်း စနစ်သစ်တစ်ပါး (တစ်မျိုး) ဖြစ်လာနေကြပြီ ဆိုတာကိုတော့ သိထားသင့်နေပါပြီ။ အနာဂတ် ဘယ်လိုဖြစ်လာကြဦးမည်လဲ ဆိုတာကိုတော့ ရှုကြပေါ့ ပြည်သူတို့ရယ်။ 

ကမ္ဘာ့ပင်လယ်ကြီးထဲမှာ 

ပထဝီအနေအထားကို ကြည့်ပြီး ကမ္ဘာကိုထိန်းချုပ်ချင်တဲ့သူတွေက အဆပေါင်းများစွာ ကျယ်ဝန်းတဲ့ သမုဒ္ဒရာကြီးတွေထဲမှာ ရေတပ်စစ်စခန်းကြီးတွေ တည်ဆောက်ထားကြသလို ကမ္ဘာ့စိုးမိုးရေးအတွက် ပြင်ဆင်ထားကြတာ ပြည်သူတွေ အသိပါပဲ။ ကမ္ဘာပေါ်မှာ ရေကြောင်းတပ်မတော် လွှမ်းမိုးထားနိုင်ရင် သို့မဟုတ် ရေကြောင်းစီးပွားရေး လွှမ်းမိုးထားနိုင်ရင် ကမ္ဘာ့အင်အားအကြီးဆုံး ဖြစ်မယ်ဆိုတာကို ဘယ်သူမှ မငြင်းဆန်ရဲ ကြပါဘူး။ ရေကြောင်းသွားလာနိုင်တဲ့ သင်္ဘောအုပ်စု အများဆုံးက ယနေ့ဘယ်တိုင်းပြည်နိုင်ငံတွေက ဖြစ်သလဲဆိုတာကို လေ့လာကြည့်ပါ။ သိမြင်နိုင်ပါတယ်။

ကမ္ဘာ့ရေကြောင်းကို ကာကွယ် ထိန်းသိမ်းနိုင်တဲ့ တိုင်းပြည်ဟာ ယနေ့ကမ္ဘာပေါ်မှာ သူတို့တွေ ချမ်းသာကြမှာပါပဲ။ ယနေ့ ကမ္ဘာမှုပြုလာတဲ့ စစ်ရေး၊ နိုင်ငံရေးကို မသိဘဲ (မလေ့လာဘဲ) နေရင်တော့ အကျပ်အတည်း ထိပ်တိုက်တွေ့ကြုံမှုတွေ ခံရမှာပါပဲ။

ဒါကြောင့် ကမ္ဘာ့ရေကြောင်း ဥပဒေတွေနဲ့ ပင်လယ်ကြောင်းဒေသကို မထိန်းသိမ်းနိုင်ရင် ကမ္ဘာ့ပင်လယ်ထဲမှာ ငြင်းပယ်ခွင့်မရနိုင်တဲ့ ကုန်သွယ်မှုတွေ များပြားလာနေမှာပါပဲ။ ဒီအချက်ကို အကြံအစည်ပုံဖော်နေတဲ့ တိုင်းပြည်ကြီးတွေက ဘယ်တိုင်းပြည်ကပါလဲဆိုတာကို ကြိုတင်သိထားရမယ် မဟုတ်လား။ 

ရေကြောင်းကုန်းကြောင်း စစ်အေးစစ် 

ကမ္ဘာ့ပင်လယ် ကုန်သွယ်ရေးဟာ နိုင်ငံတကာရေကြောင်း ကုန်သွယ်မှုစနစ် နဲ့ ထုထည်ကြီးမားတဲ့ ဈေးကွက်တွေ အသုံးချနေကြတာ ကြာနေပါပြီ။ မသိသူက မအံ့သြကြပါဘူး။ နားလည် သိမြင်ကြတဲ့သူတွေက သမုဒ္ဒရာ ပင်လယ်ပြင်ကြီးဒေသကို အပြီးအပိုင် အုပ်ထားနိုင်ကြဖို့ သူတို့ရဲ့ အခွင့်အရေးကို ဥပဒေနဲ့ ကာကွယ်ပြုပြီး နိုင်ငံတကာစစ်ရေး၊ စီးပွားရေး ယှဉ်ပြိုင်နေကြတယ်။

အရှင်တို့ မြန်မာတွေကတော့ ခုချိန်ထိ လေးလေးနက်နက် (အလေးအနက်) မရှိကြသေးပါဘူး။ နောင်တစ်ချိန်ကျရင် ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ အဖြတ်အတောက် ခံရမယ်ဆိုတာလည်း တွေးမထင်ထားကြပါဘူး။ ဒါဟာ အရေးကြီးတဲ့ တိုင်းပြည်အတွက် အကွက်တစ်ကွက် ဖြစ်နေပြီဆိုတာကို သိထားစေချင်ပါတယ်။

ကုန်းတွင်းဒေသမှာ အင်အားကြီးမားတဲ့ စစ်ရေး ကုန်သွယ်ရေး အားကောင်းတဲ့ တိုင်းပြည်ကြီးတွေက ကျူးကျော်နိုင်မယ့် ကုန်းကြောင်းအင်အားကို ကာဆို့ပြီး နေရာယူထားကြတာ ကြာနေပါပြီ။ သူတို့တွေဟာ မဟာမိတ် ပြုထားကြတဲ့ တိုင်းပြည်တွေနဲ့ နိုင်ငံရေး၊ စီးပွားရေးအရ ထောက်ခံမှုတွေ၊ ထောက်ပံ့မှုတွေ၊ နည်းပညာပံ့ပိုးမှုတွေ ပံ့ပိုးထားကြတာတွေ တွေ့ရတယ်။ ဒီသဘော သဘာဝဟာ စစ်အေးကာလချိန်မှာ တိုက်ကြတဲ့ စစ်အေးစစ်တစ်မျိုးပဲ ဆိုတာကို သိထားသင့်ပါတယ်။ (သိထားရမယ်။) 

သရုပ်မှန်နိုင်ငံရေး ရင့်ကျက်မှု 

စစ်အေးစစ်တိုက်ပွဲကာလ (ယခုအချိန်) ချိန်မှာ မိမိကိုယ်ကို မိမိကာကွယ်နိုင်တဲ့ စိတ်ဓာတ်တွေ ထားရမယ်။ ပြင်းထန်တဲ့ ဝေဖန်တိုက်ခိုက်ရေးကို စိတ်အေးအေးနဲ့ ပတ်ဝန်းကျင် မပျက်စီးအောင် ဖြေရှင်းတတ်ရမယ်။

ပတ်ဝန်းကျင် ရှုပ်ထွေးမှုကို လက်လွှတ်မှုမထားဘဲ နိုင်ငံရေးအာဏာ ရယူလိုကြတဲ့ အုပ်စုတွေနဲ့ စီကာပတ်ကုံး ရည်မှန်းချက် အမှန်တရားကို ရအောင်လုပ်တတ်ရမယ်။ နိုင်ငံရေးအတွက် သရုပ်မှန်ဝါဒ (Realism) ကို ကျွမ်းကျင်စွာ သိထားရမယ်။ (လေ့လာသိကြား တတ်မြောက်ထားရမယ်။) သရုပ်မှန်နိုင်ငံရေးဝါဒ (Political Realism) ဆိုတာ ရင့်ကျက်မှုများတဲ့ နိုင်ငံရေးပါပဲ။

ဒီအတွက် ယနေ့ကမ္ဘာ့နိုင်ငံရေးကို ဦးဆောင်တဲ့ တိုင်းပြည်တွေဟာ မိတ်ဖက်နိုင်ငံ စီးပွားရေးအကျိုးတွေ ဘယ်လိုပုံ ဘယ်လိုနည်းနဲ့ အခွင့်အရေးရအောင် လုပ်ပေးရမည်လဲဆိုတာကို စစ်ရေးအရ မဆုံးဖြတ်ကြတော့ဘဲ ခေတ်နောက်ကျ ကျန်နေခဲ့မယ့် တိုင်းပြည်ပြိုကွဲနိုင်တဲ့ ကိစ္စတွေကို အထူးရှောင်ကြဉ်နေကြပါတယ်။ အရှင်တို့ မြန်မာလူမျိုးတွေ ဒီအကြောင်းအရာတွေကို ပိုပြီးတော့ သိထားသင့်တယ်။ အရှင်တို့တိုင်းပြည်ဟာ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးတဲ့တိုင်းပြည်ဖြစ်တယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက်ဆက်ဆံရေးကို ရှေးရှုတဲ့ တိုင်းပြည်ဖြစ်သလို နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးမူကို စောင့်ထိန်းတဲ့ တိုင်းပြည်ဖြစ်တယ်။ အရှင်တို့ဟာ မည်သည့် နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်း မပြုတဲ့တိုင်းပြည် ဖြစ်သလို နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြား တပ်ဖွဲ့တွေကိုမျှ တပ်ချထားခွင့်မပြုဘူး ဆိုတာကိုလည်း သိသင့်တယ် မဟုတ်လား။ 

ကမ်းခြေမဲ့ဒေသပါဝါ 

ယနေ့ ကမ္ဘာပေါ်မှာ ကာကွယ်ရေး အသုံးစရိတ်တွေ အတော်လေး ကြီးမား လာနေကြပြီ။ အတ္တလန္တိတ်သမုဒ္ဒရာ၊ ပစိဖိတ်သမုဒ္ဒရာဆိုတဲ့ ကမ်းခြေမရှိတဲ့ ဒေသအဝန်းကို ထိန်းချုပ်လိုတဲ့ တိုင်းပြည်ကြီးတွေရဲ့ ကာကွယ်ရေး အသုံးစရိတ်တွေဟာ အတော်လေး ဝန်လေးစရာပါ။ ဒါပေမဲ့ ဒီဒေသကို ထိန်းချုပ်နိုင်ခဲ့ရင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစနစ်ဟာ နောက်တစ်ချိန်ချိန်မှာ သူတို့နေထိုင်တဲ့ တိုက်ကြီးဟာ ဗဟိုချက်မကြီး ဖြစ်လာမယ်လို့ သူတို့မျှော်မှန်းထားကြတယ်။ ဖြစ်နိုင်မဖြစ်နိုင် (ဖြစ်နိုင်ချေရှိ၊ မရှိ) ဤအရှင်လည်း တွေးမိပါတယ်။ အနာဂတ်ကာလဆိုတာ ပုံသေနည်းနဲ့ တွက်ချက်ယူလို့ မှန်ကန်ပေမယ့် သင်္ချာဗေဒသာ မှန်ပါလိမ့်မယ်။ လူမှုဆောက် တည်မယ့် (အားထုတ်မယ့်) အကြောင်းတရားတွေက ဖြစ်လာချင်မှ ဖြစ်လာမယ်။ ယနေ့ထက်တိုင် အဲဒီကမ်းခြေမရှိတဲ့ ဒေသဟာ ဘယ်သူ့ ဘယ်ပါဝါစက်ကွင်း အောက်မှာမှ မကျရောက်နိုင်သေးပါဘူး။ စိတ်ကူးယဉ် ထိန်းချုပ်နိုင်မယ်လို့ပဲ တွက်ဆတဲ့ သဘောလောက်ပဲ ရှိနေပါသေးတယ်။ လောဘကြီးခြင်းဟာ အမုန်းခံရမှု ကြီးခြင်းပါပဲ။

(ဆက်ရန်)

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၅) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၅)

အဲးခိုး

ဒီခေတ်မှာတော့ နိုင်ငံရေးစနစ်သစ်တစ်ခုခု ဖန်တီးလို့ ဩဇာအာဏာ လွှမ်းမိုးမှုရဖို့ မလွယ်ကူတော့ပါဘူး။ ကမ္ဘာ့နိုင်ငံတွေ ဘာကြောင့် အစိတ်စိတ်အမြွှာမြွှာကွဲသွားခဲ့ကြရပါသလဲဆိုတဲ့ အကြည့်နဲ့ကြည့်ပါ။ စစ်ပွဲအောင်နိုင်ခြင်းဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။ ထွေထွေထူးထူးမတွေးဘဲ ငြိမ်းချမ်းရေးရရှိတဲ့ကာလတွေကိုပဲ ကြည့်လိုက်ပါ။ ခေတ္တခဏ စစ်ပြေငြိမ်းခြင်းသာ ဖြစ်တာပါ …

အတွဲ(၁၁)၊ အမှတ်(၃၁)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တန်ဆောင်မုန်းလဆန်း ၅ ၊ ၂၈ – ၁ဝ-၂ဝ၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။ 

(ယခင်တစ်ပတ်မှအဆက်)

နှစ်ငါးဆယ်ပြည်မြန်မာ (၁၈၈၅-၁၉၄ဝ) 

မြန်မာနိုင်ငံကို သမိုင်းနဲ့ယှဉ်ပြီး ကြည့်ရင် အနာဂတ်နှစ် ၁ဝဝ အတွက် ၂ဝဝဝ ပြည့်နှစ် (အေဒီနှစ်) ကနေ စတင်ရမယ်။ ၂ဝဝဝ ပြည့်နှစ်မတိုင်မီ မြန်မာပြည် အခြေအနေဟာ ခေတ်အဆက်ဆက် အကျပ်အတည်းအမျိုးမျိုးနဲ့ ဖြတ်သန်း ကျင်လည်ခဲ့ရပြီးဖြစ်တယ်။ အေဒီ ၁၈၈၅-၁၉ဝ၆ ခုနှစ်အတွင်း မြန်မာပြည် နိုင်ငံရေးအကျပ်အတည်း ဘယ်လိုခံစားခဲ့ကြရပြီလဲဆိုတာကို သမိုင်းစာမျက်နှာပေါ်မှာ ဖြစ်ပျက်စုံလင်အထင်အရှား ရှိနေခဲ့ဖူးပြီမဟုတ်လား။ အေဒီ ၁၉ဝ၆-၁၉၃ဝ ပြည့်နှစ်ကာလအတွင်း ရောက်လာမှပဲ မြန်မာပြည်ဟာ မြန်မာတစ်မျိုးသားလုံးရဲ့ ဇာတိမာန်ကို နိုးကြားနိုင်ခဲ့တယ်။ ကိုလိုနီခေတ်ဦးကာလ တစ်လျှောက်လုံးမှာ လက်နက်ကိုင် တော်လှန်ခဲ့ကြပေမယ့် အရေးအမျိုးမျိုး မမျှတဖြစ်နေတာကြောင့် အဘက်ဘက်က နိမ့်ကျခဲ့ရတယ်။ အင်္ဂလိပ်နယ်ချဲ့အရင်းရှင် စနစ်အောက်မှာ နေထိုင်ကြရတဲ့ မြန်မာလူမှုဘဝဟာ နည်းပေါင်းစုံနဲ့ ခေါင်းပုံဖြတ်ခံခဲ့ရတယ်။ နိုင်ငံရေးအရ နည်းပေါင်းစုံ ဖိနှိပ်ချုပ်ချယ်မှုခံရတယ်။ လူမှုရေးအရလည်း ချိုးနှိမ်မှုအမျိုးမျိုး ခံခဲ့ရတဲ့အပြင် ဘာသာ၊ သာသနာ၊ ယဉ်ကျေးမှုတွေက အစညှိုးမှိန်စွာ ဖြစ်ခဲ့ရတယ်။ 

တို့ဗမာအစည်းအရုံးကာလ 

၃၀-၅-၁၉၃ဝ ပြည့်နှစ် ‘တို့ဗမာ အစည်းအရုံး” စတင်တည်ထောင်သည့် အချိန်ကစပြီး – 

(၁) တောင်သူလယ်သမား အရေးတော်ပုံ (၁၉၃၀-၁၉၃၁) 
(၂) ခွဲရေးတွဲရေး (၁၉၃၀-၁၉၃၇) 
(၃) ဒုတိယကျောင်းသားသပိတ် (၁၉၃၆) 
(၄) ၉၁ ဌာနအုပ်ချုပ်ရေး (၁၉၃၇-၁၉၄၂) 
(၅) ၁၃ဝဝ ပြည့် အရေးတော်ပုံ (၁၉၃၈) 
(၆) ဗမာ့ထွက်ရပ်ဂိုဏ်း (၁၉၃၉)

စတဲ့ တော်လှန်ရေးအမျိုးမျိုးနဲ့ မိမိတို့ရဲ့အမျိုးသားနိုင်ငံရေးအတွက် ကြိုးစားအားထုတ်ခဲ့ရတဲ့ သမိုင်းအထင်ရှား ရှိခဲ့တယ်။ ၂၉-၂-၁၉၄ဝ ပြည့်နှစ် “မြန်မာပြည်ကာကွယ်ရေးဥပဒေ” ပြဋ္ဌာန်းနိုင် တဲ့အချိန်ကစပြီး အရှင်တို့ရဲ့အမိမြန်မာပြည်နဲ့ ဖြတ်သန်းခဲ့ကြရတဲ့ သမိုင်းဖြစ်စဉ်ဟာ မေ့မေ့ပျောက်ပျောက် မရှိကြတော့ပါဘူး။ မေ့လို့လည်း မရပါဘူး။ ဖျက်လို့လည်း မပျက်တတ်တော့ပါဘူး။ 

လွတ်လပ်ရေး မရခင်ကာလ 

တို့ဗမာအစည်းအရုံးကာလမှာ မွေးဖွားကြီးပြင်းလာခဲ့ကြတဲ့ အရှင်ရဲ့ မိဘနှစ်ပါးဟာ သခင်၊ သခင်မဆိုတဲ့ဂုဏ်ပုဒ်နဲ့ ဝံသာနုဘဝနဲ့ ဆင်းဆင်းရဲရဲ ဘဝမျိုးစုံနဲ့ ကျင်လည်ခဲ့ရပါတယ်။ မြန်မာပြည် နယ်ချဲ့လက်အောက်ကနေ လွတ်မြောက်ဖို့ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ သမိုင်းဖြစ်စဉ်လည်း အထင်အရှားပါပဲ။ 

(၁) ရဲဘော်သုံးကျိပ် (၁၉၄၁) 
(၂) ဘီအိုင်အေနှင့် ဘီဒီအေ (၂၇-၁၂-၁၉၄၁) ဘီအိုင်အေ၊ (၇-၇-၁၉၄၂) ဘီဒီအေ 
(၃) ဂျပန်ခေတ် (၁၉၄၂-၄၅) 
(၄) ဖက်ဆစ်ဂျပန်တော်လှန်ရေး (၁၉၄၅)

စတဲ့ လွတ်လပ်ရေးမရခင် ကာလအတွင်း ခက်ခဲနက်နဲတဲ့ ဘဝမျိုးစုံဖြတ်သန်းလာခဲ့ကြရတဲ့ မြန်မာလူမျိုးတွေရဲ့ဘဝဟာ စီးပွားရေးနယ်ချဲ့သူ၊ စစ်ရေးနယ်ချဲ့သူ၊ လူမှုရေးဖျက်ဆီးသူတွေနဲ့ အမျိုးမျိုးတော်လှန် တိုက်ထုတ်ခဲ့ရတယ် မဟုတ်လား။ 

ဘေးဒဏ်အမျိုးမျိုး 

စစ်ဘေးစစ်ဒဏ် အမျိုးမျိုးကြောင့် ရပ်ရွာလုံခြုံရေး နေသားမကျတော့ဘဲ စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်နေတဲ့ တစ်ကျော့ပြန် နယ်ချဲ့တွေပမာ ၁-၁-၁၉၄၆ နေ့မှာပဲ စစ်ဘက်အုပ်ချုပ်ရေးကနေ အရပ်ဘက်အုပ်ချုပ်ရေးကို လွှဲပြောင်းရယူနိုင်ခဲ့တယ်။ စစ်ပြေးဘုရင်ခံ ဆာဒေါ်မန်စမစ်ဆိုသူက မြန်မာပြည်ကို ပြန်သိမ်းပြီး အုပ်ချုပ်ဖို့ စီမံကိန်းရေးဆွဲခဲ့သေးတယ်။ အိန္ဒိယနိုင်ငံ၊ ဆင်းမလားမြို့မှာ ရေးဆွဲခဲ့တဲ့ စီမံကိန်းမို့ ဆင်းမလား စီမံကိန်း သို့မဟုတ် ၁၇-၅-၁၉၄၅ ရက်နေ့မှာ စက္ကူဖြူစာတမ်း White Paper ထုတ်ပြန်တဲ့ အုပ်ချုပ်ရေးစီမံကိန်း ဖြစ်တာကြောင့် စက္ကူဖြူစီမံကိန်းလို့လည်း ခေါ်ကြတယ်။ အဲဒီကာလက ဂျပန်တွေ အုပ်ချုပ်ခဲ့တဲ့ အပျက်ဒဏ်ကြောင့် တိုင်းပြည်ဟာ အခြေအနေတွေ အမျိုးမျိုး ပျက်စီးခဲ့ရပါသေးတယ်။

ဘုရင်ခံဖြစ်သူက အထူးအာဏာနဲ့ အင်္ဂလိပ်အစိုးရကို အထူးတာဝန်ခံပြီး တစ်ဦးတည်းနဲ့ အုပ်ချုပ်ဖို့ လုပ်နေတယ်။ ဗြိတိသျှနဲ့ အိန္ဒိယ အရင်းရှင်ကြီးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ပြီး အသက်သွင်းပေးတယ်။ လိုအပ်တဲ့အာကာအကွယ် အခွင့်အရေး တွေပေးတယ်။ မြန်မာပြည်ကို ပြည်မနဲ့ တောင်တန်းဒေသထားပြီး ခွဲခြားပြီးအုပ်ချုပ်ထားတယ်။

အဲဒီအတွက်ကိုလည်း ၅-၉-၁၉၄၆ ရက်နေ့မှာ အမှုထမ်းပေါင်းစုံ သပိတ်ကြီးဖြစ်ပေါ်ခဲ့တယ်။ အပြင်းအထန် ကန့်ကွက်ခဲ့ကြတယ်။ စက္ကူဖြူအုပ်ချုပ်ရေး ရုပ်သိမ်းပေးပါ။ အထွေထွေ ကုန်ဈေးနှုန်းချပေးပါ။ တောင်းဆိုခဲ့ကြတယ်။ 

အဲဒါတွေမကသေးဘဲ 

(၁) နေသူရိန်အစည်းအဝေးကြီး (၁၉-၈-၁၉၄၅) 
(၂) ကန္ဒီ(ဂန္ဒီ)စာချုပ်၊ (၇–၉-၁၉၄၅) 
(၃) အလယ်ပစ္စယံလူထုအစည်းအဝေး (၁၈-၁၁-၁၉၄၅) 
(၄) အက်တလီစာချုပ် (၂၇–၁-၁၉၄၇) 
(၅) ပင်လုံညီလာခံ (၁၂-၂-၁၉၄၄) 
(၆) ဖရီးမင်းစာချုပ်(၂၉-၈-၁၉၄၄)

စတဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေ အားလုံးရဲ့ အထောက်အထား သာဓကအစုံအလင်ရှိခဲ့တဲ့ တိုင်းပြည်တစ်ပြည်ပါ။ ၄-၁-၁၉၄၈ ခုနှစ် နံနက် (၄း၂၀) နာရီအချိန် ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ လွှင့်တင်အလေးပြုသည့် အချိန်ကစပြီး ယနေ့ ယခုတိုင်အောင် အရှင်တို့ရဲ့ တိုင်းပြည်အတွက် နိုင်ငံရေး အခင်းအကျင်းဟာ ပြီးပြည့်စုံမှု မရှိနိုင်ကြသေးဘဲ ခုချိန်မှာ အချင်းချင်းသဘောထားတွေ ကွဲလွဲကြလို့ ဆူပူသောင်းကျန်း ပျက်စီးကြတာတွေ၊ ပုန်ကန်အားထုတ်မှုတွေ၊ အဓမ္မမှုတွေ အမျိုးမျိုးခံစား နေကြရပါသေးတယ်။ လွတ်လပ်ရေး ရရှိထားကြပေမယ့် နိုင်ငံရေးသဘောထား ဆန္ဒမတူနေကြမှုကြောင့် အချင်းချင်း ဝါဒမှိုင်းတွေ တွေဝေနေကြတုန်းပါပဲ။ အကြမ်းဖက်လိုသူ၊ အကြမ်းဖက်မှုကို အားပေးသူ၊ အစွန်းထွက်သူ၊ အစွန်းထွက်မှုကို လိုလားကြသူတွေကလည်း ဘယ်ခေတ်ကာလကမှနဲ့ မတူတဲ့ အုပ်စုတွေဖွဲ့ပြီး ထကြွသောင်းကျန်းမှုတွေ ဖြစ်လာနေကြတယ်။ ပြိုင်ဆိုင်နေကြတယ်။ အနိုင်ပိုင်းကြပြီး ကွပ်မျက်ကြတယ်။ အချင်းချင်း ပဋိပက္ခပြဿနာ ချုပ်ငြိမ်းသွားဖို့ အတော်လေး ကြိုးစားအားထုတ် ရပါဦးမယ်လို့ မြင်ပါတယ်။ 

မြန်မာ့နိုင်ငံရေး အကျပ်အတည်းဟာ ဘယ်လိုပုံစံမျိုးနဲ့ ဖြေရှင်းကြမည်လဲ ဆိုတာကို အမျိုးမျိုးကြံစည် စိတ်ကူးထားကြပေမယ့် ဒီနေ့ဒီချိန်မှာ မြန်မာဟာ စစ်ပွဲ၊ လိုငွေပြမှု၊ ပစ်ခတ်ကြမှု ရှိလာနေကြပြီဆိုတာကိုတော့ ကိုယ်တွေ့ သိကြပြီးသားပါပဲ။

စီးပွားရေးလုပ်ငန်းနဲ့ အစိုးရဌာနတွေမှာလည်း တောက်လျှောက် (တစ်ဆက်တည်း) တစ်လျှောက်လုံး အကျင့်ပျက်ခြစားမှု ကြီးထွားနေခဲ့တာကြောင့် ချို့ယွင်းချက်တွေ မပြီးဆုံးနိုင်တော့ပါဘူး။ နိုင်ငံရေးအောင်မြင်မှုလည်းမရှိ။ စီးပွားရေးအောင်မြင်မှုလည်း မပေါ်တဲ့ မြန်မာပြည်ဟာ ရုတ်တရက် ဖြစ်ပေါ်လာတဲ့ အနုတ်လက္ခဏာတွေက များတော့ ၂၀၂၃ ခုနှစ်မှာလုပ်မည့် (လုပ်မယ့်) နိုင်ငံရေးပုံစံအပြောင်းအလဲဟာ ဖြစ်နိုင်ပါ့မလားဆိုပြီး ကြိုတင်စိုးရိမ်ထားကြတဲ့သူတွေက အများကြီးပါပဲ။

တန်ဖိုးကြီးကြီး ပေးဆပ်လာခဲ့ရတဲ့ အရှင်တို့ တိုင်းပြည်ဟာ ငြင်းခုံပြောဆိုမှုတွေ၊ ပဋိပက္ခမှုတွေ ဖြစ်ကောင်းတဲ့အချိန် မရှိသင့်တော့ပါဘူး။ အရှင်တို့အားလုံး ယုံကြည်ထားကြတဲ့ နိုင်ငံရေးအတွက် မျှော်မှန်းချက်ကို မကောင်းသော ကြံစည်မှုစကားနဲ့ တဖျစ်ဖျစ် တတောက်တောက် ပြောဆိုနေကြမယ့်အစား ရိုးစင်းဖြောင့်မတ်တဲ့ စကားတွေဆိုကြပြီး ရိုးသားဖြူစင်ခဲ့ကြတဲ့ မာန်မာနကင်းကြတဲ့ လူမျိုးအဖြစ် ပြန်လည်သင့်မြတ်သင့်ပါပြီ မဟုတ်လား။ လူတိုင်းလိုလို စိုးရိမ်ပူပန်မှုကို မလိုလားမနှစ်သက်ကြပါဘူး။ ပျော်ရွှင်ခြင်းကင်းမဲ့တဲ့ ကြေကွဲစရာ သက်သက်ကိုလည်း မမြတ်နိုးကြပါဘူး။ မေတ္တာတရားနဲ့ တမ်းတမ်းတတ ကြည့်ရှုပေါင်းစည်းထားကြတဲ့ မြန်မာပြည်ဖြစ်ဖို့ လိုအပ်နေပါပြီ မဟုတ်လား။ 

အရာခပ်သိမ်းဆိုးရွားလာ 

ရှေးခေတ်ကာလက ကမ္ဘာကြီးအပေါ်  ဩဇာအာဏာလွှမ်းမိုးလိုတဲ့ နိုင်ငံတွေက နိုင်ငံရေးစနစ်တစ်ခုဖန်တီးကြပြီး လုပ်နေကြတယ်။

ဒီခေတ်မှာတော့ နိုင်ငံရေးစနစ်သစ်တစ်ခုခု ဖန်တီးလို့ သြဇာအာဏာလွှမ်းမိုးမှုရဖို့ မလွယ်ကူတော့ပါဘူး။ ကမ္ဘာ့နိုင်ငံရေး သမိုင်းအကြောင်းတွေကို လေ့လာကြည့်ပါ။ နိုင်ငံတွေဘာကြောင့် အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ကြရပါသလဲဆိုတဲ့ အကြည့်နဲ့ ကြည့်ပါ။ စစ်ပွဲအောင်နိုင်ခြင်းဟာ တစ်ကမ္ဘာလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိပါဘူး။

ထွေထွေထူးထူးမတွေးဘဲ ငြိမ်းချမ်းရေးရရှိတဲ့ ကာလတွေကိုပဲ ကြည့်လိုက်ပါ။ ခေတ္တခဏ စစ်ပြေငြိမ်းခြင်းသာ ဖြစ်တာပါ။ တိုင်းပြည်တစ်ပြည်ဟာ အသက်ပေါင်းများစွာ သေဆုံးမှုနဲ့ စီးပွားရေးတွေ ပြိုကွဲသွားခဲ့ရင် လူဟာ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုပြိုပျက်သွားတာပါပဲ။ ဒါကြောင့် မြန်မာပြည်ဟာ စီးပွားရေးနဲ့ ယဉ်ကျေးမှုတွေဟာ အရင်ကထက်ပိုပြီး အမှောင်ရိပ်ဖုံးလွှမ်းလာနေကြလို့ အနာဂတ်ကာလ မြန်မာပြည်ဟာ အရာခပ်သိမ်း ပိုပြီးတော့ ဆိုးရွား (ဆိုးဝါး) လာဖို့ပဲ ရှိတော့မည်လား ဆိုတာကို တွေးထားမိပါတယ်။ မရှိ (မဖြစ်) ပါစေနဲ့လို့ ဆုတောင်းမိပါတယ်။

ဆက်ရန်

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၄) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၄)

အဲးခိုး

အရှင်တို့တိုင်းပြည်ဟာ (နိုင်ငံဟာ) စုစည်း (စုဖွဲ့) ပြီး နေထိုင်ကြတဲ့
ပြည်ထောင်စုတိုင်းပြည်ကြီး ဖြစ်တယ်ဆိုတာကို အမြဲတမ်းမှတ်ယူရမယ်။ ပြည်ထောင်စု တိုင်းပြည်ကြီး တစ်ပြည်ရဲ့ ဂုဏ်ထူးဝိသေသဟာ အမျိုးသားနိုင်ငံရေးပါပဲ။ အမျိုးသားနိုင်ငံရေးကို မကြိုးစားဘဲ ပါတီအကျိုးအမြတ် နိုင်ငံရေး ကြိုးစားကြတဲ့ နိုင်ငံရေးဟာ နောက်ဆုံးတော့ လူမုန်းခံရတာပါပဲ

အတွဲ(၁၁)၊ အမှတ်(၃၀)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ သီတင်းကျွတ်လပြည့်ကျော် ၁၂၊ ၂၁-၁၀-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်)

ရွှေ့ကွက်ပျက်တဲ့ ဇာတ်အိမ် 

နိုင်ငံတိုင်းမှာ လူတစ်ဦး တစ်ယောက်တည်း နေထိုင်တာမဟုတ်ပါ။ လူအများနဲ့ နေထိုင်ကြရတာပါ။ လူအများ နေထိုင်ကြတဲ့ တိုင်းပြည် တစ်ပြည်ဟာ အမှန်တရား တစ်ခုမှ (တစ်ပါး) မရှိရင် လူတွေဟာ အမှန်တရားကို ဆင်ခြင်စဉ်းစား နိုင်ကြမည် မဟုတ်ပါ။ အမှန်တရားကို မစဉ်းစား၊ မဆင်ခြင်၊ မသုံးသပ်နိုင်ကြတဲ့ လူဟာ နိုင်ငံရေးခေါင်းဆောင်ကို ရွေးချယ်နိုင်ကြမှာ မဟုတ်ပါ။ အရူးတစ်ယောက်ဟာ သန်းနှင့်ချီသော လူတွေကို ခေါင်းဆောင်မလုပ်နိုင်ပါ။ လူကောင်း တစ်ယောက်သာ သန်းနဲ့ချီသော လူတွေရဲ့ ခေါင်းဆောင် မှုအလုပ်ကို လုပ်နိုင်ကြတာပဲ ရှိပါတယ်။ ဒါကြောင့် ခေါင်းဆောင်ဆိုတာ အနိုင်ယူတတ်သူ၊ အပြစ် ယူတတ်သူ၊ သည်းမခံနိုင်သူ ဖြစ်ရင် တိုင်းပြည်အတွက် အသက်ပေါင်း များစွာ ဒုက္ခရောက်ကြရတာပါပဲ။ နိုင်ငံရေး ခေါင်းဆောင် သို့မဟုတ် လူတွေအတွက် ဦးဆောင်တဲ့သူဟာ ပါရမီရှင်၊ ပညာရှင်၊ ဂုဏ် ကျက်သရေရှိသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်ရမယ်လို့ မသတ်မှတ်ပါ။ ကုန်ကုန်ပြောရရင် ခေါင်းဆောင်ဆိုတာ ဘာတွေကို ခေါင်းဆောင်ရမည်လဲ ဆိုတာကို နားမလည်သော ခေါင်းဆောင်ဟာ လူ့အဖွဲ့အစည်းအတွက် ခေါင်းဆောင် မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။

ဒါကြောင့် အရှင်တို့ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ခေါင်းဆောင်တိုင်း လိုလိုပါပဲ၊ ဘာကို ခေါင်းဆောင်ရမလဲ ဆိုတာကို နားမလည်လို့ ခေါင်းဆောင်အဖြစ် ရွေးထားမိလို့ ပြည်သူတွေ ဝမ်းမြောက် ကြည်နူးစွာ မနေထိုင်ကြရဘဲ သူတို့ရဲ့ မှားယွင်းမှု၊ မိုက်မဲကြမှု ပတ်ဝန်းကျင် တွေမှာပဲ ဆင်းရဲဒုက္ခမျိုးစုံ ခံစားနေကြ ရတယ်။ သန်းနဲ့ချီတဲ့ ငါတို့ရဲ့အားနည်းချက်နဲ့ မမှန်ကန်တဲ့ ခေါင်းဆောင်တွေကို အရွေးအကောက် မှားခဲ့ကြတဲ့ နိုင်ငံရေး သင်ခန်းစာ ဇာတ်အိမ်ဟာ ရွှေ့ကွက်ပျက်တဲ့ ဇာတ်အိမ်လို့ပဲ ခေါ်ရတော့မယ် မဟုတ်လား။ 

နိုင်ငံရေးအသွင်အပြင်တွေ ပျက်စီး 

နိုင်ငံရေး ဇာတ်အိမ် ပျက်လာတဲ့ မြန်မာပြည်ဟာ ခုချိန်ထိပဲ နိုင်ငံရေးနဲ့ ပတ်သက်သမျှတဲ့ အရာတွေဟာ မတည်မငြိမ် နိုင်ကြသေးပါဘူး။ သူတစ်မင်း ငါတစ်မျိုးနဲ့ နိုင်ငံရေးကို စီမံခန့်ခွဲ လုပ်ကိုင်ချင် နေကြတယ်။ သူ့ဝါဒ ကိုယ့်ဝါဒနဲ့ ယှဉ်ပြိုင်ချနေကြတယ်။ ပြည်သူ့အတွက် နိုင်ငံရေးမူဝါဒ ကောင်းတွေ မချမှတ်နိုင်ကြဘဲ အမြင်ကျဉ်းမြောင်းတဲ့ နိုင်ငံရေး ဆုံးဖြတ်ချက်တွေ ဖိနှိပ်ကြတယ်။ အလွန် ရိုးသား၊ အလွန်ထက်မြက်တဲ့ စိတ်ဓာတ်တွေမရှိ (မထား )ကြဘဲ ဉာဏ်ရည်ဉာဏ်သား အထိုင်းဆုံးစနစ်ပြတဲ့ နိုင်ငံရေး ဦးတည်ချက်တွေ ကြိုးစားကြတယ်။ အကျိုးမရှိတဲ့ ကြွေးကြော်မှုတွေ၊ အားထုတ်မှုတွေ၊ ထင်ပေါ်မှုတွေ ဖြစ်ကြပြီး နောက်ပိတ်ဆုံးတော့ ပုဂ္ဂိုလ်စွဲအင်အားစု အပေါ်နဲ့ပဲ နိုင်ငံရေးတွေ ကျဆုံး နေကြတယ်။ ကျယ်ပြန့်တဲ့ ဆင်ခြင်သုံးသပ်ချက်တွေ ပျောက်ပြီး အမှားဆုံးဖြတ်ချက် အမျိုးမျိုးနဲ့ တိုင်းပြည်ကြီးကို ဖျက်ဆီးကြတယ်။ ရည်ရွယ်ချက်မဲ့တဲ့ အကျိုးဆက်တွေနဲ့ ပြည်သူတွေမှာ ခံစားကြရပြီး မပြီးဆုံးနိုင်တဲ့ နိုင်ငံရေး အကျိုးဆက်တွေနဲ့ သံသရာ ကျင်လည်နေကြရတယ်။ ဒါကြောင့် နိုင်ငံရေး အကျိုးဆက်တွေနဲ့ သံသရာ ကျင်လည်နေကြရတယ်။

ဒါကြောင့် နိုင်ငံရေး မဟာဗျူဟာစီမံချက် မရေးဆွဲတတ်တဲ့ လူမျိုး သို့မဟုတ် တိုင်းပြည်ဟာ ဒီခေတ်ကြီးမှာ အရာရာတိုင်း အရှုံးနဲ့ ဖြစ်ကြရမှာပါပဲ။ အဲဒီအထဲ အရှင်တို့ မြန်မာတွေမပါဖို့ သတိအကြိမ်ကြိမ် ပေးခဲ့ပါတယ်မဟုတ်လား။ သတိပေး (အကြံဉာဏ်ပေး) နေတာကို အသိဉာဏ်စိတ်နဲ့ မမြင်ဘဲ အဖျက်အမှောင့်ကြီးလို မြင်ခဲ့ကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကြောင့် နိုင်ငံရေးအသွင်အပြင်တွေ ပျက်စီးပြီး အမျိုးသားရေး လက္ခဏာရပ်ပါ ပျောက်ဆုံးခဲ့ရတယ်။ မမှားတဲ့အကြံကို လက်မခံခဲ့တာ ဘယ်သူတွေပါလဲ။ 

အမျိုးသားခေတ်နိုင်ငံရေး 

နိုင်ငံရေးအသွင်အပြင် မပီနိုင်သေးတဲ့ မြန်မာပြည်ဟာ မျှော်လင့်ချက် ထားလွန်းတဲ့ ဒီမိုကရေစီ နိုင်ငံရေးကြောင့် ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ကျဆုံးနေကြပြီ ဆိုပြီးတော့ နိုင်ငံရေးသမားအချို့က သုံးသပ်ဝေဖန်ထားခဲ့တာ တွေ့ရတယ်။ နိုင်ငံရေးဆိုတာ လူတွေရောက်ရှိတဲ့ ဘဝကို ဒါမှမဟုတ် ပန်းတိုင်ကို ထိန်းသိမ်း စောင့်ရှောက်ပေးနိုင်ရမယ်။ ဥပဒေနားလည်တဲ့သူဟာ ဥပဒေကို လေးစားလိုက်နာ ကျင့်ကြံနေထိုင် သလိုပါပဲ။ နိုင်ငံရေးသမားဟာ ပြည်သူ့ပန်းတိုင်ကို အားထုတ်ကြိုးစား ဆောင်ရွက်နိုင်ရမယ်။ ပြည်သူ့ဘဝ၊ ပြည်သူ့လောက အကြောင်းကို မလေ့လာဘဲ ငါ့အလုပ် ငါ့နိုင်ငံရေး ငါပဲသိတယ်ဆိုတဲ့ ကလေးဆိုးကြီး တစ်ယောက်လိုတော့ လုပ်လို့ မရပါ။ တိုင်းပြည်အင်အား တိုးတက်စေလိုတဲ့ သူဟာ (ပုဂ္ဂိုလ်ဟာ) တိုင်းပြည်အပေါ် သစ္စာစောင့်သိ ရိုသေရမယ်။ အမျိုးသား ခေတ်နိုင်ငံရေး စနစ်ရှိရမယ်။ နိုင်ငံရေးက သင်ပေးတဲ့အတိုင်း (အတွေ့အကြုံက သင်ပေးတဲ့အတိုင်း) မိမိရဲ့ နိုင်ငံရေး အသိုင်းအဝိုင်းကို တစ်ဦးတစ်ယောက်တည်းရဲ့ ယူဆချက်နဲ့ မဖြစ်စေရဘဲ ထူးခြားချက် နိုင်ငံရေးမူဝါဒ အသွင်အပြင် လက္ခဏာကို ချမှတ်အားထုတ် နိုင်ရမယ်။ 

နောင်လာမယ့် နှစ် ၁ဝဝ ပြည်မြန်မာ 

အရှင်တို့ တိုင်းပြည်ဟာ (နိုင်ငံဟာ) တစ်နေရာတည်းမှာ လူတစ်ဦးသာ နေထိုင်ကြတဲ့ တိုင်းပြည်မဟုတ်ပါ။ စုစည်း (စုဖွဲ့) ပြီး နေထိုင်ကြတဲ့ ပြည်ထောင်စု တိုင်းပြည်ကြီး ဖြစ်တယ်ဆိုတာကို အမြဲတမ်း မှတ်ယူရမယ်။ ပြည်ထောင်စုတိုင်း ပြည်ကြီးတစ်ပြည်ရဲ့ ဂုဏ်ထူးဝိသေသဟာ အမျိုးသားနိုင်ငံရေးပါပဲ။ အမျိုးသားနိုင်ငံရေးကို မကြိုးစားဘဲ ပါတီအကျိုးအမြတ် နိုင်ငံရေး ကြိုးစားကြတဲ့ နိုင်ငံရေးဟာ နောက်ဆုံးတော့ လူမုန်းခံရတာပါပဲ။ ခေတ်အဆက်ဆက် မြန်မာပြည် ပါတီသမိုင်းတွေကို ပြန်လေ့လာကြည့်ပါ။ အထောက်အထားမဲ့ ဆိုခဲ့တာ (ပြောခဲ့တာ) မဟုတ်ပါ။

ယနေ့ မြန်မာပြည် အခြေအနေဟာ နောင်လာမယ့် နှစ် ၁ဝဝ ကာလကျရင် (နောင်နှစ် ၁၀၀ မှာ) – 
(၁) တစ်မျိုးသားလုံး တစ်စုတစ်ဖွဲ့ စုစည်းနိုင်ကြမည်လား။ ဒါမှမဟုတ် 
(၂) နိုင်ငံတော်တစ်ခုတည်းရဲ့ စစ်မှန်တဲ့ အသွင်းအပြင် လက္ခဏာ ပြည့်ပြည့်စုံစုံနဲ့ ဖြစ်လာနိုင်မည်လား ဆိုတာကို တွေးထားကြပါရဲ့လား။ 

သမိုင်းနှင့် ယှဉ်ကြည့်ပါ 

အရှင်တို့ မြန်မာပြည်ဟာ ချမ်းသာ ကြွယ်ဝတဲ့သူတွေ၊ အသိဉာဏ် ကြွယ်ဝတဲ့သူတွေ ရှားပါးတဲ့ တိုင်းပြည်မဟုတ်ပါ။ ယဉ်ကျေးမှုနဲ့ နိုင်ငံရေးမှာ ထင်ရှားတဲ့ တိုင်းပြည်ကြီးပါ။ သဘာဝတရားကြီးက ပေးထားခဲ့တဲ့ အနှောင်အဖွဲ့ တိုင်းပြည်ကြီးပါ။ ပထဝီအနေအထားအရ အလွန်သာယာလှပတဲ့ တိုင်းပြည်တစ်ပြည်ပါ။ ဒီလို တိုင်းပြည်ကြီးမျိုးဟာ ခုံမင်နှစ်သက်ကြတဲ့သူတွေ မရှိဘူးလို့ မထင်မိပါနဲ့။ နိုင်ငံရေး နှိုက်နှိုက်ချွတ်ချွတ် တတ်သိ ကျွမ်းကျင်တဲ့ လူတွေဟာ ဒီတိုင်းပြည်ကြီးကို အာရုံခံစားမှုရှိကြလို့ပဲ နယ်ချဲ့ခံထားရတဲ့ ပြည်သူဂဏ တိုင်းပြည်ကြီးပါ။ ဟိုခေတ်က ဟိုအခါဆိုရသလို ဒီခေတ်က ဒီအခါမှာ လူသားအခွင့်အရေးကို အကြောင်းပြပြီး ကမ္ဘာ့နိုင်ငံရေး စနစ်သစ်နဲ့ သွယ်ဝိုက်တဲ့နည်းနဲ့ သိမ်းပစ်ချင်တဲ့ သူတွေ မရှိတော့ဘူးလို့ မထင်မြင်မိပါနဲ့။ လောကမှာ လောဘမဲ့တဲ့သူ မရှိသလောက် နိုင်ငံရေး လောဘသားတွေရဲ့ လက်ချက်နဲ့ တိုင်းပြည်ကို မဖျက်ဆီးလို့ (မသိမ်းယူဘူးလို့) သတိမပေါ့ကြဖို့ အကြိမ်ကြိမ် အခါခါ သတိပေးခဲ့ပါပြီ။ ကမ္ဘာ့နိုင်ငံရေးဟာ အင်အားသစ် ခေတ်တစ်ခေတ် စလာနေတာကြောင့် ဒီမိုကရေစီကို ဗဟိုပြုထားကြတဲ့ နိုင်ငံတိုင်းရဲ့ ယဉ်ကျေးမှု အခြေအနေဟာ အရေးမစိုက်ဘဲ မရပါ။ နိုင်ငံရေး ခေတ်တစ်ခေတ် အသစ်စတင်ရင် အဲဒီနိုင်ငံရေး အကြောင်းကို ပိုမိုပြီး လေ့လာသိရှိထားရပါတယ် မဟုတ်လား။

ဒီမိုကရေစီ နိုင်ငံရေးခေတ်ထခဲ့တဲ့ ၁ဝ နှစ်အတွင်းမှာ (၂၀၁၀ မှ ၂၀၂၀ ခုနှစ်အတွင်း) မြန်မာ့ယဉ်ကျေးမှု အခြေအနေတွေ၊ မြန်မာ့အမျိုးသားရေး အခြေအနေတွေ၊ မြန်မာ့စိတ်ဓာတ်ပိုင်း အခြေအနေတွေ မြန်မာ့နိုင်ငံရေး အခြေအနေတွေ ဘယ်လိုပုံစံ အသွင်နဲ့ ပြောင်းလဲပြီး ဘယ်လိုအကျိုးရလဒ်တွေ ခံစားခဲ့ကြရသလဲ ဆိုတာကို ပြန်သုံးသပ်ကြရမယ် မဟုတ်လား။ နိုင်ငံရေးကောင်းမှ၊ စီးပွားရေးကောင်းမှ အရာရာအားလုံး ကောင်းမယ်လို့ ထင်နေကြတာပါ။ လောကအနေနဲ့ ကြည့်ရင် အကျင့်ကောင်းမှ နိုင်ငံရေး စီးပွားရေး ကောင်းမွန်မယ်ဆိုတာကို သတိမထားမိကြပါဘူး။

ဒါကြောင့် အင်အားသစ် ခေတ်တစ်ခေတ် ထလာပြီဆိုရင် အင်အားသစ်ကို စတင်ပေးတဲ့ ဦးဆောင်သူတွေရဲ့ အပြုအမူကို ပိုသတိထားပြီး လေ့လာထားရပါတယ်။ သူတို့ရဲ့ တိုးတက်မှု အဓိပ္ပာယ်ကို သမိုင်းနဲ့ယှဉ်ပြီး ကြည့်ရမယ်။

ဆက်ရန်

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၃) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၃)

အဲးခိုး

အုပ်စုကွဲ၊ လူမျိုးစွဲ၊ ဝါဒကွဲတွေနဲ့ တစ်စုနဲ့တစ်စု ဖဲ့နေကြတယ်။ ကွပ်မျက်နေကြတယ်။ ဒီလုပ်ရပ်တွေဟာ လူသားအတွက် အန္တရာယ်ကြီးလို့ မမြင်ကြဘဲ ဆိုးသွမ်းစွာချေမှုန်းတိုက်ခိုက်ကြတယ် အကျိုးအကြောင်း ဆင်ခြင်နိုင်တဲ့သူတွေရဲ့ အကြံပေးဉာဏ်ပြုမှုကို အထင်သေးအမြင်သေးကြပြီး နိုင်ငံရေး …  ပျက်ကွက်ရောက်အောင် တွန်းပို့ကြတယ်။ ဒီအနေအထားဟာ အနာဂတ်ကာလတစ်ချိန်ချိန်မှာ ရောက်လာလိမ့်မယ်ဆိုတာကို မျှော်လင့်ထားဖို့ပါပဲ … 

အတွဲ(၁၁)၊ အမှတ်(၂၉)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ သီတင်းကျွတ်လဆန်း ၁၃၊ ၇-၁၀-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက်)

ပိုးဖလံမီးတိုး 

နည်းပညာမတိုးတက်တဲ့ တိုင်းပြည်ကို ကြည့်လိုက်ပါ။ ဖွံ့ဖြိုးတိုးတက်ဖို့ နှေးကွေးနေတာကို တွေ့ရမယ်။ ယနေ့ ကမ္ဘာ့နည်းပညာ တိုးတက်နေတာကို မကြိုက်မနှစ်သက်ကြတဲ့သူတွေက တစ်ပုံတစ်သီကြီးပါပဲ။ ကြီးပွားရေးကို ကြီးပွားရေးလို မမြင်ဘဲ (မသုံးစွဲဘဲ) တစ်ယူသန်အဖွဲ့နဲ့ ကြည့်လို့ နည်းပညာမပါတဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေ လုပ်နေကြတယ်။

မတတ်တတတ်နဲ့ နိုင်ငံရေးကို တက်အုပ်ချုပ်ကြတယ်။ ခေတ်စနစ်ကို မကြည့်ဘဲ ငါစနစ်နဲ့ ကြဲနေကြတယ်။ တိုင်းပြည်မွဲနေကြတယ်။ အချင်းချင်း လက်နက်ကိုင်စွဲပြီး တိုက်ခိုက်ဖျက်ဆီးကြတယ်။ ဒေါသအာဃာတ တရားတွေ မထိန်းသိမ်းနိုင်ကြဘဲ သတ်ပွဲကို အလုပ်တစ်ခုလို သတ်မှတ်ကြတယ်။ အုပ်စုကွဲ၊ လူမျိုးစွဲ၊ ဝါဒကွဲတွေနဲ့ တစ်စုနဲ့တစ်စု ဖဲ့နေကြတယ်။ ကွပ်မျက်နေကြတယ်။ ဒီလုပ်ရပ်တွေဟာ လူသားအတွက် အန္တရာယ်ကြီးလို့ မမြင်ကြဘဲ ပိုးဖလံမျိုးမီးကိုတိုးဆိုတဲ့ ဥပမာစကားလိုပဲ ဆိုးသွမ်းစွာ ချေမှုန်းတိုက်ခိုက်ကြတယ်။ အဲဒီထဲမှာ မြန်မာတွေလည်း ပါနေကြပြီ မဟုတ်လား။ 

အကျိုးမဲ့မှု ယှဉ်ပြိုင် 

ယနေ့ကမ္ဘာမှာ နည်းပညာရပ်ကို အကြောင်းပြုပြီး နိုင်ငံတိုင်းလိုလိုက ဟိုက်ဒရိုကာဘွန် (ကာဗွန်) နေရာမှာ အစားထိုးဖို့ စွမ်းအင်အသစ်တွေ ရှာဖွေနေကြပြီ မဟုတ်လား။ စစ်ပွဲကြီးဖြစ်လာရင် သုံးဖို့ဆိုပြီး ကြိုးစားနေကြတယ်။ စစ်ပွဲကြီးကို … ချင်နေကြတဲ့သူတွေရဲ့ စိတ်ဓာတ်ဟာ ကြောက်ရွံ့စရာပါပဲ။ သီအိုရီအရ ပြောရရင် ယနေ့ကမ္ဘာပေါ်မှာ နေရောင်ခြည်သုံး စွမ်းအင်က အကောင်းဆုံး (အထိရောက်ဆုံး) ဆိုပြီးတော့ ဆိုနေကြတယ်။ နေရောင်ခြည်သုံး စွမ်းအင်ကို သုံးစွဲဖို့အတွက်ဟာ စွမ်းအင်ကို လက်ခံမယ့်ပစ္စည်းတွေ အမြောက်အမြား လိုအပ်ပါမယ်။

အဲဒီစွမ်းအင်ကို လက်ခံမယ့် ပစ္စည်းတွေဟာ ကမ္ဘာ့မျက်နှာစာပေါ်မှာ နေရာတွေ အများကြီးယူထားရင် ပတ်ဝန်းကျင်ထိခိုက်မှု ဘယ်လောက်များ ရှိကြမည်လဲ (မလဲ) ဆိုတာ စဉ်းစားသာ ကြည့်ပေါ့။

ကိုယ်တွေအနေနဲ့ နိုင်ငံကြီး တစ်နိုင်ငံမှာ အဲဒီလို နေရောင်ခြည်ထုတ်လုပ်တဲ့ စွမ်းအင်အနီးမှာ ခရီးတစ်ခုမှာ ဖြတ်သန်းခဲ့ဖူးတယ်။ အဲဒီအနီးအနား ဝန်းကျင်တွေဟာ သဘာဝအပင်အကြီးအငယ် မပေါက်တော့ဘဲ အေးစက်နေတဲ့ ကားခန်းမှာ အပူရှိန် ချက်ချင်းဝင် ရောက်လာတယ်။ အဲဒီကနေ အတော်လေးကြာအောင် ကျော်သွားမှ ပုံမှန် အအေးပြန်ရတယ်။ ဒါကြောင့် နေရောင်ခြည် စွမ်းအင်သုံးတဲ့ ကိစ္စတွေမှာလည်း နေ့နဲ့ည သံသရာလည်နေမှုအတွက် အကျိုးမဲ့ဖြစ်သွားမှာပါပဲ။ လူတွေဟာ ဘာကြောင့် သတ္တဝါတွေ အကျိုးမဲ့မှု အလုပ်တွေကို လုပ်ချင်နေကြရပါသလဲ။ ယှဉ်ပြိုင်မှု (ပြိုင်ဆိုင်မှု)ရဲ့ အဖြေဆိုတာ အကျိုးမဲ့မှုပဲလားဆိုတာကို စဉ်းစားမိပါလေရဲ့။ 

လူဦးရေပေါက်ကွဲမှုနဲ့ ပျောက်ဆုံးမှု 

ဖြစ်ပေါ်လာမယ့် ကမ္ဘာ့စစ်ပွဲမှာ အာကာသ (ကောင်းကင်)ကို အခြေခံတဲ့ လျှပ်စစ်ဓာတ်အားပြည့်စုံဖို့ဟာ အဓိက ဖြစ်တယ်ဆိုတဲ့ ယူဆချက်ဟာ နိုင်ငံတိုင်းမှာလိုလိုပါပဲ။ အာကာသကနေ ထုတ်လွှင့်ပေးတဲ့ လျှပ်စစ်ကြောင်းကနေ ကမ္ဘာ့မြေပြင်ပေါ်မှာ မိုက်ခရိုဝေ့ဖ်ရောင်စဉ် ပုံစံနဲ့ ရောက်ရှိလာမယ်။ ရောင်စဉ်တန်းပေါ်မှာပဲ စစ်ရေးသုံး အာဏာသယာဉ်တွေ လွှတ်တင်ကြမယ်။ ယနေ့ အရှင်တို့ အမြဲသုံးစွဲနေတဲ့ အင်တာနက် လိုပေါ့။

စွမ်းအင် အသစ်အဆန်းတွေနဲ့ စစ်ရေး၊ စီးပွားရေးတွေအတွက် သုံးကြမယ်လို့ တွက်ထားကြတယ်။ အဲဒီအချိန် ကျရင် ကမ္ဘာကြီးမှာ လူဦးရေတိုးနှုန်းက မကျဆင်းဘဲ စိတ်ကြိုက်တိုးနေရင်တော့ ကမ္ဘာကြီးတစ်ခုလုံး ကူပါ ကယ်ပါလို့ ကြားရလို့ ပြီးဆုံးမှာမဟုတ်တော့ဘဲ ခေတ်မီတိုးတက်တဲ့ တိုင်းပြည်တွေ အတွက် အန္တရာယ်အများဆုံးတွေ တွေ့ ကြရမှာပါပဲ။

ကမ္ဘာ့သိပ္ပံပညာရှင်တွေက တော့ ၂၁ ရာစုပြည့်တဲ့အချိန်မှာ လူဦးရေ ပေါက်ကွဲမှု ကုန်ဆုံးသွားပြီလို့ တွက်ဆထားကြတယ်။ ဘာအတွက်နဲ့ ကုန်ဆုံးသွားမည်လဲ ဆိုတာကိုတော့ ထုတ်မပြောပါဘူး။ စိတ်ဝင်စားစရာတစ်ခုက ၂ဝ၅ဝ ပြည့်နှစ်ရောက်ရင် ခေတ်မီတိုးတက်တဲ့ စက်မှုနိုင်ငံကြီးတွေမှာ လူဦးရေနှုန်း ကျဆင်းမယ်လို့ ခန့်မှန်းထားကြတယ်။ ဖြစ်နိုင်၊ မဖြစ်နိုင်တော့ ဒီ ၂ဝ၂၁ ကနေ အစထားပြီးတော့ ကိန်းသစ်တစ်ခု ထွင်ပြီး တွက်ကြည့်ကြပေါ့။ မမှန်နိုင် ဘူးလို့တော့ ပြောလို့မရပါ။ ဒါကြောင့် ကမ္ဘာ့သက်တမ်းနဲ့ လူဦးရေတိုးသက် တမ်းတွေကို မှတ်တမ်းပြုထားကြတဲ့သူတွေရဲ့ အတွေ့အကြုံဟာ ဖြစ်ပျက်မှုအတွက် လွဲခဲ့တာ နည်းပါးပါတယ်။ 

မှားယွင်းတဲ့ နိုင်ငံရေးယူဆချက် 

ကမ္ဘာ့အတွေ့အကြုံရှိတဲ့သူတွေက အေဒီ ၂၁ဝဝ ပြည့်ရင် မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ လူဦးရေမွေးဖွားနှုန်း မြင့်တက်လာမယ်။ အဲဒီနိုင်ငံတွေမှာ လူဦးရေ တည်ငြိမ်မှု ရရှိကြမယ်ဆိုပြီး ခန့်မှန်း ထားကြတယ်။ ဘာကြောင့်လဲဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၅၀ အထက်က (၁၇၅ဝ ပြည့်နှစ်က) တစ်ကမ္ဘာလုံးမှာ လူဦးရေတိုးမှုစနစ်ကို ရေးထားတာကို တွေ့ရလို့ဆိုပြီး သာဓက ထုတ်ပြထားတယ်။ အခုဆိုရင် အလုပ်သမားတွေ များလာတယ်။ သုံးစွဲကြသူတွေ များလာတယ်။ စစ်မှုထမ်း (စစ်သည်)တွေ များလာတယ်။ ဒီအချက်ဟာ ဒီအတိုင်းပဲ ရှိနေရင် ကမ္ဘာကြီးဟာ ကုန်ထုတ်လုပ်မှု စနစ်တစ်ခု ပြောင်းသွားအောင် လုပ်ရတော့မယ်။

ဘယ်လိုနည်းပညာစနစ်နဲ့ ပြောင်းကြမည်လဲ (မလဲ) ဆိုတာကို စဉ်းစားနေကြရပါပြီ။ အလုပ်သမားအစား စက်ရုပ်တွေ အစားထိုးဝင်လာပေမယ့် လိုသလောက် ခရီးမပေါက်နိုင်ပါဘူး။ မျိုးပွားအင်္ဂါရပ်တွေ အတွက်ကတော့ ကြီးမားတဲ့ သုတေသနလုပ်ငန်းတွေ စတင်ကြိုးစားနေကြရပြီ ဆိုဟာကိုတော့ တွေ့ရပြီ။

ကမ္ဘာပေါ်မှာရှိကြတဲ့ နိုင်ငံတိုင်းလိုလိုဟာ လူမှုရေး သင်ခန်းစာတွေ၊ အုပ်ချုပ်ရေး သင်ခန်းစာတွေ၊ အကြမ်းဖက်မှု သင်ခန်းစာတွေဟာ လူတွေအတွက် အမျိုးမျိုးဒုက္ခတွေ ပေးနေကြပါပြီ။ မျှော်မှန်းမထားကြတဲ့ လူသား ပဋိပက္ခတွေလည်း မပြီးနိုင် မဆုံးနိုင်လို့ ကမ္ဘာကြီးဟာ အနာဂတ်ကာလ ဖြစ်လာနိုင်စရာတွေ များစွာထဲက မှားယွင်းတဲ့ နိုင်ငံရေးယူဆချက်သုံးတဲ့ မြန်မာပြည်လည်း ကမ္ဘာ့ဆင်းရဲတဲ့ တိုင်းပြည်ထဲမှာ ရောက်သွားလေမည်လား (မလား)ပါပဲ။ 

အပိတ်အဆို့တွေ ခံစားကြရမယ် 

မြန်မာပြည်ဟာ အနာဂတ်နိုင်ငံတော်အတွက် ဘယ်လိုမျိုးမျှော်လင့်ချက် ထားကြပါသလဲ။ ကမ္ဘာ့အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးဆက်ဆံမှုဟာ ဟိတ်ကြီးဟန်ကြီး မရှိကြတော့ပါဘူး။ ကိုယ်ကျိုးစီးပွား ကြည့်တာတွေ၊ ရေတို ကြည့်တာတွေပဲ ဖြစ်နေကြတယ်။ နိုင်ငံရေး ခန့်မှန်းသူတစ်ဦးက ယခုလာမယ့် ၂ဝ၅ဝ ပြည့်ရင် စစ်ပွဲကြီးဖြစ်မယ်လို့ ပြောဆိုထားတာ တွေ့ရတယ်။ သူ့ရဲ့ အမြင်က ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း မရှိတဲ့ လူတွေဟာ အနာဂတ်ကို ကြိုတင်ကြည့်ရှုရာမှာ အားနည်းတတ်ပါတယ်လို့ ပြောဆိုထားတာ တွေ့ရတယ်။ တစ်ခါ (တစ်ဖန်) သူကပဲ ခေတ်ဟောင်းက လက်ဝဲ ယိမ်းကြတဲ့သူတွေရဲ့ စကား (ဆောင်ပုဒ်) ဖြစ်တဲ့ “လက်တွေ့ကျပါ၊ မဖြစ်နိုင်စရာ တွေကို တောင်းဆိုပါ” ဆိုတဲ့ စကားအစား ကို “လက်တွေ့ကျပါ။ မဖြစ်နိုင်စရာတွေကို မျှော်လင့်ထားပါ” လို့ဆိုပြီး ပြောင်းလဲပြင်ဆင်လိုတယ် ဆိုတဲ့သူရဲ့ အတွေးစကားတွေလည်း လေ့လာခဲ့ရပါတယ်။ 

မှန်ပါပြီ။ “လက်တွေ့ကျပါ၊ မဖြစ်နိုင်စရာတွေကို မျှော်လင့်ထားပါ” ဆိုတဲ့ သူရဲ့စကားအတိုင်း အရှင်တို့ မြန်မာပြည်အတွက် ဘာတွေကို လက်တွေ့ကျ ဖို့လိုပါသလဲ။ မဖြစ်နိုင်စရာတွေကို ဘာတွေကို မျှော်လင့်ထားကြပါသေးလဲ” ဆိုတဲ့ ကြိုတင်တွေးခေါ်ထားမှု ပြင်ဆင်ကြရတော့မည်လား ဆိုတာကို တွေးထားမိပါလေရဲ့။ အရှင်တို့ရဲ့ မြန်မာပြည် အနာဂတ်ကာလ ဘဝအခြေအနေဟာဒီနေ့ဒီတိုင်းသာ နေထိုင်ကြရင်တော့ မဖြစ်နိုင်စရာတွေ ဖြစ်လာခဲ့ရင်တော့ အရင့်အရင်က မျှော်လင့် (မျှော်မှန်း) ထားကြတဲ့ နိုင်ငံရေးခရီးလမ်းတွေ အပိတ်အဆို့တွေ ခံစားကြရမှာပါပဲ။ 

တစ်ချိန်ချိန်မှာ ရောက်လာလိမ့်မယ် 

ကမ္ဘာပေါ်မှာ ရှိကြတဲ့လူတွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်ဆံရေးတွေ၊ အမြင်တွေဟာ တဖြည်းဖြည်းပဲ ရိုးစင်းမှုတွေ နည်းပါးလာနေကြပါပြီ။

စဉ်းစားတွေးခေါ်ဆင်ခြင်တဲ့ တရားတွေ နက်နဲမှုကို ခက်ခဲတယ်ဆိုပြီး လူမှုပစ်ပယ်မှု အလုပ်တွေ တွင်တွင်ကြီး လုပ်နေကြတယ်။ ကိုယ်ကျိုးတရားတွေ ကြည့်လွန်းလို့ ကမ်းမမြင် လမ်းမမြင်ကြပါပဲ။ မမြင်ရတဲ့ အကြောင်းတွေကို အရေးမစိုက်ကြဘဲ မဆီမဆိုင်တဲ့ ပါဝင်ပတ်သက်မှုတွေကို အားပေးအားမြှောက်ကြတယ်။ ကောင်းတဲ့ အလေ့အထတွေကို ယုံကြည်မှုမဲ့အောင် နိုင်ငံရေးအာရုံ ပြောင်းလဲအောင် လုပ်တယ်။

မကောင်းမှု အကျိုးစီးပွားရလွယ်မှုကို အမူအကျင့်ထားပြီး ကြိုးစားကြတယ်။ အရည်အချင်းကောင်းတွေ မရှိကြတော့ဘဲ နိမ့်ကျတဲ့ ပုံဖော်မှုကို ကြိုးစားအားထုတ်နေကြတယ်။ အနိမ့်ဆုံး ရေတိုအကျိုးကို စုပေါင်း လုပ်ကိုင်ကြတယ်။ အကျိုးအကြောင်း ဆင်ခြင်နိုင်တဲ့ သူတွေရဲ့ အကြံပေးဉာဏ်ပြုမှုကို အထင်သေးအမြင်သေးကြပြီး နိုင်ငံရေး … ပျက်ကွက်ရောက်အောင် တွန်းပို့ကြတယ်။ ဒီအနေအထားဟာ အနာဂတ် ကာလတစ်ချိန်ချိန်မှာ ရောက်လာလိမ့် မယ်ဆိုတာကို မျှော်လင့်ထားဖို့ပါပဲ။ 

(ဆက်ရန်)

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၂) – မဟာပညာ (mahar.asia)

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၂)

အဲးခိုး

အမေရိကန်ရဲ့ နိုင်ငံရေးကမ္ဘာဟာ ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းနဲ့ သက်ဆိုင်သွားပါပြီ။ အမေရိကန်ဟာစစ်ပွဲနဲ့ စစ်အောင်နိုင်မှုကို လိုလားနှစ်သက်တဲ့တိုင်းပြည်မဟုတ်လို့ဆိုပြီး နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောဆိုထား … ကမ္ဘာပေါ်မှာ လူဦးရေအဆများစွာ များပြားလာနေတာကြောင့် လူသားပေါင်းများစွာကို အထောက်အပံ့၊ အကူအညီပေးနိုင်သော တိုင်းပြည်တွေကပဲ ကမ္ဘာကို (ယာယီ) သြဇာလွှမ်းမိုးနိုင်တော့မှာ ဖြစ်ပါတယ် …

အတွဲ(၁၁)၊ အမှတ်(၂၈)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ သီတင်းကျွတ်လဆန်း ၆၊ ၃၀-၉-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

(ယခင်တစ်ပတ်မှအဆက် )

အနာဂတ်ကမ္ဘာ 

ကမ္ဘာကို ပြဿနာတွေအမျိုးမျိုး ဖန်တီးပေးနိုင်တဲ့ တိုင်းပြည်ဟာ ဘယ်တိုင်းပြည်လဲဆိုတာ သိလိုက်ပါ။ အဲဒီလို ဖန်တီးခွင့်ရအောင်လည်း ဘယ်သူ(ဘယ်ပုဂ္ဂိုလ်)က ချည်းကပ်ခွင့်ပေး လိုက်ကြသလဲဆိုတာကော သိကြရဲ့လား။ ယနေ့ ကမ္ဘာ့နိုင်ငံရေး အလှည့်အပြောင်းအကြောင်းကို လေ့လာကြည့်ပါ။ အထောက်အထားမဲ့ အဖြစ်အပျက် စုံလင်နေအောင်လုပ်နိုင်တဲ့ တိုင်းပြည်ကပဲ ကမ္ဘာကို လွှမ်းမိုးသွားမယ်ဆိုတာကို သိထားစေချင်ပါတယ်။ ယနေ့ စုရုံးပြီး အားကိုးအားထားကြတဲ့ ပါဝါအင်အားကြီးတဲ့ နိုင်ငံတွေဟာ စီးပွားရေး၊ စစ်ရေး၊ နိုင်ငံရေး စတဲ့ အရေးအားလုံးကို သူတို့ကို စိန်ခေါ်နိုင်ကြတဲ့ တိုင်းပြည်တွေရှိကြရဲ့လား။ ဘာကြောင့် သူတို့ကို စိန်မခေါ်နိုင်ကြသလဲ ဆိုတာကို တွေးကြည့်ကြပါ။ စစ်ပွဲကို အကြိမ်ပေါင်း များစွာ တိုက်နိုင်တဲ့သူတွေဟာ ကမ္ဘာ့ပါဝါကြီးမားတဲ့ တိုင်းပြည်ဖြစ်လာကြတာပါပဲ။ စီးပွားရေးအောင်ပွဲမဟုတ် စစ်အောင်ပွဲနဲ့ တက်ကြွနေကြတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ လျှို့ဝှက်ချက်ဟာ အနာဂတ်ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူးဆိုတာကို သိထား လိုက်ပါ။ 

နောက်နှစ်ပေါင်း ၁ဝဝဝ မြန်မာပြည် 

ဘယ်နိုင်ငံမှ စိန်မခေါ်နိုင်တဲ့တိုင်းပြည်ဟာ ကမ္ဘာကြီးကို သူတို့လက်ထဲမှာပဲ ရှိနေတာကို သူတို့မြင်နေကြတယ်။ စစ်မက်ကိုလည်း သူတို့မမှု(မကြောက်) သလို နိုင်ငံရေးအာဏာတွေအတွက်လည်း သူတို့မကြောက်မရွံ့ကြပါဘူး။

ဒီလို ကမ္ဘာ့အင်အားကြီးလာတဲ့ နိုင်ငံတွေရဲ့ အချက်အလက်အကြောင်းတွေကို လေ့လာကြည့်ရင် သူတို့စစ်ရေး၊ နိုင်ငံရေး နည်းမဟာဗျူဟာတွေဟာ လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝ အထက်လောက်က ကြိုးစားအားထုတ်ထားခဲ့ပြီးသားပါ။ ကမ္ဘာ့စနစ်ကြီးကို တစ်ကမ္ဘာလုံးလွှမ်းခြုံနိုင်ဖို့(ထိန်းနိုင်ဖို့) သူတို့ရဲ့ စစ်ရေး၊ နိုင်ငံရေးဗျူဟာတွေ ဘယ်လိုပြောင်းလဲပြုပြင်ထားကြသလဲဆိုတာ သူတို့နိုင်ငံရေး အရုဏ်ဦးကို လေ့လာရင် မြင်နိုင်ပါတယ်။ အဲဒီအထဲမှာ အရှင်တို့မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေးမဟာဗျူဟာမှာ တစ်ကမ္ဘာလုံးအတွက် (ကမ္ဘာကြီးအတွက်) ဘယ်လိုလွှမ်းခြုံ ထားနိုင်ကြမည်လဲ(မလဲ) ဆိုတာကို နောက်နှစ်ပေါင်း ၁ဝဝဝ လောက်မှာ မြင်ရမယ်လို့ ရည်ရွယ်ချက်ထားပါရဲ့လား။ 

လွှမ်းမိုးချက်မတူ 

ဒီကမ္ဘာမှာ(ဒီကမ္ဘာကို) ၁၉ရာစုနှစ်က ဗြိတိသျှတို့က ကမ္ဘာကို လွှမ်းမိုးနိုင်ခဲ့တယ်။ ၂၁ရာစုနှစ်ခေတ်မှာ(နှစ်မှာ) အမေရိကန်က ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာတယ်။ ဗြိတိသျှကမ္ဘာကို လွှမ်းမိုးတဲ့ခေတ်က နယ်ချဲ့လုပ်ငန်း၊ အမေရိကန် အင်အားကြီးမှုက ဘာတွေပါလဲလေ့လာကြည့်ပါ။ အမေရိကန်ရဲ့ နိုင်ငံရေးကမ္ဘာဟာ.. ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းနဲ့ သက်ဆိုင်သွားပါပြီ။ ဘာကြောင့်လဲ ဆိုရင် အမေရိကန်ဟာ စစ်ပွဲနဲ့ စစ်အောင်နိုင်မှုကို လိုလားနှစ်သက်တဲ့ တိုင်းပြည်မဟုတ်လို့ဆိုပြီး နိုင်ငံရေးကျွမ်းကျင်သူတွေက ပြောဆိုထားကြတာကို တွေ့ ရပါတယ်။ ဤအရှင်က အမေရိကန်ဟာ သူ့ရဲ့စိန်ခေါ်ဘက်ကို ချေမှုန်းချက်ပြုမယ့် တိုင်းပြည်မဟုတ်ပါ။ (မဖြစ်နိုင် ပါ) သြဇာလွှမ်းမိုးမှု ကြိုးစားနေကြတဲ့ တိုင်းပြည်တွေနဲ့ လူသားယဉ်ကျေးမှု ကမ္ဘာကို မပျက်စီးဖို့ကိုပဲ အားထုတ်ကြိုးစားကြမယ်လို့ မြင်တွေ့ပါတယ်။ 

၁၉၂၁ ခုနှစ် ဗြိတိသျှ ကိုလိုနီဒေသများ
Vadac., Public domain, via Wikimedia Commons

ကြောက်ရွံ့သွားပါလိမ့်မယ် 

လူတွေကတော့ စစ်မတိုက်ကြဘဲ ရှိတဲ့တိုက်ပွဲကို စစ်အေးတိုက်ပွဲလို့ တင်စားခေါ်ဆိုနေကြတယ်။ စစ်အေး တိုက်ပွဲကာလမှာ နိုင်ငံတကာရဲ့ အလှည့်အပြောင်းတွေက ဘာတွေများ ပြင်းထန်လာခဲ့ကြဦးမလဲ ဆိုတာကို ကြည့်ချင်နေကြတယ်။ ဤအရှင်လည်း မြင်တွေ့ ချင်ပါလေရဲ့။ ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးသွားလို့ ဩဇာကြီးမားလာရေး အတွက် ကြိုးစားလာတာက ရုရှားနိုင်ငံပါပဲ။ ရုရှားဟာ တစ်နေ့နေ့မှာ ကမ္ဘာ့သြဇာအရှိဆုံးတိုင်းပြည် ဖြစ်၊ မဖြစ် မခန့်မှန်းနိုင်ကြပါဘူး။ အချို့ ဝေဖန်ထားကြတာက အောင်မြင်မှုပန်းတိုင် မရောက်နိုင်ဘူးလို့ပဲ ဝေဖန်ထားကြတယ်။ အဲဒီအချက်ကို အရှင်လည်း မြင်ပါတယ်။ မဖြစ်နိုင်ဘူးလို့ပဲ မြင်ပါတယ်။ ဘာကြောင့်လည်းဆိုရင် သြဇာကြီးမားဖို့ ကြိုးစားတဲ့နိုင်ငံရေးပုဂ္ဂိုလ်တွေရဲ့ အတွေးအခေါ်ဟာ ရုရှားနိုင်ငံမှာ ဖြစ်လာ(ရှိလာ)မှာ မဟုတ်လို့ပါပဲ။ စစ်အေးလောကမှာ နိုင်ငံတကာဩဇာ ကြီးမားဖို့ဆိုတာ လွယ်ကူသောကိစ္စတော့ မဟုတ်ပါ။ ဒါပေမဲ့ လူဆိုတာ မရှိတာကိုရှိအောင် လုပ်တတ်သော သတ္တဝါမျိုးဖြစ်လို့ မဖြစ်နိုင်တာကိုလည်း ဖြစ်အောင်လုပ်တတ်ချင်တာတော့ အမှန်ပါပဲ။

၂၀၀၇ ခုနှစ် အမေရိကန် စစ်အခြေစိုက်စခန်းများနှင့် စစ်သည်များ တည်နေရာပြမြေပုံ
Lokal_Profil, CC BY-SA 2.5, via Wikimedia Commons

ကြောက်ရွံ့သွားပါလိမ့်မယ် 

ကမ္ဘာ့ကမ္ဘာကြီးမှာ နိုင်ငံတကာနိုင်ငံရေး သြဇာလွှမ်းမိုးနိုင်ဖို့ ကြိုးစားအားထုတ်တဲ့ အထဲမှာ အရှင်တို့ မြန်မာပြည်လည်း စဉ်းစားထားပါသလား။ အကယ်၍ စဉ်းစားထားခဲ့ရင် မြန်မာတွေ အခြေခံနိုင်ငံရေးသိပ္ပံ ဘယ်လောက် ကျွမ်းကျင်လိမ္မာမှု ရှိထားသင့်သလဲဆိုတာကို ဒီကမ္ဘာအကြောင်းကို လေ့လာပါ။ ယနေ့ကမ္ဘာရဲ့ လူမှုရေးအကြောင်းဟာ ဩဇာလွှမ်းမိုးမှုအတွက် ဖြစ်ပျက်နေကြတယ်လို့ မြင်မိပါသလား။ ဒါမှမဟုတ် ယနေ့ ကမ္ဘာ့လူမှုရေး ပြောင်းလဲမှုဖြစ်စဉ်ဟာ နိုင်ငံပိုင်နယ်မြေချဲ့ထွင်တဲ့ လုပ်ငန်းမဟုတ်တော့ပါ။ ယနေ့ ကမ္ဘာပေါ်မှာ လူဦးရေအဆများစွာ များပြားလာနေတာကြောင့် လူသားပေါင်းများစွာကို အထောက်အပံ့၊ အကူအညီပေးနိုင်သော တိုင်းပြည်တွေကပဲ ကမ္ဘာကို (ယာယီ)ဩဇာလွှမ်းမိုးနိုင်တော့မှာ ဖြစ်ပါတယ်။ ထာဝရသြဇာလွှမ်းမိုးနိုင်ခြင်းတော့ မရှိနိုင်တော့ပါဘူး။ ဒါကြောင့် ဗြိတိသျှ၊ အမေရိက၊ ရုရှား၊ တရုတ်စတဲ့ ဒီအင်အားပြတဲ့ တိုင်းပြည်တွေဟာ နက်ရှိုင်းတဲ့ သူတို့ရဲ့ ပြဿနာတွေ၊ အားနည်းတဲ့သူတို့ရဲ့ လူမှုရေးအခြေခံတွေကြောင့် တစ်နေ့နေ့တော့ တစ်ချိန်ချိန်မှာ သူတို့တွေ ဩဇာကြီးမားရေးဆိုတဲ့ ကြိုးစားမှုဟာ သူတို့တွေ ကြောက်ရွံ့သွားပါလိမ့်လို့ ဝေဖန်ချင်ပါတယ်။ 

စိတ်ကူးယဉ်အထင် 

ဒီနေ့ကမ္ဘာမှာ ကမ္ဘာ့အင်အားကြီးမားအောင် လုပ်ပေးတဲ့ တိုင်းပြည်မရှိပါ ဘူး။ သူတို့နိုင်ငံရေး သြဇာလွှမ်းမိုးချုပ်ကိုင်နိုင်မှုကိုသာ ကြိုးစားနေကြတာပါ။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကြီးကြီးကျယ်ကျယ် မစိန်ခေါ်ရဲကြပါဘူး။ အားနည်းချက်တွေ အမျိုးမျိုးရှိကြတဲ့ တိုင်းပြည် တွေချည်းပါပဲ။ လူတွေက တစ်နေ့တစ်ချိန်ချိန်မှာ တရုတ်က ထိပ်တန်းမှာ ရောက်မယ်၊ ရှိနေမယ်ဆိုပြီး နိမိတ်ကောင်းတွေ ဖတ်ကြတယ်။ တချို့က အမေရိကန်ကို မလွှမ်းမိုးနိုင်ဘူးလို့ဆိုပြီးတော့ ဝေဖန်ထားကြတာတွေ တွေ့ရပါတယ်။ တရုတ်တိုင်းပြည် အနေအထားနဲ့ အမေရိကန်တိုင်းပြည် အနေအထားဟာ တူစရာအကြောင်းမရှိတာကြောင့် ကမ္ဘာကြီးကို သြဇာလွှမ်းမိုးနိုင်မယ့် အနေအထားဟာ နှစ်နိုင်ငံစလုံးက မရှိပါဘူး။ အကုန်ပြောရရင် ကမ္ဘာကိုဘယ်တိုင်းပြည်မှ သြဇာမလွှမ်းနိုင်တော့ပါဘူး။ ဘာကြောင့်လဲဆိုရင် ခေတ်သစ်ပညာရေးစနစ်ဟာ ကမ္ဘာ့နိုင်ငံရေးအတွက် လွှမ်းမိုးနိုင်ဖို့အတွက် ကြိုးစားချက်မဟုတ်လို့ပါပဲ။ အာဏာကို စိတ်ကူးယဉ်အထင်နဲ့ ရေးသားနေကြတာပါပဲ။ (တွေးထားကြတာပါပဲ။) 

၁၉၈၀ ပြည့်နှစ် အမေရိကန် (အပြာ) နှင့် တရုတ် (အနီ) တို့၏
အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ
How China Overtook the U.S. as the World’s Major Trading Partner (visualcapitalist.com)
၂၀၁၈ ခုနှစ် အမေရိကန် (အပြာ) နှင့် တရုတ် (အနီ) တို့၏
အကြီးဆုံးကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများ
How China Overtook the U.S. as the World’s Major Trading Partner (visualcapitalist.com)

ဝရုန်းသုန်းကား 

လူတွေဟာ နိုင်ငံရေးကိုအကြောင်းပြပြီး (အကြောင်းပြုပြီး) စီးပွားရေး ဆုံးဖြတ်ချက်ချတတ်ဖို့လိုပါတယ်။ ဆုံးဖြတ်ချက်မချတတ်ရင် (မမှန်ရင်) အကျင့်ပျက် ခြစားမှုတွေ ဖြစ်မှာပါပဲ။

မြန်မာ့နိုင်ငံရေးကို လေ့လာကြည့်ပါ။ ဒီမိုကရေစီနိုင်ငံရေးကို အကြောင်းပြပြီး စီးပွားရေး ဆုံးဖြတ်ချက်မှားကြလို့ နောက်ဆုံး ဘာဖြစ်သွားကြသလဲဆိုတာကို ကိုယ့်တွေ့ပါပဲမဟုတ်လား။ ပြင်ပကမ္ဘာနဲ့ ဆက်စပ်ပြုတဲ့နေရာမှာ စနစ်မကျလို့ပါပဲ။ တိုင်းပြည်ရဲ့ စီးပွားရေးကို သေသေချာချာမလေ့လာဘဲ ချမ်းသာမှုကို ထိန်းညှိနေသလိုလို၊ ဆင်းရဲမှုကို ထိန်းညှိနေသလိုလိုမျိုးနဲ့လုပ်ပြီး ရှုပ်ထွေးတဲ့ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကို နားမလည်လို့ မြန်မာ့နိုင်ငံရေးဟာ ဘာမှလုပ်စရာမလိုဘဲနဲ့ ပြိုကွဲယိုင်လဲသွားတယ်။ အဲဒီလိုဖြစ်တော့ အချင်းချင်း ဒုက္ခတွေပေးကြတော့တာပဲပေါ့။

ဒီလိုမဖြစ်အောင် နိုင်ငံရေးဘောင်မူဝါဒတွေ အမျိုးမျိုးရှိနေတာကို အရေးမစိုက်ကြဘဲ အင်အားကြီးမားတဲ့ လူမှုရေး နိုင်ငံရေးနောက်ကို လိုက်သလိုလို၊ စီးပွားရေးကြီးမားတဲ့ နိုင်ငံကို စိန်ခေါ် သလိုလိုလုပ်တော့ နောက်ဆုံးတော့ တိုင်းပြည်ဟာ ဝရုန်းသုန်းကား အခြေအနေ ရောက်ခဲ့ရတယ်။ ဘယ်သူ့မှာ တာဝန်ရှိကြသလဲဆိုတာ စဉ်းစားကြပေါ့ ပြည်သူတို့ရယ်။ 

အမှီအခိုကင်းရမယ် 

မျက်မှောက်ဒီအချိန်မှာ အရှင်တို့ရဲ့ အိမ်နီးနားချင်းတိုင်းပြည်ကြီး နှစ်ပြည်ဟာ အရှိန်အဟုန်နဲ့ တိုးတက်အောင် လုပ်နေကြတယ်။ ရေရှည်အောင်မြင်အောင် သူတို့တွေ ကြိုးစားနေကြတယ်။

သူတို့မှာ လုံခြုံရေးလည်း အားကောင်းတယ်။ စီးပွားရေးလည်း အသင့်အတင့် ရှိနေပြီးသားဖြစ်လို့ သူတို့ရဲ့နောက်မှာ ဘယ်ပါဝါကြီးတဲ့ အင်အားကြီးတဲ့နိုင်ငံတွေက မနေ(မရှိ) ပေမယ့် သူတို့မှာ တည်ငြိမ်တဲ့ နိုင်ငံရေး အခြေအနေတွေ ရှိကြပါတယ်။ အထူးသဖြင့် လူအင်အားနဲ့ အလုပ်ကြိုးစားမှုကတော့ ဘယ်သူမှ (ဘယ်နိုင်ငံမှ) မယှဉ်နိုင်ကြပါဘူး။ အနာဂတ်ကာလ(အနာဂတ်ကမ္ဘာ)မှာ သူတို့တွေ ကြီးပွားအောင်မြင် နေကြမှာပါ။ တစ်ချိန်က ကမ္ဘာ့အင်အားကြီးမားခဲ့ဖူးကြတဲ့ တိုင်းပြည်တွေကို ပြန်လေ့လာကြည့်ပါ။ အခြားနိုင်ငံတွေအပေါ်မှာ မှီခိုနေရတဲ့ တိုင်းပြည်ဖြစ်လို့ သူတို့တွေ အင်အားကြီးချင်သလောက် မကြီးပွားနိုင်ကြပါဘူး။

စစ်ဝါဒီနိုင်ငံတွေ ဖြစ်တာရယ်။ ငြိမ်းချမ်းရေးတွေကို မလုပ်ဆောင် ပေးနိုင်တာတွေရယ်၊ နောက်ပြီး တိုင်းပြည်ထဲမှာ လူဦးရေမတန်တဆများပြား နေတာရယ်ပဲ သူတို့တွေမှာ သူတို့ ပြဿနာတွေနဲ့ပဲ ရှုပ်ထွေးနေကြတာကို တွေ့ရတယ်မဟုတ်လား။ ဒါကြောင့် အင်အားကြီးအောင် လုပ်ချင်တဲ့ တိုင်းပြည်တွေဟာ သူတစ်ပါးနိုင်ငံနဲ့ မှီခိုမှ အင်အားကြီးပွားရမယ်ဆိုရင်တော့ စောစောစီးစီးငြိမ်နေလိုက်တာပဲ ကောင်းပါတယ်။ ဒီခေတ်ကြီးမှာ ကမ္ဘာစစ် မဖြစ်နိုင်တော့ဘူးဆိုတာကို သိထားဖို့တော့ လိုနေပြီပေါ့။ စစ်အေးခေတ် (စစ်အေးတိုက်ပွဲ) ဖြစ်နေပြီဆိုတာကိုတော့ မြန်မာတွေလည်း သိထားရတော့မယ် မဟုတ်လား။ 

နည်းပညာရှိရမယ် 

ယနေ့ ကြီးမားလာတဲ့ စီးပွားရေးနဲ့ နည်းပညာရပ်တွေဟာ ပြည်သူကို အလုပ်အကျွေးဖြစ်သလား ဒါမှမဟုတ် စစ်ပွဲတွေကို ထောက်ပံ့အားပေးနေကြပါသလားဆိုတဲ့ ဒီအချက်ကိုလည်း လေ့လာကြည့်ပါ။ ကမ္ဘာ့ အပြည်ပြည်ဆိုင်ရာ စီးပွားရေးဟာ စစ်ပွဲ(စစ်)ထောက်ပံ့ရေးဘက်ကို ယိုင်များယိုင်နေကြသလား ဆိုတာကို တွေးမိပါတယ်။ သာမန် စီးပွားရေးလောက အကြောင်းကို လေ့လာကြည့်လိုက်ရင် ယနေ့ကမ္ဘာ့စီးပွားရေးဟာ နိုင်ငံပြိုကွဲမယ့် အရိပ်အယောင်တွေ၊ မကြုံဖူးတဲ့ စီးပွားရေးပြိုလဲမှုတွေ ဖြစ်လာကြမလားဆိုတာကို တွေးကြည့်ပါ။

နိုင်ငံတိုင်းမှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးတွေကို အလေးထားဆောင်ရွက် လုပ်ကိုင်ခဲ့ကြတာ မရှိကြဘဲ သုံးစွဲမှု အားလုံးကို အင်အားကြီးတဲ့တိုင်းပြည်တွေကိုပဲ မှီခိုအားထားနေကြတယ်။ ဒီအချက်ဟာ မရှိ (မဖြစ်) သင့်တဲ့ အချက်ပါပဲ။ အရှည်အဝေး(ရှည်ရှည်ဝေးဝေး) မကြည့်ပါနဲ့။ အရှင်တို့ရဲ့ မြန်မာပြည်ကိုပဲ ကြည့်လိုက်ပါ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် လူဦးရေတိုးပွားလာမှုနဲ့ အတူ ကုံကုံလုံလုံ (လုံလုံလောက်လောက်) သုံးစွဲနိုင်ကြပြီလားဆိုတာကို ပြန်လေ့လာပါ။

လူတွေဟာ ကမ္ဘာကြီး ကို မှီခိုကြတယ်။ ကမ္ဘာက ငါတို့ကို ဘာမှလက်ဆောင် မပေးနိုင်ကြဘူးဆိုတာကို သိထားဖို့တော့ လိုနေပြီ။ ဒီကမ္ဘာကို အရှင်တို့ကပဲ နည်းပညာရပ်တွေနဲ့ပဲ တိုးတက်အောင် အားထုတ်ရမယ် မဟုတ်လား။

(ဆက်ရန်)

အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၁) – မဟာပညာ (mahar.asia)

Loading

Categories
ဆောင်းပါး နိုင်ငံရေး အဲးခိုး

တို့ဘိုးဘွားအမွေစစ်မို့ (၁)

အဲးခိုး

အတွဲ(၁၁)၊ အမှတ်(၂၇)၊ မြန်မာသက္ကရာဇ် ၁၃၈၄၊ တော်သလင်းလပြည့်ကျော် ၁၄၊ ၂၃-၉-၂၀၂၂၊ မြန်မာသံတော်ဆင့် (The Myanmar Herald) မှ ကောက်နုတ်ဖော်ပြခြင်းဖြစ်သည်။

စကားချီး 

“လူတန်းစားမဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ဖို့ ကြိုးစားကြတဲ့ တော်လှန်ရေးဟာ ဒေါသနဲ့ မကင်းကြပါဘူး။ မကျေနပ်မှုအမျိုးမျိုးနဲ့ ရှိနေကြမှာပါပဲ။ အလုပ်သမား၊ လယ်သမားတွေကို ပစ္စည်းမဲ့လူတန်းစားတစ်ရပ်အနေနဲ့ ဖော်ပြ (ပြသ)ခဲ့ပေမယ့် ပစ္စည်းမက်ကြတဲ့ နိုင်ငံရေးသမားတွေရဲ့ လှည့်ကွက်ကတော့ လူတန်းစားပြဋ္ဌာန်းချက်နဲ့ နိုင်ငံရေးအာဏာ လုနေကြတယ်။ ဒါဟာ ဒီမိုကရေစီနိုင်ငံရေးလို့ ရပ်တည်ပြီး ရှုမြင်ကြတယ်။ ရယ်ချင်စရာပါပဲ။

(တောင်ကလေးဆရာတော်)

နိဒါန်း 

“လေပြင်းမုန်တိုင်းတွေကြားမှာ ကျွန်ုပ်တို့အတွက် လွတ်လပ်ခြင်း ရောင်ခြည်တွေ ထွန်းလင်းခဲ့တယ်”ဆိုတဲ့ နိုင်ငံတော်သီချင်းကို သီဆိုခဲ့ကြတဲ့သူတွေဟာ သည်နေ့ထုတ်ပယ်ပစ်လိုက်ပါပြီ။ 

‘ကမ္ဘာမကျေ မြန်မာပြည် တို့ဘိုးဘွားအမွေစစ်မို့ ချစ်မြတ်နိုးပေ’၂ ဆိုတဲ့ မြန်မာပြည်နိုင်ငံတော်သီချင်းကိုလည်း မဆိုချင်ကြတော့ဘဲ (မဆိုကြတော့ဘဲ) လူမှုနိုင်ငံရေး အတွေးအခေါ်တွေကြားမှာ ဦးဆောင်တဲ့ ပါတီနိုင်ငံရေး အင်အားစုတစ်စုဖြစ်ဖို့ ပြယုဂ်ထားဖို့အားထုတ် ကြိုးစားနေကြတဲ့ မြန်မာ့နိုင်ငံရေးသမားတွေရဲ့ တော်လှန်ရေးဟာ ကမ္ဘာကြီးနောက်ကို ကွေးနေကြပါပြီ။ ထိပ်သီး (ထိပ်တန်း) ရောက်နေကြတဲ့ နိုင်ငံရေးအတွေးသမားတွေလည်း လူထုတော်လှန်ရေးသစ်တွေကို ကြည့်ပြီး တိုင်းပြည်မပြိုကွဲသွားအောင် အားကောင်းမောင်းသန်နေတဲ့ ပုဂ္ဂိုလ်ရေးကိုးကွယ် အားကိုးမှုတွေလည်း ပြိုကွဲလာပြီဖြစ်တဲ့ မြန်မာပြည်ကြီးဟာ ပြည်သူတွေရဲ့ နှလုံးသားဟာ အာဏာရှင်မဟုတ်တဲ့ ရွံ့ရှာမုန်းတီးမှု ကင်းမဲ့တဲ့ ပြည်သူ့အစိုးရကို ထူထောင်ဖို့ ရွေးချယ်တတ်နေကြပြီလားဆိုတဲ့ နိုင်ငံရေးတော်လှန်ရေး အတွေးရှိကြရတော့မယ်။

(တောင်ကလေးဆရာတော်)

နိုင်ငံရေးလိမ်လည်မှု ဖန်တီးသူများ 

ကမ္ဘာပေါ်မှာ 

၁။ လုပ်ကြံမှုဇာတ်လမ်းနှင့် 
၂။ စီမံမှုဇာတ်လမ်းတွေ တွေ့ရသလိုပဲ။

လိမ်ညာမှုဇာတ်လမ်းတွေ နိုင်ငံတကာ အကူအညီပေးကြတဲ့ အဖွဲ့တွေ မှာ နိုင်ငံရေးလောကထဲမှာ ဝင်ရောက် ကူညီတာမဟုတ်ဘဲ နိုင်ငံရေး ရှုပ်ထွေးအောင် ဝင်ရောက် ခြယ်လှယ်နေကြတာ နှစ်ပေါင်းအတော်ကြာနေပါပြီ။ အကြမ်းဖက်အုပ်စုလည်း သူတို့လက်ချက်နဲ့ မကင်းကြသလို တော်လှန်ရေး အင်အားစုတွေနဲ့လည်း သူတို့တွေရဲ့ လှည့်ကွက်တွေနဲ့ မကင်းကြပါဘူး။ အကြမ်းဖက်တွေကို လက်ခံကူညီပေးတဲ့ သာဓကအထောက်အထားတွေ အများအပြားရှိနေကြပြီဆိုတာကို နောက်ကွယ်ကနေ လုပ်ကြံဖန်တီးပေးတဲ့ လုပ်ကြံမှုသမားတွေရဲ့ လုပ်ရပ်တွေဟာ ကမ္ဘာ့အလယ်မှာ မမြင်ချင်လောက်အောင် များပြားနေပြီဆိုတာကိုတော့ ဘယ်သူမှ ငြင်းဆိုကြမယ်မထင်ပါဘူး။ 

အရေခြုံသမား 

ယနေ့ကမ္ဘာအရပ်ရပ်မှာ (ကမ္ဘာအရပ်ရပ်ကို)ကို ကြည့်လိုက်ရင်ပဲ နိုင်ငံရေးသမားတွေဟာ ကိုယ်ကျိုးစီးပွားတွေ ဦးစားပေးနေကြတယ်။ 

(၁) ဆန္ဒာဂတိ = အလိုဆန္ဒကြောင့် ဖောက်ပြန်ကြတယ်။  
(၂) ဒေါသာဂတိ = ကြမ်းတမ်းခြင်းကြောင့် ဖောက်ပြန်ကြတယ်။ 
(၃) မောဟာဂတိ = အမှားနှင့် အမှန်တရားတွေကို မခွဲခြားနိုင်ဘဲ ဖောက်ပြန်မှုတွေ အကြီးအကျယ် ဖြစ်နေကြတယ်။

ကောင်းကျိုးတရားတွေနဲ့ အမြဲဆန့်ကျင်နေပြီး လုပ်ကိုင်နေကြတယ်။ ပြည်သူတွေရဲ့ အကျိုးကောင်းတွေကို လုပ်ပေးနေသလိုမျိုးနဲ့ ကိုယ်ကျိုးတွေဝိုင်းဖွဲ့ပြီး ရှာကြတယ်။ စုကြတယ်။ မနိုင်မနင်း စည်းစိမ်တွေရကြပေမယ့် ပိုရဖို့ကိုချည်းပဲ အားခဲနေကြတယ်။ အထူးသဖြင့် နိုင်ငံတော်ရဲ့ အာဏာကို ဒီမိုကရေစီအရေခြုံပြီးတော့ ရယူနေကြတယ်။ မြန်မာ့နိုင်ငံရေးလောကကို လေ့လာကြည့်ရင် မြင်နိုင်ပါတယ်။ 

ပေါ်ပြူလာဖြစ်ချင်သူများ 

ယနေ့ မြန်မာပြည်လူထုဟာ စီးပွားရေးတွေ ကျပ်တည်းကြပြီး ကြီး ပွားမှုအမျိုးမျိုး ကျဆင်းနေကြတယ်။ တိုင်းပြည်အတွက် ပြန်လည်ပြီး ကြီးပွား တိုးတက်ကောင်းမွန်လာအောင် လုပ်ပေး နိုင်မယ့်ပုဂ္ဂိုလ်(အစိုးရ)ကို ယုံကြည်မှု ထားပြီး မျှော်လင့်နေကြတယ်။ နိုင်ငံ တော်ကို ဦးဆောင်လာကြတဲ့ အစိုးရ အဆက်ဆက်ရဲ့ အမှားတွေကြောင့် လူမှုရေး၊ စီးပွားရေးတွေ အမျိုးမျိုးထိုး နှက်ချက်တွေခံနေခဲ့ရတယ်။ တိုင်းပြည် မှာ လူမှုရေးပျက်ကပ်တစ်ခုတည်းမက ဘဲ စီးပွားရေးပျက်ကပ်တွေပါ ကြုံတွေ့ နေရတယ်။ အင်အားကြီးမားတဲ့ နိုင်ငံ တွေရဲ့ အပြုအမူတွေနဲ့ နိုင်ငံရေး ပဋိ ပက္ခတွေ အမျိုးမျိုးဖြေရှင်းနေရတယ်။ အချင်းချင်း ပေါင်းစည်းနိုင်ကြပေမယ့် အမျိုးသားသင့်မြတ်ရေးအတွက် မထိန်းသိမ်းနိုင်ကြဘဲ မပတ်သက်သင့်တဲ့ နိုင်ငံရေးနဲ့ ရှုပ်ထွေးနေကြတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးစနစ်အကြောင်းတို့နဲ့ ထင်ပေါ်ချင်ကြတဲ့ (ပေါ်ပြူလာ) နိုင်ငံရေးသမားတွေက သမ္မတဖြစ်ရေး၊ သြဇာအာဏာ (တိက္ကမ) နိုင်ငံရေးနဲ့ မိမိပါတီ အင်အားကြီးမားရေးအတွက်နဲ့ အလုအယက် ကြိုးစားနေကြတယ်။ ပြည်သူကို တစ်မျိုးပြောပြီး နိုင်ငံရေးကို တစ်ဖက်လှည့်ပြနေကြတယ်။ အကျပ်အတည်း ပေါင်းစုံ ဖြေရှင်းမနိုင်ကြတော့တဲ့အခါ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းချင်တဲ့သူတွေကို ပေးအပ်တယ်။ ဒါဟာ နိုင်ငံရေးလားဆိုတာကို ပြည်သူတွေ တွေးကြည့်ကြပေါ့ကွယ်။ ညီညွတ်ရေးပျက်ပြားလျှင် အခုဆိုရင် အရှင်တို့ တိုင်းပြည်ဟာ အချင်းချင်း မညီညွတ်ရုံသာမက ညီညွတ်မျှ ကိန်းတွေပျက်စီးနေကြတယ်။ အချင်းချင်းလည်း မယုံကြည်နိုင်ကြဘဲ သံသယစိတ်တွေနဲ့ ဆက်ဆံနေထိုင်ကြတယ်။ ရှေးအစဉ်အလာအဆက်ဆက်က ပိုင်ဆိုင်လာခဲ့ကြတဲ့ လူမှုရေးယဉ်ကျေးမှုတွေလည်း ရှေးရိုးစွဲကြီးဆိုပြီး အထင်သေး အမြင်တွေသေးကြလို့ လူမှုရေးယဉ်ကျေးမှုတွေ မထားကြဘဲ မြန်မာနဲ့မတူညီတဲ့ ယဉ်ကျေးမှုတွေနဲ့ မှားယွင်းနေကြတယ်။ ပြည်သူ ထိန်းပေးသူမရှိကြဘဲ လွတ်လပ်စွာ (ကျင့်ဝတ်မဲ့စွာ) ကျင့်ကြံကြတယ်။ အစိုးရအဖွဲ့အစည်း ဖြစ်ကြတဲ့သူတွေက ဒီမတရားမှုကို ပြုပြင်ထိန်းသိမ်းမှု၊ စောင့်ရှောက်မှုတွေ မလုပ်ပေးနိုင်ဘဲ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုပြီး အားပေးအားမြှောက် ပြုကြတယ်။ မိမိယဉ်ကျေးမှုတရားကို တန်ဖိုးမထားတဲ့လူမျိုးဟာ ဒါမှမဟုတ် လူ့ ယဉ်ကျေးမှုကို တန်ဖိုးမထားတဲ့လူဟာ မကောင်းမှုအကျိုးတရားတွေ အမျိုးမျိုး ခံစားကြရမှာပါပဲ။ လူမှုနိုင်ငံရေးစည်းမျဉ်းကို ဖျက်ဆီးတဲ့သူဟာ အမြဲတမ်းတောက်ပြောင်မယ့်သူမဖြစ်နိုင်ပါ။ အထွေထွေ အကျပ်အတည်းနဲ့ ကြုံတွေ့လာကြရတဲ့ အရှင်တို့တွေဟာ ကယ်တင်သူ၊ ကယ်တင်မယ့်ဝါဒ၊ ကယ်တင်မယ့် အယူသီလတွေ ပြောင်းလဲတဲ့ယုံကြည်မှု စိတ်ဓာတ်မရှိကြရရင်တော့ အချိန်မကြာ အရှင်တို့ တိုင်းပြည်ဟာ ကြီးကြီးကျယ်ကျယ် ဆုတ်ယုတ်ပျက်စီးသွားမှာပါပဲ။ 

ဆုံးရှုံးရခြင်း 

မြန်မာ့နိုင်ငံရေးအကြောင်းကို ပြန်ကြည့်ပါ။ တိုင်းပြည်ကို ခြယ်မှုန်းနိုင် မယ့် နိုင်ငံရေးမူဝါဒတွေ၊ ရိုးရှင်းလွယ်ကူတဲ့ နိုင်ငံရေးနည်းပညာတွေ၊ မိမိတို့ရဲ့ ယဉ်ကျေးမှုကို လွှမ်းမိုးကာကွယ်နိုင်မယ့် စည်းကမ်းချက်တွေ၊ အများသူငှာ လက်ခံနိုင်မယ့် ပြုပြင်ပြောင်းလဲမှုတွေ အစိုးရအဆက်ဆက်က ဘာမှမလုပ်နိုင်သွားကြပါဘူး။ လူထုတွေကလည်း ရေရှည်ပြောင်းလဲလာမယ့် နိုင်ငံရေး အခင်းအကျင်းတွေကို မမြင်မရှုတတ်သေးတော့ သူတစ်ပါးတိုင်းပြည်က ဖော်ပြနေကြတဲ့ ဖွံ့ဖြိုးရေးတွေကိုပဲ အားကျမိကြတာအမှန်ပါပဲ။ ရေရှည်ဖြစ်နိုင်စရာများတဲ့ ပြုပြင်ပြောင်းလဲမှုကို စိတ်ကူးထဲမှာ ပြောင်းလဲချင်ကြပေမယ့် ဦးဆောင်ကြသူ နိုင်ငံရေးသမားတွေရဲ့ လက်ခံထားခဲ့ကြတဲ့ အစဉ်အလာနိုင်ငံရေး လမ်းစဉ်အမှားတွေကြောင့် စိတ်တိုင်းကျ နိုင်ငံရေးအင်အားဖြစ်မလာကြဘဲ နက်နက်နဲနဲ ခွဲခြားစိတ်ဖြာချက်နိုင်ငံရေး အတွေးတွေ ဆုံးရှုံးခဲ့ကြရတယ်။ 

အာဆီယံဘယ်လဲ 

ယနေ့ ကမ္ဘာ့ထိပ်တန်းရောက်တဲ့ တိုင်းပြည်တိုင်းကိုကြည့်လိုက်ပါ။ (ကြည့် လိုက်ရင်) စစ်ပွဲကြီးဖြစ်ပွားမယ့်နေရာ မရှိကြတော့ပါဘူး။

စစ်ပွဲတွေမှာ ပျက်စီးဆုံးရှုံးမှု ဘယ်လောက်များပြားနေကြသလဲဆိုတာ ခက်ခက်ခဲခဲ စစ်ဘေးနဲ့ ရင်ဆိုင်နေကြရတဲ့သူတွေကို မေးကြည့်ပါ။ ဒါကြောင့် မြန်မာပြည်မှာ စစ်ပွဲ၊ စစ်တလင်းမပိတ်(မကာ)နိုင်လေသမျှ ကာလပတ်လုံး နိုင်ငံရေးစနစ်ကောင်း တည်ထောင်ဖို့ အခက်အခဲဆုံး ဖြစ်နေကြဦးမှာပါပဲ။ မြန်မာပြည်ထဲမှာ စစ်ပွဲတွေ မပြီးနိုင်လေ နိုင်ငံရေးဝံပုလွေတွေက အကြိုက်တွေ့လေပါပဲ။

စီးပွားရေး အင်အားကြီးလာတဲ့ အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံရေးကို စည်းကမ်းတကျ မြန်မာပြည်ကို မဆက်ဆံတတ်တော့ ရှုပ်ထွေးမှုတွေ ပိုများလာတယ်။ ပြိုင်ဆိုင်နိုင်တဲ့ နိုင်ငံရေးဆိုတာ အရှေ့တောင်အာရှနိုင်ငံတွေမှာ မရှိပါဘူး။ ဘုံဝါဒသဘောတူထားကြတဲ့ အာဆီယံ သဘောတူညီချက် (တူညီမှု) တွေဟာလည်း ဒေသအတွက် အင်အားကြီးလာနိုင်မယ့် အသိအမြင်တွေ မတွေ့ရပါဘူး။ ကုန်ကုန် (အကုန်) ပြောရရင် အာဆီယံဒေသထဲမှာ အာဆီယံလူမှုဘဝ ထိန်းသိမ်းမြှင့်တင်နိုင်မယ့် နိုင်ငံရေး အတွေးလှလှရှိကြတဲ့သူတွေ မပေါ်ပေါက်သေးပါဘူး။

(ဆက်ရန်)

အဲးခိုး

Loading

Categories
နိုင်ငံရေး ပထဝီနိုင်ငံရေးနှင့်စီးပွားရေး

အိန္ဒိယသမုဒ္ဒရာ၏ ပထဝီနိုင်ငံရေးအနေအထားအရ အရေးပါမှု 

“အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ်နိုင်တဲ့သူဟာ အာရှတိုက်ကို စိုးမိုးလိမ့်မယ်။ ဒီသမုဒ္ဒရာက ကမ္ဘာ့ပင်လယ်ကြီး ၇ ခုရဲ့ အဓိကသော့ချက်ဖြစ်လာလိမ့်မယ်။ အနာဂတ်ကမ္ဘာကြီးရဲ့ ကြမ္မာကို ဒီရေပြင်ပေါ်မှာ အဆုံးအဖြတ်ပေးကြလိမ့်မယ်။”

၁၈၉၇, အဲလ်ဖရက်ဒ် သေယာ မဟန်း
(၁၉ ရာစု၏ အရေးအပါဆုံး အမေရိကန် ဗျူဟာမှူး (ခ) ရေတပ်ဗိုလ်ချုပ်) 
(Ghosh, 2011)

မှတ်ချက် ။ ။ Seven Seas ပင်လယ်ကြီး ၇ ခုသည် ပစိဖိတ်သမုဒ္ဒရာနှင့် အတ္တလန္တိတ်သမုဒ္ဒရာများအား တောင်၊ မြောက် နှစ်ပိုင်းခွဲခြမ်းထားပြီး ကမ္ဘာ့သမုဒ္ဒရာကြီး ၅ ခုကိုတင်စား၍ ခေါ်ဝေါ် သောအသုံးအနှုန်းဖြစ်သည်။ အာရဗ်လူမျိုးတွေအနေနဲ့ကတော့ သူတို့ရဲ့အရှေ့အလယ်ပိုင်းဒေသကနေ တရုတ်ပြည်ကိုကုန်သွယ်ရန်သွားဖို့ ဖြတ်သန်းသွားရတဲ့ ပင်လယ်ကြီး ၇ ခုကို ဆိုလိုပါသည်။ 

String of Pearls Strategy

(ပုလဲကြိုး မဟာဗျူဟာ)

String of Pearls Strategy (ပုလဲကြိုး မဟာဗျူဟာ)

အထက်ပါပုံမှာမြင်တွေ့ရတဲ့အတိုင်း အာရှအရှေ့ဘက် တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ ဟန်နန်းပြည်နယ်ကနေစပြီး၊ ကမ္ဘောဒီးယား၊ ထိုင်း၊ မြန်မာစတဲ့ အရှေ့တောင်အာရှနိုင်ငံတွေ၊ ဘင်္ဂလားဒေရှ့်၊​ သီရိလင်္ကာ၊ မော်လဒိုက်၊ ပါကစ္စတန်၊ အိုမန်ကနေမှ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ဂျီဘူတီ၊ ဆူဒန်ကနေ တောင်/မြောက် အာဖရိကနိုင်ငံတွေအထိကို ရေကြောင်းကူးသန်းရောင်းဝယ်ရေးတွေ ပြုလုပ်လျှက်ရှိပါတယ်။ (Aneja, 2015)

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးအကဲခတ်လေ့လာသုံးသပ်သူတို့ကတော့ ဒါဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအတွက် အနှောင့်အယှက်တစ်ခုဖြစ်လာနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။ တရုတ်နိုင်ငံအနေနဲ့ကတော့ ဝေဖန်သုံးသပ်မှုတွေကို တုံ့ပြန်မနေဘဲ မိမိတို့ ပွင့်လင်းစွာကြွေးကြော်ထားတဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း စီမံကိန်း (ခေတ်သစ်ပိုးလမ်းမကြီးစီမံကိန်း) အတွက်သာ တစိုက်မတ်မတ် ဦးတည်လုပ်ဆောင်နေကြပါတယ်။ 

၂၀၀၄ ခုနှစ်မှာတော့ အမေရိကန်နိုင်ငံရေး သုတေသီတွေက ဒါကို တရုတ်ရဲ့ ပုလဲကြိုးမဟာဗျူဟာ (String of Pearls Strategy) ဆိုပြီး စတင်အဆိုပြုတင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ 

လက်ရှိမှာ သီရိလင်္ကာနိုင်ငံရဲ့ ဟမ်ဘန်တိုတာဆိပ်ကမ်း (Hambantota Port) ကိုတော့ တရုတ်အစိုးရပိုင် ကုမ္ပဏီ (China Merchants Port Holdings Company Limited (SEHK: 144)) က ၉၉ နှစ် သက်တမ်းစာချုပ်နဲ့ ငှားရမ်းထားပြီး ပါကစ္စတန်ရဲ့ ဂဝါဒါဆိပ်ကမ်း (Gwadar Port) ကိုတော့ တရုတ်အစိုးရပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ (China Overseas Port Holding Company (COPHC)) က ဦးစီးလည်ပတ်လျှက်ရှိပါတယ်။ (The Diplomat, 2017) (Harris, 2019)

စိန်လည်ဆွဲ မဟာဗျူဟာ

(Necklace of Diamond Strategy)

စိန်လည်ဆွဲ မဟာဗျူဟာ (Necklace of Diamond Strategy)

ထိုကဲ့သို့ တရုတ်ရဲ့ အိန္ဒိယကို ရစ်ပတ်သွယ်ဝိုက်ပြီး လုပ်ဆောင်သွားတာကို တန်ပြန်သည့်အနေနဲ့ အိန္ဒိယဘက်ကလည်း စိန်လည်ဆွဲ မဟာဗျူဟာဆိုပြီး အထက်ပါပုံအတိုင်း ကုန်သွယ်ရေး၊ သံတမန်ရေးစတာတွေနဲ့ ပြန်လည်စီမံလုပ်ဆောင်ပါတယ်။ 

အိုမန်ရဲ့ ဒူကမ်ဆိပ်ကမ်း (Duqm Port)၊ အီရန်ရဲ့ ချဘဟာဆိပ်ကမ်း (Chabahar Port) ကနေမှ တရုတ်မြောက်ဘက် မွန်ဂိုလီးယား၊​ အရှေ့ဘက်က ဂျပန်၊ အရှေ့တောင်ဘက်က ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှားကနေမှ ဟိုးအရှေ့အာဖရိက အစမ်းရှင်းကျွန်းစုတွေထိဖြစ်ပါတယ်။ (Zhou, 2021)

လက်ရှိမှာ အီရန်ရဲ့ ချဘဟာဆိပ်ကမ်း (Chabahar Port) ကိုတော့ အိန္ဒိယအစိုးရပိုင်ကုမ္ပဏီ ဖြစ်တဲ့ (India Ports Global Pvt Ltd) က ဦးစီးလည်ပတ်လျှက်ရှိပါတယ်။

အိန္ဒိယဟာ မွန်ဂိုလီးယား၊ ဂျပန်တို့နဲ့ ဘာသာရေးသမိုင်းကြောင်းအစဥ်အလာတွေရှိခဲ့ကြတယ်။ တစ်ချိန်က အိန္ဒိယဗုဒ္ဓဘာသာ သာသနာပြုတွေဟာ မွန်ဂိုလီးယားကိုရောက်ရှိခဲ့ကြတဲ့အတွက် လက်ရှိမှာမွန်ဂိုလီးယားဟာ ဗုဒ္ဓဘာသာဝင်အများဆုံးရှိနေပါတယ်။ လက်ရှိမှာတော့ အိန္ဒိယဟာ မွန်ဂိုလီးယားမှာ စွမ်းအင်နဲ့ပတ်သက်တဲ့ ဖွံ့ဖြိုးရေးတည်ဆောက်မှုတွေကိုလည်းလုပ်ဆောင်လျှက်ရှိတယ်။ (ANI, 2022)

(ANI, 2022)

အိန္ဒိယနဲ့ ဂျပန်တို့ဟာလည်း အာရှမှာ အကြီးဆုံးနဲ့ သက်တမ်းအကြာဆုံး ဒီမိုကရေစီနိုင်ငံများလည်းဖြစ်ကြပါတယ်။ လတ်တလောမှာလည်း မာရူတီ-စူဇူကီးကားကုမ္ပဏီ (Maruti Suzuki India Limited) ဟာ တတိယမြောက်ကားစက်ရုံကို အိန္ဒိယမှာထပ်မံဖွင့်လှစ်မည့်အပြင် စူဇူကီးကားကုမ္ပဏီရဲ့ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး (Research and Development) ဌာနကိုလည်း အိန္ဒိယမှာလျှပ်စစ်ကားထုတ်လုပ်နိုင်ရေးအတွက် တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေပါတယ်။ (Express News Service, 2022) (Shah, 2022)

(Express News Service, 2022)

အိန္ဒိယ၏ ငါးမျှားချိတ်နှစ်ခု မဟာဗျူဟာ

(Double Fish Hook strategy)

အိန္ဒိယ၏ ငါးမျှားချိတ်နှစ်ခု မဟာဗျူဟာ (Double Fish Hook strategy)

ထို့အပြင် အိန္ဒိယသမုဒ္ဒရာရဲ့ ရေပြင်ကို စိုးမိုးနိုင်ရေးအတွက် အိန္ဒိယနိုင်ငံအနေနဲ့ အောက်ပါနိုင်ငံတွေနဲ့  စစ်ဘက်ဆိုင်ရာနဲ့ သံတမန်ရေးရာလုပ်ဆောင်မှုတွေကို စဥ်ဆက်မပြတ်ပြုလုပ်လျှက်ရှိနေတယ်။ (Jha, 2020)

အရှေ့ဘက်ခြမ်း ငါးမျှားချိတ်

အရှေ့ဘက်ခြမ်း ငါးမျှားချိတ် (Eastern Fish Hook) မှာတော့ အိန္ဒိယပိုင် အန္ဒမန်နဲ့ နီကိုဗာကျွန်းစု (Andaman and Nicobar Islands) ကနေမှ အင်ဒိုနီးရှားရဲ့ ဆဘန်းဆိပ်ကမ်း (Sabang Port)၊ သြစတေးလျပိုင် ကိုးကိုစ် (ကီးလင်း) ကျွန်းစု (Cocos Islands) တို့ဖြစ်ကြပါတယ်။ ဆဘန်းဆိပ်ကမ်းကတော့ အနောက်ဘက်ခြမ်းကလာရင် မလက္ကာရေလက်ကြားထဲမဝင်ခင် မလေးကျွန်းစုတွေထဲမှာရှိတဲ့ ပထမဆုံးဆိပ်ကမ်းတစ်ခုဖြစ်တယ်။ အိန္ဒိယနိုင်ငံဟာ ကိုးကိုစ်ကျွန်းစုတွေမှာရှိတဲ့ ရေတပ်နဲ့ စစ်စခန်းတွေကို တစ်ဖက်နဲ့တစ်ဖက်ရဲ့ အပြန်အလှန်အသုံးပြုနိုင်မှုအတွက် သြစတေးလျနဲ့သဘောတူညီချက်တွေ (Mutual Logistics Support Arrangement, MLSA) ထားရှိထားကြပါတယ်။ (Australian Government Defence, 2020)

အနောက်ဘက်ခြမ်း ငါးမျှားချိတ်

အနောက်ဘက်ခြမ်း ငါးမျှားချိတ် (Western Fish Hook) မှာတော့ အိုမန်ရဲ့ ဒူကမ်ဆိပ်ကမ်း (Duqm Port, Oman) ကနေစပြီး အာဖရိကတိုက်အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆေးရှဲ (Seychelles) ပိုင် အစမ်းရှင်းကျွန်းစု (Assumption Islands)၊ ပြင်သစ်ပိုင် ရီယူနီယန်ကျွန်းစု (Reunion Islands) နဲ့ မောရစ်ရှ (Mauritius) တို့ပဲဖြစ်ကြပါတယ်။ 

ငါးမျှားချိတ်ဆူးချွန်နှစ်ခု ဆုံမှတ်

ငါးမျှားချိတ်ဆူးချွန်နှစ်ခု ဆုံမှတ်နေရာကတော့ အမေရိကန်ရေတပ်စစ်စခန်းကိုငှားရမ်းထားသော ယူကေပိုင် ဒီယာဂိုဂါစီယာ၊ ချာဂိုစ်ကျွန်းစု (Diego Garcia, Chagos Islands) နေရာ ဖြစ်ပါတယ်။ 

အိန္ဒိယနဲ့ အမေရိကန်တို့ဟာ Logistics Exchange Memorandum of Agreement (LEMOA) သဘောတူညီချက်ကိုချုပ်ဆိုထားကြတာဖြစ်ပြီး စာချုပ်ရဲ့အခြေခံအချက် (၃) ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ 

  1. Logistics Support Agreement (LSA) 
  2. Communications Interoperability and Security Memorandum of Agreement (CISMOA) 
  3. Basic Exchange and Cooperation Agreement for Geo-spatial Cooperation (BECA)

စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုတွေ၊ လေ့ကျင့်မှုတွေ၊ လူသားချင်းကိုယ်ချင်းစာနာမှုအထောက်အပံ့တွေ၊ သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေ၊ တစ်ဖက်နဲ့တစ်ဖက်ရဲ့ စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေကိုလည်း အပြန်အလှန်အသုံးပြုနိုင်မှုစတဲ့ အချက်တွေလည်းပါရှိပါတယ်။ (BYJU’S, 2021)

အန္ဒမန်နဲ့ နီကိုဗာကျွန်းစု

(Andaman and Nicobar Islands)

Andaman and Nicobar Islands

ဒီ ငါးမျှားချိတ်နှစ်ခု မဟာဗျူဟာရဲ့ အခရာအကျဆုံးနေရာကတော့ အန္ဒမန်ကျွန်းစုနေရာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပုံမှာမြင်ရတဲ့ အတိုင်း အန္ဒမန်ကျွန်းစုတွေရဲ့တောင်စွန်းစွန်းမှာရှိတဲ့ နာကဗာရီကျွန်းစု (နီကိုဗာကျွန်းစု) တွေဟာ မလက္ကာရေလက်ကြားရဲ့ ဝင်ပေါက်တည့်တည့်မှာရှိတဲ့ အတွက် ရေကြောင်းကုန်သွယ်ရေးအတွက် အရေးပါတဲ့နေရာတစ်နေရာဖြစ်နေပါတယ်။ လက်ရှိမှာတော့ အိန္ဒိယအစိုးရဟာ ဒေသဖွံ့ဖြိုးရေး ရင်းနှီးမြှုပ်နှံမှုတွေကို စတင်လုပ်ဆောင်နေပြီးဖြစ်ပါတယ်။ ထို့အပြင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများလည်းရှိနေပါပြီ။ 

“ဗြိတိသျှပါလီမန်တွင် ပြုလုပ်သော ၁၉၃၅ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရ အိန္ဒိယနှင့် မြန်မာနိုင်ငံကိုခွဲလိုက်ရာတွင် အန္ဒမန်ကျွန်းစုမှာ အိန္ဒိယပိုင်နက်တွင်ကျရောက်ခဲ့၏။ အမှန်စင်စစ်သော်ကား ပထဝီဝင်အနေအထားအရ ကပ္ပလီကျွန်းစုသည် ပြည်ထောင်စုမြန်မာနိုင်ငံပိုင် ဖြစ်သင့်ပေသည်။”

(Wikipedia contributors, 2021)

Karen People of Andaman and Nicobar Islands

အက်ဒမန်ကျွန်းစုပေါ်တွင် အခြေချနေထိုင်သော ကရင်လူမျိုးများ 

လက်ရှိမှာတော့ အန္ဒမန်ကျွန်းစုပေါ်မှာ တစ်ခြားလူမျိုးစုများအပြင် ကရင်လူမျိုးစု ၂၆၀၀ ကျော်ကျော်ခန့် နေထိုင်လျှက်ရှိပါတယ်။ 

အန္ဒမန်ကျွန်းပေါ်တွင် နေထိုင်နေကြသော ကရင်လူမျိုးတို့၏ပုံရိပ်တစ်ချို့ကို ဖော်ပြလိုက်ရပါတယ်။

အန္ဒမန်ကျွန်းပေါ်မှ ကရင်ရိုးရာအတိုင်းတည်ဆောက်ထားသည့်
ခရီးသွားဧည့်ရိပ်သာတစ်ခု Koh Hee: Island Home

“ A Karen by blood, a true Indian by heart.”

Naw Jacquelyn Jack – YouTube
ကရင်လွယ်အိတ်များ ဂျပ်ခုတ်ရက်လုပ်နေပုံ

အန္ဒမန်ကျွန်းပေါ်မှာ ကရင်လူမျိုးစုများအကြောင်းကို အောက်ပါလင့်ခ်တွင် ဆက်လျှက်ဖတ်ရှု့နိုင်ပါသည်။ 

အိန္ဒိယပိုင် အက်ဒမန်ကျွန်းစုပေါ်တွင် အခြေချ နေထိုင်သော ကရင်လူမျိုး ၂၆၀၀ ကျော်ရှိ – မဟာပညာ (mahar.asia)

References

Aneja, A. (2015, January 20). China steps up drive to integrate Africa with Maritime Silk Road. The Hindu. Retrieved August 29, 2022, from https://www.thehindu.com/news/international/world/china-steps-up-drive-to-integrate-africa-with-maritime-silk-road/article6802385.ece

ANI. (2022, April 12). India-Mongolia come up as closes partners amid Russia-Ukraine war. ANI News. Retrieved August 29, 2022, from https://www.aninews.in/news/world/asia/india-mongolia-come-up-as-closes-partners-amid-russia-ukraine-war20220412060407/

Australian Government Defence. (2020, June 4). Australia and India sign Defence arrangement. Retrieved August 29, 2022, from https://www.minister.defence.gov.au/minister/lreynolds/media-releases/australia-and-india-sign-defence-arrangement

BYJU’S. (2021, March 22). Logistics exchange memorandum of agreement (LEMOA) guidelines BYJU’S. BYJUS. Retrieved August 29, 2022, from https://byjus.com/free-ias-prep/lemoa/

Express News Service. (2022, August 28). Success of Maruti is a sign of strong India-Japan ties: Modi. The Indian Express. Retrieved August 29, 2022, from https://indianexpress.com/article/cities/chandigarh/success-of-maruti-is-a-sign-of-strong-india-japan-ties-modi-8117732/

Ghosh, P. (2011, September 1). Indian Ocean dynamics: An Indian perspective. East Asia Forum. Retrieved August 29, 2022, from https://www.eastasiaforum.org/2011/04/05/indian-ocean-dynamics-an-indian-perspective/

Harris, M. (2019, April 9). Who are the Chinese Overseas Port Holding Company in Gwadar? CPIC Global. Retrieved August 29, 2022, from https://www.cpicglobal.com/who-are-the-chinese-overseas-port-holding-company-in-gwadar/

Jha, P. (2020, August 8). Countering Chinese String of Pearls, India’s ‘Double Fish Hook’ Strategy. Modern Diplomacy. Retrieved August 29, 2022, from https://moderndiplomacy.eu/2020/08/08/countering-chinese-string-of-pearls-indias-double-fish-hook-strategy/

Shah, A. (2022, August 28). Japan’s Suzuki drives deeper into India with global R&D unit. Reuters. Retrieved August 29, 2022, from https://www.reuters.com/business/autos-transportation/japans-suzuki-says-set-up-new-global-research-company-india-2022-08-28/

The Diplomat. (2017, June 17). What’s Happening at Pakistan’s Gwadar Port? Retrieved August 29, 2022, from https://thediplomat.com/2017/06/whats-happening-at-pakistans-gwadar-port/

Think School. (2022, May 31). How Andaman and Nicobar’s Military STRATEGY is making India UNBEATABLE? : Geopolitics Case study [Video]. YouTube. https://www.youtube.com/watch?v=PZEQnCaGxgw

Wikipedia contributors. (2021, December 19). ကပ္ပလီကျွန်း. ဝီကီပီးဒီးယား. Retrieved August 29, 2022, from https://my.wikipedia.org/wiki/%E1%80%80%E1%80%95%E1%80%B9%E1%80%95%E1%80%9C%E1%80%AE%E1%80%80%E1%80%BB%E1%80%BD%E1%80%94%E1%80%BA%E1%80%B8

Zhou, L. (2021, May 9). China, Indonesia hold joint naval exercises near Jakarta. South China Morning Post. Retrieved August 29, 2022, from https://www.scmp.com/news/china/diplomacy/article/3132821/china-indonesia-hold-joint-naval-exercises-near-jakarta

To learn more: 

Think School. (2022, May 31). How Andaman and Nicobar’s Military STRATEGY is making India UNBEATABLE? : Geopolitics Case study [Video]. YouTube. https://www.youtube.com/watch?v=PZEQnCaGxgw

Venter, D. 2017. India and Africa: Maritime Security and India’s Strategic Interests in the Western Indian Ocean. In Walker, I., Ramos, M. J., & Kaarsholm, P. (Eds.), Fluid Networks and Hegemonic Powers in the Western Indian Ocean. Lisboa: Centro de Estudos Internacionais. Retrieved from http://books.openedition.org/cei/469

Map tools used: 

https://www.mapchart.net/world.html World Map – Simple | MapChart 

https://map.openseamap.org/ OpenSeaMap – The free nautical chart

မှတ်ချက် ။ ။​ ဝီကီပီးဒီးယားအား ကိုးကားမှုအနေဖြင့်အသုံးပြုခြင်းကို အတတ်နိုင်ဆုံးရှောင်ရှားသင့်သည်။

Loading