Categories
စကားလက်ဆောင်

။ လွတ်လမ်းကိုရှာပါ ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~~~~~~~~~~~~~~~~~~~~
။ ကိလေသာလွတ်လမ်းကို ရှာပါ။
။ လွတ်မြောက်နိုင်ရေးအတွက် နောက်မဆုတ်ပါနှင့်။
။ သူတော်ကောင်းလမ်းစဉ်အတိုင်း ကျင့်ပါ။
။ ကိုယ်ကျင့်တရား ဖြူစင်ပါစေ။
။ ရှာသည့်အတိုင်း နည်းလမ်းကောင်းပါစေ။
။ တွေ့သလိုမျိုး မတုန်လှုပ်ဘဲ ဆက်လျှောက်ရဲပါစေ။
။ မိမိအတွက်ကိုယ်လွတ်ရုန်း တတ်ပါစေ။
။ အများအတွက် တာဝန်ကျေပါစေ။
။ သိစိတ်နှင့် အမြဲတည်ပါစေ။
။ ဆူပွက်ခြင်းအဓမ္မကို ငြိမ်းသတ်ပါစေ။
။ ငြိမ်သက်အေးချမ်းခြင်းဓမ္မဖြင့် လွတ်လမ်းကို ဖြတ်သန်းပါစေ။

တောင်ကလေးဆရာတော်
(၃၀.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင်

မေတ္တာတရားပါမှ

Loading

Categories
စကားလက်ဆောင်

ဓမ္မကိုနှလုံးသွင်းခြင်း

Loading

Categories
စကားလက်ဆောင်

။ မတရားတာ မလုပ်ပါနှင့် ။

။ ပြည်သူကို နည်းပညာအမျိုးမျိုးသုံးပြီး ကိုယ်ယောင်ဖျောက်လိမ်လည်လှည့်ဖြားသည့် နိုင်ငံရေးသမားကို သတိပြုပါ။ ဒီခေတ်မှာ ပိုများလာနေတာကို သတိပြုပါ။

Loading

Categories
စကားလက်ဆောင်

။ ဓမ္မကို နှလုံးသွင်းခြင်း ။

Loading

Categories
စကားလက်ဆောင်

မေတ္တာပါမှ

Loading

Categories
စကားလက်ဆောင်

သစ္စာတရားအရိပ်၌နေပါ။

Loading

Categories
စကားလက်ဆောင်

။ အမှားနည်းပါစေ ။

။ နံနက်ခင်းဩဝါဒကထာ(စကား) ။
~~~~~~~
။ အမှားနည်းအောင် နေတတ်ပါစေ။
။ အမှားကြောင့် မပြောင်းလဲနိုင်ဘူး။
။ အမှားဆိုတာ အပြစ်ကိုကျူးလွန်ခြင်းပဲ။
။ အပြစ်ရှိရင် လူမကြည်လင်ဘူး။
။ အပြစ်ကို မပြုဖြစ်ပါစေနှင့်။
။ နေ့စဉ်နှင့်အမျှ စိတ်ကိုအမှားနှင့် မထိခိုက်စေနှင့်။
။ စိတ်အနှောင့်အယှက်ကြောင့် အမျိုးမျိုးခက်ခဲပင်ပန်းမည်။
။ အခက်အခဲရှိနေရင် ထူထဖို့မလွယ်ဘူး။
။ လွယ်လွယ်ကူကူနှင့် အပြစ်ကို မကျူးလွန်မိပါနှင့်။
။ ဤနေ့သည် သင့်အတွက် တကျက်ကျက်မဖြစ်ပါစေနှင့်။

တောင်ကလေးဆရာတော်
(၁၈.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။



။ သစ္စာတရားများနှင့်နေပါ။
။ သစ္စာမဖောက်ဖျက်ပါနှင့်။
။ သစ္စာတရားသည်လူတို့၏တန်ဖိုး။
။ လူဟာ စိတ်အစဉ်ကြည်လင်ရမယ်။
။ စိတ်အစဉ်ကြည်လင်မှ သစ္စာအရိပ်ထင်မယ်။
။ သံသယဖြစ်စိတ် ကင်းမယ်။
။ မိမိစိတ်ကို သစ္စာနှင့် အမြဲတမ်းယှဉ်ပါစေ။
။ အရာရာတိုင်းမှာ သစ္စာနှင့်သာမှန်ကန်တယ်။
။ သစ္စာနှင့်သာ ဆုံးဖြတ်ပါ။
။ သစ္စာနှင့်သာ လုပ်ဆောင်ပါ။
။ သစ္စာတရားနှင့်သာ လောကအကျိုးပွားပါ။
။ သစ္စာရှိခြင်းဟာ ” ဆုတ်နစ်” သူမဖြစ်ပါ။

တောင်ကလေးဆရာတော်
(၂၉.၆.၂၀၂၀) ရက်နေ့နံနက်။

Loading

Categories
စကားလက်ဆောင် နံနက်ခင်းသြဝါဒကထာ

။ နံနက်ခင်းဩဝါဒကထာ(စကား) ။



။ ဆုံဖြစ်သောဘဝကို ရင်ဆိုင်ရဲပါစေ။
။ ဆုံရသည့်ဘဝကို မငြီးငွေ့ပါနှင့်။
။ အကျိုးဖြစ်ရာအတိုင်း နားလည်သိမြင်ပါစေ။
။ အရာရာတိုင်းဟာ အကြောင်းမဲ့မဟုတ်ပါ။
။ သူ့အစီအစဉ်နှင့်သူ ပတ်သက်ပြီးသားပါဲ။
။ အမျိုးမျိုးအဖုံဖုံ ဖြစ်ရ။
။ အဖန်တလဲလဲ ဖြစ်နေရ။
။ မမြင်ချင်အဆုံး မကြားချင်အဆုံးပါပဲ။
။ ဖြစ်ပျက်တဲ့အတိုင်း လက်ခံပါ။
။ ဒေါသစိတ်နှင့် မဆုံးဖြတ်ပါနှင့်။
။ မကျေနပ်နိုင်တာလည်း မဖြစ်ပါစေနှင့်။
။ သေချာသည့်ဆုံးဖြတ်ချက် ရှိပါစေ။
။ မြင့်မြတ်အောင်သာ နေတတ်ပါစေ။

တောင်ကလေးဆရာတော်
(၂၈.၆.၂၀၂၀) ရက်နေ့နံနက်။

Loading